[mrsorcerer:36292] Fwd: [လူဗိုလ်ဟူသည် ...] ငါးပိရေကျိုတွင် ဓာတ်မြေသြဇာထည့်သွင်းထား၍ ပြည်သူများ သတိထားစားသုံးသင့်ဟု စားသုံးသူကာကွယ်ရေးအသင်းပြော



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/7
Subject: [လူဗိုလ်ဟူသည် ...] ငါးပိရေကျိုတွင် ဓာတ်မြေသြဇာထည့်သွင်းထား၍ ပြည်သူများ သတိထားစားသုံးသင့်ဟု စားသုံးသူကာကွယ်ရေးအသင်းပြော
To: lubo601@gmail.com



Moe Heine and 9 other friends shared The Farmer Media's photo.
ငါးပိရေကျိုတွင်  ဓာတ်မြေသြဇာထည့်သွင်းထား၍   ပြည်သူများ သတိထားစားသုံးသင့်ဟု  စားသုံးသူကာကွယ်ရေးအသင်းပြော   ငါးပိရေကျိုတွင် ယူရီးယားဓာတ်မြေသြဇာ များထည့်သွင်း၍ ပြုလုပ်လာသောကြောင့် စားသုံးသူပြည်သူများ သေချာလေ့လာပြီး မှသာ ၀ယ်ယူစားသုံးသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင်  တောင်သူကြီးများဂျာနယ်ကို ပြောကြားသည်။
ငါးပိရေကျိုတွင် ယူရီးယားဓာတ်မြေသြဇာ များထည့်သွင်း၍ 
ပြုလုပ်လာသောကြောင့် စားသုံးသူပြည်သူများ သေချာလေ့လာပြီးမှသာ ၀ယ်ယူစားသုံးသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တောင်သူကြီးများ ဂျာနယ်ကို ပြောကြားသည်။

"ကျွန်တော်တို့ စားသုံးသူကာကွယ် ရေးအသင်းကို လွန်ခဲ့တဲ့တစ်လလောက်
တုန်းက မအူပင်မြို့နယ်ကနေ ဆက်သွယ်လာပါတယ်။ ငါးပိထုတ်လုပ်မှု အများဆုံးကလည်း ဧရာဝတီတိုင်းဘက် ဖြစ်တယ်။သူတို့တွေဘက်မှာက ငါးပိရည်ကျိုလုပ်တဲ့အခါမှာ ငါးရဲ့အရိုးတွေ မြန်မြန်နူးအောင်ဆိုပြီးတော့ ယူရီးယားဓာတ်မြေသြဇာကို အသုံးပြုပြီး လုပ်လာကြတယ်။ ပုံမှန်ဆို
ရင် ငါးပိပြုလုပ်ပြီး နှစ်လလောက် နှပ်ထားရမှာ။ ဒီတော့ ငွေပေါ်ကလည်းကြာ
တယ်။ ဒါကိုလုပ်ငန်းရှင်တွေက ငွေမြန်မြန်ပေါ်ချင်တော့ ယူရီးယားမြေသြဇာကိုသုံးပြီးငါးပိကိုနှပ်တော့ သုံးရက်ကနေ ခုနစ်ရက် လောက်ပဲကြာတယ်။ အရိုးတွေ အကုန် လုံးနူးကုန်တယ်။ ဒီတော့ ဈေးကွက်ကို တင်ပြီး ရောင်းချလို့ရပြီလေ။ ပြုလုပ်တဲ့ အဆင့်တွေကိုကျော်ပြီး မြန်မြန်ငွေပေါ်ချင်တော့ စားသုံးတဲ့
ပြည်သူတွေမှာလည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရောဂါပိုင်းတွေက ပိုဖြစ်လာတာပေါ့"ဟု ၎င်းကပြောသည်။

ယူရီးယား ဓာတ်မြေသြဇာ ပါဝင် သောငါးပိရည်ကျိုကို စားသုံးခြင်းဖြင့် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်း ကင်ဆာတို့ကို
ဖြစ်ပေါ်စေနိုင်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

"ငါးပိရည်ကျိုစားသုံးတဲ့ ပြည်သူတွေကလည်း ကိုယ်က ၀ယ်ယူသုံးစွဲတော့မယ်ဆိုရင် ဈေးနှုန်းပိုင်းကို မကြည့်ပါနဲ့။ ဈေး
ပေါတယ်ဆိုရင် ရောဂါပိုဖြစ်နိုင်တယ်။ငါးပိရည်ကျိုမှာ ဓာတ်မြေသြဇာ ပါမပါ ဆိုတာကလည်း ခန့်မှန်းဖို့ခက်တယ်။ သိပ်ထားတဲ့ ငါးပိနဲ့လည်း ပုံစံခြင်းကလည်း တူတူပဲ။ ဒါပေမယ့် ယူရီးယားပါဝင်တယ်ဆိုရင် အညိုရောင်ဘက်ကို ပိုသန်းတယ်။ဈေးကလည်း ပေါတယ်ဆိုတော့ စားသုံးသူ
တွေအနေနဲ့ သတိထားဖို့လိုတယ်။ အခုချိန်မှာက ပြည်ပ၀င်တာမပြောနဲ့ ကိုယ့်ပြည်တွင်းက ထုတ်လုပ်နေတာတောင် မသမာတဲ့ နည်းလမ်းတွေက
ပါလာပြီ။ အန္တရာယ်တွေလည်း အများကြီးရှိလာနိုင်တယ်။ စားသုံးသူ
တွေအနေနဲ့ စားသောက်ကုန်တွေအပေါ်မှာ သတိထားဖို့ ရှောင်ကြဉ်ဖို့ လိုအပ်လာပြီ" ဟု ၎င်းကဆိုသည်။

သို့သော် စားသုံးသူကာကွယ်ရေး အသင်းသည် ဈေးကွက်အတွင်းရှိ ငါးပိရည်
ကျိုများကို လတ်တလောတွင် ဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးမည့် အစီအစဉ်မရှိသေးသော်လည်း ဒီဇင်ဘာလပိုင်းလောက်တွင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍
ဈေးများအတွင်း စစ်ဆေးပညာပေးခြင်းများ လုပ်ဆောင်သွား
မည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။

စားသုံးသူကာကွယ်ရေးအသင်းတွင် ဓာတုဗေဒပညာရှင်များ၊ ရှေ့နေများ၊ အနုပညာရှင်များ၊ စာရေးဆရာများလည်း ပါဝင်ပြီး မကြာသေးမီက
ဈေးကွက်အတွင်းမှအချဉ်ရည်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်
စစ်ဆေးခဲ့သည်။

- ဂျူးမေဇင်
www.thefarmermedia.com


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/08/2012 01:21:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