December 18, 2012 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

ထိုင်းနှင့် မြန်မာ အစိုးရ အလုပ်သမားအရေး ဆောင်ရွက်မှု အားနည်း

အလုပ်သမား ပြဿနာတွေကို တိုင်ကြားတာများပေမယ့် ဝန်ထမ်းအင်အားမမျှတော့ ပြဿနာဖြေရှင်းရာမှာ နည်းနည်း အားနည်း နေတယ်၊ အစိုးရနှစ်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းတော့ တရားမဝင်အလုပ်သမား ကိစ္စတွေများလာတယ် Read More

 

ကချင်ပြည်နယ်တွင် အမေရိကန် သံအမတ်ကြီး ကွင်းဆင်းလေ့လာ

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုချည်းပဲ အာရုံစိုက်နေတော့ တခြားလူမျိုးတွေကို အလေးမထားသလို ဖြစ်နေမှာစိုးလို့။ နောက်ပြီး စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေ၊ အစိုးရပိတ်ထားတဲ့ အတွက် အကူအညီတွေကို ဘယ်နေရာကနေ ပေးလို့ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လာကြည့်တာ Read More

 

KIA ကာမိုင်း ရဲ စခန်း ၀င်စီးမှု ၄ ဦး သေဆုံး

ကချင်ပြည်နယ် ကာမိုင်းမြို့နယ် ရဲစခန်းကို ယနေ့ နံနက် စောစောပိုင်းတွင် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၆ မှ တပ်စိတ် တခုက ၀င်ရောက်စီးနင်းခဲ့ရာ လူ ၄ ဦးသေဆုံးကြောင်း KIA ရှေ့တန်းစခန်းမှ အရာရှိတဦးက ပြောသည်။ Read More

 

ရပ်/ကျေး အုပ်ချုပ်ရေးမှူးသစ် ရွေးရာ၌ မဲမသမာမှုများရှိနေ

ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ရာတွင် မဲမသမာမှုများ ဖြစ်ပေါ်နေသည့် အတွက် ပြန်လည်ရွေးချယ် ပေး ရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရွေးချယ်ရေး အဖွဲ့များသို့ တင်ပြ တိုင်းကြားခြင်းများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ Read More

 

ထားဝယ် အထူးစီမံကိန်း လာမည့်နှစ်ဆန်းပိုင်း စမည်

တနင်္သာရီတိုင်း ထားဝယ်ဒေသ ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေး ဇုန်တွင် ၂၀၁၃ နှစ်ဆန်းပိုင်းမှ စ၍ အသေးစား စက်မှုလုပ်ငန်း စက်ရုံများကို စတင် တည်ဆောက်တော့မည်ဟု သိရသည်။ Read More

 

ဂျေဆန်မရက် (ဇ်) ကောက်ကြောင်း

မြန်မာနိုင်ငံသားတွေရဲ့ စိတ်နှလုံးကို ဖမ်းစား နိုင်ခဲ့တာ အသေအချာပဲ ဆိုတာ ၂၀၁၂ ဒီဇင်ဘာ ၁၆ ရက်ရဲ့ ပူပြင်းပြင်း နေရောင်အောက် ထောင်ပေါင်း များစွာသော ပရိသတ်ကြီးက သက်သေပြခဲ့တာပါပဲ။ Read More

 

အထက်ကလူလည်း ရောက်လာပြီ

Read More

 

ဒဲရစ် မစ်ချယ်လ် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နှင့် တွေ့မည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချယ်လ် သည် ကချင်ပြည်နယ်သို့သွားရောက်၍ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ Read More

 
 

ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ ဂုဏ်ပြုဆု ချီးမြှင့်ခံရ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အခြေစိုက် Wilson သုတေသနအဖွဲ့က “The Ion Ratiu Democracy Award” ဒီမိုကရေစီဂုဏ်ပြုဆု ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရသည်။ Read More

 
 

ဖားကန့် ကာမိုင်း ရဲစခန်း KIA ၀င်စီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကာမိုင်း ရဲစခန်းကို ယနေ့နံနက် အစောပိုင်းတွင် KIA က အင်အား ၇၀ ခန့်ဖြင့် ဝင်ရောက် စီးနင်း ခဲ့ကြောင်း သိရှိရသည်။ Read More

 
 

လွှတ်တော်များ ပထမအကြိမ် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူ

ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော် ၏ ပထမအကြိမ် ဆဋ္ဌမ ပုံမှန်အစည်းအဝေးများကို နေပြည်တော်၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့စတင် ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် ကြေညာ ထား သည်။ Read More

 
 

ဒုတိယ ကမ္ဘာစစ်အတွင်း ကျဆုံး ဂျပန်စစ်သည် ကမ္ပည်းကျောက်စာတိုင်များ ထားရှိ

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန် လေတပ်၊ ကြည်းတပ်၊ တင့်ကားတပ်၊ မော်တော်ယာဉ် တပ်များမှ စစ်သည်အင်အား ၂၀၀၀၀ ကျော် အခြေပြုခဲ့သည့် မိတ္ထီလာမြို့တွင် ကျဆုံး ဂျပန်စစ်သည်များ၏ ကမ္ပည်းကျောက်စာတိုင်နှင့် လွမ်းစေတီတို့ တည်ထားကြောင်း သိ ရသည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။