သစ်ထူးလွင် |
- ကော့သောင်း ကျောက်မီးသွေးစက်ရုံအား မြို့နှင့်(၁၀)မိုင်အကွာသို့ ပြောင်းရွှေ့ခိုင်း
- တရုတ်က အခွန်တိုးယူခြင်းကြောင့် မဟာအောင်မြေကျောက်ဝိုင်း အရောင်းအ၀ယ်ပါးနေ
- မြစ်ကြီးနားတွင် ညမထွက်ရ အမိန့်ထုတ်ပြန်၊ အိမ်ခြံဘေးဝန်းကျင် မီးထွန်းရန်ညွှန်ကြားထား
- အလုပ်သမားရပိုင်ခွင့်နှင့်ပတ်သတ်၍ အလုပ်သမားအဖွဲ့များက သင်တန်းပေးမည်
- ပြည်ပမှ မော်တော်ယာဉ်စက်ရုံ လာရောက်တည်ထောင်လိုသည့် ကုမ္ပဏီ(၇)ခုရှိကြောင်း စက်မှုဝန်ကြီးပြောဆို
- ဇဗ္ဗူသီရိမြို့နယ်က ဒေသခံများ စုငွေ(၃)ဆအား ပြည်ခိုင်ဖြိုးပါတီက ချေးယူနိုင်
- ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်များ EU ပါလီမန်သို့ သွားရောက်လေ့လာမည်
- ကြိုတင်မကြေညာဘဲ သမ္မတအိုဘားမား အာဖဂန်ရောက်ရှိ
- စစ်တပ်အရှိန်အ၀ါသုံးပြီး ပွဲစားခမပေးပဲ လုပ်သွားတဲ့ နေပြည်တော်ပျဉ်းမနားက ဖြစ်ရပ်
- ကျမ်းကျိန်တဲ့ NLD နဲ့ လွှတ်တော်တွင်းမှာ တွေ့ မြင်ရတဲ့ အခြေအနေ
- အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး ကျင်းပပြုလုပ်သည့် အလုပ်သမားနေ့ အခမ်းအနား
- ကျမ်းကျိန်လွှာ
- ၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်း ဆွေးနွေးပွဲခရီးစဉ် နှိုးဆော်လွှာ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်နေစဉ် (ဓါတ်ပုံ)
- ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ရန် နေပြည်တော် ရောက်ရှိ
- ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ
- NLD လွှတ်တော် ကိုယ်စားလှယ် တချို့ နေပြည်တော်ရောက်ရှိ
- ကုလသမဂ္ဂတွင် မိန့်ခွန်းပြောရန် ဒေါ်အောင်ဆန်းစုကြည်ကို ဘန်ကီမွန်း ဖိတ်ကြား
- သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာတွေမှာ အ၀ီစီတွင်းရေ ထွက်ရှိပြီ
- တောင်ကြီးမြို့ မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အဆင့် အစည်းအဝေးကျင်းပမည်
- မိုးကုတ်မြို့ မှ နိကာယ်သာသနာရေး
- ဝှေဖလာရွှေမှော်မှ ရွှေတူးဖော်ရေးလုပ်ကွက်ကြောင့် လူနေအိမ်နှင့် ဆိုင်ခန်းများမှာ ပြိုဆင်းနေ
- ဒေါ်အောင်ဆန်းစုကြည် နှင့် ဘန်ကီမွန်း သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)
- “၈၈” မျိုးဆက်ကျောင်းသားများနှင့် ရပ်ဆောက်ပြည်သူလူထုတွေ့ ဆုံပွဲ
