[mrsorcerer:22086] ကျင့်ဝတ်ဆိုင်ရာ( ၁ )

   ကျွန်မ (Ethic) ကျင့်ဝတ်ဆိုင်ရာ seminar ကို ဒီနေ့ တက်ခဲ့ရတဲ့အတွက် ဟောပြောတဲ့ ဆရာမက Ethics and Wealth ကို စာလိုပေလိုရော ၊ ပုံပြင်လေးတွေနဲ့ ဟောတဲ့အတွက် အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။

လူတွေတကယ်တမ်းလိုက်နာရတဲ့ကျင့်ဝတ်တွေကို စီးပွားရေးရူ့ ထောင့်ကနေ ဟောပြောတဲ့အပြင် ပုံပြင်ဆန်ဆန်လေးတွေက လူတွေကို ပိုပြီး စိတ်ဝင်စားစေပြီး ပြုံးစေနိုင်တာပါ။ ဆရာမ ပြောတဲ့ ပုံတွေအများကြီးပါ။ ဒီထဲကမှ လတ်တလော မှတ်မိတာက...

                ဆရာမပြောပြတဲ့အထဲမှာ Super man အစရှိတဲ့ စွမ်းအားရှိတဲ့ လူစွမ်းကောင်း ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေက အရမ်းကိုတော်ကြတယ်တဲ့။ ဒီလိုပဲ ဇာတ်လမ်းထဲမှာပါတဲ့ လူဆိုးတွေဟာလည်း လူစွမ်းကောင်းလိုပဲ အရမ်းကိုတော်တဲ့ လူတွေတဲ့ (သူတို့ ကတော့ လူဆိုးဖြစ်နေရတာတဲ့)။ ဘယ်လောက်ပဲတော်တော် နောက်ဆုံးမှာ ဇာတ်လမ်းတွေရဲ့ အဆုံးမှာ လူဆိုးက ရှုံးပြီး လူကောင်း ဖြစ်တဲ့ လူစွမ်းကောင်းသာ အနိုင်ရပြီး ဇာတ်သိမ်းလေ့ ရှိတယ်။ တကယ်ဆို လူဆိုးလည်းတော်တာပဲတဲ့၊ လူကောင်းဖြစ်တဲ့ ဇာတ်လိုက်ကလဲ တော်တာပဲ၊ နောက်ဆုံးမှာ တော်တာချင်းတူတူ ဘာလို့ ဇာတ်လိုက် လူကောင်းဖြစ်တဲ့ လူစွမ်းကောင်းသာ အနိုင်ရတာလဲ ဆိုတော့......

                  လူကောင်းဖြစ်တဲ့ ဇာတ်လိုက်က (Ethic) ကျင့်ဝတ်ဆိုင်ရာ မှာ အရမ်းဖြူစင်ပြီး လူတွေကို ကူညီတဲ့သူဖြစ်နေလို့ ပါပဲ။
 လူဆိုးကလည်း အရမ်းတော်ပါတယ်။ ဒါပေမယ့် ဘာလို့ သူနောက်ဆုံးမှာ ကျရှုံးတာဟာ သူ့ ရဲ့ ကျင့်ဝတ်ဆိုင်ရာ မှာ လူတွေအပေါ် ညစ်ချင်တဲ့စိတ် ၊ကိုယ်ကျိုးဖက်တဲ့စိတ်ပါသွားပြီး လူကောင်းလိုပဲ တော်တာချင်းတူတူ သူ့ ရဲ့ ကျင့်ဝတ်ကတင်ပဲ လူတွေ လက်ခံအောင် မသိမ်းသွင်းနိုင်တဲ့အတွက် နောက်ဆုံးမှာ လူဆိုးက ရှူံးပြီး ဇာတ်လိုက် လူကောင်းက ဇာတ်သိမ်း အနိုင်ရသွားတာပါ ...လို့ ဆရာမ က ထောက်ပြလိုက်တဲ့အချိန်မှာ ကျွန်မ ...ဟာ ကနဲ .....ဟုတ်လိုက်လေ ဟု ဖြစ်သွားပါတယ်...ဒီစဉ်းစားချက်မျိုး ကျွန်မ Super man ရုပ်ရှင်ခွေကြည့်ခဲ့စဉ်က လုံးဝ မတွေးဖူးပါ။.ဆရာမပြောမှ သူပြောချင်တဲ့ အတွေးအခေါ်မျိုးရလိုက်ပါတယ်။..........
                   
           အဲဒီ့သဘောမျိုးထက် အခု ပိုလေးနက်တဲ့အသိတွေ ဘ၀သင်ခန်းစာတွေမှာ လေးနက်သထက် လေးနက်အောင် ကျွန်မပတ်ဝန်းကျင်တွေကရော၊ အလကားသွားတက်မိရတဲ့ ဟောပြောပွဲတွေက လည်း ကျွန်မကို တနည်းတဖုံ သင်ပေးနေပါတယ်။
ကျင့်ဝတ်ဆိုင်ရာ မှာ အရမ်းကျယ်ပြန့် တဲ့အတွက် သေချာလေ့လာပြီးမှ ဆက်ရေးချင်ပါတယ်ရှင်။

ယောနိသော မနသီကာရ
လေးစားလျှက်
မြလေးသျှင်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