Phoe Htet- Essay
နှစ်သက်မိသော မျက်ရည်များ
ဖိုးထက်
မတ် ၁၊ ၂၀၁၂
အမှန်အတိုင်းသာဝန်ခံရလျှင် နိုင်ငံရေးဆိုတာ မစားကောင်းသောအသီးလို့ ကျနော်ခံယူခဲ့သည်။ ထိုအယူအဆအတိုင်း နေထိုင် ဖြတ်သန်း လာသဖြင့် ယခုခေတ် နိုင်ငံရေးခေါင်းဆောင်တွေဆိုလျှင် ဗိုလ်ချုပ်သမီးငယ် ဘမျိုးဘိုးတူ စိတ်ဓာတ်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို သိ သည်။ နောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဆိုသူများထဲကမှ ကိုမင်းကိုနိုင်ကိုသိသည်။ ဒါတောင်မှ ပေါ်ဦးဆိုသည့် သူ့နာမည် အရင်းကိုတောင် ကြီးမှသိခြင်းဖြစ်သည်။မတ် ၁၊ ၂၀၁၂
တကယ်တော့ ၈၈ ဆိုသည့်ခုနှစ်မှာ ကျနော်က ချာတိတ်ပေါက်စ။ ၈၈ အရေးအခင်းကြီးတုံးမှာ ကျနော်က မူလတန်းကျောင်းသား။ အရေး အခင်းကြီးမှာ ကျနော် မှတ်မှတ်ရရရှိခဲ့တာ နှစ်ခုဘဲရှိသည်။ တစ်ခုက ကျနော်တို့သားအမိ ဗွီဒီယိုသွားသွားကြည့်သည့် ဗွီဒီယိုရုံပိုင်ရှင်သမီး စင်မြင့်ထက်မှ တရားဟောခြင်းဖြစ်သည်။ ဖနောင့်တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုပြီး ငေါက်ငေါက်ငမ်းငမ်း ဟောပြော ခြင်းအား ဘာကိုကြောက်မှန်းမသိ ကျနော်ကြောက်ခဲ့သည်။
ဒုတိယမှတ်မိတာက ကျောက်သယ်သောကားကြီးနှင့် ကျနော်တို့နေသောရွာမှ မန္တလေးကျုံးအထိသွားကာ ဆန္ဒပြလူပင်လယ်ကြီးနှင့် ပူးပေါင်းခြင်း၊ ကျနော့်လက်မှာက ဘယ်သူလာထည့်ပေးသွားမှန်းမသိသော "ကျွန်ုပ်တို့ ငြိမ်းချမ်းစွာဆန္ဒပြနေသည်" ဆိုသည့် ဆိုင်းဘုတ်လေး ကိုင်ထားခဲ့သည်။ မူလတန်းကျောင်းသား ချာတိတ်အရွယ်၊ ဆိုင်းဘုတ်နှင့် မြောက်ကြွ မြောက်ကြွမျက်နှာကိုကြည့်ကာ လူတွေ ပြုံးစိ ပြုံးစိ လုပ်သွားတာမှတ်မိသည်။ ရေခဲချောင်းတွေစားရသည်။ ကောက်ညှင်းပေါင်းလည်း စားခဲ့ရသည်ထင်သည်။ အအေးတွေလည်း သောက် သည်။ အိမ်ပြန်ရောက်တော့ အစားစုံကာ ကျနော်အပြင်းဖျားသည်။ ထိုတွင် ၈၈ နှင့် ကျနော် အဆက်အသွယ်ပြတ်သွားတော့သည်။
