သောင်းဂဏန်းဝန်းကျင်ရှိ [7greendays google group]
********************************************************
သိလိုသည့် သတင်းအချက်အလက်များကို ဆက်သွယ် မေးမြန်းနိုင်သည့် ရတနာပုံ Call
Center တွင် တစ်နေ့လျှင် သတင်းမေးမြန်းသူ ဦးရေမှာ သောင်းဂဏန်း
ဝန်းကျင်ရှိကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။ အဆိုပါ ရတနာပုံ Call Center ကို ၂၀၁၁ ခုနှစ်ကုန်ပိုင်းတွင်
စတင်ဖွင့်လှစ်ခဲ့ပြီး မိမိတို့ သိရှိလိုသည့် သတင်းအချက် အလက်များကို
အလွယ်တကူ ဆက်သွယ် မေးမြန်းနိုင်ပြီး ယခုလမှ စတင်၍ တစ်မိနစ်လျှင် ကျပ်
(၃၀) နှုန်းဖြင့် မေးမြန်းမှုများကို စတင် ကောက်ခံကြောင်း သိရသည်။
ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူ တစ်ဦးက "ကျွန်တော်တို့ Call center ကို
ဆက်သွယ်မေးမြန်းရင် Call Center ရဲ့ ဝန်ဆောင်မှုကို အခုစတင်ပြီး ပိုက်ဆံ
ကောက်ခံနေပါပြီ။ ကျွန်တော်တို့ဆီကို လှမ်းဆက်ပြီးမေးရင် ကြိုးဖုန်း
ဖြစ်ဖြစ်၊ ဟန်းဖုန်းဖြစ်ဖြစ် တစ်မိနစ်ကို (၃၀ ကျပ် ကောက်ခံပါတယ်။
ကျွန်တောတို့ စဖွင့်တည်းက ဖုန်းနဲ့ ဆက်ပြီးမေးကြပါတယ်။ အခု တစ်မိနစ်ကို
(၃၀) ပေးရတယ်ဆိုတော့လည်း မေးကြပါတယ်။ အရင်ကထက်တောင် မေးတဲ့လူ
ပိုများလာတယ်။ အရေအတွက်ကတော့ တစ်နေ့ကို (၁၀၀၀၀) ကျော်လောက်တော့ ရှိတယ်။
ကျွန်တော်တို့ဆီမှာ အပ်ထားတဲ့ ကုမ္ပဏီတွေကတော့ Charge ယူတာ တစ်ခုနဲ့
တစ်ခုတော့ မတူပါဘူး" ဟု ပြောသည်။
အဆိုပါ Call Center တွင် စုစုပေါင်း လက်ခံထားသည့် ကုမ္ပဏီမှာ အရေအတွက်
(၂၀) ကျော်ရှိပြီး လက်ခံထားသည့် ကုမ္ပဏီများ၏ အချက်အလက်များကို
မေးမြန်းနိုင်သည်။ Call Center အနေဖြင့် လုပ်ဆောင်ပေးသည့်
ဝန်ဆောင်မှုများမှာ ကုမ္ပဏီများတွင် မိမိသိလိုသော အချက်အလက်များကို
မေးမြန်းနိုင်သည်။ Call Center အနေဖြင့် လုပ်ဆောင်ပေးသည့်
ဝန်ဆောင်မှုများမှာ ကုမ္ပဏီများ၏ ဖုန်းအဝင်အထွက်များကို ဖြေကြားပေးခြင်း၊
Fax ဝန်ဆောင်မှုများ ပေးခြင်း၊ ဖုန်းဘေလ် ဝန်ဆောင်မှုများ ပြုလုပ်ပေးခြင်း၊
အင်တာနက်နှင့် ပတ်သက်သော ဝန်ဆောင်မှုများ ပြုလုပ်ပေးလျက် ရှိကြောင်း
သိရသည်။
***************************************
7greendays google group သည် ကျန်း မာရေး ။ ပညာ ရေး ။အလုပ် အ ကိုင် အ
ခွင့် အလမ်း ။ စီး ပွါးရေး နှင့် ဖျော် ဖြေ ရေး နှင့် ဆို င် သော သုတ ရ သ
စာပေ များ အား ဖြန့်  ဝေ ပေး ပါ သည်၊
7greendays google group သို့  member ၀င် လို ပါ လျှင်
http://groups.google.com/group/7greendays/subscribe?hl=en အား click
နှိပ် ပြီး ၀င်ရောက် နိုင် ပါ သည်၊
Group သို့  Email ပို့  လို ပါ က 7greendays@googlegroups.com သို့  ပေး
ပို့  နိုင် ပါ သည်၊
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။