ဒီမိုဝေယံ |
- အမေသို့ ဆုပန်ခြင်း (ကဗျာရှင် နေပြည်တော်သား)
- အဝေးရောက် မြန်မာပြည်သားများ အမိမြေမှ အတာသင်္ကြန်ကို အလွမ်းပြေ ကြည့်ရှုခံစားနိုင်ဖို့ Sky Net TV (Live) ရုပ်သံလိုင်းမှာ ကြည့်ရှုမယ်...။
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွန်းတို့ တွေ့ဆုံပွဲ မြင်ကွင်း ဓာတ်ပုံများ..
အမေသို့ ဆုပန်ခြင်း (ကဗျာရှင် နေပြည်တော်သား) Posted: 13 Apr 2012 11:47 AM PDT အမေသို့ ဆုပန်ခြင်း (ကဗျာရှင် နေပြည်တော်သား) နေ့စဉ်ရောင်နီလာတိုင်း အနန္တငါးပါး ကိုရှိခိုးအပြီး အမေ နေကောင်းပါစေကြောင်း ဆုမွန် တောင်းပါ၏။ လူတန်းစား အမျိုးမျိုးတို့၏ ခါးသီးသောနိုင်ရေး အဖိနှိပ်ခံဘ၀များကို အမေ့နှလုံးသားမှ သန့်စင်သောမေတ္တာဓာတ်ဖြင့် ပိုင်းဖြတ်လွှမ်းခြုံ နိုင်ပါစေသတည်း။ ၀ဲလက် ဖြင့် ထွေးပိုက်၍ ယာလက် ဖြင့် ချော့မြူခဲ့သည့် ပုခက်လွှဲသော မိခင်၏ လက်တို့သည် ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ခိုင်ကျည်သော ပန္နက်ကို လောကဓာတ် တစ်ခွင်လုံး၏ သောင်းတိုက်က ကြားအောင် တူသံပေး၍ ငြိမ်းအေး နိုင်ပါစေသတည်း။ လက်နက်ကိုင်သော မကိုင်သော တောင်တန်းနယ်ရော မြေပြန့်ရော တိုင်းရင်းသားသွေးချင်းတို့သည်လည်း အချုပ်အားဖြင့်ဆိုသော် မြန်မာပြည်ဖွား မိခင်၏ သားများသာဖြစ်ကြ၍ တစ်စိတ်တည်း တစ်ဝမ်းတည်း အလှမ်းလည်းညီညီဖြင့် ခေါင်းဆောင် နှင့်ပြည်သူ ကြည်ဖြူစွာလက်တွဲ၍ အခက်အခဲဟူသမျှ ကင်းစင် ပပျောက် နိုင်ပါစေသတည်း။ နေပြည်တော်သား |
Posted: 13 Apr 2012 10:02 AM PDT အမိမြေရဲ့ အဝေးမှာရောက်ရှိနေကြတဲ့ ရွှေမြန်မာနိုင်ငံသားများ သင်္ကြန်အလွမ်းပြေ SkyNet TV Live ထုတ်လွှင့်ချက်ကို အောက်ပါ http://www.tvunetworks.com/ လင့်ခ် ပေးပို့ပေးတဲ့ ညီငယ် ကောင်းဆုလင်းအား ကျေးဇူးတင်ပါသည်...။ |
Posted: 13 Apr 2012 08:46 AM PDT မြန်မာနိုင်ငံကို ခေတ္တအလည်အပတ် ရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွန်းဟာ ယနေ့ညနေ ၃နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်၌ သွားရောက် တွေ့ဆုံခဲ့ပါတယ်...။ ယနေ့ညပိုင်းမှာလည်း ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်ဝန်ကြီးချုပ်မှ ညစားစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်..။ |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |