သစ်ထူးလွင်

သစ်ထူးလွင်


သမ္မတထံ NLD အကြံပြုစာ ပေးပို့

Posted: 14 Apr 2012 06:40 AM PDT

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ စကားလုံး အသုံးအနှုန်း ပြင်ဆင်ဖို့ ကိစ္စကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်သမ္မတဆီ အကြံပြုစာ ဒီကနေ့ တင်ထားတယ်လို့ ပြောပါတယ်။ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံးအစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံး ပြင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစားနေတာဖြစ်ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စာလှယ်တွေဟာ  လွှတ်တော်မတက်ခင် ကျမ်းကျိန်တဲ့အခါ ဖွဲ့စည်းပုံအခြေခံကို ကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့ စကားလုံးအစား လေးစားလိုက်နာပါမယ် ဆိုတာကို ပြောင်းလဲရွတ်ဆိုနိုင်ဖို့ အတွက် ဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့ကို NLD ပါတီက သမ္မတဆီ တိုက်ရိုက် စာပို့ထားတယ်လို့ ပြောပါတယ်။ NLD ပါတီက တင်ပြထားတဲ့ အကြံပြုလွှာကို ဒီကနေ့ ဧပြီလ ၁၄ ရက် စနေနေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရှိတဲ့ နေပြည်တော်ကို သွားတင်ခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
"သမ္မတကြီးဆီ တင်တာ။ သမ္မတကို အကြံပေးတာပေါ့လေ။ ကျနော်တို့ အနေနဲ့ ကျနော်တို့ အကြံပေးကြတာပါ။ ဒီနေ့မှ ရောက်တာပေါ့။ ကျနော်တို့ကတော့ ကျမ်းကျိန်လွှာမှာ ပြင်စေချင်တာပေါ့နော်။ ဥပဒေနဲ့အညီ ပြင်စေချင်တာပေါ့။ ကျနော်တို့ ကျမ်းကျိန်လွှာမှာပါတဲ့ စကားလုံးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကြံပြုချက်လေးတွေ တင်ထားပါတယ်။ အကြံပြုချက်လေးတွေ တင်ထားတဲ့အပေါ်မှာ ပြေလည်ကောင်းမယ်လို့ မျှော်လင့်တယ်လေ။"
အခုက NLD ပါတီက်က အကြံပြုစာသာ ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတဆီကို တင်ပြတာသာ ဖြစ်ပြီး ဆုံးဖြတ်ချက်တခုခု ရှိမှသာ လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တင်ရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဧပြီလ ၂၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော် အစည်းအဝေး ပြန်စဖို့ ရှိနေပြီး အဲဒီမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေပါ တက်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ လွှတ်တော်မတက်ခင် ကျမ်းကျိန်တဲ့အခါ အခုလို ပြောင်းလဲရွတ်ဆိုနိုင်ဖို့ ပြင်ဆင်တာ အချိန်မှီမကျရင်တော့ အဲဒီရက်မှာ NLD က ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖြစ်မှာ မဟုတ်ဘူးလိုလည်း ပြောပါတယ်။
"ဟုတ်ပါတယ်။ မမီရင် နောက်ပိုင်းမှ တက်ဖြစ်မှာပါ။ သိပ်တော့ ကြာမယ်မထင်ဘူး။ ဒါပေမဲ့လို့        သင်္ကြန်တွင်းတော့ ဖြစ်နေတော့ အဲဒါတော့ မပြောတတ်ဘူး။ သင်္ကြန်တွင်းကလည်း ပိတ်ရက်တွေက များနေတော့။"
NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးပါတယ်။ နှစ်ဘက်တာဝန်ရှိသူတွေ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို အပြည့်အစုံ ထုတ်ပြန်ခြင်းမရှိပေမဲ့ အခု ကျိမ်းကျန်ရာမှာ စကားလုံး အပြောင်းအလဲ ရွတ်ဆိုနိုင်ရေး ကိစ္စတွေလည်း ပါဝင်မယ်လို့ NLD ဘက်ကတော့ ပြောထားပါတယ်။
မြန်မာ့နိုင်ငံရေးထဲမှာ ဒီမိုကရေစီခေါင်းဆောင်တဦးအဖြစ် အားလုံးက အသိအမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး အနေနဲ့လည်း ပါဝင်တော့မှာဖြစ်သလို သူအနိုင်ရခဲ့တဲ့ ကော့မှူးမြို့နယ်ကိုလည်း ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ သွားပြီး အလှူအတန်း ပြုလုပ်ဖို့တွေလည်း စီစဉ်ထားတယ်လို့ NLD ပါတီက ပြောပါတယ်။


မန္တလေး စာရေးဆရာ၊ ကဗျာဆရာများ၏ "တော်ရိ လျော်ရိ" သင်္ကြန်သံချပ် (ရုပ်/သံ)

Posted: 14 Apr 2012 06:17 AM PDT


မြန်မာသက္ကရာဇ် ၁၃၇၃- ၇၄ ခုနှစ်
မန္တလေးမြို့တော် မဟာသင်္ကြန်
မန္တလေးမြို့ စာရေးဆရာ၊ ကဗျာဆရာများ၏

"တော်ရိ လျော်ရိ" သင်္ကြန်သံချပ်အပိုင်းအစအချို့

Download Link:
http://www.mediafire.com/?f8482ef9dpj56kz

၁၂.၄.၂၀၁၂၊ မန်း သင်္ကြန်အကြိုနေ့

CJMyanmar 030

ပါပါလေး သံချပ်အဖွဲ့  မန္တလေးမှာ ကြိတ်ကြိတ်တိုးနေ (ရုပ်/သံ)