"နိုင်ငံရေးများ သွားမစလေနဲ့။ ဘ၀ပျက်သွားမယ် ဘာမှတ်နေလဲ" ဆိုသည့်ဝန်ထမ်း အမေ့စကားသံနှင့်အတူ နိုင်ငံရေးနှင့် အတော်ဝေးခဲ့သည်။ ပါတ်ဝန်းကျင်သူငယ်ချင်းတွေထဲမှာ နိုင်ငံရေးလုပ်တဲ့သူလဲ ဘယ်သူမှမရှိပါဘူးလေဆိုပြီး ဖြတ်သန်းခဲ့သည်။ နိုင်ငံရေးဆိုတာ နှဖူးခေါင်းစီး စီး၊ လူအုပ်ကြီးနဲ့ လိုက်အော်၊ ထောက်လှမ်းရေးတွေ အချိန်မရွေးလာခေါ်တာ လိုက်နိုင်ရမည်ဟု မှတ်ခဲ့သည်။ နိုင်ငံရေးလုပ်ဖို့ ငါ့အသက် ငယ်သေးတယ်ဆိုပြီး တွေးကာနေခဲ့သည်။ သို့သော် ကျော်ကိုကို၊ နေဘုန်းလတ်တို့ကိုတွေ့ပြီး မျက်နှာကို ဘယ်နားထားရမှန်းမသိဖြစ်ကာ မျက်နှာပြောင်ဘဲတိုက်ရသည်။
မရှက်တမ်းသာဝန်ခံရလျှင် နိုင်ငံရေးအသိ ဆင်းရဲလွန်းခဲ့သည်။ ထို့ကြောင့် အခုနောက်ဆုံး ကိုမင်းကိုနိုင် ထောင်မှပြန်လွတ်လာတော့ ကျောင်းနံရံမှာ ဒေါင်းအလံတွေပြန်စိုက်မည်ဆိုပြီး ကြွေးကြော်သံကို ကျနော်မခိုက်။ မခံစားရ။ ၈၈ အရေးတော်ပုံကြီးသည် မြန်မာ့နိုင်ငံ ရေးသမိုင်းမှာ အရေးပါအရာရောက်သည်ဆိုတာကို အသက်ကြီးကာမှ သတိထားမိလာသည်။ ၈၈ မျိုးဆက်ကျောင်းသားဟုဆိုလိုက်လျှင် ကိုမင်းကိုနိုင်ကိုဘဲသိသည်။ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ မမီးမီးတို့ကို သိသလိုလိုရှိသော်လည်း တကယ်တော့မသိ။
သို့သော် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရည်နှင့်ဆင်တူသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဆိုပြီး ကိုကိုကြီးကို ရည်ညွန်းကြတော့ ကျနော်သတိထားမိသွားသည်။ စကားပြောပုံက ကိုမင်းကိုနိုင်တို့နှင့်မတူ။ ကိုမင်းကိုနိုင်က တက်တက်ကြွကြွ၊ ထက်ထက်မြက်မြက် ခေါင်း ဆောင်ပီပီ စည်းရုံးနိုင်စွမ်းရှိပုံရသည်။ ကိုကိုကြီးကျတော့ စာဖတ်နာသောလူတစ်ယောက် စကားပြောနေသလိုမျိုး။ ချင့်ချင့်ချိန်ချိန်၊ နှိုင်းနှိုင်းဆဆ။
ဒီလိုဆိုတော့ ကိုမင်းကိုနိုင်တို့စကားပြောတာ ဗြဲလျှမ်းကြီးလို့ဆိုလိုချင်တာလားဟုအမေးရှိလာလျှင် မဟုတ်ဘူးလို့ဘဲဖြေရမည်။ ကျနော့် ပုဂ္ဂလိကခံစားချက်က ကိုကိုကြီးကို ပိုသဘောကျနေသောကြောင့် တစ်ဖက်သတ်မျက်နှာလိုက်ကာ အမှတ်ပေးခြင်းဖြစ်မည်။
အစ်ကို ကိုကိုကြီး ထောင်မှထွက်ထွက်ခြင်း အင်တာဗျူးတစ်ခုမှာ ပြောသောစကားရှိသည်။