- NLD သဘောထားပျော့ပြောင်းမှု ဘန်ကီမွန်း ချီးကျူး
ကော့သောင်း ကျောက်မီးသွေးစက်ရုံအား မြို့နှင့်(၁၀)မိုင်အကွာသို့ ပြောင်းရွှေ့ခိုင်း Posted: 02 May 2012 04:22 AM PDT ကောင်းမြတ်ဖြိုး ( မြစ်မခ ) မေ(၂)ရက်၊၂၀၁၂ခုနှစ်။ ကော့သောင်းမြို့ရှိ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတစ်ရုံသည် လူနေရပ်ကွက်နှင့် အလွန်နီးသဖြင့် ဒေသခံများက ရေရှည်တွင်ကျန်းမာရေးထိခိုက်နိုင်သောကြောင့် စက်ရုံအားမြို့နှင့် ဆယ်မိုင်ခန့်ဝေးသော နေရာသို့ ပြောင်းရွှေ့ပေးရန် ဒေသခံများက နိုင်ငံတော်သမ္မတကြီးထံ အသနားခံတင်ပြကြကြောင်း သိရှိရသည်။ အဆိုပါ စက်ရုံမှာ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ရွှေဝက်ဝံရေခဲစက်ဝင်းအတွင်းတွင် တည်ရှိပြီး စက်ရုံရွှေ့ပြောင်းပေးရန် ဒေသခံအယောက် (၆၀)ခန့် လတ်မှတ်ရေးထိုး အသနားခံစာတင်ခြင်းဖြစ်သည်။ "စက်ရုံက အခုထိတော့မဖွင့်သေးပါဘူး။ ကျောက်မီးသွေးအခက်အခဲဖြစ်နေလို့တဲ့။ အဲ့ဒီစက်ရုံလာဖွင့်တာတော့ ကျွန်တော်တို့ဒေသခံတွေသဘောကျပါတယ်။ မီတာခက တစ်ဝက်လောက်သက်သာသွားမယ်လေ။ ဒါပေမဲ့ လူနေအိမ်တွေနဲ့နီးနေတော့ ကြာရင် ကျန်းမာရေးတွေထိခိုက်နိုင်တယ်။" ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုလွမ်းကိုကို ကပြောသည်။ အဆိုပါကော့သောင်းမြို့ရှိရပ်ကွက်မှာ ရပ်ကွက်မီး တစ်ယူနစ်လျှင် (၄၃၀) ကျပ်ပေးရပြီး၊ ယခုဆောက်လုပ်ထား သော ကျောက်မီးသွေးဓါတ်အားပေးစက်ရုံမှ စက်ရုံလည်ပတ်ပြီး ဓါတ်အားပေးလျှင် တစ်ယူနစ် (၂၀၀)ကျပ်သာ ပေးရတော့မည်ဖြစ်ကြောင်းသိရှိရသည်။ စက်ရုံမှာ ၂၀၁၁ သင်္ကြန်နောက်ပိုင်း၌ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ မကြာမီကာလတွင်လည်ပတ်တော့မည် ဖြစ်ကြောင်းသိရှိရသည်။ "ကျွန်တော်တို့ သူတို့စက်ရုံစဆောက်ကတည်းကဘာလို့ မတိုင်တာလည်းဆိုတော့၊ အခုတိုင်းပြည်အခြေအနေနဲ့ အရင်ကတိုင်းပြည်အခြေအနေကမတူဘူးလေ။ အဲ့ဒီတုန်းက ဘယ်ကိုတိုင်လို့ တိုင်ရမှန်းလည်းမသိလို့ပါ။" ဟုဒေသခံ ကိုလွမ်းကိုကိုကပြောသည်။ ထိုစက်ရုံမှာ မူလက ထိုင်းနိုင်ငံတွင်တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုင်းပြည်သူများမှ ၀ိုင်းဝန်းကန့်ကွက်ကြ သောကြောင့် မလည်ပတ်ဖြစ်သောစက်ရုံကို သန်းဖြိုးသူကုမ္ပဏီမှ ၀ယ်ယူပြီး