ပြန်လည်ပယ်ဖျက်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ရပ်ကွက်11ခု
ကို ခေတ်မီစက်မူလယ်ယာ စံပြအထူး စိုက်ပျိုးရေးဇုန်အဖြစ် ဖော်ဆောင်ရွက်သည့်
ဧရီယာအတွင်း ပါဝင်သဖြင့် ယခင်မြေကွက်ချထားမူများ အားပယ်ဖျက်ကြောင်း
ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွှာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက
မတ်လ 7ရက်နေ့တွင်ထုတ်ပြန်သည်။
အဆိုပါ မြေကွက်ချထားမူ ပယ်ဖျက်သည် ရပ်ကွက်များမှာ ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အင်းဝလမ်း အရှေ့ဘက်ခြမ်း
မြေတိုင်းရပ်ကွက်အမှတ်
121၊122၊123၊126၊127၊128၊129၊157၊158/159/160ရပ်ကွက်တို့ ဖြစ်ကြောင်း
ယင်းဌာနနထံမှ သိရှိရသည်။
အဆိုပါမြေကွက်များကို ပယ်ဖျက်ပြီး မြို့ရွှာနှင့် အိုးအိမ်ဖွံဖြိုးရေး
ဦးစီးဌာနက မူလပေးသွင်းခဲ့သည့် မြေကွက်တန်ဖိုးငွေများကို
ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ယင်းအတွက်ကြောင့် မတ်လ8ရက်နေ့မှ
31ရက်နေ့အထိ မြေချပါမစ် မူရင်း မြေဌားစာချူပ် မူရင်းနှင့်
နိုင်ငံသားစီစ်ရေးကဒ်ပြား သို့မဟုတ် ၀န်ထမ်းကဒ်များ ယူဆောင်လျှက်
ယင်းအိုးအိမ်ရုံးသို့ လာရောက်ဆက်သွယ်ရန် မတ်လ7ရက်နေ့ထုတ် နိုင်ငံပိုင်
သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ယခုအခါ ယင်းရပ်ကွက်များတွင် ရှိသော အလျှားပေ40၊ အနံ ပေ 60၊
မြေကွက်များမှာ သိန်း20မှ ကျပ်သိန်း25သိန်းအထိ ဈေးရှိကြောင်း ၊ယခင်
မြိုရွှာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံသို့ ပေးသွင်းခဲ့ရသော
ငွေမှာ ကျပ်တစ်သောင်းငါးထောင်ခန့်သာဖြစ်ပြီး ယခု ကာလမြေပေါက်ဈေးနှင့်
မူလပေးသွင်းသောငွေ ပြန်အမ်းမည့်ငွေမှာ ကိုက်ညီမူမရှိသောကြောင့်
ယင်းအတွက်ကြောင့် လျှော်ကြေးကိုလည်း ယခုကာလ ပေါက်ဈေးအတိုင်း
ပေးစေလိုကြောင်း 128ရပ်ကွက်နေထိုင်သူက ပြောကြားသည်။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