"ကျနော်တို့နေ့စဉ် ကြုံတွေ့နေရတဲ့လူမှုရေး၊ စီးပွားရေးဒုက္ခတွေ၊ အကျပ်အတည်းတွေဟာ နိုင်ငံရေးကြောင့်ဖြစ်တယ်။ နိုင်ငံရေးဟာ အခြေ ခံဖြစ်တယ်။ ကျနော်တို့ နိုင်ငံသားတယောက် ချင်းစီဟာနိုင်ငံရေးနဲ့ မပတ်သက်လို့ မရဘူး။ ကိုယ်ကိုယ်တိုင် တပိုင်တနိုင်ပါဝင်ကြမှဖြစ်မယ် ဆိုတာကို ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေကိုပြောချင်ပါတယ်"
ကိုကိုကြီးစကားကို ကိုမင်းကိုနိုင်၏ ဒေါင်းတွေ၊ ကျောင်းတွေပါသောစကားထက် ပိုသဘောကျသည်။ ကျနော့်ရင်ထဲကို ပိုရောက်သည်။ ကျောင်းကို ကျောင်းလိုမတက်ခဲ့ရသော မျိုးဆက်လူငယ်တစ်ယောက်ဟု ကျနော့်ကိုအမြင်ရှိကြလျှင် ကျနော့်ခံစားချက်ကို နားလည်ကြမည် ထင်သည်။
အခု နောက်ဆုံး သရက် NLD ရုံးဖွင့်ပွဲအသွားခရီး မော်တော်ပေါ်မှာ အင်တာဗျူးရင်း မျက်ရည်ကျနေသော ကျနော့်လူကြီး ကိုကိုကြီးငိုတာ တွေ့ရတော့ ဒါမှငါ့လူကြီးကွဟု အားရမိသည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ငိုရသလားဟု အပြစ်တင်ကောင်းတင်နိုင်ကြသည်။ ကျနော့် အမြင်က တမျိုးဖြစ်သည်။ စိတ်ထားနူးညံ့သော၊ အနုပညာအခံစိတ်ရှိသောခေါင်းဆောင်များသည် ကလေးလေးကို ခဏ ခဏ မျက်ရည်ကျ မနေလျှင်ပြီးရော။ လူသားပီပီ ခံစားချက် ပြင်းထန်လွန်းလာလျှင် မျက်ရည်ကို ထိန်းထိန်းသိမ်းသိမ်း ကျခွင့်ပေးလိုက်တာ သူတို့ခံစားချက်ကို လေးစားရာရောက် မည်ထင်သည်။
ကျနော့်လူကြီးကျသောမျက်ရည်တွေသည် ၀မ်းနည်းမျက်ရည်မဟုတ်။ မခံချင်စိတ်များဖြင့် ဂလဲ့စားခြေချင်သည့် အမုန်းမျက်ရည်များ မဟုတ်တာ သေချာသည်။ နိုင်ငံအတွက် သူလျှောက်လှမ်းချက်သောလမ်းကို လျှောက်နေရပြီဆိုသည့် ၀မ်းသာကြည်နူးမှုကြောင့် ကျသော မျက်ရည်တွေဘဲ ဖြစ်မည်ထင်သည်။ သူ့ဆီက ဒီလိုမျက်ရည်များများ ထပ်တွေ့ချင်ပါသေးသည်ဟု တွေးမိလျှင် ကျနော့်ကို ခွင့်လွှတ်ကြစေ ချင်သည်။
Saung Yun La - Poem
အရာရာအားလုံး … ဟောင်းနွမ်းလွန်းနေလို့
ဆောင်းယွန်းလ
မတ် ၁၊ ၂၀၁၂

အရင်တုန်းက ငါတို့တတွေလည်း
အခု မင်းတို့လိုပါပဲ
ဖြစ်ခဲ့ဖူးတယ် ဖြစ်ခဲ့ဖူးကြတယ်….
