သစ်ထူးလွင်
သစ်ထူးလွင်
တိုးလ်ဂိတ်တွေမှာအချိန်တွေကုန်(ကျိုက်ထီးရိုးဘုရားဖူးကားများသတိပြုရန် (ပေးစာ)
Posted: 22 Apr 2012 05:09 AM PDT
ဘုရားကြီးရှိရွှေသံလွင်ဟိုင်းဝေးတိုးလ်ဂိတ်
တိုးလ်ဂိတ်များတွင်စိတ်ညစ်စရာတစ်ခုကတော့  ဂိတ်ကြေးတစ်ခါပေးရဖို့
ယာဉ်တန်အရှည်ကြီးတွင် အကြာကြီး စောင့်ဆိုင်း နေရခြင်းဖြစ်ပါသည်။
ဂိတ်ကြေးပေးဆောင်ရန် ယာဉ်ကြောလေးကြော လုပ်ထားသော်လည်း အလယ်ယာဉ်
ကြောနှစ်ကြောကို အကြောင်းမဲ့ ပိတ်ထားပါ သည်။
နိုင်ငံတော်အကြီးအကဲများအတွက် ဆိုလျှင်လည်း သူတို့က နေ့တိုင်းမဖြတ်သဖြင့်
သူတို့ဖြတ်သည့်အချိန်၊သူတို့လာမည်ဟု သတင်းရသည့်နေ့များမှလွဲ၍
ကျန်အချိန်များ တွင် ဖွင့်ပေးထားခြင်းအားဖြင့်
ပြည်သူများအားလုံးလွယ်ကူလျှင်မြန်စွာဖြင့် လိုရာ ခရီးသို့
မြန်မြန်ရောက်မည် ဖြစ်ပါသည်။ယခုတော့ အလယ်ယာဉ်ကြောနှစ်ကြောကို
အသုံးပြုခွင့်မပေး သည့်အတွက် ခရီသွားများအားလုံး မလိုအပ်ပဲ
အချိန်ကုန်ကြံ့ကြာနေကြရပါသည်။
ထပ်မံ စိတ်ညစ်ရသည်က ဘုရားကြီးရှိရွှေသံလွင်ဟိုင်းဝေးတိုးလ်ဂိတ်တွင်
ဘုရားကြီး-ကျိုက်ထိုလမ်းပိုင်း အတွက် ၉၂၄ကျပ်ကျသည်ကို ၁၀၀၀
တောင်းခြင်းပင်။ယခုကျွန်တော်ပြောနေခြင်းသည် ၇၆ ကျပ် ပိုပေးနေရ
သည့်အတွက်နှမျောသောကြောင့်ပြောနေခြင်းမဟုတ်သည်ကို နားလည်ပေးစေလိုပါသည်။
လမ်းကြေး ကောက်ခံမှု့တွက်ချက်ရာတွင် တစ်မိုင်ကို
၅ကျပ်နှုန်းဖြင့်တွက်ချက်ပြီးကောက်ခံသဖြင့် ၇၄.၈၇၅ မိုင်အတွက်
၃၇၄ကျပ်ကျသင့်ပါသည်။ ယခုလိုအခြေအနေမျိုးတွင် အကြွေအမ်းစရာမလိုပဲ
လမ်းကြေးပေးဆာင်ခြင်း လျှင်မြန်ချောမွေ့ စွာ ပြီးမြောက်စေရန် ၄၀၀ကျပ်ဟု
သတ်မှတ်သင့်ပါသည်။ တံတားကြေးကိုလည်း ၂၀၀ကျပ်သတ်မှတ်သင့်ပါသည်။
မသတ်မှတ်သော်လည်း ကားတိုင်းသည် ၇၆ကျပ်ပိုပေးနေရပါသည်။ ထို့ကြောင့်
ကားတစ်စီးဖြတ်တိုင်း ၀န်ထမ်းတစ်ယောက်သည် ၇၆ကျပ် အပိုငွေရသလိုဖြစ်နေပါသည်။
ထို၇၆ကျပ်သည် တိုးလ်ဂိတ်တွင် တာဝန် ကျနေသော ၀န်ထမ်း၏ အကျင့်စာရိတ္တကို
ပျက်ပြားစေပါသည်။
ယခုရက်ပိုင်းတွင် လေးကြိမ်လောက်ထိုနေရာမှဖြတ်သန်းသွားလာခဲ့သဖြင့်
ကျသင့်ငွေအတိုင်းအတိအကျပေးကြည့်ရာ ပိုက်ဆံကို လက်ခံပါသည်။ သို့သော်
လူထူးလူဆန်းကိုတွေ့သလိုအကြည့်မျိုး၊ လူ့ဂွစာ တစ်ယောက်ကို တွေ့ရသလိုမျိုး
အကြည့်မျိုးဖြင့် ကြည့်ပြီး မှယူပါသည်။ ထို၇၆ကျပ်သည် တိုးလ်ဂိတ်တွင်
တာဝန်ကျနေသော ၀န်ထမ်း၏ အကျင့်စာရိတ္တကို ပျက်ပြားစေသောကြောင့် ထို၇၆ကျပ်
ကို ရွှေသံလွင် ကုမ္ပဏီသို့သာ တရားဝင်ပေးလိုပါသည်။ယခုတော့ ၀န်ထမ်းများသည်
အလွယ်လိုက်ပြီး အမ်းစရာ အကြွေရှိလည်း ပြန်မ အမ်းတော့ပါ။ ipay ဆိုတဲ့
နတ်ပိုက်ဆံကဒ်ဆိုတာ ပေါ်လာပြီးအသုံးတွင်ကျယ်လာလျှင်တော့
အကြွေပြဿနာကြောင့်စိတ်ညစ်ရတာ နဲနဲ လျှော့သွားမည်ထင်ပါသည်။
(ရန်ကုန်က ဘတ်စ်ကားလက်မှတ်ရောင်း(စပါယ်ယာ)
တစ်ချို့လည်းယခုလိုပြုမူနေကြပါသည်။ ၁၅၀ကျပ်ခရီးကို ၂၀၀ကျပ်တန်
ပေးလိုက်လျှင် ပြန်မအမ်းတော့ပါ။ တခြားလူတစ်ယောက်ယောက်က
၅၀ကျပ်တန်ပေးခဲ့လျှင်လည်း ထို၅၀ကျပ်တန်ကို ချက်ချင်း
အိပ်ထောင်ထဲထည့်ဖွက်လိုက်ပြီး လက်ထဲတွင် ၁၀၀ကျပ်တန်ကိုသာ အသေးဆုံး
ထားကိုင်ထားပါသည်။ မယုံလျှင် ဘတ်စ်ကားစီးတိုင်း သတိပြုကြည့်ပါ။
အားလုံးကိုမဆိုလိုပါ။ အများစုက ပြန်မအမ်းလိုကြပါ။ ငွေ၅၀ကျပ်နှင့်
အလွယ်လိုက်ပြီး သူတို့၏ စာရိတ္တပျက်နေ သည်ကို တွေ့ရသည်မှာ နှမျောစရာကောင်း
လှပါသည်။)
နောက်ထပ်စိတ်ညစ်စရာတစ်ခုကတော့ တိုးလ်ဂိတ်တည်နေရာဖြစ်ပါသည်။
ဘုရားကြီး-ကျိုက်ထိုလမ်းပိုင်း အတွက် ဘုရားကြီးအထွက်တွင်
တိုးလ်ဂိတ်တစ်ခုရှိပါသည်။သို့ဖြစ်ပါသောကြောင့်
ဘုရားကြီးနှင့်ကျိုက်ထိုကြား တွင် နောက်ထပ်
တိုးလ်ဂိတ်တစ်ခုရှိရန်မလိုအပ်တော့ပါ။ သို့သော်လည်း ကျိုက်ထိုအ၀င်တွင်
ကျိုက်ထို-သထုံ လမ်းပိုင်းအတွက် လမ်းအသုံးပြုခကောက်ခံသော
တိုလ်းဂိတ်တစ်ခုဆောက်ထားပါသည်။ ကျိုက်ထီးရိုး သို့လာသော
ဘုရားဖူးယာဉ်များကို ရည်ရွှယ်ပြီးဆောက်ထားပုံရပါသည်။
ကျိုက်ထီးရိုးသို့သွားမည့်ကားများသည် ကျိုက်ထို တိုးလ်ဂိတ်တွင်
ယခုလမ်းကြေးအတွက် မရှင်းလင်းသောကြောင့် မေးမြန်းသော်လည်း ၀န်ထမ်းများက
ရေရေလည်လည် ပြန်လည်းမရှင်းပြပဲ မချေမငံဆက်ဆံပါသည်။
ဘုရားကြီးနှင့်ကျိုက်ထိုကြားတွင် ကျိုက်ထို-သထုံလမ်းပိုင်းအတွက် လမ်းကြေး
ကောက်ခံမှု့မှာ ဘယ်လိုမှသဘာဝမကျပါ။
ယခုလို ကျိုက်ထုံ-သထုံလမ်းပိုင်းအတွက် လမ်းအသုံးပြုခကောက်ခံသည့်
တိုးလ်ဂိတ်ကို ဘုရားကြီးနှင့်ကျိုက်ထိုမြို့အကြား ကျိုက်ထိုမြို့
အ၀င်တွင် တည်ဆောက်ထားသဖြင့် ကျိုက်ထိုမြို့နှင့်သထုံမြို့ကြားတွင်
ကျိုက်ထို-သထုံလမ်းပိုင်းအတွက် လမ်းအသုံးပြုခကောက်ခံသည့်
တိုးလ်ဂိတ်မရှိပါ။ သထုံမြို့ နှင့် ကျိုက်ထိုမြို့ အကြားသာသွားလာသော
ကားများအနေနှင့် မည်သည့်လမ်းအသုံးပြုခမှ ပေးဆောင်စရာ မလိုတော့သလို
ဖြစ်နေပါသည်။ သထုံမြို့ နှင့်ကျိုက်ထိုမြို့ အကြားသာ သွားသောကားကလည်း
အလွန့်ကိုနည်းပုံရပါသည်။ အမှန်ဆို လျှင် ကျိုက်ထိုမြို့ နှင့်သထုံမြို့
အကြားတွင်သာ ကျိုက်ထုံ-သထုံလမ်းပိုင်းအတွက်
တိုလ်းဂိတ်ဖွင့်ပြီးကောက်ခံသင့်ပါသည်။ သထုံ-မုတ္တမ လမ်းပိုင်းအတွက်ကိုတော့
သထုံမြို့အထွက်တွင် ကောက်ခံသဖြင့် သဘာဝကျပါသည်။
လမ်းအသုံးပြုသူ ခရီးသွာအများစုက ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီ၏
လမ်းခင်းစနစ်ကောင်းမွန်မှု့ကို ချီးကျူးသဘောကျ ကြပါသည်။ ရွှေသံလွင်
ဟိုင်းဝေးကုမ္ပဏီ မှကောက်ခံသမျှလမ်းဖြတ်သန်းခကိုလည်း
ကြည်ကြည်ဖြူဖြူပေးလိုကြပါသည်။ ယခုစာသည် လည်း ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ၏
အားနည်းချက် တစ်ချို့ကို စေတနာဖြင့်အကြံပေးခြင်းသာဖြစ်ပါသည်။ အထက်ပါ
အချက်များ ကို ပြင်ဆင်လိုက်လျှင် ရန်ကုန်-မော်လမြိုင် မော်တော်ကား
လမ်းခရီးသည် ယခုထက်ပိုပြီး အရမ်းကိုစိတ်ချမ်းသာစရာကောင်းသော 
ခရီးတစ်ခုဖြစ် လာပေလိမ့်မည်။
အုန်းမောင်
တပ်မတော်ရေဦးစီးချုပ်နှင့်ဇနီးတို့၏မတရားမှုများ
Posted: 22 Apr 2012 04:59 AM PDT
တပ်မတော်ရေဦးစီးချုပ်နှင့်ဇနီးတို့၏မတရားမှုများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် သမ္မတကြီးအပါအ၀င် လွှတ်တော်တစ်ခုလုံး နှင့် ပြည်သူများသိစေရန်တင်ပြလိုက်ရပါတယ်။
မိသားစုအရေး-
လက်အောက်တွင်တာဝန်ထမ်းဆောင်နေသောအရာရှိများအနေဖြင့် မိမိတို့၏မိသားစုအရေးကိစ္စများရှိသဖြင့်-၄-၅နှစ်နေမှ ခွင့်တစ်ကြိမ်တောင်းခံလျှင်ပင် ဦးစီးချုပ်ကတော်ထံ ၁၀ပုံး-ပုံး၂၀ထက်မနည်းသောငွေကြေးဖြင့် သွားရောက် တောင်းခံမှခွင့်ပြုပေးပါသည်။ သူမထံ စဉ်ဆက်မပျက်လစဉ် ၁၀ပုံး-ပုံး၂၀ထက်မနည်းဆက်ကြေး ပေးနေသူများကိုတော့ ကြိုက်သလိုခွင့်ပြု အခြေအနေဖန်တီးပေးပါသည်။ လက်အောက်အရာရှိများအနေဖြင့် မိမိဘာသာမိသားစုကြောင့် (သို့) ဈေးကွက် အပြောင်းအလဲကြောင့် ရှေးကငွေအနည်းငယ်ဖြင့်စုဆောင်းထားသော မြေ၊အိမ်များဈေးတက်ပြီး ချမ်းသာ လာသူများကိုလည်း မုဒိတာမပွားနိုင်ဘဲ ၄င်းအိမ်သို့ဆက်ကြေးမပေးလျှင် အာဏာကိုအသုံးချပြီး အလွန်ခက်ခဲသော နေရာဌာန၊ ပြဿနာအဖြစ်နိုင်ဆုံးနေရာများကိုပို့ပြီးဒုက္ခရောက်အောင်လုပ်ပါသည်။ ဦးစီးချုပ် ဖြစ်သူ ကလည်း မိန်းမပြောသည့်အတိုင်းအကုန်လိုက်လုပ်နေသည်မှာထင်ရှားနေပါသည်။ ဒေါ်ခင်အေးမြင့်သည် စစ်သူနာပြုတစ်ဦး ဖြစ်ခဲ့ဘူး သဖြင့် ယခုရေတပ်တွင် စစ်သူနာပြုများကိုယူထားသော အရာရှိများကို အရည်အချင်းရှိရှိ မရှိရှိ ဆီ၊သဘောင်္များနှင့်ဆိုင်သောနေရာများတွင်ရှိပြီးသူများကို အကြောင်းရှာဖယ်ထုတ်ပြီး ၄င်းတို့ကိုနေရာပေးနေပါသည်။ ၄င်းအနီးနေ ဗိုလ်မှူးထက်လျှံဖြိုးဆိုသူ၏ဇနီးမှာလည်းစစ်သူနာပြုဖြစ်ပြီး ဒေါ်ခင်အေးမြင့်အားကိုးဖြင့်မိမိထက်စီနီယာ အရာ၇ှိကြီးများနှင့်ဇနီးများကိုပင် ရိုင်းပြစွာမတူသလို ဆက်ဆံတက်သူဖြစ်ပါသည်။ ၄င်း၏စစ်သူနာပြုသင်တန်းဆင်း ဇနီးများရှိသူ အရာရှိတိုင်းကို ပင်လယ်ပြင်နှင့် ပြည်သူဘဏ္ဍာငွေမှ၇သလောက်စာရင်းလိမ်၊ ဆက်ကြေးကောက် လုပ်နိုင်သော နေရာများကိုပို့ပေးထားပြီး ၄င်းအရာရှိများကလည်းရသမျှအကုန်လုပ်ကာ သဘောင်္ပြင်ဆင်ရေး၊ တပ်ဖွံ့ဖြိုးရေးနှင့် လက်အောက်ငယ်သား ရဲဘော်များအတွက် မဟုတ်ဘဲ မိမိအိပ်ထဲနှင့်ဦးစီးချုပ်အိမ အတွက်ပို့ပေးခြင်းဖြင့် ရေတပ်ကိုခုတုံးလုပ်စားနေကြပါတယ်။ရေတပ်မှာရှိတဲ့အရာရှိထဲက ရာခိုင်နှုန်းအနည်းငယ်သော အရာရှိများနှင့် ဦးစီးချုပ်မိသားစုကတော့ ၄င်းတို့မိသားစုအရေးဆို အချိန်တိုင်းအခွင့်ရလုပ်ဆောင်နေပါတယ်။ သမီးမင်္ဂလာဆောင် ဆိုရင်လည်း နိုင်ငံကြော်မင်းသားနှင့်မင်းသမီးမင်္ဂလာဆောင်ထက်ကြီးကျယ်အောင်လုပ်ခဲ့ပါတယ်၊ သူတို့ရဲ့သားသမီး ကိစ္စဆိုဖျားနာတာကအစသူတို့ရန်ကုန်ဆင်းလာတာပါ။ ခက်ခဲတဲ့နေရာတွေမှာရောက်နေတဲ့ အရာရှိတွေ (အထူးသဖြင့် အိမ်ကို ဆက်ကြေးမပေးနိုင်သူတွေ)အတွက်တော့ တစ်နှစ်နေလို့တစ်ခါ မိသားစုအရေး အလွန်အရေးကြီးရင်တောင် ခွင့်မရကြပါဘူး၊ တောထဲကရန်ကုန်မတက်ရပါဘူး။ တပ်ချုပ်ကြီးပြောတဲ့ တပ်မိသားစု welfare ဆိုတာအဲဒါကိုပြောနေသလို ရေတပ်မှာတော့ဖြစ်နေပါတယ်၊ နောင်လာနောက်သားတွေအတွက် ပေးတဲ့ message ကလည်း မင်းတို့တပ်အတွက်အလုပ်လုပ်ပြီး ရဲဘော်တွေချစ်နေတာရဖို့ထက် မဟုတ်တာအကုန်လုပ် ပိုက်ဆံရသလောက်ရှာပြီး ငါ့သားဇော်ကြီးနဲ့ဆက်သွယ် ငါ့အိမ်ကိုပူဇော်မှ ဆိုတာဖြစ်နေပါတယ်။ ဒီတော့တကယ်တမ်း ဝေးလံတဲ့နေရာတွေမှာ ကာလရှည်တာဝန်ထမ်းဆောင်ရသူများ စိတ်ဓါတ်တွေပျက်ကုန်ပါပြီ။ နာဂစ်ဖြစ်တုန်းက သဘောင်္နစ်တဲ့ အထဲပါသွားတဲ့ ဗိုလ်ကြီးရဲ့ဇနီးက ဒေါ်ခင်အေးမြင့်နဲ့တွေ့ချင်လို့ခွင့်တောင်းတာ မရှိဘူးဘဲငြင်းပြီး ရှောင်တယ်-ကလေးမကခေါင်းဆောင်ကနှစ်သိမ့်တာခံချင်တာပါ၊ အခု၃နှစ်လောက်ကြာပြီးမှ ကောင်မလေးက အလှပြင်ဆိုင်မှာအလုပ်လုပ်နေတာပြန်တွေ့တော့ ဒေါ်ခင်အေးမြင့်ကမေးတယ်တဲ့ ယောကျာင်္းရှာပေးရမလားလို့တဲ့ ကဲဘယ်လိုမျိုး စိတ်ဓါတ်ရှိတဲ့မိန်းမက တပ်မတော်မှာဦးဆောင်နေတဲ့သူ တစ်ဦးရဲ့မိန်းမပါတဲ့လဲ၊ ထိုကလေးမ ဒေါသတွေထွက်တာ လူကြီးမိန်းမမို့လို့ပြန်မပြောလိုက်တာလို့ သိရပါတယ်။ သူသာကိုယ်ချင်းစာတတ်ရင်သူတို့ ငယ်စဉ်ကလည်း အထက်လူကြီးကြောင့်ခံစားရတာတွေရှိခဲ့တာဘဲ၊ သူကိုယ်တိုင်လဲ ယောင်္ကျားလစာနဲ့မလောက်လို့ ဆေးရုံဖိုကြီးမှာ ကလေးတွေလူတန်းစေ့အောင်ရှာကျွေးခဲ့ရတာကို အခု လက်အောက်ငယ်သားတွေရဲ့ဇနီးတွေ အလုပ်လုပ်တာ မကြိုက်ဘူးဆိုဘဲ မှတ်သားလောက်ပါတယ်။
ရာထူးနေရာများ-
ဒုဗိုလ်မှူးကြီးနိုင်မင်းကျော်ကိုလည်း စီမံG-1 နေရာကိုပေး နိုင်ငံတော်ကချပေးတဲ့ ဆီတွေစီမံစာရင်းလိမ်စေပေါ့၊ ဒီတော့နိုင်မင်းကျော်နဲ့သူမိန်းမကလည်း လက်ခမောင်းခတ် မိမိထက်စီနီယာများပင် သူတို့ကို အရိုအသေပေးရမလို မတူသလိုမတန်သလို ဆက်ဆံပေါ့၊ ဒုဗိုလ်မှူးကြီးကျော်ရွှေထွန်းဆိုတာကိုက တာဝန် G-1 အဖြစ်ထား ဒေါ်ခင်အေးမြင့်က သူ့အိမ်ကိုဆက်ကြေးပေးသူကို နေရာဌာနရာထူးတင်ခိုင်းပေါ့၊ ပြီးမှ ဦးစီးချုပ်က မကျေနပ်လို့မေးသူရှိရင် ဒီကောင်တွေငါခရီးသွားနေတုန်းဘယ်လိုလုပ်လိုက်တာလဲဆိုပြီး မသိချင်ရောင်ဆောင်၊ သူမသိဘဲရာထူးနေရာတွေ အပြောင်းအရွှေ့တွေလုပ်လို့ရပါ့မလားအရပ်ကတို့ရေ။ အခုဆိုလည်းကြည့် NTC တက်ဖို့ ရေတပ်မှာ လက်အောက် ငယ်သားတွေကကြီုက်တဲ့လူတွေ ဘာပြစ်မှုမလည်းမရှိဘဲ ပေးစရာနေရာ တွေရှိတာကို တမင်ချန်ထားပြီး လုပ်ချင်သလိုလုပ် ပြီးတော့မှ ကကထူးကလုပ်တာဆိုပြီး လွှဲချလိုက်တာ လွယ်လွယ်လေးပေါ့။ လူတွေအပြစ်မကင်းတာ မှန်တယ်၊ အပြစ်ကဘယ်လောက်ကြီးလဲ၊ ဘယ်သူကိုထိခိုက်တာလဲ-တပ်မတော်ကြီးကိုထိသွားလားဆိုတာမဟုတ်ဘဲ၊ ဘာမှမကြီးကျယ်တာတွေကိုတော့ အပြစ်လို့ပြောတယ်၊ ဒီလိုဆို အခု NTC တက်ဖို့ပါသွားတဲ့ ကျော်ကျော်ဦးဆိုတဲ့လူဆိုရင် ကကထောက်မှာ Q-1 ဆိုတာလုပ်နေတာအိုသေတော့မှာ သူကိုတော့ ဗိုလ်မှူးကြီးမပါပါအောင်အတင်းကို-၃ကြိမ်၃ခါဆွဲတင်တယ်၊ ကျော်ကျော်ဦးမိန်းမက ဆံပင်အနီရောင်ဆိုးဘောင်းဘီတို ၀တ်ပြီးလမ်းသလားနေတာ တပ်ရဲ့စည်းကော်ဆိုတာ လာချင်မှလာတာ ကိစ္စမဟုတ်ဘူး၊ ဦးစီးချုပ်ရဲ့ ရန်ကုန်က-၃ထပ်တိုက်ကြီးဆောက်တာခလုတ်နှိပ်ပေးတယ်လေ၊ လစဉ်ဆက်ကြေးပို့တယ်လေ၊ အခြားအရာရှိတွေ ရဲ့မိန်းမတွေက အမျိုးသားလစာမလုံလောက်လို့ မိမိပညာနဲ့ လုပ်ငန်းခွင်ဝင် စီးပွားေ၇းလုပ် သားသမီးတွေ လူတန်းစေ့ဖို့လုပ်နေတဲ့ ကြားကတတ်နိုင်သလောက် သူတို့ယောင်္ကျားတွေရှိတဲ့အဝေးကိုသွားချည်လာလှည့်နဲ့ တပ်အလုပ်တွေလုပ်နိုင် သလောက်အားဖြည့်တာ အမှား အနည်းငယ်ရှိတာနဲ့ အပြစ်ဖြစ်တယ်၊ တပ်မတော်မှာတာဝန်ခန့်ထားတာ ယောင်္ကျားကိုပါ၊ မိန်းမတွေကပါရမီ ဖြည့်ဖက် ဖြစ်ရမယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကတော် ဒေါ်ခင်ကြည်လိုလား အခုခေတ်ဖြစ်နေသလို