အိမ်ထောင်ရေးဟာသ
အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ ဟာသလေးတွေ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ ရယ်ဖို့သက်သက်ပါ။ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ ပြောတာမဟုတ်သလို အိမ်ထောင်ပြုဖို့ ပြင်ဆင်ဆဲ၊ အိမ်ထောင်ပြုလတ္တံ့သော သူများကိုလည်း လုံးဝလုံးဝ မတားပါဘူးရှင်း) (ဒီအပျိုကြီး သူများတွေကိုပါ အိမ်ထောင်မပြုရဲအောင် ခြောက်လှန့်ပြီး အဖော်ညှိနေတယ်လို့ အပြောခံရမှာစိုးလို့ ကြိုပြီး ရှင်းပြထားတာပါး)) အားလုံး ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေရှင်...
လူနားး အသက်ရှည်ရှည် နေနိုင်ဖို့ နည်းလမ်းလေးများ ရှိလားဆရာ?
ဆရာဝန်းး အိမ်ထောင်ပြုလိုက်ပါ...
လူနားး အဲဒါက တကယ်အသက်ရှည်စေတယ်လား ဆရာ?
ဆရာဝန်းး အသက်တော့ မရှည်ပါဘူး။ အသက်ရှည်ရှည် နေချင်စိတ်တော့ ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။
အမေး ~ မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။
အဖြေ ~ ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာ လက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။
ဇနီးးး မောင် ဒီနေ့က ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နော်။ ဘာလုပ်ကြရင် ကောင်းမလဲဟင်?
ခင်ပွန်းးး (၂)မိနစ်လောက် (၀မ်းနည်းခြင်း အထိန်းအမှတ်နဲ့) ငြိမ်သက်နေကြတာပေါ့ကွာ။
လူတွေ "ချစ်လို့လက်ထပ်တာ" နဲ့ "မိဘတွေစီစဉ်မှုကြောင့် လက်ထပ်တာ" ကွာခြားပုံအကြောင်း ဆွေးနွေးနေရင် ရယ်စရာ ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒါက လူတစ်ယောက်ကို "ကိုယ့်ကိုကိုယ် သတ်သေတာ" နဲ့ "အသတ်ခံရတာ" ဘယ်ဟာပိုကောင်းလဲလို့ မေးတာနဲ့ အလားသဏ္ဍာန် တူလို့ပါ။
ဟာသဇာတ်လမ်း(၁)
"ဧည့်ပရိသတ်များ ခင်ဗျာ... ဒီနေ့ဟာ ကျွန်တော့်ဘ၀ရဲ့ ကံအကောင်းဆုံးနေ့ပါ... " ပြောရင်း သူ့သမီးပေးတဲ့ ပစ္စည်းလေးဆုပ်ကိုင်ထားတဲ့ လက်ကိုမြှောက်ပြလိုက်ပြီး "နောက်ဆုံးတော့ ကျွန်တော့သမီးလေး ကျွန်တော့ Credit Card ကို ပြန်ပေးပါပြီဗျာ..."
လက်ထပ်ပေးမယ့် ဘုန်းတော်ကြီး အပါအ၀င် ဧည့်ပရိသတ်အားလုံး ရယ်ကြပါတော့တယ်။ သတို့သားက လွဲရင်ပေါ့လေ...
ဟာသဇာတ်လမ်း(၂)
အဲဒီလူ ဆက်လျှောက်လာရင်း လမ်းဖြတ်ကူးရမယ့် နေရာအရောက်မှာ စောစောကအသံ ထွက်လာပြန်ပါတယ်။ "ရပ်လိုက်။ လုံးဝဆက်မလျှောက်နဲ့။ နောက်ထပ်တစ်လှမ်း လှမ်းလိုက်ရင် မင်းကိုကားကြိတ်ပြီး သေလိမ့်မယ်။" လူလည်း အသံခိုင်းတဲ့အတိုင်း ရပ်နေစဉ်မှာပဲ လမ်းထောင့်ကကားတစ်စီး ရုတ်တရက် ထွက်လာပြီး သူသီသီလေး လွတ်သွားပါတယ်။ လူလည်း သိချင်စိတ်နဲ့ "ခင်ဗျား ဘယ်သူလဲ" လို့ အသံကို မေးလိုက်ပါတယ်။ အသံက "ငါက မင်းရဲ့ ကိုယ်စောင့်နတ်ကွ" လို့ ပြန်ဖြေပါတယ်။ အဲဒီအခါမှာ လူက စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်ပါတယ်... "ဒါနဲ့များ ကျွန်တော် မင်္ဂလာဆောင်တုန်းက ကိုယ်စောင့်နတ်ကြီး ဘယ်များရောက်နေခဲ့လည်းဗျာ....."
http://www.shwepyithu.com
--

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။