Dec 06, 2012 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

လက်ပံတောင်းတောင်ကိစ္စ အစိုးရ အဓိက တာဝန်ယူရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

အခု ဒီမိုကရေစီဘက် ဦးတည်မယ် ဆိုရင် ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ယူမှု ရှိရမယ်။ ဒီနှစ်ခုအပေါ်မှာ အခြေခံ လုပ်သွားမယ်ဆိုရင် ဒီပြဿနာတွေက ပေါ်လာမှာ မဟုတ်ပါဘူး။ Read More

 

ချင်း လက်နက်ကိုင်အဖွဲ့နှင့် အစိုးရ ရန်ကုန်တွင် ဆွေးနွေးမည်

ချင်းအမျိုးသား တပ်ဦး (CNF) ကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ်များ ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Peace Center တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ Read More

 

လက်ပံတောင်းဖြိုခွင်းမှု သမ္မတကိုယ်တိုင် တောင်းပန်ရန် သံဃာများ သတိပေး

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီအဖွဲ့နှင့် အစိုးရ တာဝန်ရှိသူတို့၏ ကိုင်တွယ်ဆောင်ရွက်မှုကို စောင့်ကြည်လိုကြောင်း အကယ်၍ ထူးခြားမှုမရှိခဲ့လျှင် နိုင်ငံလုံးဆိုင်ရာ သံဃာ့သပိတ် ဆင်နွှဲမည်ဟု တညီတညွှတ်တည်း ပြောဆိုကြသည် Read More

 

လက်ပံတောင်းတောင်ကိစ္စ ဂျာနယ်များ သတိထား ရေးသားဖော်ပြ

ဌာနဆိုင်ရာက သတင်းသမားများ၏ မေးမြန်းချက်ကို ဖြေကြားမှု အားနည်းကြောင်း ပြည်တွင်း ဂျာနယ် ထုတ်ဝေသူများနှင့် အယ်ဒီတာများက ပြောသည်။ Read More

 

ကျပ် တသိန်းဝန်းကျင် ဆင်းမ်ကတ်များ သုံးနိုင်တော့မည်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ် တသိန်း ၀န်းကျင်ရှိသည့် GSM နှင့် WCDMA မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို လာမည့် နှစ် ဆန်း ပိုင်းတွင် စတင် ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Read More

 

လက်ပံတောင်း ဒိုင်ယာရီ

ရိုက်လည်းရိုက်၊ ဆွဲလည်းဆွဲပေါ့။ ကျနော်က အော်ပြီး ရုန်းရင်း ပြေးတော့ လွတ်လာပါတယ်။ ၅ ချက်လောက်တော့ အရိုက်ခံလိုက်ရတယ်။ Read More

 

တော်ဝင်အလုပ်သမားသပိတ် ပြန်လည်စတင် (ရုပ်/သံ)

ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်အရ အလုပ်သမားတွေ အနိုင်ရခဲ့ပေမယ့် အကျိုးခံစားခွင့်တွေ မရသေးတာကြောင့် တော်ဝင်အလုပ်သမားများ သပိတ်စခန်းကို စတင်လိုက်တဲ့အကြောင်းကို ရုပ်သံ နဲ့ ရိုက်ကူးထားပါတယ်။ Read More

 

Dateline Irrawaddy (ရုပ်/သံ)

ဒီတပတ် ဒိတ်လိုင်း ဧရာဝတီအစီအစဉ်မှာတော့ မကြာသေးခင်က လက်ပံတောင်း ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သပိတ်စခန်းတွေကို လုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ ကိစ္စ၊ လက်ပံတောင်း ကော်မရှင်ဖွဲ့မှု စတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ဧရာဝတီ ဝိုင်းတော်သားတွေက ဆွေးနွေးထားကြပါတယ်။ Read More

 

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ၂၈ ဦး မြန်မာဘက် ပို့

ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့(BGB)က နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ရိုဟင်ဂျာ ၂၈ ဦးကိုဖမ်းဆီးပြီး ယမန်နေ့က မြန်မာနိုင်ငံဘက်သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။ ၎င်းတို့ကို အစားအစာ၊ ဆေးဝါးများနှင့် အတူ ပြန်ပို့လိုက်ခြင်း ဖြစ်ကြောင်း BGB ဒု ဗိုလ်မှူးကြီး Khalequaz zaman က ပြောဆိုသည် ဟု ဘင်္ဂလားဒေ့ရှ် သတင်းဌာန Daily Starတွင် ဖော်ပြထားသည်။ Read More

