[mrsorcerer:20033] မှော်ဆရာလူမှု့ကူညီရေးအသင်း ( နောက်ဆက်တွဲ - ထုတ်ပြန်စာ )


ဒီရက်ပိုင်း မေးလ်နဲ့ တမျိုး ဂျီတောခ့်မှာ တဖုံ မှော်ဆရာလူမှု့ ကူညီရေးအဖွဲ့ ဖွဲ့ဖြစ်လား မဖွဲ့ဖြစ်ဘူးလားလို့ မေးလာတဲ့ မိတ်ဆွေများအတွက် စာပြန်
လိုက်ပါတယ် ။ အစက တော့ ကျနော် ဖေဖော်ဝါရီလ အထဲမှာ မီတင်ထိုင်မလို့ပါ ။ ဒါပေမယ့် ကံဆိုးစွာပဲ  မီတင်ထိုင်မယ်လို့ စီစဉ်ရမဲ့ နောက်
ဆုံးအပတ်မှာ ကျန်းမာရေးဆိုးဆိုးရွားရွားဖြစ်ရပ်တခုနဲ့ ရင်ဆိုင်လိုက်ရပါတယ် ။ အဲ့ဒီကိစ္စ ကို ဦးမှော်ဆရာကိုလဲ အကြောင်းကြားထားပါတယ် ။

အခုတော့ ပြန်သက်သာလာပါပြီ ၊ ပျောက်ကင်းစပြုလာပါပြီ ။ တကယ်လို့ ဆက်လုပ်ကြမယ်ဆိုရင် စတင်လို့ရပါပြီ ။ ဒါပေမယ့် အခက်အခဲလေးတခုကအက်တစ်မန်ဘာအင်အား နည်းပါးနေပါသေးတယ် ။ ကျနော် နဲ့ ဦးမှော်ဆရာတို့ရဲ့ စာရင်းအရ အက်တစ်ဖြစ်တဲ့ ပါဝင်မဲ့ မန်ဘာတွေ လူသုံးဆယ်လောက်ပဲ ရပါတယ် ။ အဲ့ဒီထဲကမှ နိုင်ငံရပ်ခြားက လူတွေ ၊ နယ်က လူတွေပါဝင်ပါသေးတယ် ။ ဆိုတော့ . . .
ဒီလူနဲ့ပဲ စတင်ကြမယ်ဆိုရင် ရန်ကုန်မှာရှိတဲ့ လူဦးရေက ကျနော်ထင်ပါတယ် လူနှစ်ဆယ်ထက် ရှိမှာမဟုတ်ပါဘူး ။

ကျနော်တို့အဖွဲ့ထဲမှာလည်း လူမှု့ရေးလုပ်ငန်းကိုတကယ်လက်ရှိ လုပ်နေတဲ့ အဖွဲ့တဖွဲ့ရှိပါတယ် ။ ကျနော်တို့ အနေနဲ့ အဲ့ဒီအဖွဲ့ထဲမှာပဲ အင်အား
ဖြစ်အနေနဲ့ ပါဝင်လိုက်ကြမလား . . . ဒါမှမဟုတ် သီးသန့်ခွဲလုပ်မလားဆိုတာ မီတင်တက်တဲ့ မန်ဘာများရဲ့ ဆန္ဒနဲ့ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။
လိုအပ်တဲ့အကြံညဏ်တွေကို ဦးကျော်သူ ၊ ဦးမှော်ဆရာ နဲ့ အက်မင်များ ၊ လူမှု့ရေးအဖွဲ့ဝင်လာမယ့် မန်ဘာများထံမှ ကောက်ခံပြီး အဖွဲ့ကိုရှေ့
ဆက်သွားမှာဖြစ်ပါတယ် ။ တကယ်လို့ သီးသန့်ဖွဲ့ဖြစ်ရင် ဘဏ္ဍာရေးတာဝန်ခံနေရာကို ယုံကြည်စိတ်ချရတဲ့ လူကြီးလူကောင်းတစ်ယောက်ကိုပေး
အပ်မှာ ဖြစ်ပြီး အဲ့ဒီပုဂ္ဂိုလ်ကိုလည် ယာယီအနေနဲ့ သတ်မှတ်ပြီးသွားပါပြီ ။ မီတင်နေ့ကြရင် တက်ရောက်လာတဲ့မန်ဘာများက အတည်ပြုရမှာဖြစ်ပါ
တယ် ။

မီတင်ပြုလုပ်ရင် လတ်တလောအနေနဲ့ အဖွဲ့ရဲ့ ရန်ပုံငွေ မရှိတဲ့အတွက် မန်ဘာများအနေနဲ့ ကိုယ့်စားရိတ်နဲ့ကိုယ်တက်ရောက်ရမှာဖြစ်ပါတယ် ။
ငွေကြေးစိုက်ထုတ်ရအောင် ကျနော် မကြွယ်ဝသေးလို့ပါ :) ။ လတ်တလောတော့ မီတင်ပြုလုပ်မဲ့ နေရာကို လှည်းတန်းက အိုင့်ဗယ်ရီမှာ လျှာထားပါ
တယ် ။ နေ့ရက်ကိုတော့ တနင်္ဂနွေနေ့ တရက်ရက်ကို သတ်မှတ်မှာပါ ။ အသေးစိတ်အချက်အလက်ကိုတော့ ဒီရက်သတ္တပါတ်အတွင်းမှာ ထုတ်ပြန်
သွားမှာဖြစ်ပါတယ် ။
--
          


 မာဃလုလင်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