Re: [mrsorcerer:21245] အတွေးနယ်ချဲ့

ကျောင်းတုန်းက ဆရာတစ်ယောက်ပြောဖူးတာအမှတ်ရမိတယ်... Assume နဲ့ Neglect မတတ်ရင် အင်ဂျင်နီယာမလုပ်နဲ့ တဲ့... ဆိုလိုတာကတော့ တိကျလှပါတယ်ဆိုတဲ့ သိပ္ပံပညာကိုအခြေခံတဲ့ အင်ဂျင်နီယာပညာရပ်မှာတောင် တချို့ကိစ္စတွေမှာ ဒီလိုဖြစ်ကောင်းဖြစ်နိုင်တယ်လို့ယူဆလိုက်ရသလို ဒါမျိုးဖြစ်ချင်မှဖြစ်မှာဆိုပြီး ဥပက္ခာပြုလိုက်ရတာတွေရှိပါသတဲ့...

အဲ... နောက်တစ်ချက်က ဒါဝင်ရဲ့ အီဗော်လူးရှင်းသီအိုရီအကြောင်းပါ... ဒါဝင်ရဲ့ အီဗော်လူးရှင်းသီအိုရီမှာ သဘာဝရဲ့ရွေးချယ်မှုဆိုတာ အရေးကြီးတဲ့ Factor တစ်ခုအနေနဲ့ပါဝင်ပါတယ်... ဒါ့ကြောင့် အီဗော်လူးရှင်းသီအိုရီကို သိပ္ပံပညာရယ်လို့ မယူဆပဲ အတွေးအခေါ်ဆိုင်ရာဖီလော်ဆော်ဖီသီအိုရီအဖြစ် ဇီဝသိပ္ပံပညာရှင်တွေက သတ်မှတ်လေ့ရှိပါတယ်...

ဒီကနေ့ သိပ္ပံရဲ့အသီးအပွင့်တွေဖြစ်တဲ့ ကွမ်တမ်သီအိုရီမှာဆိုရင် အရေးအကြီးဆုံးနိယာမတစ်ခုက မသေချာမှုနိယာမပါ... အမှုန်တစ်ခုရဲ့ တည်နေရာကို ပိုပြီးတိတိကျကျတွက်ချက်နိုင်ရင် အဲ့ဒီအမှုန်ရဲ့ အလျှင်ကိုတိတိကျကျတွက်ချက်နိုင်မှုနည်းလာပြီး ပြောင်းပြန်အနေနဲ့ အမှုန်ရဲ့အလျှင်ကို ပိုပြီးတိတိကျကျဖြစ်အောင်တိုင်းတာတွက်ချက်နိုင်လာတာနဲ့အမျှ တည်နေရာမသေချာမှုကပိုမိုများပြားလာပါသတဲ့... ဒါက နည်းပညာဆိုင်ရာစကားလုံးတွေမပါပဲ အများနားအလည်နိုင်ဆုံးရှင်းပြတာပါ... ဒီမှာကျနော်ရေးတဲ့အမှုန်ဆိုတာ ကျောင်းတုန်းကသင်ခဲ့ရတဲ့ အခြေခံအမှုန်တွဖြစ်ပါတယ်... ဒါတောင် ကျောင်းတုန်းက အီလက်ထရွန်၊ ပရိုတွန်၊ ညူထရွန်တို့ကိုအခြေခံအမှုန်အဖြစ်သင်ရတယ်ဆိုရင် အီလက်ထရွန်တစ်ခုသာ အခြေခံအမှုန်အဖြစ်ဆက်လက်သတ်မှတ်ထားပြီး ပရိုတွန်နဲ့ ညူထရွန်တို့ကတော့ ထပ်မံခွဲစိတ်လို့ရတဲ့အမှုန်တွေမို့လို့ အခြေခံအမှုန်စာရင်းကပယ်ဖျက်ပြီးပါပြီ...

ဘာသာရေးဆိုတဲ့ ကဏ္ဍကတော့ ကျနော်လက်ခံတာကိုက ယုံကြည်လို့ကိုးကွယ်ကြတာပါ... ဗုဒ္ဓဘာသာဆိုရင် ကံ၊ ကံ၏အကျိုးကိုယုံတယ်... အစ္စလာမ်၊ ခရစ်ယန်၊ ဂျူး တို့ကျတော့ ဖန်ဆင်းခံဝါဒီမို့လို့ ဖန်ဆင်းရှင်ကိုယုံတယ်... ဟိန္ဒူဘာသာမှာတော့ မဟာဗြဟ္မာနဲ့လောကနိယာမ(ကံ၊ ကံ၏အကျိုးနဲ့ခပ်ဆင်ဆင်တူ) ကိုယုံကြတယ်... Basic Faith လို့ခေါ်မယ်ထင်ပါတယ်... အခြေခံယုံကြည်မှုမရှိရင် လူတစ်ယောက်ဟာ ဘာသာတရားတစ်ခုကို အလုံးစုံယုံတယ်လို့မဆိုနိုင်တော့ပါဘူး... ဘာသာတရားတွေမှာ အခြေခံယုံကြည်မှုဟာ အလွှမ်းမိုးဆုံးကိစ္စဖြစ်ပါတယ်... ဘာသာတရားတွေဟာ နောင်တမလွန်ဘဝမှာ စံရမလား ခံရမလားသတ်မှတ်ချက်ကနေဆင်းသက်လာတာမို့လို့ အခြေခံယုံကြည်ချက်တွေမှာ နောင်တမလွန်ဘဝမှာ ဘယ်လိုဖြစ်မယ် ဘယ်လိုအကျိုးဆက်တွေရရှိမယ်ဆိုတာတွေကို ထည့်သွင်းလေ့ရှိပေမဲ့ အဲ့ဒီအကျိုးဆက်ဖြစ်ရပ်တွေသည်ပင် မူရင်းယုံကြည်ချက်ရဲ့ဆင့်ပွါးဖြစ်တာကို ဆင်ခြင်မိလွယ်ပါတယ်...

နိဂုံးချုပ်ရရင် ဘာသာတရားဆိုတာ ကျနော်တို့နေနေတဲ့ ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာ လူသားဆန်ဆန်နေထိုင်တတ်ဖို့ရာ လမ်းညွှန်ချက်တွေဖြစ်ပြီး သိပ္ပံဆိုတာကတော့ ကျနော်တို့နေနေတဲ့ ကျနော်တို့ရဲ့ပတ်ဝန်းကျင်ကို သာယာလှပအောင် နေပျော်အောင်ဆောင်ရွက်ပေးနဲ့ အကျိုးဆောင်လုပ်ငန်းပဲဖြစ်ပါတယ်...

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