 
 

အိန္ဒိယ သွင်းကုန် ထုတ်ကုန်ဘဏ် (EXIM)ရုံးခွဲ မြန်မာတွင် ဖွင့်မည်

အိန္ဒိယ သွင်းကုန် ထုတ်ကုန်ဘဏ်(EXIM)ကိုယ်စားလှယ် ရုံးခွဲကို မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်မည် ဖြစ်ကြောင်း The Economic Times သတင်း တွင် ဖော်ပြထားသည်။ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး တိုးမြှင့်လာမည့်အပေါ် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း EXIM ဘဏ် ဥက္ကဌ T.C. A Ranganathan က ပြောကြားသည်ဟုလည်း ဆိုသည်။ ၎င်းဘဏ်သည် အိန္ဒိယနိုင်ငံတွင် ဘဏ်ခွဲ � �၀ ခုရှိပြီး နိုင်ငံတကာတွင် ၇ ခု ဖွင့်လှစ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ခွင့် တင်ထားပြီးဖြစ်၍ မကြာမီကာလ အတွင်း လုပ်ငန်းများ စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ Read More

 
 

သမ္မတ ဦးသိန်းစိန်၏ သြစတြေးလျနှင့် နယူးဇီလန် ခရီးစဉ် ရွှေ့ဆိုင်း

သြစတြေးလျနိုင်ငံနှင့် နယူဇီလန် နိုင်ငံတို့သို့ မကြာမီ သွားရောက်မည့် သမ္မတ ဦးသိန်းစိန်၏ ချစ်ကြည်ရေး ခရီးစဉ်ကို အကြောင်းမညီညွတ်သဖြင့် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ အဆိုပါ ၂ နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံများနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်ပြီးမှသာ ခရီးစဉ်ရက် သတ်မှတ် ကြေညာသ� �ားမည် ဖြစ်ကြောင်းလည်း သိရသည်။ Read More

 
 

အာဆီယံ ခေါင်းဆောင် ၁၀၀ ဆွေးနွေးပွဲ ဒု သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

၉ ကြိမ်မြောက် အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲ (Asean 100 Leadership Forum) ကို ဒီဇင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်တို့တွင် ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်တွင် ကျင်းပ ပြုလုပ်ရာ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့လည်း တက်ရောက် ဟောပြောကြသည်။ မူလက အဆိုပါ ဆွေးနွေးပွဲသို့ သမ္မတ ဦးသိန်းစိန် တက်ရောက်ရန် ရှိသော်လည်း နောက်ပိုင်းတွင် ဦးသိန်းစိန် ကိုယ်စား ဒု သမ္မတ တက်ရောက်ခြင်းဖြစ်သည်ဟု သိရသည်။ Read More

 
 

အဂတိလိုက်စားမှု အရှိဆုံး နိုင်ငံစာရင်း မြန်မာ ပါဝင်

ကမ္ဘာတ၀န်း အဂတိ လိုက်စားမှု အခြေအနေများနှင့် ပတ်သက်၍ Transparency International အဖွဲ့က နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်ရာတွင် ယခု ၂၀၁၂ ခုနှစ်အတွင်း အဂတိ လိုက်စားမှု အရှိဆုံး စာရင်းတွင် မြန်မာနိုင်ငံသည် အဆိုးဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်လျှက်ရှိသည်။ စာရင်းပြုစုရာတွင် အဂတိ လိုက်စားမှု အနည်းဆုံးမှ စတင်ဖော်ပြထားပြီး အောက်ဆုံးမှ ပြန်လည် ရေတွက်လျှင် ၅ ခုမြောက် စာရင်းတွင် မြန်မာနိုင်ငံပါဝင်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံထက် အဂတိလိုက်စားသော နိုင်ငံများမှာ အစဉ်လိုက်အားဖြင့် ဆူဒန်၊ အာဖဂန် နစ္စတန်၊ မြောက်ကိုရီယားနှင့် ဆိုမာလီယာ နိုင်ငံတို့ ဖြစ်ကြသည်။ ဆိုမာလီယာနိုင်ငံသည် အဆိုပါ အစီရင်ခံစာအရ အဂတိလိုက်စားမှု အများဆုံး နိုင်ငံဖြစ်သည်။ အစီရင်ခံစာအရ ဒိန်းမတ်၊ ဖင်လန်၊ [...] Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။