ဦးစီးချုပ်အိမ်မှာအ၀တ်ခေါက် ငွေပို့သူ့အိမ်ကိစ္စ လုပ်ပေးလားဆိုတာသိချင်ပါတယ်။ နောက်လာ နောက်သားတွေ အတွက် ပေးတဲ့message ကတော့ ယောကျာင်္းရာထူးတက်ချင်ရင် ဦးစီးချုပ်ကတော်ဆီမှာ ဖင်ဘူးတောင်း သွားထောင်၊ ယောကျာင်္းကို မဟုတ်တာအကုန်လုပ်ဖို့တိုက်တွန်း တပ်ကို ဟန်ပြထုံးသုတ်လုပ်၊ ဦးစီးချုပ်အိမ်ဆက်သ ဘာလို့လဲဆိုတော့ အဲဒီလိုမလုပ်ရင် ရဲဘော်ကဘဲချစ်မှာ ရာထူးမရဘူး တပ်ပြုပြင်တာ လူကြီးတွေအမြင်ကောင်း အောင် လုပ်ရင်ရပြီ ရှာသမျှငွေကိုယ့်အိပ်ထဲရယ် ဦးစီးချုပ်ရယ်ခွဲပေးလိုက်။ တကယ်ပြောတာ-ရေတပ်မှာ ရဲဘော်တွေလဲပြဿနာမရှာ၊ ပျော်အောင်လုပ်ပေးတယ်၊ အရာရှိငယ်တွေကိုလည်း မျှတတယ်၊ သူနဲ့နေတဲ့လူကြီးတိုင်းလဲအမှတ်တွေရအောင်သူဘဲလုပ်ရတာ၊ သူ့မိန်းမကလည်း ဘယ်သူကိုမှအဆင့်အတန်းမခွဲဘူး၊ သူတို့ရာထူးမရဘူး၊ လူတိုင်း စိတ်မကောင်းကြဘူး၊ ဒါတောင်အဲဒီလူက သူ့တို့ကိုရာထူး တစ်နေရာတော့ပေးမှာပါလို့ထင်နေတုန်း၊ သူတို့ဘာမှမဟုတ်တာ မလုပ်ထားဘူး၊ သူတို့တာဝန်သူကျေတယ်၊ လူကြီးတွေကဒီလိုမဟုတ်ဘူးလို့ထင်နေတယ်၊ ဒီလူတွေတော်ပေမယ့်ရိုးလွန်းတော့ အတယ်လို့ ပြောရတော့မယ်၊ သူတို့ကိုကျော်ပြီး နိုင်မင်းကျော်တို့ ကျော်ရွှေထွန်းတို့ရသွားမှာ၊ ခင်များအလုပ်မှာတော်တာဘာလုပ်မှာလဲ ခင်များဘာမှမပေးဘဲနဲ့၊ သူလိုဖြစ်တာသူတစ်ယောက်ထဲမဟုတ်ဘူး၊ ယခင်တပ်ကထွက်သွားသူတွေမှာကော ယခုလက်ရှိ ရာထူး အတိုးမခံရသူတွေထဲမှာပါ အများကြီးဘဲ ကဲအရပ်ကတို့ ဘယ်လိုလုပ်မလဲ တပ်တွင်းစည်းရုံးရေး လို့ပြောတယ်၊ ထိပ်ဆုံးကစပြီးမျှတမှုမရှိဘဲ သွေးခွဲအုပ်ချုပ်တယ်၊ ဘယ်လိုစည်းရုံးရေး လုပ်မှာလဲ၊ သေချာတာက မယုံရင် အခု NLD ကို တစ်နိုင်ငံလုံးမဲရွေးခိုင်း တပ်တွေရှိတဲ့နေရာတိုင်း လွပ်လပ်စွာမဲပေးခိုင်း NLD နိုင်လိမ့်မယ် ဘာလို့လဲ သူဘာမှလုပ်မပေးနိုင်ပေမဲ့ အခုလက်ရှိ အာဏာရှင်လိုဖြစ်နေတာကို အခွင့်ထူးခံရတဲ့ ၂၀%ကသာပျော်နေတာ ကျန်တာတွေက ရင်ထဲမှာနာနေကြပြီ၊ အမြန်ပြင်ဖို့အချိန်ရပါသေးတယ်။ တပ်ကနေအချိန်မကျသေးဘဲ ထွက်သွားရသူတွေဆိုလည်း ဒီဦးစီးချုပ် လက်ထက်မှာအလွန်ဒုက္ခရောက်ပါတယ်၊ ဘာမှကိုပြန်မကြည့်ပေးတာပါ၊ သူတို့မှာပြစ်မှုအကြီးကြီး တွေရှိတာလဲမဟုတ်၊ ရာထူးတိုးမပေးချင်တာ အောက်က အငယ်ကို နေရာပေးချင်တာနဲ့ စိတ်ဓါတ်ကျအောင် လုပ်တယ်၊ ဟိုးရှေးက ဦးစီးချုပ်တွေဆိုရင် ကိုယ့်ဆီမှာ သူရာထူးတက်ဖို့နေရာမရှိရင် ဘာလုပ်ချင်လဲမေးတယ်၊ အရပ်ဖက်ပြောင်းချင်ရင်၊ သင့်တော်မဲ့ဝန်ကြီးဌာနကို ချိတ်ပြီး သူနဲ့ဘယ်လိုနေရာဆို ကိုက်ညီမယ်ဆိုတာ စဉ်စားပေးတယ်၊ အခုဦးစီးချုပ်က ခွေးသေ၀က်သေ လွှင့်ပစ်သလို ပစ်လိုက်တာ ကိုယ့်ဘာသာရှာစားဘဲ၊ ငယ်စဉ်ကဒီအိမ်ကိုဝင်နေကျမို့ အိမ်သွားပြီးနေစရာအိမ်မရှိ ကလေးကျောင်းစရိတ် လိုနေတာကို သွားပြောပြတာတောင် မုန့်ဖိုးတစ်သောင်း နှစ်သောင်းပေးလိုက်တယ် နောက်တစ်ခါတွေ့တော့ဘူး၊ သူမ၀တ်တဲ့သူ့ကို လာကန်တော့တဲ့ ချိတ်လုံခြည်တစ်ထည်တောင်သိန်းချီပါတယ်၊ အဲဒီလိုလက်အောက်ငယ်သားများကို တရားမျှတစွာကြည့်ရှုနေလို့ ရေတပ်ကြီးပျက်သထက်ပျက်တော့မှာဘာမှမလုပ်ကြတော့ဘူးလား။
ကျုပ်မှာ ဒီဦးစီးချုပ် ရဲ့ အိမ်ကို ဘယ်သဘောင်္က လစဉ် ဘယ်လောက် ဘယ်သူကဘာတွေလုပ်ပေးတယ်၊ အလားလာရှိတဲ့ ဌာနချုပ်တွေမှာ မြေတွေကို ဦးဥာဏ်ထွန်း အမည်နဲ့ယူထားတယ်ဆိုတာ စာရင်းလုပ်ထားတယ်၊နိုင်ငံတကာစစ်တရားရုံးပါ ဒီကိစ္စတွေ ဘာသာပြန် တင်ပြပေးနိုင်ဖို့ ပြင်ထားပါတယ်။ သူနေရာပေးထားတဲ့ဌာနချုပ်မှူးတွေက ဘယ်လောက် မှန်ကန်ခဲ့ကြသူတွေ ဆိုတာလည်းတင်ပြချင်ပါတယ်-သဘောင်္ကဆီ-၃၀၀၀ ရောင်းယူပြီးသင်တန်းတက်ခဲ့တဲ့သူ နဲ့ ယိုးဒယားငါးဖမ်းလှေတွေကို ရောင်းစားပြစ်ပြီး ချမ်းသာတဲ့သူတွေနဲ့ပါ၊ သေချာချင်ရင် အ၇ပ်ဖက်ထောက်လှမ်းရေးတွေနဲ့ လိုက်စုံစမ်းလိုက်ပါ ဒီစာရေးတဲ့သူကိုရှာပြီး ဖမ်းတာကအနောပေါ်တုတ်ကျ မဟုတ်တာတွေဆက်လုပ်နေတာ အားပေးခြင်း တစ်ခုပါဘဲ။နမူနာတစ်ခုပြောမယ်-ဒုဗိုလ်မှူးကြီးခင်ဇော်သိန်းဆိုတာ အခု ရေယာဉ်စု-၃၆ မှာတာဝန်ပေးထားပြီးအနီးကပ် ဦးစီးချုပ်အိမ်ကိုလစဉ် ပ့ါပိုးဖို့ထားပေးထားတာ၊သူဆိုဒုဗိုလ်မှူးကြီးဖြစ်ဖို့ အရမ်းနောက်ကျကျန်ခဲ့တာ ဦးစီးချုပ်အိမ်ဆောက်တာ landscaping လုပ်ပေးလိုက်တယ်၊ ဦးစီးချုပ်သားဇော်ကြီးလိုချင်တဲ့ ကားတစ်စီးဝယ်ပေးလိုက်တယ်၊ ဘာမှမဆိုင်ဘဲ အဲဒီအချိန်က ခင်ဇော်သိန်းကို ၅၅၃ရေယာဉ်နဲ့ အောက်ဖက်လို့ခေါ်တဲ့ တနင်္သာရီတိုင်းဖက်လွှတ်ပြီး ငါးဖမ်းလှေတွေကို ဓါးပြတိုက်ခိုင်းပြီး ဒုဗိုလ်မှူးကြီးပေးလိုက်ပြီး အခုရေယာဉ်စု-၃၆မှာထားပေးပြီးဆက်ကြေးဆက်ကောက်တာပေါ့။
အဲဒီလိုမတရားတွေလုပ် ကြည်းနဲ့လေမှာတောင် သူ့အစဉ်အတိုင်းရာထူးပေးရမယ့်လူတွေကိုတင်ပေးတယ် တကယ်အပြစ်ကြီးကြီးမားမားရှိမှကျန်ခဲ့တာ၊ ရေတပ်ကတော့ အိမ်ကိုအများဆုံးပေးတဲ့သူကို အစဉ်အလာတွေကျော်ပြီး လုပ်နေတယ်၊ အပြစ်မရှိလဲကျန်ခဲ့ဘဲ၊ အလိုက်မသိဘူးဆိုတဲ့ပုဒ်မကတော်တော်ကြီးတဲ့ တပ်မတော်တိုးတက်ရေး နဲ့ဆိုင်တဲ့ပုဒ်မဆိုတော့ ရေလဲသုံးပြီးလုပ်နေတာပါ။ နိုင်ငံရေးပြစ်မှု၊ တပ်မတော်ဘဏ္ဍာငွေနဲ့ ပစ္စည်းတွေ အလွဲသုံးစားလုပ်မှုကတော့ ပြစ်မှုမဖြစ်ဘူးဖြစ်နေတယ်၊ တရားကိုနတ်မစောင့်ဘူး၊ ရေတပ်မှာဦးစီးချုပ်ကတော် စောင့်ပါတယ်။ နောင်တက်လာမဲ့သူတွေကတော့ သူ့ထက်သာမသာကိုစောင့်ကြည့်ရတော့မှာပေါ့။ သူတို့လဲမဟုတ်တာ လုပ်ပေးပြီးတက်လာတာဆိုရင် ကိုယ့်အလှည့်လဲဒါမျိုးလုပ်ပြီး ကိုယ်ပေးထားတာပြန်ရအောင် လုပ်မယ်ဆိုတဲ့ သူတွေဘဲဖြစ်လာမှာပါ။ နမူနာကောင်းတွေခေါင်းဆောင်ကလုပ်ပြတော့နောက်ကလိုက်လုပ်တာပေါ့ မဆန်းပါဘူး။ ကြည်း၊ရေ၊လေထဲမှာ ရေတပ်ဟာစည်းလုံးမှုမရှိဆုံးပါ၊ Senior ကလည်း junior ထဲကလက်အောက်ငယ်သား ချစ်တဲ့သူဆို နှိပ်ကွပ်မယ်၊ junior တွေကလည်းဦးစီးချုပ်နဲ့ပိုင်တယ်ဆိုရင် senior တွေကို လုံးဝမရိုသေ မိုက်ရိုင်းသေးတယ်၊ ကြောက်လို့ငြိမ်နေကြပြီး အထဲမှာမြုံနေတဲ့အနာတွေဖြစ်နေတာ၊ တစ်ယောက်ကိုတစ်ယောက် နင်းချဖို့ဘဲချောင်းနေတယ်၊ ဘယ်ရာထူးနေရာက ငွေအများဆုံးဝင်အောင်လုပ်လို့ရတဲ့နေရာလဲ ဆိုပြီးလုဖို့ စောင်နေတယ်၊ ဥပမာ-ရခိုင်ပြည်နယ်လိုမျိုးဘာမှမရတဲ့နေရာဆို အလုပ်လုပ်ခိုင်းဖို့လူတွေကို လွှတ်လိုက်တယ်၊ ရာထူးပေးမယ်ဆို ချန်ထားလိုက်တယ်၊ ဦးစီးချုပ်အနားက အိမ်ကိုပံ့ပိုးသူများ ရခိုင်ပြည်နယ်ဆိုတာ ဘာလဲလို့မေးရမှာပါ၊ မြေပုံထဲမှာမြင်ဘူးတယ်ပေါ့၊ ယခင်ဦးစီးချုပ်များလက်ထက်မှာ ဒါမျိုးအဖြစ်တွေလုံးဝမရှိခဲ့ပါဘူး၊ ဦးစီးချုပ်ဟောင်းများရဲ့ ကတော်များမှားလည်းဒီလိုအမည်မပျက်ကြပါ၊ ယခုလက်ထက်ဟာ ရေတပ်မှာအပျက်စီးဆုံးကာလကိုစတင်တာပါဘဲ၊ ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာထက် ဒီထက်ပိုပျက်ဖို့ဘဲ အရှက်မရှိ သူတို့ထိပ်ဆုံးက ပဒေသရာဇ်လို လုပ်ချင်ရာ လုပ်နေတာပါ။
ကျုပ်ကတော့မနေနိုင်လို့ရေးလိုက်တယ်၊ ဒီမိုကရေစီစနစ်ကိုကူးပြောင်းရင်၊ တပ်မတော်မှာလည်း အကျင့်တွေ ပြောင်းရတော့မယ်၊ တပ်မတော်ကိုလူတွေ ၁၉၉၀နောက်ပိုင်းမှ မုန်းကုန်တာဘာကြောင့်လဲ ပြန်စဉ်းစားပါ။ တပ်မတော်ဆိုတာနိုင်ငံတစ်ခုမှာရှိသင့်တာမှန်တယ်၊ သူကဘယ်နေရာကနေမှာလည်း၊ ဘယ်လိုမှန်ကန်သင့်လည်း၊ တပ်ပြင်စည်းရုံးရေးပြောတယ်၊ အရာရှိတွေအရာရှိကတော်တွေက ကိုယ့်ကိုယ်ကို အခြားလူတွေနဲ့ မတူတဲ့လူတန်းစားလို နေတယ်ပြောတယ်၊ ချမ်းသာတာကိုလူတွေဘာမှမပြောဘူး၊ လွန်လွန်ကဲကဲချမ်းသာနေတာ နဲ့ လူတွေကိုတန်းတူ မဆက်ဆံတာကြောင့် လူထုနဲ့ကွဲသွားရခြင်းဆိုတာမမြင်သေးဘူးလား။ ကိုယ်ကဘယ်ကလာတာလဲ လူထဲကလာတာဘဲ။ ကိုယ့်ကိုအခြားသူတွေဆက်ဆံစေချင်သလို ကိုယ်လည်းအခြားသူတွေကိုပြန်ဆက်ဆံရမှာပေါ့၊ တပ်မှာ အမိန့်ပေးတာမှန်တယ်၊ ရပ်ရွာထဲကလူထုက တပ်မတော်ကမဟုတ်ဘူး သူတို့နဲ့ကဆွေးနွေးပြီး လုပ်ဆောင်ရမှာ။ မြန်မာတပ်မတော် အမှန်တကယ်ပြည်သူချစ်တာခံရမဲ့တပ်မတော်ပြန်ဖြစ်ပါစေ၊ ဒီတိုင်းဆက်သွားရင်တော့ ပြည်သူမုန်းတဲ့ တပ်မတော်ကြီးဖြစ်သွားမှာပါ်။ မိမိလူတွေကို အခြားသူတွေ ဖြစ်အောင်လုပ်တာ သိပ်တော်တဲ့ ခေါင်းဆောင်တွေ အကျင့်အရင်ပြင်ပါ။ ကိုယ့်လူတွေကတောင်ကိုယ့်ကို မုန်းလာပြီဆိုရင် အခြားသူကကိုယ့်ကို ချစ်နိုင်မှာလား။ သူတို့လိပ်ပြာသန့်နေတာအံ့ပါရဲ့။
ဒီစာကိုဒေါ်အောင်ဆန်းစုကြည်လဲဖတ်ဖြစ်မယ်ဆိုရင်၊ ဖခင်ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့တပ်မတော် ပြန်စုစည်းဖို့ အကြံပြုပေးပါဦး၊ လူတစ်စုကြောင့်တပ်မတော်မှာအခက်တွေ့တာပါ၊ တပ်မတော်ကိုတပ်မတော်လိုဘဲ ချစ်လို့ နေချင်လို့တပ်မတော်သားလုပ်နေသူတွေ အများကြီးရှိပါသေးတယ်။ ထပ်ပြီးသွေးကွဲတာတွေမဖြစ်စေချင်လို့ပါ။ လူမှန်နေရာမှန်တွေရှိစေဖို့ တပ်မတော်စည်းလုံးရေးကို တကယ်လုပ်နိုင်မဲ့သူတွေခေါင်းဆောင်ဖြစ်ပါစေ။
ရဲရန်အောင်
ဥပဒေဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဦးဥာဏ်ဝင်း နှင့် မေးမြန်းချက် (ရုပ်/သံ)
Posted: 22 Apr 2012 04:26 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရ ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်တက်ရောက်နိုင်ဖို့ ဥပဒေဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဥပဒေအကြံပြုလွှာတစ်စောင်ကို သမတအပါအ၀င် တာဝန်ရှိသူတွေကို ဧပြီ ၂၁ ရက်နေ့က ထပ်မံပေးပို့လိုက်ပါတယ်။ ဒီအကြောင်းကို ဒီဗွီဘီ သတင်းထောက် ဦးအံ့ဘုန်းမြတ်က ရန်ကုန်ကနေ သတင်းပေးပို့ ထားပါတယ်။
လွှတ်တော်သို့ သွားရေက်နိုင်မည့်အခြေအနေကို စောင့်ဆိုင်းနေ ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Posted: 22 Apr 2012 04:09 AM PDT
ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီ အထိ  NLD ရုံးချုပ်တွင် ပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင်ဒေါ်အောင်ဆန်းစုကြည်အား စောင့်ဆိုင်းနေသော ပြည်တွင်းပြည်ပမီဒီယာများထဲမှ လွှတ်တော်ကိစ္စနှင့်ပတ်သတ်၍မေးမြန်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က `လွှတ်တော်သို့သွားနိုင်မယ့် အချိန်ကိုစောင့်နေပါတယ်´ဟုသာပြောဆိုပြီး ထွက်ခွာသွားသည်။
နောင်တော်လေး (Hot News)
မီးဘေးသင့်ဟေမ၀န်ဈေးမူလအတိုင်းဈေးရုံများ ပြန်လည်တည်ဆောက်ပေး
Posted: 22 Apr 2012 04:04 AM PDT
ရန်ကုန်တိုင်းဒေသကြီး၊တောင် ဥက္ကလာပမြို့နယ်ဟေမ၀န်ဈေးသည် ၂၀၁၂-ခုနှစ်ဧပြီ(၁၀)ရက်နံနက်    ၁း၂၀နာရီတွင်မီးဘေးသင့်ခဲ့ရာပျက် စီးသွားသောဈေးရုံများကိုမူလနေ     ရာ၊မူလပေအကျယ်အတိုင်းပြန် လည်ဆောက်လုပ်လျက်ရှိသဖြင့် အခွန်ထမ်းဈေးသူဈေးသားနှင့်အများ ပြည်သူတို့အဆင်ပြေစွာပြန်လည် ရောင်းဝယ်ကြရမည်ဖြစ်ကြောင်း သိရသည်။
မီးလောင်၍ပျက်စီးဆုံးရှုံးသွား သောဆိုင်ခန်းပေါင်း၈၉၃-ခန်းကို    ဈေးသူဈေးသားတို့၏ဆန္ဒအတိုင်း မူလဈေးရုံတွင်မူလနေရာ၊မူလပေ အကျယ်အတိုင်းပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ဘတ်ဂျက် ဖြင့်အကုန်အကျခံလျက်စည်ပင်  သာယာအင်ဂျင်နီယာဌာနခွဲမှူး ဦးသန်းထွန်းအားတာဝန်ပေးဆောက် လုပ်လျက်ရှိသည်။မူလဈေးရုံများ ကိုအမြန်တည်ဆောက်လျက်ရှိရာ ဇွန်လလယ်ခန့်တွင်ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်မည်ဟုမျှော် မှန်းထားကြောင်းဈေးတာဝန်ခံ      ဦးခင်မောင်ဝင်းထံမှသိရသည်။
ဈေးရုံများပြန်လည်တည် ဆောက်ရာတွင်ဈေးရုံကြီးများ၏ မူလပုံစံအကျယ်အ၀န်း၊အုတ်မြစ်  များ၏တိုင်နေရာအတိုင်းတည် ဆောက်ထားပြီးတစ်ဝက်တစ်ပျက်၊ တစ်စိတ်တစ်ပိုင်းလောင်ကျွမ်းခံရ သောဈေးရုံများကိုမူလသစ်သား ထည်အတိုင်းအစားထိုးပြုပြင်ဆောက် လုပ်နေပြီးဈေးရုံတစ်ရုံလုံးလောင် ကျွမ်းခဲ့သောရုံများကိုမူသံမဏိအမာ ထည်တိုင်နှင့်ယက်မများအသုံးပြု ၍မူလခေါင်ထက်နှစ်ပေခန့်မြှင့်၍ ဆောက်လုပ်နေသည်ကိုတွေ့ရှိရ သည်။ထို့ပြင်ဈေးဆိုင်ရှင်များ၏ ရောင်းချသောကုန်ပစ္စည်းများလုံ ခြုံစွာသိမ်းဆည်းနိုင်ရန်ဈေးခုံ၊အခင်း အကာစသည်တို့ကိုဆိုင်ရှင်၏အစီ အစဉ်ဖြင့်မိမိစိတ်ကြိုက်လုပ်ဆောင် ခွင့်ပေးထားကြောင်းလည်းဦးခင်မောင် ၀င်းမှဆက်လက်ပြောကြားခဲ့သည်။  
 ဟေမ၀န်ဈေးကိုတောင်ဥက္ကလာမြို့နယ်၏တိုင်းအားကစားကွင်း၊ ပဒေသာရုပ်ရှင်ရုံတို့နှင့်နီးကပ်စွာ တည်ရှိပြီး၁၉၆၀-ခုနှစ်တွင်စတင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ဈေးရုံအမျိုးမျိုးရှိပြီးဆိုင်ခန်းပေါင်း ၁၂၀၀-ခန့်ရှိရာအထည်အလိပ် သီးသန့်ရောင်းချသောဆိုင်ခန်း၇၅၅ ခန်းပါဝင်သဖြင့်တစ်ချိန်ကရန်ကုန် မြို့၏အထည်အလိပ်ဖြန့်ချီရာအဓိ ကနှင့်အထူးစည်ကားသောဈေးကြီး ဖြစ်ခဲ့သည်။
မိုးမြင့်ဆွေ (Hot News)
ကျမ်းသစ္စာဆိုရမည့် စာသားပြုပြင်ပြီးမှသာ NLD လွှတ်တော်တက်မည်ဟုဆို
Posted: 22 Apr 2012 04:00 AM PDT
