[mrsorcerer:22084] စကားပြောခြင်းလား စကားဝိုင်းလား

စကားပြောခြင်းလား စကားဝိုင်းလား

               အတွေး၊ စိတ်ကူးထည်သည် လူအားလုံး၌ရှိ၏။ ထိုအတွေး၊ ထိုစိတ်ကူးကို ထုတ်ဖော်မှုကား၊ စကား ပြောဆိုခြင်းဖြစ်၏။ ဘာသာစကား မတတ်သော်လည်း အတွေးနှင့် စိတ်ကူးထည်ကားရှိ၏။ ဘာသာစကား တစ်ခုခုကို ကြားခံထား၍ အတွေးကို ဖော်ပြသည်။ စိတ်ကူးထည်ကိုတင် ပြသည်။ သို့ဖြင့်စကားပြောကြသည်။
               စကားစမြည် ပြောဆိုခြင်း၌ အနည်းဆုံး နှစ်ဦးရှိရသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောကြရန် ဖြစ်သည်။ တစ်ဦးကပြောသည်။ ကျန်တစ်ဦးက နားထောင်သည်။ လက်ခံသည်။ သူ့၌ ပိုခိုင်မာသော အချက်အလက်များရှိသည်။ လက်မခံ  သူသည် အဘယ်ကြောင့် လက်မခံ ကြောင်းပြန်ပြောသည်။ ထိုသို့ဖြင့် စကားပြောဖြစ်ကြ၏။
              လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်၊ ထမင်းဆိုင်များ၌ စားသောက်ကြစဉ် စကားများပြောကြသည်။ မတော်တဆ ကြုံသည်လည်းရှိ၏။ ချိန်းဆို၍ တွေ့ကြသည်များလည်းရှိ၏။ အချိန်မှန်၊ ရက်မှန်၊ တွေ့ကြုံဆုံကြ စကားပြောသည့်ပုံသဏ္ဌာန်လည်း ရှိ၏။ မည်သို့ပုံသဏ္ဌာန်ဖြစ်စေ၊ အပြန်အလှန် စကားပြော ကြသည်။ စကားဝိုင်းဟု ခေါ်နိုင်၏။
             ကမ္ဘာပေါ်၌ ထင်ရှားကျော်ကြား လှသည့် စကားဝိုင်းတစ်ခုရှိသည်။ ၁၉ဝဝ ပြည့်လွန်နှစ်မှ ပထမ ဆယ်စု နှစ်ကာလများ၌ ပေါ်ပေါက်ခဲ့သည်။ ဗြိတိန်နိုင်ငံ King's College ၏ကိန်း ဘရစ်တက္ကသိုလ် အဝန်းအဝိုင်း အတွင်း၌ဖြစ်သည်။ Bloomsbury Group ဟုခေါ်ကြသည်။ စာရေး ဆရာ၊ အနုပညာရှင်၊ ပညာကိုတန်ဖိုးထား၊ ပညာလိုက်စားသော သူများချည်း၊ ဝိုင်းဖွဲ့စုကာ စကားစမြည် ပြောကြခြင်းဖြစ်သည်။
             ထိုစကားဝိုင်းမှ စာရေးဆရာမ ဗာဂျီးနီးယားဝု(ဖ်)၊ ဘောဂဗေဒပညာ ရှင် ဂျွန်မေးနတ်ကိန်း၊ သင်္ချာပညာရှင် ဝှိုက်ဟက် စသဖြင့် ထင်ရှားသော ပုဂ္ဂိုလ်များပေါ်ပေါက်ခဲ့သည်။ သူတို့အတွေး၊ သူတို့စိတ်ကူးထည်များကို ထို Bloomsbury စကားဝိုင်း၌ အကြိမ်ကြိမ်တင်ပြ ဆွေးနွေးဝေဖန် ငြင်းခုံခဲ့ကြသည်။ ထိုနေရာမှရရှိသော အကျိုးရလဒ်ကား၊ မည်သည့် ပေတံနှင့်မျှ တိုင်းတာ၍မရနိုင်။
              ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ စိန့်ဂျာမိန်းဆိုသည့် လမ်းမကြီးတစ်ခုရှိ၏။ ယင်းလမ်းမကြီး၌ လမ်းဘေး လဟာပြင်အောက်၌ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ ဖျော်ရည်ပြင်း၊ ပျော့ဆိုင်များ အစီအရီ။ ထိုဆိုင်များသို့ လာရောက်ကာ ထိုင်ကြသူ အများ အပြားမှာ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ငယ်ရွယ်ကြီး၊ အရွယ်စုံ အသက်စုံတို့ လာရောက်စကားပြော ကြသည်။
