[mrsorcerer:21244] Fwd: [လူဗိုလ်ဟူသည် ...] NLD ကို အကူအညီတောင်းပါသည်........



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Thu, Mar 15, 2012 at 12:54 PM
Subject: [လူဗိုလ်ဟူသည် ...] NLD ကို အကူအညီတောင်းပါသည်........
To: lubo601@gmail.com


ယခုအပတ်အတွင်း သတင်းထူးတစ်ပုဒ်ပါလာပါသည်.......။
မြန်မာ-ဘင်္ဂလားရေပိုင်နက် ကိစ္စဖြစ်ပါသည်။
အဖွဲ့ဝင် (၂၃)ဦးပါသော နိုင်ငံတကာခုံရုံးမှ
စိန့်မာတင်ကျွန်းနှင့် ကျွန်းတ၀ိုက်ရေမိုင်(၂၀၀)အား ဘင်္ဂလားသို့ လွှဲပြောင်းပေးကြောင်းသတင်းဖြစ်ပါသည်။
ဘင်္ဂလားမှ ဂက်စ်များ တူးဖော်ရရှိပြီ ဖြစ်ကြောင်းလည်း ကြေငြာလိုက်သည်ဟု သိရှိရပါသည်။
မြန်မာနိုင်ငံမှ ဂက်စ်စတင်တူးဖော်သော (၂၀၀၈)ခုနှစ်တွင် ဘင်္ဂလားက စတင်ကန့်ကွက်သည်။
စစ်ရေးအရ ပြင်ဆင်မှုများပင် ဖြစ်ခဲ့သည်။

ဂျာမနီနိုင်ငံ၊ မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံး ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး
(International Tribunal for the Law of the Sea) က မတ်လ (၁၄ )ရက်နေ့တွင်
သတ်မှတ်ပေးလိုက်သည်........တဲ့။

အစိုးရမှ မည်သို့ ဖြေရှင်းသည်လည်း ကျွန်တော် မသိပါ.......
ထို့အတူ အထူးခုံရုံးကလည်း မည်သည့်အထောက်အထားနှင့် ဆုံးဖြတ်သည်လည်း ကျွန်တော်တို့ မသိရပါ။
ကျွန်တော်တို့ သိသည်မှာ ကျွန်တော်တို့ နိုင်ငံပိုင် ကျွန်းနှင့် ရေပိုင်နက်အား ဆုံးရှုံးလိုက်ခြင်းပင် ဖြစ်ပါသည်။
ထိုပိုင်နက်ထဲတွင် ဂက်စ်သိုက်ကြီးလည်း ပါဝင်သွားပြီ ဖြစ်ပါသည်။
ထိုဂက်စ်သိုက်ကြီးမှ ရရှိသော ၀င်ငွေဖြင့် တစ်နိုင်ငံလုံး၏ ပြည်သူများအတွက် ကဏ္ဍတစ်ခုကို သီးသန့် တာဝန်
ယူနိုင်သော ၀င်ငွေကို ရရှိမည်ဖြစ်ပါသည်။ (ဥပမာ.... အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ ပညာ
သင်ကြားရေး တို့အတွက် ဖြစ်ပါသည်။ အခုတော့.........

အားကိုးစရာလဲ မရှိတော့ပြီ........ ပြည်တွင်းမှ တရားဝင် ထုတ်ဝေနေသော ဂျာနယ်များနှင့် စာစောင်များတွင်
ယခု သတင်းအား ဖော်ပြလာခြင်း မရှိပါ။ ပြည်သူများ သိလဲ မသိရပါ.......

ယခုအချိန်တွင် ကျွန်တော်၏ သဘောဆန္ဒသက်သက်ဖြင့် တင်ပြရပါလျှင် ဤကိစ္စအတွက် မည်သူတွေဆောင်ရွက်
ပါမည်နည်း။ မိမိနိုင်ငံပိုင်နက်ကို မည်သူ ကာကွယ်ပါမည်နည်း။

အစိုးရမှ တာဝန်ယူမည်လား၊ လက်ရှိအာဏာရပါတီမှ တာဝန်ယူမည်လား၊ သို့တည်းမဟုတ် အတိုက်အခံဟု
ခေါ်သော NLD မှ တာဝန်ယူဆောင်ရွက်မည်လား၊ သို့တည်းမဟုတ် ကျော်ကြားသော နိုင်ငံရေးသမား၊ အကြံပေး
ပုဂ္ဂိုလ်၊ (၈၈)မျိုးဆက်၊ (၇၅)မျိုးဆက်၊ ဟိုပညာရှင်၊ ဒီပညာရှင်၊ လုပ်ငန်းရှင်၊ ဘာအဖွဲ့၊ ညာအဖွဲ့ စသည်ဖြင့် တစ်ဖွဲ့မှ
အသံထွက်မလာပါ.......

