[mrsorcerer:18355] Fwd: [လူဗိုလ်ဟူသည် ...] ရှေ့ နှစ်နာရီ ~ အက်ဆေး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/2/9
Subject: [လူဗိုလ်ဟူသည် ...] ရှေ့ နှစ်နာရီ ~ အက်ဆေး
To: lubo601@gmail.com


by Zay Ya on Thursday, February 9, 2012 at 8:48am ·
 
ဤနေ့ မနက်တွင် နားတစ်ဖက်မှ လေထွက်သည်။ ကွန်နက်ရှင်က နန်း ကွန်နက်တစ် ဟု ပြသဖြင့် လိုင်းကျသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ တပ်ထားသော နားကြပ်ကို ဖြုတ်လိုက်သည်။ ချော့မြူ ဆွဲခေါ်စရာ သိပ်မလိုအပ်သော "တောက်!!" ခေါက်သံ က ခံတွင်းမှ အလိုလို ထွက်ပေါ်၏။ ရှေ့တည့်တည့်တွင်ရှိသော ကော်ဖီခွက်- တစ်ချက် တုန်ခါသွားသည်။ ကွန်ပြူတာ ဖန်သားပြင် ၏ မျက်နှာတော် သည်လည်း တစ်ချက် ဝေဝါးသွားသည်။

မျက်လုံးကို ပွတ်သပ်လိုက်မိ၏။ လက်ပတ်နာရီကို မေ့လျော့ ထားသောကြောင့်  စားပွဲပေါ်က နာရီ ကို ကျော်ကြည့်သည်။ ရှေ့ လာမည့် နှစ်နာရီ ကို တွေးဆကြည့် လိုစိတ်သည် မိမိ သန္တာန် အတွင်း၌ အတိုင်းသား ပေါ်ပေါက်၏။ အဓိက တွေးသည်မှာ ရှေ့နှစ်နာရီ တွင် ဘာဖြစ်မည်နည်း ဟူ၍။


ဖြစ်ကောင်း ဖြစ်နိုင်သည်များ ရှိပါသည်။ - ယင်းနှစ်နာရီ အရောက်တွင် ကျနော် ထမင်းစားနေနိုင်သည်။ ရယ်မော စကား ဆိုနေနိုင် သည်။ အလုပ် တွင်တွင်သား လုပ်ချင် လုပ်နေနိုင်သည်။ အနားရှိ တစ်ယောက်ယောက်ကို ဘာမပြော ညာမပြော ဆွဲထိုးပစ် လိုက်မည်။ သို့မဟုတ် ~ ယခုကဲ့သို့ နားတစ်ဖက်က လေထွက်၍၊ ယခုကဲ့သို့ပင် ကွန်နက်ရှင်က နန်းကွက်နက်တစ် ပြနေနိုင်သည်။

ဒုတိယ ဖြစ်နိုင်ခြေမှာ~  ( ဗုဒ္ဓဘာသာဝင် တို့၏ စကားနှင့် ဆိုလျှင် ) ကျနော် ဘဝ တစ်ပါးသို့ ပြောင်းသွားနိုင်သည်။ (ဝါ) ( ခရစ်ဝင်တို့၏ စကားနှင့် ဆိုလျှင် )  ကျွန်တော် ခရစ်တော်၌ အိပ်ပျော်သွားနိုင်သည်။ ဟင့်အင်း ။ ကျနော် အိပ်ပြီးပါပြီ။ တော်တော်ကြာကြာ (ဝါ) ကာလ အတန်ကြာ အိပ်စက်ပြီးပြီ။  အိပ်မက်များပင် အကောင်းအဆိုး ရောပြွန်း၍ မက်ခဲ့ပြီးပြီ။ တော်လောက်ပြီ။ ထပ်မံ အိပ်စက်ရန် မလိုအပ်တော့ ဟု ထင်သည်။

အတွေးများက ယင်းရှေ့ နှစ်နာရီတွင် တဝဲလည်လည် ပြန်ပတ်ရှုပ် သွားပြန်သည်။ ခက်ကပြီ။ ယင်း ရှေ့နှစ်နာရီ အရောက် တွင် ကျနော် ဘာလုပ်ရမည်နည်း ။ အခြား ဖြစ်နိုင်ခြေများ ရှိသေးသလော။ .... အိုကေ !! ဆက်တွေးပါမည် ~

တတိယ ဖြစ်နိုင်ခြေမှာ ~ ကျနော် ထိုအချိန်တွင် စီးကရက် တစ်လိပ်ကို မီးညှိကောင်း ညှိမည်။ ကျနော် ညှိသော စီးကရက် သည် မီး လောင်ချင်မှ လောင်မည်။ ထိုအခိုက် ကျနော် ဖွာရှိုက်လိုက်သော အခိုးအငွေ့များသည် ကျနော် အခု တွေးနေသော - ၎င်းနေရာမှ အတိတ် များ ဖြစ်သွား နိုင်ပါသည်။

သေချာသည့် ဖြစ်နိုင်ခြေ တစ်ခုခု မရှိနိုင်သလော။ ဖြစ်နိုင်ခြေ ဟု ခေါ်ဆိုသည် ဖြစ်သောကြောင့် သေချာမှု ကော စင်စစ် ရှိနိုင် ပါဦး မည်လော။ သေချာနေ လျှင်ရော ဖြစ်နိုင်ခြေ ဟု ခေါ်နိုင်ဦး မည်လော။ တွေးတော ရင်း ရုတ်တရက် နာရီ ပြန်ကြည့်လိုက်သည်။ ...... အဟက် ~ ကျနော် တွေးခဲ့သော နှစ်နာရီ ပြည့်ရန် - မိနစ် ငါးဆယ် သာ လိုတော့၏ ။ သို့သော် ကျနော့်အနေဖြင့် ယခုထိ ယင်း ဖြစ်နိုင်ခြေများ မည်သို့ ရှိမည် ကို အသေအချာ တွေးနေဆဲ။

ရှိစေ ~ မည်သို့ ဆိုစေကာမူ  ယင်း ရှေ့ မိနစ်ငါးဆယ် အချိန် အထိသာ သက်ရှိထင်ရှား ရှိနေဦးမည် ဆိုလျှင် ~  သေချာသည့် တစ်ခု ရှိ၏။ ယင်းမှာ ~ ယခု ကဲ့သို့ပင်  ၎င်းအချိန်၏ "ယခု"ကို မေ့လျော့ ထားခဲ့ဦးမည် ဟူ၍ ။


Feb 9th 2012 at 8:30 AM
..................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
.................


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/09/2012 02:30:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