သီချင်းတပုဒ်ထဲမှာ သူငယ်ချင်းနှစ်ယောက်
လက်ဖက်ရည်တခွက်ကို
တယောက်တဝတ် သောက်တတ်ခဲ့ကြဖူးတယ်…
ကဗျာတပုဒ်ထဲမှာလည်း သူငယ်ချင်းနှစ်ယောက်
ဆေးပေါ့လိပ်တလိပ်ကို
တယောက်တဖွာ အိပ်ရာဝင်ခဲ့ကြဖူးတယ်…
ငါတို့ထက်ကျစ်လစ်တဲ့ လက်သီးဆုပ်တွေတောင်
ငါတို့လက်သီးတွေလောက် မကျစ်လစ်ခဲ့ကြဘူး…
ငါတို့ထက်အားကောင်းတဲ့ လက်မောင်းတွေတောင်
ငါတို့လက်မောင်းတွေလောက် အားမကောင်းခဲ့ကြဘူး…
အဲသလို…
ပြောရင်း …ဆိုရင်း …နေရင်း ….ထိုင်ရင်း ….
ကုန်လွန်ခဲ့ကြ… တက်လှမ်းခဲ့ကြ …ဖြတ်သန်းခဲ့ကြ…
ပြန်မရနိုင်တော့မယ့် နာရီတွေက
ရာသီစာ ကဗျာတပုဒ်ထက် ပိုပြီး …..နက်နက်နဲနဲ…
အခုတော့….
ငါတို့အားလုံးတွေရဲ့ဘဝတွေထဲမှာ
အရင်အတိုင်းဆိုတာတွေထက် ပိုလွန်းတဲ့ မလိုအပ်မှုများနဲ့
မှားယွင်းစွာ ခါးသီးဟောင်းနွမ်းနေကြ…
ဖြစ်နိုင်ရင်…..
လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်ကာလကို
တညလောက် ပြန်ရကြည့်ချင်တယ်….။ ။
မတ် ၁၊ ၂၀၁၂

အရင်တုန်းက ငါတို့တတွေလည်း
အခု မင်းတို့လိုပါပဲ
ဖြစ်ခဲ့ဖူးတယ် ဖြစ်ခဲ့ဖူးကြတယ်….
သီချင်းတပုဒ်ထဲမှာ သူငယ်ချင်းနှစ်ယောက်
လက်ဖက်ရည်တခွက်ကို
တယောက်တဝတ် သောက်တတ်ခဲ့ကြဖူးတယ်…
ကဗျာတပုဒ်ထဲမှာလည်း သူငယ်ချင်းနှစ်ယောက်
ဆေးပေါ့လိပ်တလိပ်ကို
တယောက်တဖွာ အိပ်ရာဝင်ခဲ့ကြဖူးတယ်…
ငါတို့ထက်ကျစ်လစ်တဲ့ လက်သီးဆုပ်တွေတောင်
ငါတို့လက်သီးတွေလောက် မကျစ်လစ်ခဲ့ကြဘူး…
ငါတို့ထက်အားကောင်းတဲ့ လက်မောင်းတွေတောင်
ငါတို့လက်မောင်းတွေလောက် အားမကောင်းခဲ့ကြဘူး…
အဲသလို…
ပြောရင်း …ဆိုရင်း …နေရင်း ….ထိုင်ရင်း ….
ကုန်လွန်ခဲ့ကြ… တက်လှမ်းခဲ့ကြ …ဖြတ်သန်းခဲ့ကြ…
ပြန်မရနိုင်တော့မယ့် နာရီတွေက
ရာသီစာ ကဗျာတပုဒ်ထက် ပိုပြီး …..နက်နက်နဲနဲ…
အခုတော့….