              စိန့်ဂျာမိန်းလမ်းမသို့ ကျော်ကြားနေသော ဒဿနပညာရှင်ဆတ်နှင့် သူ့ဘဝအဖော် ဒီဘိုဘွား၊ စာရေး ဆရာကာမြူး တို့လည်း လာရောက် ထိုင်သည်။ တွေ့သည်။ လူငယ်ကဗျာ ဆရာ၊ လူငယ်ပန်းချီဆရာများနှင့် စကားပြောသည်။ စကားစမြည်ပြော ခြင်း တန်ဖိုးကိုမသိသူများအတွက် အချိန်ကုန်ခြင်းဟု လက်ခံထားသည်ကို ခုခံပြောရန်မလိုပါ။ သို့သော် ထိုတန်ဖိုးကို မသိဟုသာ ဆိုရမည်။
                စကားပြောခြင်းသည် အားထုတ် မှုတစ်ခု။ အယူအဆတင်ပြခြင်းသည် ကြိုးပမ်းမှုတစ်ခု၊ အားထုတ်မှု၊ ကြိုး ပမ်းမှု စသည့်ထိုတစ်ခဏ၊ တစ်ခဏတိုင်း၌ အသစ်အသစ်များ ပေါ်တတ်သည်။ အတွေးသစ်၊ အမြင်သစ်၊ ရှုထောင့်သစ်၊ တစ်ကိုယ်တည်းထိုင်စဉ်း စား၍မရသော အသစ်အသစ်သော အတွေးများဖြစ်သည်။ အနုပညာရှင်၊ ဒဿနပညာရှင်၊ ပညာလိုက်စားသူ များသည် အတွေးသစ်ကို တန်ဖိုး ထားသည်။ လေးစားကြသည်။
                စကားဝိုင်းမှ အတွေးသစ်တစ်ခု ကြားရသည်။ ထိုအတွေးသစ်မှ ဆင့်ပွားကာ ကိုယ်ပိုင်စိတ်ကူးထည်တစ်ခု ထပ်မံရသည်။ ထိုစိတ်ကူးထည်သည် စာရေးဆရာအဖို့ ဝတ္ထုတစ်ပုဒ်၊ သင်္ချာပညာရှင်အတွက် သီအိုရီတစ်ခု၊ ဘောဂဗေဒပညာရှင်အတွက် အယူအဆတစ်ခု၊ ကဗျာဆရာအတွက် ကဗျာတစ်ပုဒ်၊ ပန်းချီဆရာအတွက် ပန်းချီကားတစ်ချပ်၊ ကာတွန်းဆရာ အတွက် ကာတွန်းတစ်ကွက်၊ ထိုအရာများအားလုံးသည် အသစ်ချည်း ဖြစ်သည်။ ရရှိခံစားဖူးသူတို့သာ သိ သည်။
စကားဝိုင်း၊ စကားစမြည်ပြော ဆိုခြင်းသည် ရလဒ်တစ်ခုကို အလိုရှိခြင်းဟု ပုံသေယူဆ၍မရပေ။ စီးပွားရေးလုပ်ငန်းရှင်များ စကားပြောကြသည်။ သူတို့အလုပ်ဖြစ်သွားကြ သည်။ ရုပ်ပစ္စည်းအကောင်အထည် မြင်ရသည်။ ထိုသို့ ရုပ်ဝတ္ထုနှင့်ပတ် သက်သော အကောင်အထည်ထုတ်၍ မပြနိုင်သော စကားဝိုင်းမျိုးလည်းရှိ ၏။
                ယနေ့ကမ္ဘာပေါ်တွင် Think- Tank ဆိုသော စကားဝိုင်းပြောကြသည့် အုပ်စုလေးများနိုင်ငံတိုင်း၌ ရှိသည်။ သူ့အုပ်စုနှင့်သူ၊ အတွေးသစ်များရရှိရန် အယူအဆသစ်များ ပေါ်ပေါက်ရန် ဖြစ်သည်။ နိုင်ငံအတော်များများရှိ  ထိပ်တန်းအဆင့် ရွေးချယ် ခံရသည့် ပုဂ္ဂိုလ်များသည် ထိုThink tank အဖွဲ့များမှ အဖွဲ့ဝင်များဖြစ်နေ တတ်သည်။  သူတို့တာဝန်ကုန်လျှင် Think tank အဖွဲ့ထဲ ပြန်သွားသည် ချည်းဖြစ်သည်။ Think tank စကား ဝိုင်း၏ပီတိကို သူတို့ခံစားဖူး၍ဖြစ် ၏။
               စိတ်ကူးသစ်၊ အတွေးသစ်၊ အမြင်သစ်ရလိုသူများလည်း သီးသန့် ရှိသည်။ ထိုသူတို့ကို မည်သည့်ရုပ် ဝတ္ထု ဂုဏ်ဒြပ်နှင့်မှ အလဲအလှယ်လုပ် ၍မရနိုင်ပေ။ သူတို့ကိုစကားဝိုင်းများ စကားစမြည်ပြောနေခြင်းနေရာများ၌သာ တွေ့ရနိုင်သည်။ ထိုနေရာသည် သူတို့ အတွက် ...(အမည် နာမပေး၍မရ သော)နေရာလေးတစ်ခုဖြစ်၏။
               စကားဝိုင်း၊ စကားစမြည်ပြော ဆိုခြင်း၏ တန်ဖိုးသည် အလွန်ကြီး သည်။ စကားပြောစရာမရှိသူများ အနေနှင့် မည်သို့မျှ နားမလည်နိုင်။ သဘောမပေါက်နိုင်ပေ။

မောင်ဈေးကွက်
ဈေးကွက်ဂျာနယ်မှ ကူးယူဖော်ပြါပါသည်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