Posted: 14 Apr 2012 06:06 AM PDT


သောကြာနေ့၊ ဧပြီလ ၁၃၊ ၂၀၁၂

မန်းသင်္ကြန်နှင့် လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး သံချပ်အဖွဲ့ လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး သံချပ်အဖွဲ့ ခွပ်လိုက်ကြစို့ သူငယ်ချင်း (ဗြောင်ပြော ဒဲ့ပြော) Download Link: http://www.mediafire.com/?55ox65m16l3dqv1 သံချပ်မှာ ပညာရေး၊ ကျန်းမာရေး၊ တရာရေး၊ စည်ပင်၊ လျှပ်စစ်၊ ပြည်သူ့ဟစ်တိုင်၊ မော်တော်ပီကယ် အစသဖြင့် ကဏ္ဍများစွာပါသည့်အနက် ကျန်းမာရေးကဏ္ဍကို သံချပ်ထိုးစဉ် ရိုက်ကူးတင်ဆက်ထားတာပါ။

CJMyanmar

အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ

Posted: 14 Apr 2012 05:06 AM PDT

pyi taw win

"အခါတော်ရောက်ချိန် နီးလို့လာပြီလေ 
ဒေါ်ဒေါ် မမ နှမ တို့ရေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တ ခွဲလို့နေ 
မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ 
အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ။"

ပြည်တော်ဝင်၊ အေ၀မ်း ဆရာညှာ


ပြည်တော်ဝင် ဆိုသည်မှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်အရပ်သို့ အိမ်ပြန်ချိန် ပင် ဖြစ်လေတော့သည်။

ရန်ဝင်း (တောင်တံခါး)

ထိုင်း သင်္ကြန် သေဆုံး ဒါဏ်ရာရသူများ

Posted: 13 Apr 2012 11:23 PM PDT

ထိုင်းဝန်ကြီးချုပ်Yingluck Shinawatra
ထိုင်းနိုင်ငံ သင်္ကြန်ကာလ ၃ ရက်(ဧပြီ ၁၁-၁၃ ရက်နေ့ အထိ)အတွင်း သေဆုံးသူ ၁၄၄ ဦး၊ ထိခိုက်ဒါဏ်ရာရသူ ၁၆၆၈ ဦးရှိသွားပြီးထိုင်းနိုင်ငံ သင်္ကြန်ကာလအတွင်း ယဉ်တိုက်မှု၊ ရန်ဖြစ်ထိခိုက်မှု ကြောင့် နှစ်စဉ်လူသေဆုံးမှု ဖြစ်တာကြောင့် ဘေးအန္တရာယ်ရှိတဲ့ 
သင်္ကြန်ကာလ ၇ ရက်သတ်ထားပါတယ်။

 ဧပြီလ ၁၁ ရက်နေ့ မှ ၁၇ ရက်နေ့ အထိဖြစ်ပါတယ်။ ဘေးအန္တရာယ်လျှော့ကျရေး
အတွက် သက်ဆိုင်ရာက ကြိုးစားလုပ်ဆောင်နေပေမယ့် သေဆုံးမှုနှစ်စဉ် ဖြစ်ပွား
ပါတယ်၊ အများစုက အရက်မူးယဉ်မောင်တာကြောင့် ယဉ်တိုက်မှုဖြစ်ပွားတာများတယ်။

ဘီဘီစီ ၀င်းမြင့် BBC  (Facebook)