ငါတို့အားလုံးတွေရဲ့ဘဝတွေထဲမှာ
အရင်အတိုင်းဆိုတာတွေထက် ပိုလွန်းတဲ့ မလိုအပ်မှုများနဲ့
မှားယွင်းစွာ ခါးသီးဟောင်းနွမ်းနေကြ…
ဖြစ်နိုင်ရင်…..
လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်ကာလကို
တညလောက် ပြန်ရကြည့်ချင်တယ်….။ ။
ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှု မြို့နယ်ရုံးမှ ခရိုင်ရုံးသို့ ပြောင်းလဲ စစ်ဆေးခွင့်ပြု
ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI) by Yangon Press International

ပုဇွန်တောင်မြို့နယ် တရားရုံးသို့ ရုံးချိန်းလာရောက်သည့် ဂျပန်နိုင်ငံသား Okahashi Takashi အား တရားရုံးရှေ့တွင် မြင်တွေ့ရစဉ်။ (ဓါတ်ပုံ မူပိုင် YPI)
ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံသားတဦးက Orchid Hotel အမျိုးသမီး ၀န်းထမ်းတဦးကိုပါးရိုက်ခဲ့သည့် အမှုအား လက်ရှိ အမှုစစ်ဆေးမည့် ပုဇွန်တောင်မြို့နယ် တရားရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှ့စစ်ဆေးသွားရန် ခွင့်ပြုလိုက်ကြောင်း ဟိုတယ် မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ပြောသည်။
မြို့နယ် တရားရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှေ့ အမှုရင်ဆိုင်ရခြင်းမှာ ကာယကံရှင်ဟိုတယ် ၀န်ထမ်းအမျိုးသမီး၏ ဆန္ဒကြောင့် ပြောင်းရွှေ့စစ်ဆေးရခြင်းဖြစ်ကြောင်း ကာယကံရှင် ဒေါ်အေးအေးကြည်က ပြောသည်။
"ပုဇွန်တောင် တရားရုံးက ဒီအမှုကို တရားမျှတစွာစစ်ဆေးပေးမယ်လို့ မခံစားရဘူး၊ဒါကြောင့် ခရိုင် တရားရုံးကိုပြောင်းလဲ စစ်ဆေးပေးဖို့ တောင်းဆိုတာ ဒီနေ့ ပြောင်းလဲစစ်ဆေးခွင့်ရလိုက်တယ်" ဟုသူမက ပြောသည်။
ပြီးခဲ့သည့် လ ၂၈ ရက်နေ့က Orchid Hotel တွင် တည်းခိုနေသော ဂျပန်နိုင်ငံသား Mr.Okahashi Takashi ကညဘက်တွင် ဟိုတယ်သို့ သက်သေအထောက်အထား မပြည့်စုံသည့် အမျိုးသမီးတဦးအားခေါ်လာရာ ဟိုတယ်ဝန်ထမ်းအမျိုးသမီး ဒေါ်အေးအေးကြည်က တားဆီပြောဆိုရာ ဂျပန်နိုင်ငံသား ကသူမကို ပါးရိုက်ခဲ့သည်။
ထိုသို့ ပါးရိုက်ခံခဲ့ ရသည်ကို ပုဇွန်တောင်မြို့နယ် ရဲစခန်းသို့ သွားရောက်တိုင်ကြားရာ ပါးရိုက်ခဲ့သည့် သက်သေအထောက်အထား ဆေးစာရွက်ရှိမှ အမှုဖွင့် အရေးယူနိုင်မည်ဟု ပြောဆိုခဲ့ရာမှ ၎င်းအမှုမှာ နာမည်ကြီးသွားခဲ့ပြီး ပြည်ထဲရေး ၀န်ကြီးဌာနမှလာရောက် စစ်ဆေးအမှုဖွင့်ပေးခဲ့သည်။