 ကြားဖြတ်ရွေးကောက်ပွဲတွင် ရာခိုင်နှုန်းအများစု အနိုင်ရထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား ၄ ပါ ကျမ်းသစ္စာဆိုရမည့် စာသား ပြုပြင်ပြီးမှသာ လွှတ်တော် တက်ရောက်နိုင်ဖွယ် ရှိကြောင်း အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က ပြောကြားသည်။"ခုချိန်ထိတော့ သွားဖို့ မရှိသေးဘူး။ တာဝန်ရှိတဲ့သူတွေနဲ့တော့ အချိန်နဲ့အမျှ ညှိနေတယ်။ မပြင်ပေးလို့တော့ မရဘူး ထင်တယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။
နေပြည်တော်၌ ဧပြီလ ၂၃ ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် မတက်ရောက်ရန် ရာခိုင်နှုန်း ပိုများကြောင်း NLD ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ဧပြီလ ၂ဝရက်နေ့က NLD ရုံးချုပ်တွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သင်တန်းတွင် ပြောကြားခဲ့သည်။
"ကျွန်မတို့က လွှတ်တော်ကို Boycott လုပ်တာ မဟုတ်ပါဘူး" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညနေ သုံးနာရီအချိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
NLD ကိုယ်စားလှယ်များ ကျမ်းသစ္စာဆိုရမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား ၄ ပါ ကျမ်းသစ္စာ ဆိုချက် ပုံစံတွင် ဖော်ပြပါရှိသော "နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည်" ဆိုသည့် စကားရပ်အစား "လေးစားလိုက်နာပါမည်" ဟု ပြင်ဆင်ရန် အဆိုပါပါတီက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
NLD ပါတီ ပြင်ဆင်စေလိုသည့် အချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များ ဖြစ်နေသဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှု ရှိမှသာ ပြင်ဆင်နိုင်ဖွယ် ရှိပြီး အဆိုပါ အချက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ပြီး ကတည်းက တစ်ပါတည်း ပြင်ဆင်ပေးရမည့် အချက်ဖြစ်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။
The Voice Weekly
ပြည်မြို့ သင်္ကြန်ရက်အတွင်း NLD ယိမ်းကား
Posted: 22 Apr 2012 04:00 AM PDT
ပြည်မြို့ ပြည်သူ၊ပြည်သားတွေကလဲ လက်ခုပ်တွေတီးပြီးအားပေးကြတဲ.မြင်ကွင်းတွေ တွေ.ခဲ.ရပါတယ်အကို။ အရမ်းလဲအားရကျေနပ်မိပါတယ်။ ဒါပေမဲ.တစ်ခုအကြံလေးပေးချင်တာကတော. ယိမ်းကားလာတဲ.လမ်းကြောင်းမှာ လုံခြုံရေးတာဝန်ယူပေးကြတဲ. ညီအကို၊မောင်နှမတွေဟာ လမ်းပိတ်ဆိုမှူဖြစ်ပေါ်နေချိန်မှာ အပြုံးလေးတွေ၊ ယဉ်ယဉ်ကျေးကျေးလေး ပိုပြီးဆက်ဆံမယ်ဆိုရင် ပြည်သူတွေ အတွက် ပိုပြီး အားရကျေနပ်စေမယ်လို.ထင်ပါတယ်ခင်ဗျ။ ဝေဖန်တာမဟုတ်ပါဘူး၊ ကျွန်တော်ချစ်တဲ.ပါတီကို သူများမျက်စိဆံပင်မွှေးမစူးအောင်လို. ဝေဖန်အကြံပေးချင်တာပါ။
ပြေလင်းဆက်
Myanmar News Now
လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေဆိုင်ရာ သင်တန်းနောက်ဆုံးနေ့ကျင်းပ
Posted: 22 Apr 2012 05:16 AM PDT
ယနေ့ ပြုလုပ်သော NLD ဥပဒေသင်တန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဌာနချုပ်)ရုံးခန်းတွင်ပြုလုပ်နေသော ဥပဒေသင်တန်းကို
 ယနေ့ ၂၂၊၄၊၂၀၁၂ တွင် နံနက် ၁၀နာရီမှ ၁၂ နာရီအထိ ဦးမျိုးရန်နောင်သိန်းမှဆွေးနွေးခဲ့ပြီး ၁၂နာရီမှ နေ့လည်၁ နာရီအထိ ခတ္တရပ်နားခဲ့ပါတယ်။
 ၁နာရီတွင် သင်တန်းပြန်လည်စတင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သော 
ဦးအောင်ကြည်ညွှန့် မှ လယ်ယာမြေ ဥပဒေနှင့် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးဥပဒေများကို ဆွေးနွေးခဲ့ကာ နေ့လည် ၃နာရီတွင် အခမ်းအနား
ပြီးဆုံးခဲ့ပါသည်။
D-Wave (ဒီလှိုင်း)
ကြို့ပင်ကောက်မြို့မှာ ယခုနွေရာသီမှာ ရေအလွန်ရှားနေ
Posted: 22 Apr 2012 03:05 AM PDT
လူကြီးမင်းများခင်ဗျာ....
ကျွန်တော်တို့..ကြို့ပင်ကောက်မြို့မှာ ယခုနွေရာသီမှာ ရေအလွန်ရှားနေပါတယ်..
စည်ပင်ကလဲရေမပေးနိုင်တာ..နှစ်ချီနေပါပြီ..မြို့အရှေ့ခြမ်းကတော့..ဆည်ရေရလို့အဆင်ပြေကြပါတယ်.
အနောက်ခြမ်းကတော့ဆည်ရေမရောက်လို့..ရေရှားပါတယ်
စည်ပင်ရေကလဲ..မလာတော့ပြည်သူတွေရေခက်ခဲနေပါတယ်..
အဲဒါနဲ့စည်ပင်မှာစုံစမ်းလိုက်တော့.အဖြစ်မှန်သိရပါတယ်..
အရင်ကမီးမလာလို့ရေမပေးနိုင်တာ..နားလည်ပါတယ်..ခုမီးလဲမှန်...မီးအားလဲပြည့်ဆိုတော့.
အဲဒါတောင်ရေမပေးတာ..နှစ်ချီနေပါပြီ..
ရေခွန်လဲလာမကောက်နိုင်တော့ပါဘူး....ရေမီတာနဲ့ဆိုတော့..ကောက်မရတော့ဘူးဖြစ်နေတယ်သိရပါတယ်..
အဲဒီတော့..ရေခွန်ဘတ်ဂျတ်မပြည့်လို့..အထက်ရုံးက..လူကြီးတွေက...ထုချေလွာတောင်းခံရမှာစိုးလို့
စည်ပင်အင်ဂျင်နိယာနဲ့အရာရှိတွေ .ရေခွန်ဖိုးစိုက်ပြီးဆောင်လိုက်ကြလို့...အဆင်ပြေသွားတယ်သိရပါတယ်..
အဲဒီတော့ပြောချင်တာက..လူကြီးမင်းတို့တိုင်းအဆင့်ကလဲ..အောက်ခြေမှာရေပေးနိုင်/မပေးနိုင် စစ်ဆေးပေးပါ..
ရေခွန်ပြည့်တိုင်း ရေပေးနေတယ်..ထင်နေယင်..မဟုတ်သေးဘူး..
အဲတော့.....အခွန်ပြည့်ဖို့ချည်းလဲ..မကြီးကြပ်ပါနဲ့..
ရေတကယ်ပေးနိုင်အောင်လဲ..ကြီးကြပ်ပေးပါ..
စည်ပင်ဝန်ထမ်းဟောင်းတစ်ဦးပြောသလို.....ရေပေးတဲ့ပြန်တမ်းမှတော့... နေ့တိုင်းရေပေးပါတယ်....
မြေပြင်မှာသာမရောက်တာပါတဲ့..ကြည့်လဲလုပ်ကြပါဦး..လူကြီးမင်းတို့.
ဟိုးအရင်နှစ်ကလဲ...မြေမြုတ်ပန့်တပ်တယ်တဲ့၊ပြီးတော့...မီးမလာရင်ပေးနိုင်ဖို့............အင်ဂျင်ဝယ်တယ်ကြားတယ်..
အဲဒါတွေဘယ်ရောက်ကုန်လဲ...
ရာခိုင်းနှုန်းပဲဖြတ်စားနေတဲ့...လူကြီးတွေ..ကြည့်လုပ်ပါဦးဗျို့..
ကျွန်တော်များ...မြို့သူ/သားတွေ...အမှန်တကယ်ရေလိုအပ်နေလွန်းလို့ပါ...
တစ်ခါက..အသိတစ်ယောက်က
စည်ပင်အင်ဂျင်နီယာလူကြီးကို...သွားပြောတယ်..
ရေပေးဖို့ကိစကိုတဲ့..
အဲဒီအင်ဂျင်နီယာပြောပါတယ်တဲ့..
မီးမှန်ရင်ပေးနိုင်ပါတယ်တဲ့
နောက်အင်ဂျင်နီယာက
စက်ပြင်နေလို့ပါတဲ့..
နောက်အင်ဂျင်နီယာက ..ပိုက်ပေါက်နေလို့ပါတဲ့.....
ကဲအဖြေကရှင်းနေတာပါဘဲ.....
စည်ပင်ဝန်ထမ်းဟောင်းတစ်ဦးထံ..ချည်းကပ်စုံစမ်းကြည့်တော့မှဘဲအဖြေကရှင်းသွားပါတယ်.....
ရေပေးစက်တွေပျက်မှ ငွေများများနဲ့ပြင်နိုင်မှာ..အဲဒါမှ လူကြိးတွေ..%များများရမှာတဲ့.အဲဒါကြောင့် အရာရှိတွေကပျက်လေကြိုက်လေတဲ့
ကောင်းလိုက်တဲ့...စကားဗျာ
ကဲဒီတော့...စည်ပင်လူကြီးမင်းများ...ရေပေးရေူးကိစလေးကို..အောင်မြင်အောင်...
ကူညီဆောင်ရွက်ပေးနိုင်ကြပါစေလို့..ဆုတောင်းနေကြကြောင်း...မြို့လူထုကိုယ်စား...
ပြောကြားပေးလိုက်ရပါတယ်....
