ရယ်ဖို့သက်သက်ပါ (၁)
ကုလားကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့
- မင်းသားဟာ အပြင်းထန်ဆုံး အရိုက်အနှက်ခံနေရချိန်မှာတောင် နာကျင်ပုံမပြပေမယ့် မင်းသမီးက အနာကို သန့်စင်ပြီးဆေးထည့်ပေးတဲ့ အခါမှာတော့ နာကျင်ပြီးတွန့်သွားတတ်ပါတယ်။
- မင်းသားနဲ့မင်းသမီးဟာ မိုးရေထဲမှာ အရင်မ"က"ရသေးသရွေ့ ချစ်သူမဖြစ်ရပါဘူး။
- မိတ်ကပ်တွေဟာလည်း တစ်ခါလိမ်းပြီးရင် မိုးရွာရွာ နေပူပူ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဒီအတိုင်းပဲရှိနေပါတယ်။
- မင်းသားနဲ့မင်းသမီး ချစ်သူနှစ်ယောက် ကွင်းပြင်ထဲမှာ ကနေတုန်း ရုတ်တရက် (ဘယ်ကရောက်လာသလဲဆိုတာ ဘုရားပဲ သိနိုင်တဲ့) လူ(၁၀၀)လောက် ထွက်လာပြီး သူတို့နဲ့အတူ ၀င်ကလေ့ရှိပါတယ်။
- ဇာတ်သိမ်းခန်းကျရင် မင်းသားဟာ သူနဲ့တိုက်ခိုက်နေတဲ့လူဆိုးက သူ့အစ်ကိုဖြစ်ကြောင်း၊ သူ့ကိုကြည့်ရှုစောင့်ရှောက်နေတဲ့ အိမ်ဖော်မိန်းမကြီးက သူ့အမေဖြစ်ကြောင်း၊ ရဲအရာရှိကြီးက သူ့အဖေဖြစ်ကြောင်း၊ တရားသူကြီးက သူ့ဦးလေးဖြစ်ကြောင်း စသည်ဖြင့် စသည်ဖြင့် ဖော်ထုတ်သိရှိသွားတတ်ပါတယ်။
- ရုပ်ရှင်ထဲက စကားတွေကြားမှာ ခပ်ကျယ်ကျယ်ပြောပြီး အများဆုံးညှပ်သုံးတတ်တဲ့ အင်္ဂလိပ်စကားလုံးတွေကတော့ "No Problem", "My God!", "Get Out!", "Shut Up!", "Impossible" နဲ့ "Please forgive me!" တို့ဖြစ်ပါတယ်။
- မင်းသား မင်းသမီးတွေဟာ သီချင်းဆိုနေတုန်းမှာပဲ မြေကြီးပေါ်လှဲချပြီး လူးလှိမ့်နိုင်သလို အ၀တ်အစားတွေလဲ အမျိုးမျိုးပြောင်းနိုင်ကြပါတယ်။
- သူတို့တွေဟာ အုန်းပင်တွေကြားမှာ ပြေးလွှားခြင်း၊ သီချင်းဆိုခြင်း၊ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက် ဖြတ်ကနဲ အကြည့်ချင်းဖလှယ်ခြင်း၊ အ၀တ်အစားလဲခြင်းများကို တပြိုင်ထဲမှာ လုံးဝမမောမပန်းဘဲ လုပ်နိုင်ကြပါတယ်။
တရုတ်သိုင်းကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့
- မင်းသားရဲ့ မိဘဖြစ်ရတဲ့သူတွေဟာ ကံမကောင်းတတ်ကြပါဘူး။ မင်းသားငယ်စဉ်ဘ၀မှာ ရန်သူတွေသတ်တာခံရပြီး မင်းသားက မိဘမဲ့ဖြစ်သွားလေ့ရှိပါတယ်။
- ဒဏ်ရရပြီး သေလုမျောပါးဖြစ်နေတဲ့ လူတွေဟာ အသက်ကိုရအောင်ရှုပြီး သူ့ကိုဘယ်သူသတ်သလဲဆိုတာ ဖော်ထုတ်ဖို့စကားအနည်းငယ်ပြောပြီးမှ (သေကြောင်းပြတဲ့ အနေနဲ့) ခေါင်းကစောင်းကျသွားပါတယ်။
- သိုင်းပညာရှင်တွေဟာ ခေါင်မိုးတွေ သစ်ပင်တွေပေါ်မှာ အဝေးကြီးကို ချွေးလုံးဝမထွက်ဘဲ ပျံနိုင်ပါတယ်။ ဒါပေမယ့် တခြားမြို့တွေရွာတွေကို ခရီးထွက်တဲ့ အခါတွေမှာတော့ လမ်းလျှောက်ပြီး (ဒါမှမဟုတ်) မြင်းစီးပြီး သွားကြရရှာပါတယ်။