ဝန်ထမ်းအမျိုးသမီးက ဂျပန်နိုင်ငံသားအား ကိုယ်ထိလက်ရောက်စော်ကားမှုဖြင့် အမှုဖွင့် ထားသကဲ့သို့ ဂျပန်နိုင်ငံသားကလည်း သူမကို ၎င်းအား အင်အားသုံးတားဆီမှု နှင့် ၎င်း၏ပိုက်နက်အတွင်းဝင်ရောက်ခွင့်မပြု ခြင်း စသည် တို့ဖြင့် တရားပြန်ဆွဲထားသည်။
ပြီးခဲ့သည့် ၂၂ ရက်နေ့တွင် စတင်အမှုရင်ဆိုင်ကြပြီး ယနေ့ ၂၉ ရက်ရုံးချိန်းတွင် ၀န်ထမ်းအမျိုးသမီး တောင်းဆိုထားသည့်အတိုင်း ခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခွင့် ပြုကြောင်း ပုဇွန်တောင် မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။
"ကျွှန်မကအမှန်မှာ အမှုက အေးအေးဆေးဆေး ပြီးသွားမယ်ဆိုရင်ပြီးသွားမှာပဲလေ ၊အခုတော့ တရားရုံးသွားတော့ ဂျပန်ကတရားပြန်ဆွဲထားတယ်တဲ့ ၊အဲနေ့မှာပဲ ကျွှန်မတို့ က အာမခံတယောက်သိန်းနှစ်ရာလိုတယ်တဲ့ အကယ်လို့ ညနေလေးနာရီမှ မပေးရင် အဖမ်းခံရမယ် ၊အချုပ်ခံရမယ်တဲ့၊ကျွှန်မက ဟိုတယ်ကနောက်ခံရှိနေလို့ပေါ့ အကယ်လို့ ကျွန်မနေရာမှာဆင်းရဲသား ဖြစ်နေရင် ကိုယ့်အမှုကမှန်နေရင်တောင် အာမခံ မပေးနိုင်လို့ အချုပ်ထဲကနေအမှုရင်ဆိုင်ရမဲ့ သဘောရှိတယ်" ဟု ဒေါ်အေးအေးကြည်က မီဒီယာများအား ပြောကြားသည်။
ဒါ့အပြင် သူကမတို့ ကိုဂျပန်နိုင်ငံသားက တရားစွဲဆိုထားသည့်အကြောင်းအရာကိုလည်း ရဲစခန်းမှအသိပေးခြင်း မရှိဘဲ တရားရုံးသွားခါနီး တရက်အလိုကျမှသာ သိခွင့်ရခဲ့ပြီး ဘုမသိဘမသိနှင့် တရားရုံးသွားခဲ့ရကြောင်း ထို့ ကြောင့်အမှုကို အမှန်အတိုင်း အမှုမှန်ပေါ်ပေါက် လာသည်အထိ တရားရင်ဆိုင်သွားမည်ဟုဆိုသည်။
လက်ရှိ အဆိုပါ အမှုကို ဟိုတယ်ဝန်ထမ်း အမျိုးသမီးဘက်က လိုက်ပါကူညီဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံဧည့် လမ်းညွှန်အသင်းက ကိုနေလင်းထိုက်ကလည်း အဆိုပါအမှု အမှုမှန်ပေါ်ပေါက်တဲ့အထိ အဆင့်ဆင့် တရားရင်ဆိုင်သွားရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။
"ဂျပန်အမှုနဲ့ပတ်သတ်ရင် ကျောက်ပန်းတောင်းကအမှုဆို ဆိုက်ကယ်သမားက သေဒဏ်ကျတယ်လေ မြန်မာနိုင်ငံအနေနဲ့ လောလောဆယ်မှာနိုင်ငံခြားဧည့်သည်တွေရင်းနှီးမြှပ်နှံသူတွေကိုဆွဲဆောင်နေတော့ နိုင်ငံခြားသားတွေကို အတိုင်းအတာတခုအထိဦးစားပေးသတ်မှတ်ပြီး ကာကွယ်ပေးနေတယ်လို့ ယူဆချင်ရင် ယူဆလို့ရတယ် ဒါပေမဲ့ဒီလိုအဖြစ်အပျက်တွေက ကျွှန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွား အတွက်ပါ၊အမှုမှန်ပေါ်တဲ့အထိ ရင်ဆိုင်သွားမှာပါ" ဟုဆိုသည်။
