[aurorageneration] Red Link Broadband WiMax အင်တာနက် ဝန်ဆောင်မှုအား ကျပ်ငါးသိန်း လေးသောင်းဖြင့် ရောင်းချပေးမည် [7greendays google group]

Red Link Broadband WiMax အင်တာနက် ဝန်ဆောင်မှုအား ကျပ်ငါးသိန်း
လေးသောင်းဖြင့် ရောင်းချပေးမည်
******************************************************************************8
Redlink ကုမ္ပဏီမှ ဝန်ဆောင်မှုပေးသော Broadband WiMax အင်တာနက် ဆားဗစ်ကို
ယခုလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည့် Education, Living and Health
Care Exhibition တွင် အထူးဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။
ရောင်းချပေးသွားမည့် အထူးဈေးနှုန်း အနေဖြင့် အင်တာနက် ဝန်ဆောင်မှုကို
ကျပ်ငါးသိန်း လေးသောင်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး အရေအတွက်
ကန့်သတ် ရောင်းချပေးသွားမည်ဟု သိရသည်။ Redlink အင်တာနက်
ဝန်ဆောင်မှုများအား အထူးအစီအစဉ်များဖြင့် ရောင်းချပေးခြင်းနှင့် ပတ်သက်၍
Redlink communication ၏ ဈေးကွက် မန်နေဂျာ ကိုမျိုးမြင့်ညွန့်က
"အင်တာနက် ဝန်ဆောင်မှုကို အရင်ကလည်း အထူးအစီအစဉ်တွေနဲ့
ရောင်းချပေးခဲ့တာပါ။ ရောင်းချပေးရတဲ့ ရည်ရွယ်ချက်ကလည်း အင်တာနက်
အသုံးပြုသူတွေ အင်တာနက်လိုင်း ဝယ်ယူသူတွေကို Red link အနေနဲ့
အဆင်ပြေစေချင်တယ်။ အင်တာနက် ဝန်ဆောင်မှု ဝယ်ယူစေချင်တဲ့ သူတွေကိုလည်း
ဈေးသက်သက်သာသာနဲ့ ဝယ်ယူစေချင်လို့ပါ။ ရောင်းချပေးသွားမယ့် အရေအတွက်ကတော့
ကန့်သတ်ထားပါတယ်" ဟု ပြောသည်။ ၎င်းက ဆက်လက်၍ "ရောင်းပေးမယ့် ရက်က
လေးရက်ဆိုတော့ လာဝယ်မယ့်သူ များမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က
promotion တွေနဲ့ တတ်နိုင်သလောက် ဈေးလျော့ပြီး ရောင်းပေးပါတယ်။ ၃၆၀၀၀၀
နဲ့ ရောင်းပေးတုန်းကလည်း တော်တော် ရောင်းရပါတယ်။ ဒီပွဲလည်း ရောင်းရမယ်
ထင်ပါတယ်" ဟု ပြောသည်။ Red Link Communication မှ ယခုလဆန်းပိုင်းက
Broadband WiMax Service ကို ကျပ် ၃၆၀၀၀၀ ဖြင့် ရောင်းချပေးရာ အခုရေ ၁၂၀၀
ဝန်းကျင်ခန့် ရောင်းချခဲ့ရသည်ဟု သိရသည်။

***********************************************
7greendays google group သည် ကျန်း မာရေး ။ ပညာ ရေး ။အလုပ် အ ကိုင် အ
ခွင့် အလမ်း ။ စီး ပွါးရေး နှင့် ဖျော် ဖြေ ရေး နှင့် ဆို င် သော သုတ ရ သ
စာပေ များ အား ဖြန့်  ဝေ ပေး ပါ သည်၊
7greendays google group သို့  member ၀င် လို ပါ လျှင်
http://groups.google.com/group/7greendays/subscribe?hl=en အား click
နှိပ် ပြီး ၀င်ရောက် နိုင် ပါ သည်၊
Group သို့  Email ပို့  လို ပါ က 7greendays@googlegroups.com သို့  ပေး
ပို့  နိုင် ပါ သည်၊

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။