××××××××××××××××××××××××××
ရိုသေစွာဖြင့်
မြို့သူမြို့သားများ(ကိုယ်စား)
အဖြူအမဲ
မသင်မနေရ မူလတန်း ပညာရေးဝန်ကြီးဌာန ကူညီမည်
Posted: 22 Apr 2012 02:26 AM PDT
ရန်ကုန်၊ ဧပြီ ၁၇
တစ်နိုင်ငံလုံးရှိ မူလတန်း ကျောင်းနေအရွယ်ကလေးများ ပညာဆည်းပူးနိုင် ရန်အတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဟု ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
''အရင်တုန်းက တစ်ရာမှာ ရှစ်ဆယ် တက်တယ်။ အခုဆိုရင် လာမယ့်နှစ်မှာ ၈၅-၉ဝ လောက် တက်နိုင်အောင် ဆောင်ရွက်သွားမယ်''ဟု ဒုတိယဝန်ကြီး ဦးအေးကြူ က ပြောသည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်အတွင်း မသင်မနေရ မူလတန်းစနစ်ကို အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ မူလတန်းအဆင့် ကျောင်းသား များအား ပြဋ္ဌာန်းစာအုပ်များအပြင်
ကျောင်းသုံး ဗလာစာအုပ်အခမဲ့ ထောက်ပံ့သွားမည်ဖြစ်ရာ မူလတန်း အဆင့် ကျောင်းနေကလေး တိုးတက်မြင့်မားရေး အတွက် ထိုထောက်ပံ့ ကူညီမှုများမှာ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ထပ်လောင်း ဆိုသည်။
''ဒါက မူလတန်းအဆင့်ပါ။ ကျောင်းနေကလေးတွေ တိုးဖို့လုပ်ပေးတာ မျိုး ဖြစ်တယ်။ နောက်ပြီးတော့ ဆင်းရဲနွမ်းပါးပြီး ကျောင်းမတက်နိုင်တဲ့ ကလေးတွေအတွက် ပညာရေးဝန်ကြီးဌာန ကနေပြီးတော့ လာမယ့်ပညာ သင်နှစ်မှာ ထောက်ပံ့ကြေးပေးဖို့လည်း ရှိတယ်''ဟု ၄င်းကဆိုသည်။
နိုင်ငံရှိ မူလတန်းကျောင်းနေအရွယ် ကလေးငယ်အချို့ စာသင်ခန်းပြင်ပ သို့ ရောက်ရှိကာ အလုပ်ခွင်ထဲသို့ ရောက်ရှိနေမှုအား ဆွဲထုတ်နိုင်မှ နိုင်ငံ၌ ပညာတတ် လူငယ်လူရွယ်များစွာ တိုးတက်နိုင်မည်ဟု မြန်မာ့ပညာရေး စောင့်ကြည့်လေ့လာသူ အချို့က သုံးသပ်ကြသည်။
''ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးငယ်တွေ စာသင်ခန်းမှာပဲ ရှိနေရမယ်။ အခု ဒီလိုမဟုတ်ဘဲ မြို့ကြီးတွေနဲ့ နယ်မြို့အချို့တွေမှာ စားပွဲထိုးလုပ်နေရတာ၊ အိမ်ဖော် လုပ်နေရ တာတွေကို တွေ့ရတယ်။ ဒါတွေ မြင်နေရတာ စိတ် မသက်သာဘူး။ နိုင်ငံအနေနဲ့ ဒါတွေကို ကူညီပေးသင့်တယ်။ ဆိုလိုတာကတော့ သူတို့တွေကို စာသင်ခန်းထဲထိ ရောက်အောင် ဆွဲခေါ်ပေး ရမယ်'' ဟု မြန်မာ့ပညာရေး စောင့်ကြည့်သူ တစ်ဦးကဆိုသည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ အမျိုးသားစီမံကိန်း စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်တမ်း အရ နိုင်ငံ၌ မူလတန်း ပညာရေး ပြီးဆုံးမှုနှုန်း၊ မူလတန်း တက်ရောက်မှုနှုန်း မှာ ထွက်ပေါ်လာသည့် စာရင်းအရ အားရမှုမရှိဟု မြန်မာ့ပညာရေး လေ့လာ သူအချို့က ထောက်ပြသည်။
 Popular Myanmar News Journal
မြန်မာ-ဂျပန် ပူးတွဲသတင်းစာရှင်းလင်း
Posted: 22 Apr 2012 02:21 AM PDT
"ဂျပန်ဝန်ကြီးချုပ် မစ္စတာ ယိုရှီဟီကိုနိုဒ နှင့် နှစ်နိုင်ငံထိပ်သီး တွေ့ဆုံဆွေးနွေးပွဲအပြီး တွင် ကျင်းပပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်း ပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားခဲ့သည့် ပြောကြားချက်"
    လေးစားအပ်ပါသော အဆွေတော်ဝန်ကြီးချုပ် မစ်္စတာ ယိုရှိဟီကို နိုဒ၊ ကြွရောက်လာ ကြတဲ့ မြန်မာနဲ့ ဂျပန်ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ ဂျပန်ဧည့် သည်တော်များ၊ ဂျပန်မိတ်ဆွေ များရဲ့ စာနယ်ဇင်းနဲ့ သတင်း လောကမှ သတင်းထောက်များ နဲ့ တာဝန်ရှိသူများ ခင်ဗျား-
    မင်္ဂလာနေ့ခင်းပါခင်ဗျား -(Connichiwa - ကွန်းနိချိဝ)
    ယနေ့အောင်မြင်စွာ ကျင်းပပြု လုပ်နိုင်ခဲ့တဲ့ နှစ်နိုင်ငံ ထိပ်သီးအစည်း အဝေးဟာ နှစ်ပေါင်း (၂၈)နှစ်ကျော် ကာလအတွင်း ဂျပန်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ပထမဦးဆုံးအ ကြိမ် မြန်မာနိုင်ငံမှ နိုင်ငံအကြီးအကဲ နဲ့ အစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ ကျွန်တော့်အနေနဲ့ ဂျပန်နိုင်ငံသို့ တရားဝင် ခရီးလာရောက်ပြီး ကျင်းပ ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေး ဖြစ်ပါတယ်။
    ဒီထိပ်သီးအစည်းအဝေးမှာ နှစ် ဖက်ခေါင်းဆောင်များအနေနဲ့ သမိုင်း ကြောင်းအစဉ်အလာရှိတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်ပြန်လှန်သုံးသပ်နိုင် ခဲ့ပါတယ်။
    နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်း စာမျက်နှာသစ် ဖွင့်လှစ်နိုင်ရေးအ တွက် စီးပွားရေး၊ အကူအညီပေးရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေး မြန်မာ နိုင်ငံရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဖလှယ်ရေးတို့အပြင် ဒေသ တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကိစ်္စရပ် များအပါအ၀င် အခြားသောကိစ်္စရပ် များကိုလည်း ဆွေးနွေးအမြင်ချင်းဖ လှယ်နိုင်ခဲ့ကြပါတယ်။
    ဂျပန်ဝန်ကြီးချုပ်အနေနဲ့ မြန်မာ နိုင်ငံအစိုးရနဲ့ ပြည်သူများရဲ့ အမျိုး သားပြန်လည်စည်းလုံးညီညွတ်ရေး ဒီမိုကရေစီရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများအတွက် ကြိုးပမ်း အားထုတ်မှုများကို ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်းနဲ့ ကူညီမှုများပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးစဉ်ဆက်မ ပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ တရားဝင် ဖွံ့ဖြိုးတိုးတက် မှုအကူအညီ ချေးငွေအသစ်များ ပြန် လည်စတင်နိုင်ရန် အတွက် ကတိ က၀တ်ပြုခဲ့ပါတယ်။
   မြန်မာနိုင်ငံမှ ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီကိစ်္စရပ်များ ဖြေရှင်း နိုင်ရန်အတွက် နှစ်ဖက်ညှိနှိုင်းဆွေး နွေးမှုများ ပြုလုပ်နိုင်ရန်နှင့် နှစ်ဦး နှစ်ဖက် အဆင်ပြေစွာနဲ့ ဖြေရှင်း ဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက် ပေးခဲ့ခြင်းများအတွက် ဂျပန်အစိုးရ နဲ့ တာဝန်ရှိသူများ ဂျပန်ပြည်သူ များအားလုံးကို မြန်မာပြည်သူများ ကိုယ်စားများစွာ ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားလိုပါတယ်။
အဲဒီ လိုကြွေးမြီကိစ်္စဖြေရှင်းနိုင်ပြီးစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနဲ့ အကူ အညီပေးမှုများဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်စေရေးနဲ့ ပြုပြင်ပြောင်းလဲမှု များအတွက် မြန်မာပြည်သူများရဲ့ ကြိုးပမ်းမှုအပေါ် လွန်စွာအထောက် အကူပြုစေမှာဖြစ်ပါတယ်။
    ကျွန်တော်တို့ ယခု ခရီးစဉ် အတွင်းမှာ နှစ်နိုင်ငံအကြား သဘာဝဘေးအန်္တရာယ် ကာကွယ် တားဆီးရေး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သီလ၀ါ အထူး စီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် သဘေတူညီချက်များကို နှစ်ဖက်လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
    ဒါ့အပြင် သတင်း အချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတို့အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရန်တို့အတွက်လည်း ကျွန်တော်နဲ့ ဂျပန် ၀န်ကြီးချုပ် မစ္စတာနိုဒတို့အကြား သဘောတူညီခဲ့ကြပါတယ်။
   ဂျပန်ဝန်ကြီးချုပ် မစ္စတာ ယိုရို ဟီကို နိုဒရဲ့ ဖိတ်ကြားချက်အရ (၂၈) နှစ်ကျော်ကာလအတွင်း ကျွန် တော့်အနေနဲ့ ယခုလို ချစ်ကြည်ရေး ခရီးလာရောက်နိုင်ခဲ့ခြင်းဟာ နှစ်နိုင်ငံ အကြား ဆက်ဆံရေး စာမျက်နှာ သစ်ကိုဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း ပြသရာလည်း ရောက်ပါတယ်။
    နှစ်နိုင်ငံ အစိုးရများနဲ့ ပြည်သူ များ နိုင်ငံရေးစီးပွားရေး လူမှုရေးလောကမှ တာဝန်ရှိသူများနဲ့ အတူ ဂျပန်နိုင်ငံရဲ့ မီဒီယာနဲ့ စာနယ် ဇင်းလောကအနေနဲ့လည်း ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်တဲ့ နှစ်နိုင်ငံ ဆက်ဆံရေး စာမျက်နှာသစ်ကို ဆက်လက်ပြီး အောင်မြင်စွာအကောင်အထည်ဖော် သွားနိုင်ရေးအတွက် ၀ိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်သွားစေလိုပါ တယ်။