အဆိုပါအမှုကို လာမည့် ၁၄ ရက်နေ့တွင် ခရိုင်တရားရုံးတွင် စစ်ဆေးသွားရန် ရှိသည်။ ။
(မူရင်းလင့်ခ www.facebook.com/ygnpress )
ကျောင်းတိုက်မှ ထွက်ခွာပေးမည်မဟုတ်ဟု ဦးဃောသိတ ဆို
ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (Yangon Press International )
သုံးရက်အတွင်းကျောင်းမှ ဆင်းပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ အမိန့်ထုတ်ပြန်ခြင်း ခံခဲ့ရသော်လည်း မိမိအနေဖြင့် လက်ရှိနေထိုင်သည့် လိပ်ပြာကန်ကျောင်းမှ ထွက်ခွာပေးမည် မဟုတ်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်သူ ဦးဇင်းဦးဃောသိတက ပြောကြားသည်။
ယင်းအနေဖြင့် ယနေ့တွင် တိုင်းသာသနာရေးဦးစီးဋ္ဌာနသို့ သွားရောက်မေးမြန်းရာ ယင်းဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက အထက်ပါအတိုင်း အမိန့်ထုတ်ပြန်ထားသော်လည်း တန်ခူးလအထိ နေခွင့်ရှိသည်ဟု လျှောက်ထားခဲ့ကြောင်း ဦးဃောသိတကပြောသည်။
' နဂိုကတည်းက ဦးဇင်းက ကျောင်းကထွက်ပေးဖို့ မစဉ်းစားထားဘူး။ ခုလိုပြောတော့ပိုကောင်းသွားတာပေါ့။'' ဟု ၎င်းကပြောသည်။
လိပ်ပြာကန်ကျောင်းတိုက်ပိုင်မြေများအား ပဓာနနာယကဆရာတော်ဦးဇောတိက မှ ခွဲစိတ်ရောင်းချမှုကို ကျောင်းတိုက် နာယကဆရာတော်များထံ ဦးဆောင်တိုင်ကြားသဖြင့် ဦးဇောတိကမှ ၎င်းအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ပြန်လည်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဃောသိတက ပြောသည်။
Mar Mar Aye - 413
"…ဧရာဝတီအရေးကလဲ အေးခဲ့ပြီတဲ့ရှင့်၊ ကိုယ်မောင်ကိုယ်ဖွား သွေးချင်းအစုအဖွဲ့များနဲ့လဲဘဲ၊ နွားကွဲကျားကိုက် မဖြစ်ထိုက်တော့ဘူးလို့ စိတ်ကူးရသယောင်၊ လင်းရောင်တန်းတွေ၊ ဂီတမာလာ ငုံလွှာပန်းတွေ 'စုလေး' ခေါင်းမှာ ဝေတဲ့ အခြေအနေတွေလဲ မြင်နေရပါလား…"
interview with DVB chief
ဒီဗွီဘီ ပြည်တွင်းသတင်းထောက်များ တရားဝင် ရပ်တည်ခွင့်ရရေး ဦးကျော်ဆန်း စဉ်းစားပေးမည်
DVB အင်တာဗျူး
ဖေဖော်ဝါရီ ၂၉၊ ၂၀၁၂
DVB အင်တာဗျူး
ဖေဖော်ဝါရီ ၂၉၊ ၂၀၁၂
ဒီမိုကရက်တစ်မြန်မာ့အသံက သတင်းထောက်တွေ ပြည်တွင်းမှာ တရားဝင်လာရောက် သတင်းယူဖို့ မြန်မာအစိုးရက သဘောတူလိုက်ပါတယ်။
Tuesday, February 28, 2012
More visitors to Burma, pressing for lifting sanctions
မြန်မာပြည်သို့ လည်ပတ်သည့်ပြည်ပဧည့်သည်ဦးရေ များပြား၊ ပိတ်ဆို့မှုဖွင့်ပေးရေး ဖိအားသဖွယ်ဖြစ်