ဗြိတိန်ဝန်ကြီးချုပ် တိုင်းရင်းသား ခေါင်းဆောင် တချို့နှင့်တွေ့

Posted: 13 Apr 2012 11:04 PM PDT


ဓါတ်ပုံ (Google Images)
ဗြိတိန်ဝန်ကြီးချုပ်တယောက်အနေနဲ့ ပထမဆုံး မြန်မာနိုင်ငံကို သောကြာနေ့က လာသွားတဲ့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ဟာ သူ့ရဲ့ တစ်ရက်တာခရီးစဉ်မှာ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိလာတာနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ တဆင့်ပြီးတဆင့် ရလာမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ကင်မရွန်းက ပြောခဲ့တဲ့အကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင် ဦးအေးသာအောင်က ဗွီအိုအေကို ပြောပါတယ်။ ဦးအေးသာအောင် အပါအဝင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးဦးလှစော စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မစ္စတာ ကင်မရွန်းတွေ့ဆုံပြီးတော့ မြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။ သူတို့ တင်ပြဆွေးနွေးခဲ့ကြတဲ့အကြောင်း အပြည့်အစုံကိုတော့ ကိုဝင်းမင်းက ဆက်တင်ပြပေးထားပါတယ်။
မြန်မာသမ္မတဦးသိန်းစိန်နဲ့ မကြာခင်က ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို သူ့ရဲ့ တစ်ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ တွေ့ဆုံခဲ့တဲ့ ဝန်ကြီးချုပ် ကင်မရွန်းဟာ ဒီမိုကရေစီရေးအပြင် နောက် အရေးပါတဲ့ တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်ဖို့ အတွက်လည်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သီးသန့်တွေ့ဆုံခဲ့ရာမှာ ဆွေးနွေးခဲ့ကြတဲ့ ကိစ္စတွေ အကြောင်းကို  ဦးအေးသာအောင်က အခုလို ရှင်းပြပါတယ်။
"အဓိက-ကတော့ ဝန်ကြီးချုပ် ပြောတာက ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲပေါ်မှာ အကောင်းမြင်တယ်၊ ဒါပေါ်မှာ ဆက်လက်ပြီးတော့ ကြိုးပမ်းသွားရမယ်၊ အထူးသဖြင့် တောင်ပေါ် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက တိုင်းရင်းသားကိစ္စတွေ၊ တိုင်းရင်းသားပြဿနာတွေကို သူက နားထောင်ချင်တဲ့အကြောင်းတွေကို ပြောပါတယ်။
အန်ကယ်ကတော့ ဒီနေ့လက်ရှိ နိုင်ငံရေးအခြေအနေအပေါ်မှာ ကျနော်တို့ အထဲမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးရဲ့ မြင်ပုံ၊ ပြီးတော့ လတ်တလော ဖြစ်နေတဲ့ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးတဲ့ ကိစ္စတွေဟာ တကယ် ကျေနပ် အားရလောက်တဲ့ အနေအထားမရှိတဲ့အကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့အကြောင်းတွေ၊ ရေရှည်မှာ တကယ့် ထာဝရငြိမ်းချမ်းရေး ရဖို့အတွက် တော်တော့ကို ခက်ခက်ခဲခဲ ကြိုးစားရမယ် ဆိုတဲ့အကြောင်း အပစ်အခတ်ရပ်စဲရုံနဲ့ မပြီးဘူး၊ နိုင်ငံရေး ကိစ္စတွေကို ဖြေရှင်းဖို့လိုတဲ့အကြောင်း၊ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံရေးအရ တကယ့်ကို အပေးအယူ လုပ်ရမယ်၊ တိုင်းရင်းသားများ တင်ပြနေတဲ့ တင်ပြချက်တွေအပေါ်မှာ တကယ့်ကို အလေးအနက်ထားပြီး စဉ်းစားဖြေရှင်းဖို့ လိုတဲ့အကြောင်းတွေ ပြောပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ဖို့လိုတယ်။
ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ပြည်တွင်းစစ် ရပ်စဲဖို့၊ ထာဝရပြည်တွင်း ငြိမ်းချမ်းရေးကို ရဖို့ဆိုတာကို မဖြစ်နိုင်တဲ့အကြောင်း ကျနော်က ပြောပါတယ်။
ဝန်ကြီးချုပ်က ပြန်ပြီးတော့ ဆွေးနွေးတာကတော့ ဖွဲ့စည်းပုံကို ပြင်ဖို့ကတော့ တဆင့်ပြီးတဆင့် ရေရှည် ပြင်သွားရမှာဖြစ်တဲ့အကြောင်း၊ တရားဥပဒေစိုးမိုးရေးဟာ အဓိကကျတဲ့အကြောင်း၊ ဒီ တရားဥပဒေ စိုးမိုးရေး ရှိလာတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကလည်းပဲ တဆင့်ပြီးတဆင့် ရလာနိုင်တဲ့ အကြောင်း ပြောပါတယ်။ အဓိက-ကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား  ပြဿနာကို ဖြေရှင်းဖို့ အရေးကြီးတယ်၊ အဲလို ဖြေရှင်းတာကိုလည်း အခုလို ငြိမ်းချမ်းရေး ဆွေးနွေးတာ၊ ပြီးတော့ ပါလီမန် အတွင်းမှာ ညှိနှိုင်းတာ၊ ဖွဲ့စည်းပုံကို ပြင်တာ၊ ဒီလိုကနေ သွားသင့်တယ်လို့ သူက ပြောပါတယ်။"
သမ္မတ ဦးသိန်းစိန်နဲ့တွေ့ရာမှာ ဘာပြောခဲ့တာကို ထုတ်မပြောသေးတဲ့ ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးရာမှာတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လုံးဝ ရုပ်သိမ်းတာထက်စာရင် ခေတ္တဆိုင်းငံ့ထားတာမျိုး သတိထားပြီး လုပ်ဆောင်သင့်တယ်လို့ ပြောခဲ့ကြောင်းကိုလည်း ဦးအေးသာအောင်ကပဲ ဆက်ပြောခဲ့ပါတယ်။

By; ၀င်းမင်း (ဗွီအိုအေ-မြန်မာပိုင်း)

ဒေါ့ဖုန်းယန် KIA တပ်စခန်း မြန်မာအစိုးရတပ် သိမ်းပိုက်

Posted: 13 Apr 2012 07:24 PM PDT

မြန်မာအစိုးရတပ်က ကချင်ပြည်နယ် ဗန်းမော် (မန်မော်)ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ KIO ဗဟိုဌာနချုပ် လိုင်ဇာ လုံခြုံရေးတပ်၊ တပ်ရင်း ၁၉ နယ်မြေသို့ နာရီပေါင်းများစွာ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ပြီးနောက် ရှေ့တန်းစခန်းတခုကို သိမ်းပိုက်ခဲ့ကြောင်း ၄င်းတပ်စခန်းအနီးရှိ KIA အရာရှိတစ်ဦးကပြောသည်။

ဧပြီ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ဒေါ့ဖုန်းယန်ရှိ အစိုးရတပ် ခလရ (၁၄၂)မှ စစ်အင်အား ၂၀၀ ခန့်ရှိသော တပ်ဖွဲ့များ နှင့် KIA တပ်ဖွဲ့များ၂ နာရီကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ လုံခြုံရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၁၉)၊ လနားခက် (Lana Hkyet) ပန်စွန်စခန်း (Pan Tsun post) အား နောက်ဆုတ်ပေးခဲ့ရသည်ဟု သူကပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလမှ မြန်မာအစိုးရက KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာကိုသိမ်းပိုက်ရန် စစ်မျက်နှာ ၃ ခုဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။


တုန့်ပြန်မှုအနေဖြင့် KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ၎င်း၏ တပ်ရင်း၊ တပ်ဖွဲ့ဝင်အားလုံး "မြန်မာအစိုးရတပ်အား စတင်ပစ်ခတ်ခွင့်" အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ရှေ့တန်းအရာရှိတစ်ဦး ကပြောသည်။

"အစက မြို့ပေါ်တွေမှာတော့ မပစ်ခိုင်းဘူးပေါ့နော် ဒါပေမဲ့  ဒီတစ်ခါတော့ သူတို့ပစ်ရင် ကျနော်တို့ကိုလည်း ပစ်ဖို့ပြောတယ်။" ဟု သူကပြောသည်။