    ယခုလို ကျွန်တော်အနေနဲ့ ဂျပန်နိုင်ငံကို တရားဝင်ချစ်ကြည်ရေး ခရီး လာရောက်နိုင်အောင်ဖိတ်ကြား  ခဲ့ပြီး လှိုက်လှဲပျူငှာစွာ ဧည့်ဝတ်ပြု ခဲ့တဲ့အတွက် ဂျပန်အစိုးရနဲ့ ပြည်သူ များအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျား (Airgato  Gozaimashita အာရိဂတို ဂိုဇိုင်းမတ်ရှိတ)
Popular Myanmar News Journal
ယနေ့ ဧပြီ(၂၂)ရက်နေ့ နေ့လည်ပိုင်းတွင် တိုကျိုမြို့တောင်ဖက်ရှိ တိုကျိုလျှစ်စစ်စွမ်းအားကုမ္ပဏီသို့ရောက်ရှိလေ့လာနေသော သမ္မတ ဦးသိန်းစိန်
ကျပ် နှစ်သိန်းတန်ဖုန်းကဒ်များအား ဈေးပိုပေးဝယ်ယူနေရ
Posted: 21 Apr 2012 08:45 PM PDT
ရန်ကုန်မြို့ရှိ ဧပြီလပထမအပတ် စတင်ရောင်းချပေးနေသော ကျပ် နှစ်သိန်းတန် GSM Sim Card များအား သတ်မှတ်ဈေးနှုန်းထက် ဈေးပိုပေးကာ ၀ယ်ယူနေရကြောင်း ၀ယ်သူသုံးစွဲသူများထံမှ သိရှိရသည်။
လက်ရှိတွင် ကျပ်နှစ်သိန်းတန် GSM ဖုန်း Sim Card ရောင်းချရာတွင် ကျပ်ငွေနှစ်သိန်း သတ်မှတ်ထားသော် လည်း ၀ယ်ယူသူများသည် Sim Card ၀ယ်မရမည် စိုးရိမ်သောကြောင့်  ဈေးပိုမိုပေးကာ ၀ယ်ယူနေခြင်း ဖြစ်သည်။
"ရန်ကုန်မှာ ချပေးတဲ့ဖုန်းက ၉ ရက်နေ့မှာပြောလို့ရမယ်ဆိုလို့ ကျနော်က ၇ ရက်နေ့မှာဝယ်တယ်။ ၂သိန်း ဆိုပေမယ့်လည်း ၂ သိန်းနှစ်သောင်းပေးပြီးဝယ်လိုက်တယ်။ လိုချင်လို့ပါ။ နံပါတ်ရွေးတဲ့အတွက်လည်း (၁) သောင်း ထပ်ပေးရတယ်။ အားလုံးပေါင်းဆို ၂ သိန်းသုံးသောင်းကျပါတယ်"ဟု ၀ယ်ယူသုံးစွဲသူတစ်ဦးထံက သိရှိရသည်။
အဆိုပါဖုန်းများကိုဧပြီလ၇ရက်နေ့မှစတင်ရောင်းချလျက်ရှိပြီး ရောင်းအားကောင်းနေကြောင်းနှင့် ယခင် ၅ သိန်းဖုန်းများထက်ပိုမိုကာ ရောင်းရကြောင်း ဖုန်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။
"အခုလို ၀ယ်ယူမှု များနေတဲ့အတွက် ဖုန်းအရောင်းဆိုင်တစ်ချို့ဟာ သတ်မှတ် ထားတဲ့ ငွေကျပ် ၂ သိန်းထက် ပိုမိုကာ ကျပ် ၂ သောင်း ကနေ ၃ သောင်းအထိ ဈေးနှုန်းမြင့်တက် ရောင်းချတာဖြစ်တယ် " ဟု ရန်ကုန်ရှိ ဖုန်းအရောင်းဆိုင်ဝန်ထမ်းတစ်ဦးကပြောသည်။
အဆိုပါ ဖုန်းများကို နံပါတ် ရွေးချယ် ၀ယ်ယူလိုလျှင်လည်း အပိုဆောင်း ကျပ်(၁) သောင်း ခန့်ထပ်ပေးကာ  မိမိကြိုက်သည့် နံပါတ်ကို ရွေးချယ်ဝယ်ယူနိုင်ကြောင်းသိရှိရသည်။
လက်ရှိတွင် အချို့ဖုန်းဆိုင်များသည် ရန်ကုန်မြို့တွင် ချပေးသည့် ဖုန်းများသာမက နယ်တွင် ချပေးသည့် ဖုန်းများကိုလည်း ထည့်သွင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်တွင်ချထားပေးသည့် ဖုန်းများသည် ဧပြီလ (၉)ရက်နေ့တွင် စတင်ကာအသုံးပြု၍ ရနေပြီဖြစ်ပြီး နယ်တွင်ချထားပေးသည့် ဖုန်းများသည် ရန်ကုန်တွင် မေလ (၅) ရက်နေ့ နောက်ပိုင်းမှသာ အသုံးပြု၍ ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၏ ထုတ်ပြန်ချက် အရသိရှိရသည်။ 
 ထွန်းနေအောင်(မြစ်မခ)
ဧပြီလ ၂၃ ရက်နေ့ ထုတ် The Voice Weekly ဂျာနယ်
Posted: 21 Apr 2012 08:09 PM PDT
The Voice 8-18
ဧပြီလ ၂၃ ရက်နေ့ ထုတ် The Voice Weekly ဂျာနယ်
မိုဘိုင်းဖုန်းများ လွတ်လပ်စွာရောင်းချနေပြီ
Posted: 21 Apr 2012 07:54 PM PDT
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ကျယ်ကျယ်ပြန့်ပြန့်အကျိုးတူပူး ပေါင်းဆောင်ရွက်ပြီး ပြည်သူအ များအတွက် မိုဘိုင်းဖုန်းများကို ဧပြီလ (၉)ရက်မတိုင်မီကပင် ပုဂ္ဂလိက ဖုန်းအရောင်းဆိုင်များမှ လွတ်လပ်စွာရောင်းချပေးလျက်ရှိ သည်။ ပုဂ္ဂလိက ကဏ္ဍနှင့်ဝန်ကြီး ဌာနတို့ ပူးပေါင်း၍ မိုဘိုင်းဆက် သွယ်မှုကွန်ယက်တိုးချဲ့လာစေရေး တို့ကို ရည်ရွယ်ဆောင်ရွက်ခဲ့ပြီး မတ်လ (၁၄)ရက်နေ့တွင် မိုဘိုင်း ဖုန်းများဖြစ်သော GSM ကိုကျပ် နှစ်သိန်း၊ CDMA 450 MHZ ကို ကျပ်နှစ်သိန်း၊  WCDMA ကိုကျပ် နှစ်သိန်းခွဲ၊ CDMA 800 MHZကို ကျပ်နှစ်သိန်းခွဲဖြင့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တရားဝင် ဈေးနှုန်းလျှော့ချသတ်မှတ်ခဲ့ပြီးဖြစ် သည်။
အဆိုပါ ဖုန်းများကို ရန်ကုန် တိုင်းဒေသကြီးအတွက် ဧပြီ(၈) ရက်ညကပင် လိုင်းများစတင်ဖွင့် လှစ်ပေးခဲ့ပြီး GSM မိုဘိုင်းဖုန်း လိုင်းနံပါတ်မှာ (၄၂၁၀၀)ဖြစ် သည်။ ပုဂ္ဂလိက ဖုန်းအရောင်း ဆိုင်များမှ ဖုန်းဝယ်ယူသူ အမည် ပေါက်ကိုအချိန်တိုအတွင်းဆောင် ရွက်ပေးပြီး ၀န်ဆောင်ခယူကြ လေသည်။ အချို့ဆိုင်များတွင် ၀န် ဆောင်ခအပြင် အမြတ်တင် ရောင်းချနေရာလိုင်းဖွင့်ပြီးနောက် ဧပြီ (၉)ရက်နေ့ဆိုင်ကြီးတစ်ချို့ တွင် အမြတ်တစ်သောင်းခွဲတင် ထားပြီး ၄င်းတို့ဆိုင်မှ ဟန်းဆက် (Hand Set) ၀ယ်မှသာ လိုင်းကဒ် ကိုရောင်းပေးကြောင်း မြေနီကုန်း ပလာဇာ မြေညီထပ်ရှိ HPONE TRADIN ဆိုင်တွင် အရစ်ကျ ခွဲ၍ (၃)လဆိုင်းဖြင့်ရောင်းချနေ သည်။ ပထမအရစ်တွင် ၈၀၀၀၀ ကျပ်၊ ဒုတိယ၊ တတိယ၊ စတုတ္ထ အရစ်များမှာပင် ဖုန်းလိုင်းတစ် ရာကျော်ရောင်းချခဲ့ရပြီး ဧပြီလ (၉)ရက်နေ့တွင် ရောင်းစရာလုံး ၀မကျန်တော့ကြောင်းသိရသည်။
တာမွေအ၀ိုင်းနီးရှိ ဖုန်းအ ရောင်းဆိုင်တွင် မိုဘိုင်းဖုန်းအ တွက်ငွေချေနေသော လူငယ် တစ်ဦး က ""ဟန်းဖုန်းကိုင်ဖို့ ကြိုးစားနေ တာ သုံးနှစ်လောက်ရှိပြီ၊ ဈေးက မြင့်နေတော့ လိုက်မမှီဘူး။ အခု မှဘဲ ကိုင်နိုင်တော့တယ်။ သင်္ကြန် မှာ သုံးဖို့စုထားတဲ့ ပိုက်ဆံဖုန်းထဲ ရောက်သွားပြီလေ။ ဖုန်းတစ်လုံး အဖက်တင်သွားတာပေါ့ ငါး ထောင်တန်ဖုန်းဆိုရင်တော့ လူ တော်တော်များများကိုကိုင်ကြမှာ ပဲ""ဟု ပြောသံကြားရသလို ဖုန်း ရောင်းသည့်ဆိုင်မှလည်း ""ကျွန် တော်တို့အနေနဲ့ ဟန်းဆက်တွေ ကိုဈေးပေါပေါနဲ့ ရောင်းနေသလို ဖုန်းလိုင်းတွေကိုလည်း ဒီထက် သက်သာတဲ့ ဈေးနဲ့ရောင်းပေးချင် ပါတယ်။ ဒါမှ လူတိုင်းဖုန်းကိုင်နိုင် ပြီး အစစအရာရာ အဆင်ပြေမှာ ပေါ့နောင်ဆိုဒီထက်ဈေးပေါပေါနဲ့ ဖုန်းတွေကိုင် နိုင်ကြလိမ့်မယ်လို့ လည်း ယုံကြည်ပါတယ်"" ဟူ၍ ဖြည့်စွက် ပြောကြားသံကိုလည်း ကြားခဲ့ရသည်။
မိုးမြင့်ဆွေ (Hot News)
ကျမ်းသစ္စာ အသုံးအနှုန်းပြောင်းလဲပေးရေး အဆို လွှတ်တော်မှာ တင်မည်
Posted: 21 Apr 2012 06:36 PM PDT
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLDက တင်ပြထားတဲ့ လွှတ်တော်တွင်း ကျိန်ဆိုရမယ့် ကျမ်းသစ္စာအသုံးအနှုန်းပြုပြင်ပြောင်းလဲပေးဖို့ အဆိုကို မနက်ဖြန် တနင်္လာနေ့မှာ စတင်ကျင်းပမယ့် တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ တင်သွင်း မှာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အာအက်ဖ်အေကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့တုန်းက လေးစားလိုက်နာပါမယ် ဆိုတဲ့ အသုံးအနှုန်း ပြောင်းလဲပေးခဲ့သလို အခုကျမ်းသစ္စာ ကျိန်ဆိုတဲ့နေရာမှာလည်း အဲဒီအတိုင်းပြောနိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးတင်ပြမှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင် ကပြောပါတယ်။
"ကျနော်တို့သုံးသပ်တာကတော့ ဒီ ကဏ္ဍနဲ့ ပတ်သက်လို့ လုပ်ပေးရမယ့် အဓိက ပုဂ္ဂိုလ် အင်အားစုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထက်ကို ပြည်ခိုင်ဖြိုးပါတီရဲ့ တာဝန်ကြီး ဖြစ်သွားပြီ။ တကယ်လို့ ဒီအသုံးအနှုန်းလေးတွေကို လိုက်လောညီထွေဖြစ်အောင် ပြည်ခိုင်ဖြိုးပါတီကများ မလုပ်ဘူးဆိုရင်တော့ ကျနော်တို့ကပဲ ဆွေးနွေးတင်ပြရမှာဖြစ်တယ်။"
NLD က တင်ပြထားတဲ့ ကျမ်းကျိန်လွှာကိစ္စ အဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေမှာလည်း တာဝန်ရှိတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။