မိုးမခအထောက်တော် ၀၀၂၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၁၂
၂၀၁၂ ဇန်န၀ါရီလဆန်းမှစတင်ပြီး မြန်မာပြည်သို့ လာရောက်လည်ပတ်သည့် ပြည်ပဧည့်သည်ဦးရေ များစွာတိုးတက်လာသည်ဟု မြန်မာပြည်သို့ လေ့လာရေးထွက်ခဲ့သည့် NPR ရေဒီယိုသတင်းထောက်က ၎င်းသတင်းဆောင်းပါးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာပြည်တွင်းသို့ ဧည့်ဗီဇာဖြင့် လာရောက်သည့် ပြည်ပခရီးသည်များ တိုးတက်လာကြောင်း၊ လက်ရှိအစိုးရကိုယ်တိုင်ကလည်း ၂၀၁၂ ကို ခရီးသွားနှစ်သဖွယ် ဖြစ်လာအောင် ကြိုးစားပြင်ဆင်နေပုံရကြောင်း၊ အာဆီယံဆိုင်ရာ လုပ်ငန်းများ၊ ညီလာခံများသာမက အခြားနိုင်ငံများက လေ့လာရေးအဖြစ် ၀င်ရောက်လာသည့် ဧည့်သည်များ အစုအဖွဲ့များကိုလည်း မြန်မာအစိုးရက ကောင်းမွန်စွာ လက်ခံနေကြောင်း အဆိုပါ ရေဒီယိုသတင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။
နိုင်ငံခြားသတင်းထောက်များ၊ လုပ်ငန်းရှင်များ၊ အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သည့် အစုအဖွဲ့များကို သိန်းစိန်အစိုးရနှင့် ရွှေမန်းလွှတ်တော်က လက်ခံတွေ့ဆုံသည့် အကြိမ်အရေအတွက်သည် အဆိုပါပုဂ္ဂိုလ်တို့ အတိုက်အခံများနှင့် တွေ့ဆုံသည့်အကြိမ်ထက် ပိုမိုများပြားသည်ဟု သတင်းသုံးသပ်သူက ပြောဆိုသည်။
နိုင်ငံတကာက ဧည့်ပရိသတ်လာရောက်လည်ပတ်မှု များပြားလာခြင်းသည် လက်ရှိအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းဖို့ ဖိအားသဖွယ် တွန်းအားသဖွယ် ဖြစ်နေသည်ဟု မြန်မာပြည်တွင်းရှိ မြန်မာအီးဂရက်က ဦးဆောင်သူတဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောဆိုကြောင်း သတင်းဆောင်းပါးတွင် ကောက်နုတ်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ အရပ်ဝတ်ကြံ့ဖွံ့ပါတီ အာဏာရပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အတိုက်အခံနိုင်ငံရေးအင်အားစုများကို လွတ်လပ်ခွင့်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းတို့ကြောင့် မြန်မာပြည်သည် တိုးတက်သည့် အပြောင်းအလဲကို ရှေ့ရှုနေပြီဟု အမေရိကန်၊ ဗြိတိန်နှင့် အီးယူရှိ အစိုးရပိုင်းနှင့် နိုင်ငံရေးသမားအချို့က သုံးသပ်လျက်ရှိသည်။
(Photo, AFP, Getty Images - 2012, February, Burmese exile, Ko Aung Naing Oo seen with family at his return)
--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives







