မတ်လအတွင်း ရောင်းချနိုင်ရန် စီစဉ်
**********************************
စံမြန်မာ မြန်မာစာစနစ် အသုံးပြုပြီး မြန်မာစာ OS ထည့်သွင်းထားသည့်
Standard GSM ဟန်းဆက်များအား ယခုနှစ် မတ်လအတွင်း ရောင်းချနိုင်ရန်
စီစဉ်ထားကြောင်း စံမြန်မာ မြန်မာ ကွန်ပျူတာစနစ်၏ founder ဖြစ်သူ
ဦးထွန်းမြင့်မှ ယခုလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ Asia Plaza Hotel ရှိ
Ruby ခန်းမတွင် ကျင်းပသော စံမြန်မာ ကွန်ပျူတာစနစ် သတင်းစာရှင်းလင်းပွဲ၌
ပြောကြားသည်။ အဆိုပါ GSM ဟန်းဆက်သည် ပြည်ပမှ တင်သွင်းထားသော Standard
အမှတ်တံဆိပ် GSM hardware device နှင့် မင်းကွန်ပျူတာမှ ဖန်တီးထားသော
စံမြန်မာ မြန်မာ OS စနစ်ကို ထည့်သွင်း၍ မူပိုင်အဖြစ်
ရောင်းချခြင်းဖြစ်သည်ဟု ဆိုသည်။
GSM ဟန်းဆက်အဖြစ် အသုံးပြုနိုင်သည့် Standard Mobile ဟန်းဆက်များအား
ယခုနှစ် မတ်လအတွင်း စတင် ရောင်းချပေးခြင်းနှင့် ပတ်သက်၍ Standard mobile
ဖုန်းစနစ်၏ founder ဖြစ်သူ ဦးထွန်းမြင့်က "ယခု GSM စနစ်နဲ့ ထုတ်ပေးမယ့်
GSM Standard mobile ဟန်းဆက်တွေကို မတ်လအတွင်းမှာ ရောင်းချပေးသွားမှာပါ။
ရောင်းချပေးသွားမယ့် ဈေးနှုန်းက ၄၀၀၀ ဖြစ်ပါတယ်။ လက်လီ၊ လက္ကားစနစ်နဲ့
တစ်နိုင်ငံလုံးကို ရောင်းချပေးသွားမှာပါ။ ကိုယ်စားလှယ်ပေးဖို့လည်း
ရှိပါတယ်။ မြန်မာစာစနစ်တင် မဟုတ်ပါဘူး။ အင်္ဂလိပ်စာစနစ်နဲ့ပါ
အသုံးပြုနိုင်မှာပါ။ မြန်မာစာစနစ်နဲ့ အသုံးပြုနိုင်တာ
ဘာကောင်းလည်းဆိုတော့ မြန်မာစာ OS သုံးထားတဲ့အတွက် SMS ပို့တဲ့အခါ
မြန်မာလို ပို့နိုင်မယ်၊ ဖုန်း List အတွေရဲ့ အမည်စာရင်းနဲ့
ဖုန်းပိုင်ရှင် နာမည်တွေကို မြန်မာလို မှတ်ထားနိုင်ပါတယ်။ အင်္ဂလိပ်စာနဲ့
ဖုန်းအသုံးပြုလို့ အဆင်မပြေတဲ့ သူတွေအတွက်ရော အင်္ဂလိပ်စာနဲ့
ဖုန်းအသုံးပြုချင်တဲ့ သူတွေအတွက်ရော အဆင်ပြေပါတယ်" ဟု ပြောကြားသည်။
Standard GSM Mobile ဟန်းဆက်တွင် အခြားဖန်ရှင်များအနေဖြင့် နှိုးစက်
function ကင်မရာ၊ ဖုန်းစာအုပ်၊ FM ရေဒီယို အသံဖမ်းစက်၊ MP3 ဖွင့်စက်၊
ဖုန်းဝင်ထွက်စာရင်းများ၊ builtin memory 4GB ပါရှိမှာ ဖြစ်ပြီး SD Card
ထည့်သွင်းလိုသူများအတွက် 8GB အထိ ထည့်သွင်း အသုံးပြုနိုင်သည်ဟု ဆိုသည်။
မင်းကွန်ပျူတာမှ ယခုထွက်လာမည့် Standard အမှတ်တံဆိပ် GSM
ဟန်းဆက်များအပြင် CDMA 450 ဟန်းဆက်များကိုလည်း ၂၀၁၁ ခုနှစ်မှစ၍
ပြည်တွင်းဈေးကွက်အတွင်းသို့ ကျပ် ၆၅၀၀၀ ဖြင့် တင်သွင်း ရောင်းချပေးလျက်
ရှိသည်။ Standard Mobile ဟန်းဆက်များနှင့် ပတ်သက်၍ ဦးထွန်းမြင့်က
"Standard Mobile ဟန်းဆက်တွေကိုတော့ ပြည်ပက တင်သွင်းထားတာပါ၊ CDMA 450
တွေ တင်သွင်းပြီး မြန်မာစာစနစ် ထည့်သွင်းပေးတာကိုတော့ ပြည်တွင်း CDMA
user တွေ ကြိုက်ကြတာများပါတယ်။ CDMA ရော GSM ဟန်းဆက်တွေကို လိုင်းဆွဲအား
အထူးကောင်းမွန်ပြီး battery သက်တမ်းအနေနဲ့ ၃ ရက် ခံပါတယ်" ဟု
ပြောကြားသည်။
***************************************
7greendays google group သည် ကျန်း မာရေး ။ ပညာ ရေး ။အလုပ် အ ကိုင် အ
ခွင့် အလမ်း ။ စီး ပွါးရေး နှင့် ဖျော် ဖြေ ရေး နှင့် ဆို င် သော သုတ ရ သ
စာပေ များ အား ဖြန့်  ဝေ ပေး ပါ သည်၊
7greendays google group သို့  member ၀င် လို ပါ လျှင်
http://groups.google.com/group/7greendays/subscribe?hl=en အား click
နှိပ် ပြီး ၀င်ရောက် နိုင် ပါ သည်၊
Group သို့  Email ပို့  လို ပါ က 7greendays@googlegroups.com သို့  ပေး
ပို့  နိုင် ပါ သည်၊
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။