လာမယ့်လွှတ်တော် အစည်းအဝေးမှာ အရင်လွှတ်တော် သုံးရပ်မှာ မပြီးပြတ်ခဲ့တဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေပြဌာန်းဖို့ ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
RFA
ဒေါက်တာအေးမောင်
မြန်မာ့ ငွေလဲလှယ်နှုန်းပြုပြင်ပြောင်းလဲမှု အပေါ် IMF ချီးကျူး
Posted: 21 Apr 2012 06:35 PM PDT
မြန်မာအစိုးရသစ်ရဲ့ ငွေကြေးလဲလှယ်မှုစနစ် ပြုပြင်ပြောင်းလဲလိုက်တဲ့အပေါ် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF အကြီးအကဲ Christine Lagarde က ချီးမွမ်းစကား ဆိုလိုက်ပါတယ်။
IMF အနေနဲ့ မြန်မာ့ငွေကြေးဆိုင်ရာအာဏာပိုင်တွေနဲ့အတူ ဆောင်ရွက်နေရာမှာ အထူးသဖြင့် လက်ရှိ ငွေကြေး ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နေကြောင်း၊
မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ အချိန်ယူပြီး လုပ်ဆောင်နေခဲ့တာ ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရဟာ ဧပြီလ (၂) ရက်နေ့ကစပြီး ကျပ်ငွေ အမေရိကန် တစ်ဒေါ်လာ ကို (၈၁၈) ကျပ်နှုန်း နဲ့ နှုန်းရှင် ထားပြီး သတ်မှတ်ခဲ့ပါတယ်။ ရှင်းလင်းတဲ့ငွေကြေးစနစ်နဲ့ အတူ မြန်မာပြည်ပိုပြီး ပွင့်လာတာနဲ့အမျှ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးအဆင်ပြေ ချောမွေ့ လာနိုင်တယ်လို့လေ့လာသူတွေက ဆိုပါတယ်။
မိမိတို့ IMF အနေနဲ့ မြန်မာပြည် ငွေကြေးစနစ်မှာ နေ့တဓူဝ လိုသမျှ ကူညီသွားမှာ ဖြစ်ကြောင်း IMF အကြီး အကဲ Christine Lagarde က ပြောဆိုပါတယ်။ စီးပွားရေး ပိတ်ဆို့မှု တချို့က ရုတ်သိမ်းထားပြီး ဖြစ်ပါတယ်၊ အခု မြန်မာပြည်မှာ အရှိန်အဟုန် တစ်ခုတော့ ရနေပါပြီ၊ အဲဒီအရှိန်အဟုန် ဆက်လက်တည်တံ့နေဖို့ကိုပဲ အထူးတလည် မျှော်လင့်မိပါတယ်လို့ IMF အကြီးအကဲ က ပြောဆိုပါတယ်။
RFA
မြန်မာအစိုးရတပ်နှင့် ကေအဲန်ယူ ပူးပေါင်းငွေတောင်းခံဟုဒေသခံပြော
Posted: 21 Apr 2012 02:50 PM PDT
တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင်ကျေးနယ်အုပ်စုအတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်နှင့် ကေအဲန်ယူ တပ်မဟာ(၄) အောက်ခြေ တပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ ဧပြီလ၁ရက်နေ့မှစ၍ ငွေကြေးများ နေ့စဉ် ကောက် ခံနေသည်ဟု ဒေသခံများက ပြောသည်။
6103
မြန်မာအစိုးရတပ် ရှေ့တန်း စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်(၈) လက်အောက်ခံ နည်းဗျူဟာ(၁)မှူး ဗိုလ်မှူးကြီးကြည်စိုး ဦးဆောင်သည့် ခမရ(၄၁၀)သည် ထိုဒေသရှိ ၀ါးတောရွာတွင် စစ်တပ်ဂိတ်ဖွင့်ကာ သွားလာနေသူများကို မေးမြန်းစစ်ဆေးခြင်းအပြင် တစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၂၀၀နှုန်းဖြင့် ကောက်ခံပြီး ရရှိသည့်ငွေများကို ကေအဲန်ယူတပ်ဖွဲ့ထံ မျှဝေပေးနေကြောင်း ဒေသတွင်း သွားလာနေသည့် ကုန် သည်တစ်ဦးက ပြောသည်။
သူက "၀ါးတောရွာဂိတ်ကို ဖြတ်သွားတဲ့လူတွေ ဂိတ်ကြေး ပေးရတယ်။ အဲလို တောင်းတဲ့အခါကျတော့ သွားလာတဲ့သူတွေက အခက်အခဲ ရှိပေမယ့် မသွားလာလည်း မရတဲ့အခါကျတော့ သွားရတာပဲ။ ကောက်လို့ရတဲ့ငွေကို ကေအဲန်ယူကို မျှဝေပေးတယ်လို့ သိရတယ်။ ဘယ် လောက်လဲတော့ မသိဘူး။"ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါဂိတ်ကို တစ်ရက်လျှင် ဖြတ်သန်းသွားလာသူ ဒေသခံ အပါအ၀င် ခရီးသည် ၁၀၀ ၀န်းကျင်ရှိသလို ဆင်ဖြူတိုင်ကျေးရွာအုပ်စုတွင် ကေအဲန်ယူ လက်အောက်ခံ ဗိုလ်မောင်ကြည် ဦးဆောင်သည့် အင်အား ၂၀ခန့်ရှိ တပ်ဖွဲ့တစ်ဖွဲ့ လှုပ်ရှားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် အဆိုပါအစိုးရတပ်များသည် နယ်မြေခံ ကေအဲန်ယူအဖွဲ့နှင့် ပူးပေါင်းကာ သစ်တောထွက် ပစ္စည်းများကို ထိုင်းနိုင်ငံသို့ ခိုးထုတ် ရောင်းချနေပြီး ထိုသို့လုပ်ဆောင်မှုကို ကေအဲန်ယူအထက်ပိုင်းသို့ တင်ပြခြင်းမရှိကြောင်း ကေအဲန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းဝါးတောရွာဂိတ် ငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းအား ကေအိုင်စီ က ယနေ့ မေးမြန်းရာ တစုံတရာ မကြားသိရသေးကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။
ဝါးတောရွာသည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ ဆာယို့မြို့နယ် ဘောတီကျေးရွာနှင့် ၂မိုင်ကျော် ကွာဝေးပြီး အမိုရွာနှင့် ဆင်ဖြူတိုင်ရွာအ ကြားတွင် တည်ရှိသည်။ ဆင်ဖြူတိုင်ကျေးနယ်အုပ်စုရှိ ဒေသခံများသည် အများအားဖြင့် တောင်ယာ၊ လယ်ယာနှင့် သစ်လုပ်ငန်းများကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လျှက်ရှိသည်။
မြန်မာအစိုးရနှင့် ကေအဲန်ယူတို့ အပစ်ခတ်ရပ်စဲရေး သဘောတူမှု ရရှိပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း အစိုးရတပ်နှင့် ကေအဲန်ယူ အောက်ခြေတပ်တို့ လူထုထံ ငွေကြေးကောက်ခံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
ကေအိုင်စီ
မီးသတ်ယာဉ်နဲ့  ရေပက်ခံထွက် ဆိုင်ကယ် တိုက်မှု မြင်ကွင်း ဓါတ်ပုံများ
Posted: 21 Apr 2012 10:03 AM PDT
ဧပြီလ ၁၆ ရက်နေ့ သင်္ကြန် အတက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ မီးလောင်မှုကို ငြှိမ်းသတ်ဖို့  သွားရောက်တဲ့  မီးသတ်ယာဉ်နဲ့  ရေပက်ခံထွက် ဆိုင်ကယ်တစ်စီးတိုက်မိခဲပါတယ်။
 ယာဉ်တိုက်မိမှုကြောင့်ဆိုင်ကယ်မောင်းသူ ဦးဇင်မင်းအသက် ၃၂ နှစ်နှင့် အသက် ၃၅ နှစ်ရှိ ဒေါ်လှလှဌေးတို့မှာ ဒဏ်ရာရရှိခဲ့ ပြီးပြည်သူ့ဆေးရုံတွင်အတွင်းလူနာ အဖြစ်ကုသခံနေရတယ်။
 ဆိုင်ကယ်နောက်တွင်ပါလာသည့် သမီးဖြစ်သူ အသက် ၇ နှစ်ရှိ မအေးဇာဇာထွန်းမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
သကြန်အတက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်မှာ ပြည်မြို့  ရွာဘဲနယ် မြေ၊ အောင်သုခရပ်ကွက်ရှိ ကြက်ခြံတွင် မီးလောင်မှုဖြစ်ပွားရာကို  မီးငြှိမ်းသတ်ရန်သွားရောက်ခဲ့တဲ့  ခေတ္တရာမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်ဟာ ရေကစားမဏ္ဍပ်ရှေ့မှ ဖြတ်ဝင်လာပြီး ဆိုင်ကယ်ကို တိုက်မိခဲ့တာဖြစ်ပါတယ်။
အဲဒီယာဉ်တိုက်မှုနဲ့ ပါတ်သတ်လို့  မျက်မြင်တွေ့ ရှိခဲ့သူ ကိုပြေလင်းဆက် က Myanmar News Now ကို အခုလိုပြောပြပါတယ်။
 "အတိုက်ခံရတဲ. ခလေးလေးက ပွဲခြင်းပြီး အကြိတ်ခံလိုက်ရတယ်။ကျွန်တော်လဲ အဲ.ဒိနားမှာရှိတယ်အကို။ မြင်ရတာစိတ်မချမ်းသာလို.ပြီးတော.  မီးလောင်လို.သွားတဲ့  ပြည်ကမီသတ်ကားအများစုဟာ မီးလောင်ပြီဆိုရင် တကယ်ကို စည်းကမ်းမရှိတော.ပဲ၊ တွေတဲ.လူဆဲ၊ ငါတိုက်ချင်လဲတိုက်လို.ရတယ်ဆိုတဲ. အတွေးတွေပဲရှိတယ်အကို။ "
Myanmar New Now
ယာဉ်တိုက်မှုမြင်ကွင်းကို ကိုပြေလင်းဆက် မှာ ရိုက်ကူးပေးပို့ ထားတာပါ။
မီးသတ်ကားအောက်မှာ ညက်ညက်ကျေသွားတဲ့ ရေပတ်ခံဆိုင်ကယ်
အငြိမ်းစားမြို့ နယ်မှူးသားဖြစ်သူမှ ဥပဒေမဲ့ပြုမူခြင်း
Posted: 21 Apr 2012 08:15 AM PDT
ကျိုက်ဝိုင်းဘု၇ားလမ်းနှင့်ပြည်လမ်းထောင့်တွင် ကွမ်းယာေ၇ာင်းနေသူအမျိုး
သမီးအား အငြိမ်းစားမြို့ နယ်မှူး၏သားဖြစ်သူ ဘကျော်(ခ)ဦးကျော်ဇင် ၉ မိုင်
ဗိုလ်ဥာဏလမ်းတွင်နေထိုင်သူ ကားနံပါတ် လ/၈၇၅၅ ဆိုသူမှ ဆိုင်ေ၇ှ့ တွင်
ကား၇ပ်ပြီး ကွမ်းယာတယာပေးဟု မောက်မာစွာတောင်းပါသည်..ကျွန်မမှာ
ဗိုက်ခွဲ၍မွေးဖွားထားသော မိခင်တစ်ယောက်ဖြစ်ပါသည်..မီးဖွားထားသည်မှာ
( ၃၃ ) ၇က်ပဲအကြာပဲ၇ှိပါသေးသည်..ထို့ ကြောင့်ကွမ်းယာအား ထ မပေးနိုင်
ခဲ့ပါ..ထို့ သို့ မပေး၍ ကားပေါ်မှပြေးဆင်းလာပြီး ညစ်ညမ်းစွာဆဲဆို၍ ၇င်ဘတ်
အားဖိထားပြီး ဆံပင်ကိုဆောင့်ဆွဲ ပါးနားပြင်းထန်စွာ ဘယ်ပြန်ညာပြန်၇ိုက်ပါ
သည်....ပျဉ်ချောင်းဖြင့် လက်ကို ၂ ချက် ခါးကို ၂ ချက် တင်ပါးကို ၁ ချက်၇ိုက်
ပါသည်...
အပြည့်အစုံအားပေးပို့ လာသောစာတွင် ဖတ်၇ှု့ နိုင်ပါသည်...
 By: Myat Phone Linn