ယခင်က အချို့ရှေ့တန်းနေရာနှင့် အစိုးရထိန်းချုပ်သည့် မြို့ပေါ်တွင် အစိုးရပစ်မှတ်များအား တိုက်ခိုက်ခြင်း မပြုရန် KIA တပ်ဖွဲ့များ ညွှန်ကြားထားခံရသော်လည်း ယခုချိန်မှာ အစိုးရတပ်များကို နေရာမရွေး တိုက်ခိုက်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့သည် တိုက်ပွဲများနေ့တိုင်းဖြစ်ပွားနေပြီး တပ်မဟာ ၅ နယ်မြေတွင် ပိုပြင်းထန်နေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ကပြောသည်။

ယခုလို မြန်မာအစိုးရက လိုင်ဇာ စစ်ဆင်ရေး စတင်လာချိန်မှာ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းမ ဗန်းမော်(မန်မော်)-လွယ်ဂျယ်သွားလမ်းကို KIA မှ ဧပြီ ၁၂ ရက်နေ့မှစပြီး ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
 KNG ကချင် သတင်းဌာန

မြန်မာအစိုးရတပ်အား နေရာမရွေးတိုက်ခိုက်ရန် KIO အမိန့်ပေး

Posted: 13 Apr 2012 07:22 PM PDT

 13 April 2012
မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား (၁၀)လ ကျော် ထိုးစစ်ဆင်လာပြီးနောက် KIO က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ ၎င်း၏ တပ်ဖွဲ့များသို့ "အစိုးရတပ်အား နေရာမရွေး တိုက်ခိုက်ရန်" လွန်ခဲ့သည့်အပတ်က အမိန့်ပေးခဲ့ကြောင်း KIO အရာရှိများဆိုသည်။

ယခု အမိန့်အရ အစိုးရထိန်းချုပ်ဒေသများသို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သားများ ၀င်ရောက်တိုက်ခိုက်ခြင်းကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

သင်္ကြန်ပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရက စစ်အင်အား ထောင်ဂဏန်းဖြင့် KIO ဗဟိုဌာနချုပ် လိုင်ဇာအား တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေးအစီစဉ်များ ပြုလုပ်နေခြင်းကြောင့် အစိုးရ စစ်ရေးပစ်မှတ်များ အားလုံး မည်သည့်နေရာတွင်မဆို တိုက်ခိုက်ရန် KIA တပ်များသို့ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

နောက်ဆုံး စစ်မိန့်နှင့် ပတ်သက်ပြီး KIO မှ တရားဝင်ကြေညာချက်ထုတ်ပြန်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့်နှစ် ဇွန်လမှ ယခု မတ်လအထိ မြန်မာ့တပ်မတော်၏ KIO ပေါ် စစ်ဆင်ရေးပြုလုပ်ရာတွင် KIO က အစိုးရတပ်အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန် ၎င်း၏ လက်နက်ကိုင်တပ်များကို တားမြစ်ထားသော်လည်း မိမိနယ်မြေထဲ ကျူးကျော်လာသည့် စစ်ကြောင်းများကို အကန့်အသတ်ဖြင့် ခုခံတိုက်ခိုက်ရန် ခွင့်ပြုထားခဲ့သည်။

မြန်မာအစိုးရနှင့် KIO အဖွဲ့သည် တရုတ်ပြည်၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြီးခဲ့သည့် မတ်လအထိ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခြင်း (၃) ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော် အနှစ် (၅၀) ကျော်ကြာ နှစ်ဖက် နိုင်ငံရေးပြဿနာဖြေရှင်းရန်ကိစ္စ သဘောတူညီမှု မရခဲ့ပေ။

နှစ်ဖက်ကြား အဓိက ခြားနားနေမှုမှာ ဦးသိန်းစိန် အစိုးရက အပစ်ခတ်ရပ်ဆိုင်းရေး ပထမ ပြုလုပ်ပြီး ယင်းနောက် ၂၀၀၈ အခြေခံဥပဒေအတိုင်း နိုင်ငံရေးဆွေးနွေး လိုသည်။ သို့သော် KIO ဘက်မှ တင်ပြထားခြင်းသည် ပြည်ထောင်စုအစပြုခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ် ကတိက၀တ်အတိုင်း နိုင်ငံရေးပြဿနာကို အရင်ဆုံးဖြေရှင်းပြီးမှ နောက်ဆုံး နက်လက်ကိုင်တပ် ကိစ္စ ဆွေးနွေးရေးဖြစ်သည်။

၁၇ နှစ် ကာလ အပစ်ခတ်ရပ်ဆိုင်းထားမှု အတွေ့အကြုံအရ KIO က နောက်ထပ် မြန်မာအစိုးရနှင့် အပစ်ခတ်ဆိုင်းရန် မလိုတော့ဘဲ နိုင်ငံရေးဆွေးနွေးရန်သာရှိကြောင်း KIO က ဆိုထားသည်။

KNG ကချင် သတင်းဌာန

ရိုးရာသင်္ကြန်နှင့် သရုပ်ပျက်ယဉ်ကျေးမှုတချို့  (ဓါတ်ပုံ)

Posted: 13 Apr 2012 05:33 PM PDT


ရန်ကုန်နှင့် မန္တလေး မှ ရိုးရာသင်္ကြန်နှင့် သရုပ်ပျက်ယဉ်ကျေးမှုတချို့  ဖေ့စ်ဘုတ်ပေါ်မှ တွေ့ ရသမျှ စုဆောင်းတင်ပြလိုက်ပါတယ်။
Myanmar News Now
သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင် သင်္ကြန်ရေပတ်ခံထွက်လာစဉ်


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန် ၀န်ကြီးချုပ် တွေ့ ဆုံနေစဉ် (ဓါတ်ပုံ)

Posted: 13 Apr 2012 04:54 PM PDT



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန် ၀န်ကြီးချုပ် David Cameron တို့ တွေ့ဆုံနေတဲ့ပုံတွေပါ။ ပြည်တွင်း ပြည်ပ မီဒီယာများမှ စုစည်းဖော်ပြပေးလိုက်ပါတယ်။
Myanmar News Now


ဗြိတိန်ဝန်ကြီးချုပ် ရွှေတိဂုံသို့ သွားရောက်ကြည်ညို

Posted: 13 Apr 2012 04:35 PM PDT

ယနေ့ ည ၁၀ နာရီကျော် တွင် ရွှေတိဂုံဘုရားသို့ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နှင့်အဖွဲ့ သွားရောက်ကြည်ညိုခဲ့ကြသည်။
ထိုခ၇ီးစဉ်သို့ နိုင်ငံပိုင်မီဒီယာများမှအပ မည်သည့် သတင်းမီဒီယာကိုမျှ သတင်းယူခွင့်မပြုခဲ့ဘဲ တားမြစ်ခဲ့ခြင်းခံခဲ့ရသည်။
ကျွန်ုပ်တို့သတင်းထောက်လည်း သတင်းယူရင်း တားမြစ်ခြင်းခံခဲ့ရသည်။

(PopularNews သည် နိုင်ငံပိုင် မီဒီယာတစ်ခုမဟုတ်ပါ)

ဒီလိုဓါတ်ပုံသတင်းရယူနိုင်ဖို့အတွက်ည ၇ နာ၇ီကတည်းက ဘုရားပေါ်မှာ Popular news journal က သတင်းထောက်တွေ သွားထိုင်စောင့်နေခဲ့တာပါ။ ဗြိတိန်ဝန်ကြီးချုပ်လာတော့မှ ဘုရားဂေါပက အဖွဲံက အရင်ဆုံးလာရောက်တားမြစ်ခဲ့ပါတယ်။နောက်တော့ ၀န်ကြီးချု့ပ်နဲ့ပါလာတဲ့ သံ၇ုံးအမှုထမ်းအမျိုးသမီးတစ်ဦးက လာရောက်တားမြစ်ခဲ့တာပါ။တားမြစ်ခဲ့တဲ့အတွက် ရသလောက်ပဲ သတင်းထောက်တွေရိုက်ယူခဲ့ပြီး ပိရိသတ်အတွက် တင်ပြခဲ့တာပါ။

 Popular Myanmar News Journal

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုအပေါ်ကျေနပ်မှုရှိကြောင်း ဒေးဗစ်ကင်မရွန်း ပြောကြား

Posted: 13 Apr 2012 04:30 PM PDT

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုအပေါ်ကျေနပ်မှုရှိကြောင်းနှင့် မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့ထားမှုများအား လျှော့ချရန်ရှိသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယနေ့ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီး စာနယ်ဇင်းများအား ပြောကြားသည်။

"မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့ထားမှုတွေကိုလျှော့ချရတော့မှာဖြစ်တယ်၊ ဒါပေမယ့် လျှော့ချမှာနော် ရုတ်သိမ်းဦးမှာမဟုတ်ဘူး"ဟုသူကပြောသည်။
"ဒီကနေ့ သမ္မတဦးသိန်းစိန်နဲ့တွေ့ခဲ့တုန်းကလဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲနေမှုတွေအကြောင်းပြောဖြစ်ခဲ့ပါသေးတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို ကျွန်တော်တို့အားပေးပါတယ်။ အဲဒီအတွက် ကမ္ဘာတစ်ဝန်းက တုန့်ပြန်မှုတွေရှိလာကြမှာပါပဲ။ သို့သော်သတိနဲ့တုန့်ပြန်ကြမှာပါ။ ပြုပြင်ပြောင်းလဲမှုတွေကို သတိနဲ့စောင့်ကြည့်နေကြမှာပါ။ ဒါကြောင့်လည်း လုံးလုံးရုတ်သိမ်းဦးမှာမဟုတ်ဘူးလို့ပြောရတာပါ။ ပြီးတော့ လက်နက်နဲ့ သင်္ဘောတွေဝင်ထွက်ခွင့်လည်း အဲဒီအထဲမှာ ပါဦးမှာမဟုတ်ပါဘူး"ဟုလည်း သူကဆက်ပြောပါသေးသည်။

" နိုင်ငံရေးဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်တိုးတက်လာတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ၁၇ နှစ် ကျော်ကြာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေကို ဒီလပိုင်း နှစ်ပိုင်းအတွင်းမှာ ရှင်းလင်းစစ်မှန် တဲ့နိုင်ငံရေးဖြေရှင်းမှုတွေနဲ့ဖြေရှင်းနိုင်ဖို့လိုအပ်တယ်လို့မြင်ပါတယ်။ တစ်ကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့ ဒေါ် အောင်ဆန်းစုကြည် နိုင်ငံ့အရေးတွေမှာ ပါဝင်လာမှုတွေကြောင့် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဟာ ဖြစ်ပေါ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်"ဟု ၄င်းက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။
၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပက်သက်၍ နှစ်ပေါင်းများစွာနေအိမ်အကျယ်ချုပ်ဘ၀တွင်နေ ထိုင်ခဲ့ပြီး ယနေ့လို အခြေအနေမျိုးရပ်တည်ထားနိုင်မှုအပေါ်၌လည်း ဂုဏ်ယူပါကြောင်းသူကဆိုသည်။

"ဦးသိန်းစိန်ဟာ တစ်ကယ်ကို ပြုပြင်ပြောင်းလဲရေးတွေလုပ်မှာလို့ ကျွန်မယုံကြည်ပါတယ်။ အဲဒီအတွက် ၀န်ကြီးချုပ် မစ္စတာ ကင်မရွန်းအနေနဲ့ ပိတ်ဆို့ထားမှုတွေကိုလျှော့ချမယ်ဆိုတော့ ကျွန်မအင်မတန်ပဲ ၀မ်းမြောက်မိပါတယ်"ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါသည်။

ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် အလည်အပတ်ရောက်လာသော ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သည်


Popular Myanmar News Journal

David Cameron praises Aung San Suu Kyi (Video)

Posted: 13 Apr 2012 03:17 PM PDT


UK Prime Minister David Cameron has met pro-democracy leader Aung San Suu Kyi in Rangoon during his visit to Burma.

Mr Cameron said it was a "huge honour" to be with Ms Suu Kyi, telling her, "your struggle, your bravery, your courage" had inspired millions in Britain.

The pro-democracy leader said it was "absolutely the right time" for Mr Cameron to visit, saying her country "still has a long way to go but we believe that we can get there".

by greenkernel (BBC)

ပိတ်ဆို့ အရေးယူမှု လျှော့ချမယ်လို့ G8 အစည်းအဝေးမှ ထုတ်ပြန်

Posted: 13 Apr 2012 02:59 PM PDT

2012-04-13
အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စက်မှု ထိပ်သီး ၈ နိုင်ငံ အစည်းအဝေးက မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ချက်တွေကို ကြိုဆိုလိုက်ပါတယ်။
Photo courtesy of State Department
၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်က ကမ္ဘာ့စက်မှု ထိပ်သီး ၈ နိုင်ငံအစည်းအဝေး၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်နေစဉ်။
G8 လို့ခေါ်ကြတဲ့ စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးမှာ ထိပ်တန်းကိစ္စအဖြစ် ဆီးရီးယားနိုင်ငံက သမ္မတ အာဆတ်အစိုးရကို ဖိအားပေးရေး၊ မြောက်ကိုရီးယား ဒုံးပျံပစ်လွှတ်မှု နောက်ဆက်တွဲ အခြေအနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ - မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချသွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။
အဲဒီလို လျှော့ချပေးခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ ပါဝင်လာနိုင်ဖို့ အပြင် စီးပွားရေးကဏ္ဍ တိုးတက်ဖို့အတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ ဆိုပါတယ်။
G8 ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ - မြန်မာအစိုးရအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်နဲ့ ပြောင်းလဲမှုတွေကို ဆက်လက် အကောင်အထည်ဖော်ဖို့နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် လွတ်မြောက်ပြီးသား နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပေါ်မှာ ပိတ်ပင်ဟန့်တားထားတာတွေကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့လည်း ဆက်လက် တိုက်တွန်းထားပါတယ်။

RFA

ဗြိတိန် ဝန်ကြီးချုပ် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ

Posted: 13 Apr 2012 02:57 PM PDT

2012-04-13
အာရှဒေသကို ခရီးထွက်လာတဲ့ ဗြိတိန် ဝန်ကြီးချုပ် David Cameron ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် ဝန်ကြီးချုပ် David Cameron တွေ့ဆုံဆွေးနွေးနေစဉ်။
ဝန်ကြီးချုပ် Mr. Cameron နဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုတွေကို ဗြိတိန်အစိုးရအနေနဲ့ အသိအမှတ်ပြုတဲ့အတွက် အထူးပဲဝမ်းမြောက်ကြောင်း ပြောခဲ့ပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် Mr. Cameron ကလည်း "အခုအစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကတိပေးထားသလို လက်တွေ့မှာလည်း အဆင့်အတော်များများ အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။ အဲဒီလို ဆောင်ရွက်ချက်တွေကို အားပေးရပါမယ်" လို့ ပြောခဲ့ပါတယ်။
Mr. Cameron ရဲ့ မြန်မာနိုင်ငံခရီးစဉ် အဓိကရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချဖို့ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံတာလို့ ဆိုကြပါတယ်။
လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှု ကိစ္စတွေကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

RFA

စီးပွားရေး ပိတ်ဆို့မှု ဆိုင်းငံ့မည့် အကြံဉာဏ်ကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

Posted: 13 Apr 2012 02:57 PM PDT

ဧပြီ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)

မြန်မာနိုင်ငံသို့ တရက်တာခရီးအဖြစ် လာရောက်သည့် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများအား ရုပ်သိမ်းလိုက်မည့်အစား ဆိုင်းငံ့ထားရန် ပြောကြားလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်းအစီအစဉ်ကို ထောက်ခံပြောဆိုလိုက်သည်။

ဗြိတိသျှ ၀န်ကြီးချုပ်နှင့် တွေ့ဆုံအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ " ဒေးဗစ် ကင်မရွန်းက စီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းခြင်းထက် ဆိုင်းငံ့ထားမယ် ဆိုတဲ့အကြံဥာဏ်ကို ကျွန်မထောက်ခံပါတယ်။ ဒါဟာအမှန်ကန်ဆုံး တုံ့ပြန်မှုလို့ ကျွန်မထင်ပါတယ်" ဟု ပြောဆိုသည်။

ယခုကဲ့သို့ လုပ်ဆောင်မှုသည် သမ္မတနှင့် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်သူများ၏ အခန်းကဏ္ဍအား အသိအမှတ်ပြုရာ ကျသကဲ့သို့ အခြားတဘက်တွင်လည်း ပြုပြင်ပြောင်းလဲမှုကို အတားအဆီးပြုနေသူများအနေဖြင့် ဆက်လက်ကြိုးစားနေမယ်ဆိုပါက စီးပွားရေး ပိတ်ဆို့မှုများ ပြန်လာနိုင်သည့်အချက်ကို သတိပေးလိုက်ရာလည်း ကျသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားလိုက်သည်။


ဗြိတိသျှ ၀န်ကြီးချုပ်က မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးခြင်း၊ NLD ပါဝင်ယှဉ်ပြိုင်သည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခြင်းတို့ လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ လုံလောက်ပြီဟု မပြောနိုင်သေးသကဲ့သို့ လုပ်ဆောင်ဖို့ လိုအပ်သည်များလည်း ရှိနေသေးကြောင်း၊ ၎င်းတို့အနေဖြင့် ဖိအားပေးမှုများ ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထို့ကြောင့် စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းသည်ဆိုခြင်းထက် ဆိုင်းငံ့ထားဖို့ ပြောကြားလိုကြောင်း ပြောသွားသည်။
ပိတ်ဆို့မှု ဆိုင်းငံ့ထားရာတွင် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ဆို့ထားခြင်းကို ချန်လှပ်ထားရန်လည်း ၎င်းကပြောဆိုသည်။

ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်း နေပြည်တော်သို့ ရှေးဦးစွာရောက်ရှိပြီး သမ္မတ ဦးသိန်းစိန် နှင့်တွေ့ဆုံဆွေးနွေးခဲ့သည့်နောက် ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှ ယခုထက် ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်လာပါက ၎င်းတို့အနေဖြင့် တုံ့ပြန် အသိအမှတ်ပြုမှုများလည်း ပြင်ဆင်ထားရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယခုလ ၂၃ ရက်နေ့တွင် ကျင်းပမည့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ရန်ရှိသည်။ မကြာမီက ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ အနိုင်ရရှိခဲ့သည့်နောက် ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် ဥရောပ သမဂ္ဂမှ ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးဖွယ်ရှိသည်ဟု နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ထားကြသည်။      ။
 Yangon Press International



ဗြိတိသျှ ဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး

Posted: 13 Apr 2012 02:55 PM PDT

2012-04-13
ဗြိတိသျှ ဝန်ကြီးချုပ် Mr David Cameron ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိသွားပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
Photo courtesy of News and Information Department of NLD
၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်က ဗြိတိသျှ ဝန်ကြီးချုပ် Mr David Cameron နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်က သူတို့အနေနဲ့ မြန်မာနိုင်ငံအရေးကို သတိအပြည့်ထားပြီးတော့ အကောင်းဘက်ကို ကြည့်သွားရပါမယ်လို့ ပြောကြားပါတယ်။
မြန်မာအစိုးရအနေနဲ့ ဘာဖြစ်လို့ အခုလို အပြောင်းအလဲတွေ လုပ်နေတယ်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် စီးပွားရေးတိုးတက်ရေးအတွက်၊ ဆင်းရဲမွဲတေမှုတွေ တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေတာတွေ မြင်နေရပြီး၊ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက ပေါ်ထွက်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ပြီး လိုက်ဖက်တဲ့ ပံ့ပိုးကူညီမှု ပေးသွားမှာဖြစ်တယ်။ ဒါကြောင့် ပိတ်ဆို့မှုတွေကို အားလုံး ပြန်ပြီးရုပ်သိမ်းမှာ မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။
နိုင်ငံအများအပြားကိုကြည့်ရင် ဒီမိုကရေစီဟာ စီးပွားရေးအောင်မြင်မှုနဲ့ တွဲဖက်ရှင်သန်လာတာကို အထင်းသား တွေ့မြင်ကြရမှာပါ။ အခုဆိုရင် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများ လွှတ်ပေးလာတယ်။ တိုင်းရင်းသားအရေး ဆွေးနွေးမှုတွေ လုပ်လာတယ်။ အားရစရာမရှိသေးပေမဲ့ ဆက်လုပ်လာတယ်။ ပြုပြင်ပြောင်းလဲမှုတွေ များလာတာနဲ့အမျှ ကျွန်တော်တို့ကလည်း ပံ့ပိုးအားပေးသွားမှာ ဖြစ်တယ်လို့ ဗြိတိသျှဝန်ကြီးချုပ်က ပြောသွားပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က -
ကြားဖြတ်ရွေးကောက်ပွဲ ကာလတုန်းကသာ လာကြည့်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ သူတို့ကြမ္မာ သူတို့ဖန်တီးနိုင်ဖို့၊ ဒီမိုကရေစီရရှိဖို့ စွမ်းအင်အပြည့်နဲ့ ဘယ်လောက်အားတက်သရော မဲပေးခဲ့ကြသလဲဆိုတာ မြင်တွေ့ရမှာပါ။ ဒီမိုကရေစီ မလိုလားကြသူတွေရဲ့ စွမ်းအားဟာ ဒီမိုကရေစီလိုချင်ကြတဲ့ ပြည်သူအများစုရဲ့ စွမ်းအားနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ပါဘူးလို့ ပြောကြားသွားပါတယ်။
ဗြိတိန် ဝန်ကြီးချုပ်ဟာ ဒီကနေ့ မြန်မာနိုင်ငံကနေ မထွက်ခွာခင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ညစာစားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

RFA

ပိတ်ဆို့မှု ရုပ်သိမ်းဖို့ထက် ဆိုင်းငံ့သင့်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

