[mrsorcerer:36274] Fwd: [လူဗိုလ်ဟူသည် ...] ဟောင်ဖွာဟောင်ဖွာ မီဒီယာနာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/7
Subject: [လူဗိုလ်ဟူသည် ...] ဟောင်ဖွာဟောင်ဖွာ မီဒီယာနာ
To: lubo601@gmail.com



by Aungzaw Win on Friday, December 7, 2012 at 8:30am 


ဟောင်ဖွာဟောင်ဖွာ မီဒီယာနာ ကား ကုရာနတ္တိ ဆေးမရှိ ပြီလော၊၊
ဆေး မမီပြီလော၊၊ခါးကျော ပင် ညပ်နေသလား၊ရေချိန်ပင် စောင်းနေသလားမသိ၊၊လူထု အားကိုးလိုသော စတုတ္တမဏ္ဍိုင်ကြီး မှာ သူကိုယ်တိုင် ဒရီးဒယိုင်ဖြစ်နေလေပေရော့ထင်၊၊
*************************************
ငါးပိရေကျိုတွင် ယူရီးယားဓာတ်မြေသြဇာ များထည့်သွင်း၍
ပြုလုပ်လာသောကြောင့် စားသုံးသူပြည်သူများ သေချာလေ့လာပြီး
မှသာ ၀ယ်ယူစားသုံးသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး
အသင်း ဥက္ကဋ္ဌ က နိုဝင်ဘာလ ၃၀ ရက်နေ့တွင်
 +++++ ဂျာနယ်ကို ပြောကြားသည်။ *********************************
ဘုရား၊ဘုရား၊၊အများပြည်သူ တို့၏ တစ်ခုတည်းသော အာဟာရ ကို ခြိမ်းချောက်လေပြီ၊၊ရုံးကန်လှုပ်ရှားရလွန်း၍ ဖိစီးမှု ခံနေရသည့် အခြေခံလူတန်းစားများ အတွက် ရတက် မအေးစရာ သတင်းကို အသာပင် တင်လွှတ်လိုက်ကြပြီ၊၊ပေါက်ကွဲ မှုတွေ ကို ခုံမင်ကြပါသလား မီဒီယာ ကိုကို မမ များခင်ဗျား၊၊သူများ ထက် ဦး လျင် ပြီးရော သဘော မထားကြသင့်ပါ၊၊သတင်းဒဏ် ခံရမည့်သူ များကို စာနာသော နှလုံးသား ထားသင့်ပါသည်၊၊မီဒီယာ ဆိုသည်မှာ နားက ကြားသည် ကို ပါးစပ်က ပြန်ပြောယုံဟု ခံယူကြလေသလား၊၊မြန်မာနိုင်ငံတွင် ဒေါက်တာမျိုးသန့်တင် သည် ငါးပိပညာရှင်တစ်ဦးဖြစ်ပါသည်၊၊ယခင်စက်မှု၁ ဝန်ကြီးဌာန စက်မှုစားကုန်ဌာနတွင် လည်း ငါးပိ ပညာရှင်များ ရှိပါသည်၊၊သူတို့ ကိုမေးမြန်း မှတ်ချက်ယူထားပြီးမှ ရေး လျင်လည်း နောက်မကျပါ၊၊အဏုဇီဝဗေဒ နယ်ပယ်မှ အင်ဇိုင်းပညာရှင်များ ကို မေးမြန်းသင့်ပါသည်၊၊အနည်းဆုံး အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း ကို မေးမြန်းထင်မြင်ချက်ယူသော် သိပ်မဆိုးလှပါ၊၊ကျွန်တော် စက်မှုကျောင်းသားဘဝ က စိမ်းစားငံပြာရည် အရောင်ချွတ်ခြင်း၊အနံ့ချွတ်ခြင်း များကို စီးပွားဖြစ်လုပ်ခဲ့ဘူး ၍ ငါးပိ ငံပြာရည် ဆိုင်ရာ ဗဟုသုတ အသင့်တင့်ရှိပါသည်၊၊ငါးပိ များတွင် အသားဓာတ်ပြိုကွဲရာ မှ ဖြစ်ပေါ်သော ယူးရီးယားနှင့် အမိုးနီးယားတို့သည် သဘာဝ အတိုင်းဓာတုမျှခြေ တစ်ခုတွင် ရှိနေပါသည်၊၊အော်ဂဲနစ် ဓာတ်ပြူမှု များ တွင် ဓာတ်ဖြစ်ပစ္စည်း အနည်းငယ်ထည့် ပေးခြင်းသည် ဓာတ်ပြူမှု ကိုလျင်မြန်စေပါသည်၊၊ဓာတ်မြေသြဇာ ကြောင့် အရိုးနူးခြင်းမဟုတ်လောက်ပါ၊၊ အရိုးနူးစေမည့် ဘက်တီးရီးယားများ ကို လျင်မြန်စွာပေါက်ပွားစေခြင်းသာဖြစ်ပါမည်၊၊အလွန်အဘိုးတန်သော တည်ထွင်မှု တစ်ခုဖြစ် နိုင်ပါသည်၊၊သုတေသနပြူ၍ စံနစ်ကျအောင် လုပ်လျင် နိုင်ငံအတွက် အကျိုးရှိနိုင်မည့်ကိစ္စတစ်ရပ်ဖြစ်ပါသည်၊၊ချုပ်၍ ပြောရလျင် ငါးပိတွင် ယူရီးယား ထည့်ခြင်းသည် ဆိုးကျိုး မရှိနိုင်၊၊ရှိလျင်လည်း အလွန်နည်းပါမည်၊၊အန္တရာယ် ဖြစ်နိုင်သော ငါးပိရေကျိုများ ရှိနေပြီ ဆိုသော သတင်းစကား သည်သာ အန္တရာယ် ဖြစ်ပါသည်၊၊ပညာတတ်စော် နံလွန်းသည်ဟု ကိုယ့်ကို ကိုယ် ဖေါ်သော ဂျာနယ်ကြီးတစ်စောင်တွင် ၁၀တန်း ရူပဗေဒ မကြေသော အယ်ဒီတာ တို့ ကြောင့် နောက်ကြောဖုံး သတင်းမှားတစ်ရပ် ကို လူမသိသူ မသိ ဖေါ်ပြဘူးပါသည်၊၊အီလက်ထရွန်းနစ် မီးစင်္ကြာ ဟု တစ်ခန်းတစ်နား ဖေါ်ပြဘူး၏၊၊စွမ်းအင်တည်မြဲနိယာမ ကို ချိုးဖေါက်၍ မရှက်မကြောက်တင် ပြခြင်းဖြစ်ပါသည်၊၊တာဝန် မဲ့သော တာဝန်ခံ တို့ များပြားလှပါ၏၊၊မီဒီယာနာ ဟု ခေါ်ရမည့် ကာလပေါ် ကပ်ရောဂါ တစ်ရပ်ပင်၊၊
ဒီမိုကရေစီနုနု တွင် မီဒီယာလေထန်လွန်းလျင် လူထုအတွက် ကပ်ရောဂါ သဘွယ်ဖြစ်ပါမည်၊၊စာများများ ဘတ်ကြပါကုန်၊၊ဗဟုသုတရှာဖွေကြပါကုန်၊၊စေတနာထားကြပါကုန်၊၊အမျှော်မြင်ထားကြပါကုန်၊၊လူထု ကို အစစ်အမှန် အကျိုးပြုသော မီဒီယာများ ပေါ်ပေါက်ပါစေသောဝ်၊၊


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/07/2012 11:58:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