အသံထွက်ရန် နေနေသာသာ သတင်းကိုပင် ပြည်သူများ တိတိကျကျ မသိရပါ.... စိတ်ပျက်ဖွယ်ရာကောင်းလှ
ပါသည်။

အစိုးရသည် ဂက်စ် ရောင်းရသော ငွေများအား၊ အိတ်ထဲ ထည့်သည်ဟု သတင်းကြီးသဖြင့် အစိုးရကို
ဆောင်ရွက်ပေးနိုင်မည့်သူ စာရင်းမှ ပယ်ပါသည်။ လက်ရှိတွင်လဲ ဆောင်ရွက်နိုင်ခြင်း မရှိပါ။

လက်ရှိ အာဏာရပါတီ (ကြံ့ခိုင်ရေး)သည် Party Politic သို့မဟုတ် Bussiness Politic ဖြစ်နေသဖြင့်
၎င်းကိုလည်းပယ်ပါသည်။

လွှတ်တော် ကိုယ်စားလှယ်များကိုလည်း ဧ၀ရက်တောင်ထိပ် အမှတ်တံဆိပ်စိုက်ရန်နှင့် လုံထိန်းဖြုတ်ရန်သာ
စဉ်းစားတင်ပြနေကြသဖြင့် ပယ်ပါသည်။

(၈၈)မျိုးဆက်....... အထင်ကြီးလောက်စရာ ဆောင်ရွက်နိုင်မှု မရှိသဖြင့် ပယ်ပါသည်။

ကျော်ကြားသော နိုင်ငံရေးသမား၊ အကြံပေးပုဂ္ဂိုလ်၊ (၈၈)မျိုးဆက်၊ (၇၅)မျိုးဆက်၊ ဟိုပညာရှင်၊ ဒီပညာရှင်၊
လုပ်ငန်းရှင်၊ ဘာအဖွဲ့၊ ညာအဖွဲ့ စသည်ဖြင့် တောင်စဉ်ရေမရများကိုလည်း ပယ်ပါသည်။

ဤသို့ဆိုလျှင် နှစ်ပေါင်း(၂၃)နှစ်ခန့် အစိုးရကို အံတုလာသော၊ ပြည်သူလူထုက အားကိုးယုံကြည်နေသော
မျှော်လင့်နေသော NLD ကိုတော့ဖြင့် စဉ်းစားမိပါသည်။

NLD ဘာလုပ်မည်နည်း။

NLD သည် (၂၃)နှစ်ခန့် Euro နှင့် USA ကို ကျောထောက်နောက်ခံ ပြုထားသဖြင့် လက်ရှိ ဘာမှန်းမသိ
ဖွဲ့စည်းထားသော ခုံရုံး အဖွဲ့ဝင်(၂၃)တွင် (၂၀)ဦးပါဝင်သော ယူရိုအဖွဲ့အား အာခံရဲပါမည်လား......

စဉ်းစားစရာဖြစ်လာပါသည်။

ဤကာလသည် ကြားဖြတ်ရွေးကောက်ပွဲကာလ ဖြစ်ပါသည်။

ဤကာလအတွင်း NLD သည် မိမိ၏ တိုင်းပြည်အပေါ်တွင် ထားရှိသော စေတနာကို ပြသင့်ပါလျှက်
မည်သည့်အတွက်ကြောင့် ရေငုံနှုတ်ပိတ်နေပါသနည်း။

ယခု ဆုံးရှုံးလိုက်ရသော ပိုင်နက်သည် ရေပြင် သယံဇာတကြွယ်ဝသော နေရာဖြစ်သည့်အပြင်
ဘိုးဘွားစဉ်ဆက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဟု ပေါ်ပေါက်မလာခင်ကပင် မြန်မာတို့ ပိုင်ဆိုင်ခဲ့သော
ပိုင်နက်ဖြစ်ခဲ့ပါသည်။

အထောက်အထားမဲ့ ယုတ္တိမဲ့စွာ ငြင်းယူသော နိုင်ငံဘက်မှ မိမိနိုင်ငံအပေါ် အမြင်မကြည်သော မဆီမဆိုင်
ဥရောပ ခုံရုံးက ၀င်ရောက်ဆုံးဖြတ်သွားသော ကိစ္စ ဖြစ်ပါသည်။

ဘာလုပ်ကြမည်နည်း........ ကျွန်တော်လဲ မသိပါ။ ကျွန်တော် သိသည်မှာ ခံပြင်းပါသည်။ ယူကျုံးမရ
ဖြစ်ပါသည်။ နိုင်ငံတော်ကို ကာကွယ်ရင်း သေဆုံးသွားသူများ၊ သွေးများ၊ ခြေလက်အင်္ဂါ အစိတ်အပိုင်း
များကို မြင်ယောင်လာမိပါသည်။ ဘိုးဘွားများကို အားနာမိပါသည်။

သို့သော်....... ကိုယ်တိုင်လဲ မစွမ်းသာပါ..... စွမ်းဆောင်နိုင်သူများကိုတော့ဖြင့် တောင်းပန်ချင်ပါသည်။
ကျွန်တော်တို့ မြေကို ပြန်ယူပေးကြပါ........ဟု။

NLD ကို တောင်းပန်ပါသည်။ NLD ကို အကူအညီတောင်းပါသည်။
တိုင်းပြည်ကို တကယ်ချစ်လျှင်....... ကျွန်တော်တို့မြေကို ပြန်ယူပေးပါ............ခင်ဗျား
(ဆုပန်ကလျာ)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/15/2012 12:54:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