ကော့သောင်းတွင်လာရောက် တည်ဆောက်ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ "ကျွန်တော်တို့က သမ္မတကြီးဆီကို အသနားခံစာတင်တာပါ၊ အဲ့ဒီစက်ရုံလာဆောက်တာလည်းကြိုက်ပါတယ်။ ဒါပေမဲ့လူနေအိမ်တွေနဲ့နီးတော့ မကောင်းဘူးလေ၊ လူနေအိမ်နဲ့ဝေးတဲ့ နေရာမှာဆောက်ပေးရင်တော့၊ ဘယ်သူ မှ မကန့်ကွက်လောက်ကြပါဘူး။" ဟု အဆိုပါ ကိုလွမ်းကိုကိုကပြောသည်။ ကော့သောင်းနယ်တ၀ိုက်တွင် ရွာသွန်းသော မိုးရေအများစုသည် အဆိုပါကျောက်မီးသွေးစက်ရုံအနီးရှိ ယင်းဝါ ရေလှောင်တမံအတွင်းသို့ စီးဝင်ကြကြောင်းနှင့် အဆိုပါရေလှောင်တမံမှ ရေကို အဓိကထားသောက်သုံးနေကြ သော ပြည်သူများလည်းရှိကြောင်း သိရှိရသည်။ Shwe Myitmakha Media Group ![]() | ||
တရုတ်က အခွန်တိုးယူခြင်းကြောင့် မဟာအောင်မြေကျောက်ဝိုင်း အရောင်းအ၀ယ်ပါးနေ Posted: 02 May 2012 04:20 AM PDT ၀င့်သင်ဇာကျော် (မြစ်မခ) မေ (၂)ရက် ၊ ရန်ကုန်မြို့။ တရုတ်ပြည်တွင်းတွင် အခွန်အခတိုးမြှင့်ကောက်ခံနေခြင်းကြောင့် မန္တလေးမြို့မဟာအောင်မြေ ကျောက်ဝိုင်းတွင် အရောင်းအ၀ယ်ပါးလျက်ရှိကြောင်း ကျောက်ကုန်သည်များထံက သိရှိရသည်။ "တရုတ်ပြည်ကနေ ကျနော်တို့ဆီက ကျောက်ဝယ်သွားတယ်၊ သူတို့တရုတ်ပြည်ဘက်ပြန်ရင် အခွန်ခက ၃၃% ပြန်ဆောင်ရတယ်။ အဲ့တော့ တရုတ်လူမျိုးတွေ တော်တော်နဲ့လာ မ၀ယ်တော့ဘူး။" ဟု မန္တလေးမြို့တွင် ကျောက်အရောင်းအ၀ယ်ပြုလုပ်သူ ကိုဇော်မင်းခိုင်က ပြောသည်။ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေကျောက်ဝိုင်းတွင် ကျောက်အရောင်းအ၀ယ်အေးနေရခြင်းမှာ တစ်နှစ် နီးပါးရှိပြီဖြစ်သောကြောင့် ယခုအခါတွင် ကျောက်များကို ဈေးလျော့ရောင်းသော်လည်း အရောင်းအ၀ယ်မဖြစ် ကြောင်း သိရှိရသည်။ " အရောင်းအ၀ယ် တော်တော်အေးတယ်။ အဲ့ဒါကလဲ အခုမှ မဟုတ်ဘူး တစ်နှစ်လောက်ရှိပြီ။ အဲ့ဒါကြောင့်မို့ ထက်ဝက်လောက် လျော့ရောင်းတယ်။ ကျွန်တော်တို့အတွက် တွက်ချေတော့ မကိုက်ဘူးပေါ့။ သူတို့ တရုတ် ပြည်ဘက်မှာ ဆောင်ရတဲ့ အခွန်ခက တိုးမြင့်ကောက်လို့ မလာတော့တာနဲ့တူပါတယ်။" ဟု ကိုဇော်မင်းခိုင်က ဆက်ပြောသည်။ ကျောက်ကုန်သည်များ ကျောက်အရောင်းအ၀ယ်ပါးနေရခြင်းမှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းထားခြင်းကြောင့် တရုတ်လူမျိုးများ လာရောက်လည်ပတ်မှု နည်းလာခြင်း၊ တရုတ်ပြည်တွင် တရုတ်လူမျိုးများအား ချေးငွေ ထုတ်မပေးခြင်းနှင့် အခွန်ခတိုးမြှင့်ကောက်ခံခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ကျောက်ကုန်သည်အချို့က သုံးသပ်ပြောဆိုသည်။ "အကြောင်းအရင်းကတော့ အမျိုးမျိုးပေါ့။ ကျွန်တော်တို့ထင်တာကတော့ မြစ်ဆုံစီမံကိန်း ရပ်လိုက်တဲ့အပေါ်မှာ တစ်ခုခုဖြစ်လို့လား။ နောက်တစ်ခု ကြားသိရသလောက်ကတော့ သူတို့တရုတ်ပြည်မှာ ချေးငွေတွေ ထုတ်မပေး လို့ဆိုပြီး ကြားရတယ် အဲ့ဒါကြောင့် မန္တလေးကို အ၀င်နည်းပြီး ကျောက်အရောင်းအ၀ယ်ပါးတာ ဖြစ်နိုင်တယ်။" ဟု ကျောက်ကုန်သည်တစ်ဦးဖြစ်သူ ကိုမျိုးဇော်က သူ၏အမြင်အား ပြောသည်။ တရုတ်လူမျိုးများ အများဆုံးဝယ်ယူသော ကျောက်အမျိုးအစားမှာ အပွင့်ကျောက်၊ အချပ်၊ လက်ကောက်နှင့် အပွင့်ကျောက်တွင်မှ စိမ်းရွှင်ကျောက်အား အ၀ယ်များပြီး တရုတ်လူမျိုးသည် ၀တ်စားဆင်ယင်ခြင်း၊ အိမ်အလှ ဆင်ခြင်းများကို လာဘ်ကောင်းသောကြောင့် အဆောင် သဘောမျိုးဖြင့် ၀ယ်ယူလေ့ရှိကြောင်း သိရသည်။ လွှာချပ်တစ်ထုပ်လျှင် ကျပ်ငါးသောင်းမှ ကျပ်သိန်းတစ်ရာနီးပါး အထိ ဈေးရှိပြီး၊ အပွင့်ကျောက် (စိမ်းရွှင်) တစ်ကလပ်လျှင် ကျပ်သိန်းလေးရာဝန်းကျင်အထိ ဈေးနှုန်းရရှိကြောင်း သိရှိရသည်။ အဆိုပါကျောက်များကို နေပြည်တော်ကျောက်မျက်ပြပွဲများက သွားရောက်ဝယ်ယူရောင်းချလေ့ရှိသလို မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်များမှ ကျောက်များကို ပြန်လည်ဝယ်ယူရောင်းချကြောင်း ကိုလည်း မန္တလေးကျောက်ကုန်သည်များက ပြောသည်။ Shwe Myitmakha Media Group ![]() | ||
မြစ်ကြီးနားတွင် ညမထွက်ရ အမိန့်ထုတ်ပြန်၊ အိမ်ခြံဘေးဝန်းကျင် မီးထွန်းရန်ညွှန်ကြားထား Posted: 02 May 2012 04:19 AM PDT ဂျာတော့ပ်(မြစ်မခ) မေ(၂)ရက်၊၂၀၁၂ခုနှစ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲမှုများအထိ ဖြစ်ပွားနေသောကြောင့် လုံခြုံရေးအတွက် ဒေသခံပြည်သူများ ည(၈) နာရီ နောက်ပိုင်းအပြင် မထွက်ရဟု ရပ်ကွက်အုပ်ချုပ်ရေးရုံးများက မေ(၁)ရက်မှ စတင်ကာ ကာဖြူးထုတ်လိုက်ကြောင်း သိရသည်။ ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မြန်မာအစိုးရတပ်များကြား ယခင်ထက် ပိုမိုပြင်းထန် ပစ်ခက်မှုများဖြစ်နေပြီး မြို့တွင်း၌ပါ ဗုံးပေါက်ကွဲမှုများအထိ ဖြစ်ပေါ်နေသောကြောင့် ဒေသခံများ၏ လုံခြုံရေး အတွက် အပြင်ထွက်ခွင့်ပိတ်ပင် ရခြင်းဖြစ်ကြောင်း