Posted: 13 Apr 2012 02:53 PM PDT

ဓာတ်ပုံ Khin Maung Win
မြန်မာနိုင်ငံပေါ် ချမှတ်ဆက်ခံထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းတာထက် ဆိုင်းငံ့ထားသင့်တယ်လို့  ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ ဒီလိုဆိုင်းငံ့လုပ်ထားခြင်းဟာလည်း မြန်မာနိုင်ငံဒီမိုကရေစီရေးနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်နေသူတွေကို အသိအမှတ်ပြုရာ ရောက်တယ်လို့လည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒီကနေ့ ရန်ကုန်မှာ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး အခုလို သူတို့ရဲ့သဘောထားတွေကို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧပြီလ ၁၃ ရက်၊ သောကြာနေ့ညနေက  ရန်ကုန်မှာ ရှိတဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးကြပါတယ်။ ဒီတွေ့ဆုံမှုအပြီး နေအိမ်ရှေ့မှာ  သတင်းထောက်တွေကို တွေ့ဆုံစဉ်အတွင်း မစ္စတာကင်မရွန်းက မြန်မာနိုင်ငံအပေါ် အရေးယူချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းတာထက် ဆိုင်းငံ့လုပ်ထားသင့် တယ်ဆိုတဲ့ သူ့အမြင်ကို အခုလို ပြောခဲ့ပါတယ်။
"မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်လာဖို့ အလားအလာတွေ တွေ့နေရပါပြီ။ ဒါ့ကြောင့် ကမ္ဘာ့ အသိုင်းအ၀ိုင်းအနေနဲ့ ဒီ အပြောင်းအလဲတွေအတွက် တုံ့ပြန်ကြဖို့အချိန်တန်ပြီလို့ ကျနော်ယူဆပါတယ်။ မြန်မာအပေါ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ဖို့ သင့်ပါတယ်။ လက်နက် အရောင်းအ၀ယ်မလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တော့ ဆိုင်ငံ့မှုထဲမှာမပါဘူးဆိုတာကတော့ ထင်ရှားပါတယ်။"
ဒီလို ဆိုင်းငံ့လုပ်ထားသင့်တယ်ဆိုတဲ့ သူ့အမြင်ကလည်း မြန်မာနိုင်ငံမှာ နောက်ထပ် လုပ်ဆောင်စရာ ကျန်နေသေးတာကြောင့် ဖြစ်တယ်လို့လည်း ဆက်ရှင်းပြပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေတွေဟာ အပြုသဘောဆောင်တယ်ဆိုတာ တွေ့ရပေမယ့် သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
"မြန်မာနိုင်ငံမှာ လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးတာဟာ ထင်ရှားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာကိုလည်း မြင်လိုပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲတွေကို အောင်မြင်စွာ ကျင်းပခဲ့တဲ့အတွက် ကိုလည်း ချီးကျူးပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေးကို ကျနော်တို့ အားလုံးက ရှေ့ရှုနေကြပါတယ်။ တိုင်းရင်းသား ပဋိပက္ခအခြေအနေတွေ ဆိုးဝါးပြီး မြန်မာနိုင်ငံအတွက် နှစ်ပေါင်းများစွာ ထိခိုက်နစ်နာစေခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့်လတွေ၊ လာမယ့်နှစ်တွေမှာ ဒီပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျနော်တို့အားလုံးက မျှော်လင့်ပါတယ်။"
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းပြောပြခဲ့တာပါရှင်။ အခု ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းတာထက်  ဆိုင်းငံ့လုပ်သင့်တယ် ဆိုတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က  သူ့အမြင်နဲ့  သဘောထားတွေကို သတင်းထောက်တွေကို ရှင်းပြရာမှာတော့ -
"ပိတ်ဆို့မှုကို ရုပ်သိမ်းတာထက် ဆိုင်းငံ့မယ်ဆိုတဲ့ အယူအဆကို ကျမထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ဆိုင်းငံ့လိုက်ခြင်းအားဖြင့် သမ္မတနဲ့ တခြားပြုပြောင်းလဲလိုသူတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့သဘောပါပဲ။ သမ္မတနဲ့ အတူ တခြားပြုပြောင်းလဲလိုသူတွေရဲ့ ပြောင်းလဲရေးခြေလှမ်းတွေကြောင့် ပိတ်ဆို့မှုကို ဆိုင်းငံ့ပေးမှာ ဖြစ်လို့ ပါပဲ။ ပြုပြင်ပြောင်းလဲရေး လမ်းလွဲသွားအောင် ဆန့်ကျင်သူတွေကကြိုးစားနေကြတာတွေကိုလည်း ပိတ်ဆို့မှုဆိုတာနဲ့ ပြန်ပြီး အရေးယူလို့ ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောလိုက်တဲ့ သဘောပါပဲ။" –

လို့ ဒေါ်အောင်ဆန်းစုကြည် ပြောပြခဲ့တာပါရှင်။ မစ္စတာ ကင်မရွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံ ဖိတ်ခေါ်တဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့ပါတယ်။
မစ္စတာကင်မရွန်းဟာ  ဒီကနေ့ ညနေ ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ခင် နေ့လည်ပိုင်းက နေပြည်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံပါတယ်။ နေပြည်တော်က သမ္မတအိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့အတူ ဒုသမ္မတနဲ့  နိုင်ငံခြားရေးဝန်ကြီးအပြင် တခြားအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့လည်း တွေ့ခဲ့တာပါ။ ဒါဟာ နှစ်ပေါင်း ၅၀ ကျော်တွင်း ဗြိတိန်ဝန်ကြီးချုပ်အဆင့်နဲ့ ရောက်လာတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဘယ်လို ကိစ္စတွေကို ဆွေးနွေးပြောဆို ခဲ့ကြတယ် ဆိုတာတော့ ၂ ဘက်စလုံးက သတင်းထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။
ဧပြီလ ၁၃ ရက် သင်္ကြန်အကျနေ့မှာ မြန်မာနိုင်ငံကိုရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာကင်မရွန်းဟာ ဒီကနေ့ ညနေပိုင်းမှာတော့ ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံအမတ်ကြီရဲ့နေအိမ်မှာ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင် တချို့နဲ့ တွေ့ဆုံပါတယ်။ အရှေ့တောင်အာရှ သုံးနိုင်ငံကို ငါးရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ထွက်လာတဲ့ မစ္စတာကင်မရွန်းဟာ တစ်ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ မြန်မာနိုင်ငံကိုရောက်နေတာ ဖြစ်ပါတယ်။ အခု ဗြိတိန် ၀န်ကြီးချုပ်ခရီးစဉ်မတိုင်ခင် ၂၀၁၁ နိုဝင်ဘာလတုန်းကလည်း ဗြိတိန်နိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး အင်ဒရူးမစ်ချဲလ်၊၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလတုန်းကလည်း  ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး William Hague တို့ မြန်မာနိုင်ငံကို လာခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေနဲ့ ဆက်ဆံတဲ့ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် သူတို့ရဲ့မူဝါဒတွေကို လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည် သုံး သပ် ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။