Please use this link if you want to place order online.
Thanks
2012/12/7 Maung Yit <moemaka.org@gmail.com>
မောင်စွမ်းရည် - မိုးမခဆောင်းပါးများ (၁) စာအုပ် ထွက်ပါပြီ (US$ 10.00)မိုးမခ၊ ဒီဇင်ဘာ ၄၊ ၂၀၁၂
ကဗျာဆရာ၊ ဝေဖန်ရေးဆရာနဲ့ မိုးမခ၏ အကြံပေးနာယကတဦးဖြစ်တဲ့ ဆရာမောင်စွမ်းရည်ရဲ့ မိုးမခဆောင်းပါးများ (၁) ထွက်ပါပြီ။ မူလက မြန်မာပြည်တွင်းမှာ ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေဖို့ ရည်ရွယ်ခဲ့ပေမယ့် ယခုတော့ မြန်မာပြည်ပမှာပဲ မှာယူသည့် အရေအတွက်အတိုင်း ပုံနှိပ်ထုတ်ဝေတဲ့ POD (Print on Demand) အစီအစဉ်နဲ့ပဲ ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။
မောင်စွမ်းရည်ရဲ့ ဖြတ်သန်းခဲ့တဲ့ ခေတ်ပြိုင်များ၊ ခေတ်ပြိုင်အတွေ့အကြုံများနဲ့ မိတ်ဆွေ စာရေးဆရာများ၊ စာနယ်ဇင်းသမားများအကြောင်းကို ရုပ်ပုံလွှာများ ဖွဲ့ဆိုထားတာဖြစ်ပါတယ်။ မိုးမခရဲ့ စာအုပ်အစီအစဉ်များထဲမှာ ဆရာမောင်စွမ်းရည်အတွက် ပထမဦးဆုံး ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပါတယ်။ ဆရာရေးသားခဲ့တဲ့ ဆောင်းပါးများစွာအနက် ဆောင်းပါး ၁၄ ပုဒ်ကို ပထမဦးစွာ စုစည်း ထုတ်ဝေတာ ဖြစ်ပါတယ်။
ညွန့်အေး (အင်းဝ)၊ ကဗျာဆရာ လေးမောင်၊ ကျောင်းသားခေါင်းဆောင် ကိုဘကောင်း၊ ကြည်အောင်၊ ကိုစောလွင်၊ ဗကသဇော်ဝင်း၊ မုံရွာတင်ရွှေ၊ မြတ်လေး၊ သံခဲတို့အဖေ ကိုစိုးဝင်းမောင်၊ ဦးနန်းဝေ၊ ခင်မျိုးချစ်၊ မောင်သာရ၊ ရွှေပြည်ဦးဘတင်၊ အောင်ကျော်ဆန်း စတဲ့ ပုဂ္ဂိုလ်များအကြောင်း ရေးသားထားတဲ့ ဆောင်းပါးစုစည်းမှု ဖြစ်ပါတယ်။
မိုးမခ စာနယ်ဇင်းအဖွဲ့ ရန်ပုံငွေဖြစ်တဲ့အပြင် ဆရာမောင်စွမ်းရည်ကို စာအုပ်လက်ဆောင်၊ စာမူခလက်ဆောင် ကန်တော့နိုင်ဖို့ ရည်ရွယ်ပါတယ်။
မောင်စွမ်းရည်ဆိုတာ စစ်အစိုးရလက်ထက်က ပြည်တွင်းစာနယ်ဇင်းတွေမှာ ပျောက်ကွယ်နေတာရယ်၊ ပြည်တွင်းမှာ ရပ်တည်တဲ့ စာရေးဆရာတဦး မဟုတ်တာရယ်ကြောင့် သူ့ကို လက်ရှိ စာဖတ်ပရိသတ်က သိတော့မှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ သူ့ကို မသိရင်၊ သူရေးတဲ့ စာထဲက သူကြည်ညိုသူတွေ၊ သူ့မိတ်ဆွေတွေ ပုဂ္ဂိုလ်ကြီးတွေကို မသိကြတော့ရင် မြန်မာပြည်က အာဏာရှင်အစိုးရ အမှောင်ချထားတဲ့ လွတ်လပ်ရေးရပြီး မြန်မာပြည်ရဲ့ ရုပ်ပုံလွှာတွေ၊ သမိုင်းမှတ်စုတွေကိုလည်း မှတ်သား ဖော်ထုတ်ဖို့ မျိုးဆက်သစ်တွေ အားနည်းမှာ စိုးရိမ်မိပါတယ်။
Buy from Google Checkout
--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