သိရသည်။ ယမန်နေ့ မေ (၁) ရက်၌လည်း ဆားမှော်ဘူတာ တစ်မိုင်ခွဲခန့်ရှိ မီးရထားသံလမ်းတွင် မိုင်းပေါက်ခွဲမှုနှစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့သည်။ "ကျတော်တို့ မနေ့ညနေ ပိုင်း ရပ်ကွက်ရုံးမှာ စည်းဝေးကြတယ်။ ည (၈) နာရီ နောက်ပိုင်း အပြင် မထွက်ရ ဘူးတဲ့။ အရမ်းအရေးကြီးတဲ့ ကိစ္စတွေ ရှိရင်တော့ မှတ်ပုံတင်ကိုင်ပြီး ထွက်ပါတဲ့။" ဟု ဒူကထောင်ရပ်ကွက်မှ ဒေသခံ တစ်ဦးက ဆိုသည်။ မြစ်ကြီးနားမြို့တွင် နေထိုင်သူများ မိမိအိမ်ခြံဘေးပတ်ပတ်လည် လျှပ်စစ်မီးထွန်းရန်လည်း ရပ်ကွက်အုပ်ချုပ် ရေးမှူးက လှုံဆော်ထားသည်။ ပြီးခဲ့သည့် ဧပြီလတွင် မြစ်ကြီးနားမြို့တွင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ ဧပြီလ (၂၉) ရက်နေ့ တွင်လည်း မိုးညှင်းမြို့နယ်တောင်ဘက် (၁၈) မိုင်အကွာ နန့်စီးအောင်ဘူတာနှင့် မော်ဟန်ဘူတာကြားရထား လမ်းတွင် မိုင်းပေါက်ကွဲခဲ့သည်။ ယင်းသို့ မိုင်းဖောက်ခွဲသူ တရားခံ လက်သည်မပေါ်သေးသော်လည်း အစိုးရပိုင် သတင်းစာတွင်မူ ကေအိုင်အိုမှ ဖောက်ခွဲခဲ့ကြောင်း ရေးသားဖော်ပြထားသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုများကြောင့် ရပ်ရွာ လုံခြုံရေးအတွက် မိမိတို့ ရပ်ကွက်ရှိ ရပ်ကွက်ရုံး (ရဝတ)တွင် အရပ်သား(၈)ဦး ညစဉ် အလှည့်ကျကင်းစောင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မီးရထားသံလမ်းများတွင် ညနေစောင်းချိန်မှစ၍ သံလမ်းဘေး ထိုင်ခြင်း၊ လမ်းလျှောက်ခြင်းများအား အထူးတားမြစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင် ရပ်ကွက်ပေါင်း ၅၈ ခုရှိပြီး၊ ကချင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်မှုများ ကြောင်း သိရသည်။ Shwe Myitmakha Media Group ![]() ![]() | ||
အလုပ်သမားရပိုင်ခွင့်နှင့်ပတ်သတ်၍ အလုပ်သမားအဖွဲ့များက သင်တန်းပေးမည် Posted: 02 May 2012 04:18 AM PDT ယမင်း (မြစ်မခ) ဧပြီ(၂)ရက်၊ ၂၀၁၂ခုနှစ်။ အလုပ်သမားအဖွဲ့အစည်းများက အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်ပတ်သတ်၍ သင်တန်းများပို့ချ ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်းများထံက သိရှိရသည်။ လှိုင်သာယာ၊ တိုင်ရီဖိနပ်စက်ရုံမှ အခြေခံအလုပ်သမားအဖွဲ့အစည်းရှိအဖွဲ့ဝင် (၄၀)ဦးဝန်းကျင်အား