- မင်းသားသူရဲကောင်းတွေဟာ ပိုက်ဆံရဖို့အတွက် အလုပ်မလုပ်ပေမယ့် ၀ယ်စားတဲ့ အစားအစာတွေအတွက် ပေးဖို့ ရွှေတုံးငွေတုံးတွေ သူတို့မှာ အမြဲ ရှိနေတတ်ပါတယ်။
- တိုင်းပြည်က ဘယ်လောက်ကြီးကြီး၊ ဘယ်နေရာတွေမှာပဲ ရောက်နေနေ မင်းသားနဲ့လူဆိုးတွေဟာ မကြာခဏ လမ်းမှာဆုံလေ့ရှိကြပါတယ်။
- အတွင်းဒဏ်ရာတွေ ကုသရတာလည်း အရမ်းလွယ်ကူပါတယ်။ တင်ပလင်ခွေထိုင်၊ ဒူးခေါင်းပေါ်မှာ လက်တွေတင်ပြီးရင် ခေါင်းက မီးခိုးတွေထွက်သွားတာနဲ့ ပျောက်ပါပြီ။
- သူတို့ဟာ အကျီလက်တွေ ခါးပတ်တွေထဲမှာ ပစ္စည်းတွေအများကြီး (အထူးသဖြင့် ရွှေတုံးငွေတုံးတွေ) ထည့်နိုင်ပြီး ဘယ်တော့မှလည်း ပြုတ်မကျကြပါဘူး။
Forward Email ထဲကပဲ ရတာလေးပါ။ တရုတ်ကား ကုလားကားတွေဟာ အနုပညာအဆင့်အတန်း မြင့်တဲ့ရုပ်ရှင်တွေပါ။ ဒီPostလေးကတော့ ရယ်စရာလေးမို့လို့ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ ဖတ်တဲ့သူတွေအတွက် မရယ်ရဘူးဆိုရင် ဘာသာပြန်တဲ့လူ ညံ့လို့ပါရှင်း) အားလုံး ပြုံးပျော်ရယ်မောနိုင်ကြပါစေ။
ရယ်ဖို့သက်သက်ပါ (၂)
"မြန်မာကားတွေမရှိရင် မသိနိုင်မယ့် အချက်တွေရော"လို့ ကိုဘိုတောက်က Cbox မှာမေးတော့မှ Forward Email နဲ့တစ်ခါရဖူးတဲ့ မြန်မာကားတွေအကြောင်း အချက်(၁၀၀)ကို သတိရသွားပါတယ်။ လွန်ခဲ့တဲ့(၂)နှစ်က ရခဲ့တဲ့ အဲဒီ Email ကို ပြန်ရှာတွေ့တာနဲ့ ၀မ်းသာအားရ တင်ပေးလိုက်ပါတယ်။ "မြန်မာကားများကြည့်ပြီး ရရှိလာသော ဗဟုသုတ(၁၀၀)"လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီအချက်(၁၀၀)ကို စုစည်းတင်ပြသူက "ကယ်လ်ဗင်" (Kelvin) လို့သိရပါတယ်။
ဒီ Post ကိုတင်တာ မြန်မာအနုပညာရှင်တွေကို လှောင်ပြောင်လိုစိတ်နဲ့တင်တာ မဟုတ်ကြောင်းလည်း ပြောချင်ပါတယ်။ ကျွန်မအမြင်အရ မြန်မာသရုပ်ဆောင်တွေဟာ လက်ရှိကြည့်နေရတဲ့ စင်္ကာပူက သရုပ်ဆောင်တွေထက် အနုပညာအရည်အသွေး ပိုရှိပြီး အမူအရာပိုင်းမှာလည်း နိုင်ငံတကာနဲ့ယှဉ်နှိုင်တဲ့သူတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ ဒီမှာပါတဲ့ အချက်တွေကတော့ ဇာတ်ကားတော်တော်များများမှာ ပါနေကျထုံးစံလိုဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ဟာသလေးနှောပြီး ရေးထားလို့ အားလုံးလည်းရယ်ရအောင် တင်ပေးလိုက်တာပါ။
ကျွန်မကိုယ်တိုင်ရေးတာ မဟုတ်တာကြောင့် Email မှာ Attachment အဖြစ်ပါလာတဲ့ PDF File လေးအတိုင်းပဲ တင်ပေးလိုက်ပါတယ်။ File ကို ဒီမှာ Download လုပ်ပါရှင်။ ကိုဘိုတောက်လည်း ကျေနပ်မယ်လို့ ထင်ပါတယ်း) စုစည်းတင်ပြသူ ကို Kelvin ကိုလည်း ဘယ်သူမှန်းမသိပေမယ့် ကျေးဇူးအထူးတင်ပါတယ်။ အားလုံး ပြုံးပျော်ရယ်မော နိုင်ကြပါစေရှင်။
http://www.shwepyithu.com
--

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။