[mrsorcerer:23443] သင်္ကြန် သင်္ကြန် သင်္ကြန် ( ၂ )

သင်္ကြန် သင်္ကြန် သင်္ကြန် ( ၂ )

သင်္ကြန်ရောက်ပြီ
သင်္ကြန်ရောက်ပြီ
ရင်ထဲ အသဲထဲ က လှိုက်လှိုက်လှဲလှဲ
အားပါးတရ အော်လိုက်တယ် . . .

ဂရမ်းရိုင်ရွယ်နဲ့ နှစ်သစ်အားကြိုဆိုပါ၏
စကတ်အတိုအထွာနဲ့ နှစ်သစ်အားကြိုဆိုပါ၏
မဏ္ဍပ်များနှင့် နှစ်သစ်အားကြိုဆိုပါ၏
သင်္ကြန်လည်ကားများဖြင့် နှစ်သစ်အားကြိုဆိုပါ၏
မူးရူးနေသော အနာဂါတ်သားလောင်းများ၏ အကနှင့် နှစ်သစ်အားကြိုဆိုပါ၏ . . .

ကျန်ခဲ့သော တခုကိုဆက်ပြောရရင်
ရေစိုခံအိတ်ကို စတိုင်ကျကျ စွပ်ထားသော
နှစ်သိန်းတန်ဖုန်းများဖြင့်နှစ်သစ်အားကြိုဆိုပါ၏ . . .

ယနေ့ သင်္ကြန်အခါသမယတွင်
ဒီမိုကရေစီသည်လည်းကောင်း
အနှိမ်ခံလူတန်းစားသည်လည်းကောင်း
အကျဉ်းထောင်ထဲမှ နိုင်ငံရေးအကျဉ်းသားသည်လည်းကောင်း
အန်အယ်ဒီသည် လည်းကောင်း
ကြံဖွံ့သည်လည်းကောင်း
မည်သည့် မည်သည့် အရာမှ အရေးမကြီး
လတ်တလော မည်ကဲ့သို အပျင်းဖြေရန်သာ အရေးကြီးသည်
ဤ အဆိုမှားပါက သင်မနက်ဖြန်ရေမပက် ပါနှင့် . . .

မြန်မာ့ရိုးရာ အတာသင်္ကြန်ဟူသည်
မြို့တော်ဝန်မဏ္ဍပ်၏ ပထမ အဖွင့်နေ့နှင့်
ကျေးလက်တောရွာမှ အချို့အချို့သော လူပုဂ္ဂိုလ်အချို့ထံတွင်သာရှိသလော
မှားလျှင်လည်း မှားနိုင်ပါ၏
မည်သို့ပင်ဆိုစေကာမှု
ရိုးရာဟူသည် ရွာရိုးတွင်သာအမှန်တကယ်ရှိတော့သည်
ထိုအခြင်းအရာသည်ပင် မြို့ဆန်သောရွာများတွင်မမှန်ကန် . . .

စာရှုသူ
ဤကဲ့သို့စာများကိုဖတ်နေရသဖြင့်
ကဗျာဆရာသည် ရိုးရာကိုထိန်းသိမ်းနေသူဟုအမြင်အထင် မမှားစေလို
အမှန်စင်စစ်
ကဗျာဆရာသည် ရိုးရာသင်္ကြန်ကိုလွမ်းဆွတ်နေခြင်းသာဖြစ်ပြီး
ရိုးရာသင်္ကြန်တွင် နှစ်နှစ်ကာကာ ပျော်ဝင်သူမဟုတ် . . .

ကဗျာဆရာနှမြောသည်မှာ
စတုဒီသာက လွဲပြီး
နှစ်သက်မြတ်နိုးစရာ
ရန်ကုန်သင်္ကြန်တွင် မရှိတော့ . . .


 မာဃလုလင်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