လုပ်သား စီးပွားဘာသာရပ်၊ လုပ်သား ဥပဒေဘာသာရပ်၊ နိုင်ငံတကာအလုပ်သမားစံနူန်းဘာသာရပ်များကို သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ "အလုပ်သမားအဖွဲ့ခေါင်းဆောင်တွေကို သုံးပွင့်ဆိုင်(စီးပွားရေးလုပ်ငန်းရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စား လှယ်) ညှိနိုင်းတိုင်ပင်၊ ဖြန်ဖြေခြင်းနဲ့ဆိုင်တာတွေကို ဆွေးနွေးမယ်၊ အလုပ်သမားတွေရပိုင်ခွင့်ကို ဘယ်လို ယူနိုင်လဲဆိုတာတွေ ဆွေးနွေးသွားမှာဖြစ်တယ်"ဟု တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ဥပဒေ အတိုင်ပင်ခံ ရှေ့နေဖိုးဖြူကပြောသည်။ သင်တန်းအား စီးပွားရေးပညာရပ်ဆိုင်ရာ ကျောင်းဆင်းများ၊ ဥပဒေပညာရပ်ဆိုင်ရာ ကျောင်းဆင်းများမှ ၂၀၁၂ ခုနှစ်၊ မေလ (၂၀) ရက်နေမှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တွင် ဆူးလေ၊ ပန်းဆိုးတန်းမှတ်တိုင်၊ တိုက်အမှတ် ၁၈၅၊ ဒုတိယထပ်တွင် သင်ကြာပေးသွားမည်ဖြစ်သည်။ "ကျွန်မတို့နိုင်ငံမှာ အခုဖြစ်ပေါ်နေတဲ့ အလုပ်သမားက လုပ်ခတို့ အချိန်တို့ အများကြီး နစ်နာဆုံးရှုံးနေတာ ကိုတွေ့ရတယ်။ အလုပ်သမားတွေဆို သူတို့ရပိုင်ခွင့်တောင် သူတို့မသိတဲ့သူတွေ အများကြီးတွေ့ရတယ်။ အဲဒါကြောင့် အခုသင်တန်းကလည်း အလုပ်သမားတွေအတွက်အထောက်အကူဖြစ်ဖို့ အတွက်ဆွေးနွေးမှာပါ" ဟု လှိုင်သာယာ၊ တိုင်ရီ ဖိနပ်စက်ရုံ အခြေခံအလုပ်သမား အဖွဲ့စည်း ဥက္ကဌဒေါ်မိုးဝေကပြောသည်။ လှိုင်သာယာမြို့နယ်၊ တိုင်ရီဖိနပ်စက်ရုံတွင် အလုပ်သမားတောင်းဆိုမှုများဖြစ်ပေါ်ခဲ့ပြီးနောက် မတ်လ (၂၃)ရက် နေ့တွင် အခြေခံအလုပ်သမားသမ္မဂအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ရာ ဧပြီလ (၂၅)ရက်နေ့တွင် အခြေခံ အလုပ်သမားအဖွဲ့စည်းအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့ကြောင်း၊ အဆိုပါ စက်ရုံတွင်း လူဦးရေ (၁၂၆၆) ဦးနှင့် လူဦးရေ (၂၀၀) ဦးဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့စည်း (၂) ခုရှိကြောင်း သိရသည်။ "ကျွန်တော့်အမြင်တော့ ကောင်းတယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ခနဲ့ လစာမညီမျှဘူးလေ။ အဲဒါတွေကို ဘယ်လိုတောင်းဆိုရမယ်၊ ဘယ်လိုရယူနိုင်လဲဆိုတာကို အလုပ်သမားတွေသိလာမယ်ဆိုရင် ကောင်းပါတယ်" လှိုင်သာယာ၊ ၁၈ ရပ်ကွက်၊ ရွေရင်အေးဈေးအနီးတွင်နေထိုင်သူ ကိုစန်းဝင်းကပြောသည်။ အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးနှင့် အကျိုးခံစားခွင့်များကို အပြည့်အ၀ရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ အလုပ်သမားများကလည်း စက်ရုံ၊အလုပ်ရုံ ဌာနအသီးသီးတွင် ထုတ်လုပ် ၀န်ဆောင်မှုများ အစဉ်တိုးတက်မှုရှိအောင် ဆောင်ရွက်ပေးမှ နိုင်ငံတော်၏ စိးပွားရေးတိုးတက်လာခြင်းနှင့် အတူ လူမှုရေးကာကွယ်စောင့်ရှောက်မှု၏ အကျိုးကျေးဇူးများကို ပြည်သူတစ်ရပ်လုံးနှင့် အလုပ်ရှင် အလုပ် သမားများအပါအ၀င် နောင်လာနောင်သားများ ခံစားခွင့်ရကြမည် ဖြစ်ပါကြောင်း ဆက်ပြောဆိုသည်။ Shwe Myitmakha Media Group ![]() | ||
ပြည်ပမှ မော်တော်ယာဉ်စက်ရုံ လာရောက်တည်ထောင်လိုသည့် ကုမ္ပဏီ(၇)ခုရှိကြောင်း စက်မှုဝန်ကြီးပြောဆို Posted: 02 May 2012 04:15 AM PDT ကျော်ဇင်မန်း(မြစ်မခ) ဧပြီ(၂)ရက်၊၂၀၁၂ခုနှစ်။ ပြည်ပမော်တော်ကားကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်စက်ရုံများလာရောက် တည်ထောင်ခွင့် တောင်းထား သော ကုမ္ပဏီ(၇)ခုခန့်ရှိပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဌ ဦးစိုးသိန်းက နေပြည်တော်စက်မှုဝန်ကြီးဌာနတွင်ပြုလုပ်သော သတင်းထောက်များနှင့်တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။ "လာပြောတဲ့ ကုမ္ပဏီတွေများတယ်။ (၇)ခုလောက်တော့ ရှိမယ်ထင်တယ်။ မီဆူဘီရှိရော၊ ဆူဇူကီးရော များတယ်။ နောက်ပိုင်းလည်းလာကြမှာပဲ။ အဲတော့ အကောင်းဆုံးကုမ္ပဏီကို ကျွန်တော်တို့ ရွေးချယ်ပြီး ခွင့်ပေးဖို့ပဲ တာဝန်ရှိတယ်။ မစ်ဆူဘီရှီတို့၊ မာရိုဘီနီတို့၊ ဆူဇူကီးတို့က မားကတ် အီကိုနော်မီဖြစ်တဲ့အတွက် ကျတော်က open ပဲ"ဟု စက်မှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောခဲ့သည်။ ကမ္ဘာကြီးအားလုံးက တံခါးဖွင့်လိုက်သောကြောင့် မိတ်ဆွေအများအပြားနှင့်တွေ့ရသောကြောင့် နိုင်ငံတကာ ရင်းနှီး မြုပ်နှံ မှုများနှင့် ပတ်သတ်၍ နားလည်လာကြောင်း ယခင်က မိတ်ဆွေတစ်ယောက်သာရှိ၍ တစ်ယောက်ကိုသာ နားလည်ခဲ့သည့် အတွက် လက်ရှိတွင် မည်သည့်နိုင်ငံမဆို လာရောက်လာရောက် ခွင့်ပြုကြောင်း၊ မိမိနိုင်ငံအပေါ် မည်မျှအကျိုး ရှိမည် ဆို သည်ကို စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။ "လာချင်တဲ့နိုင်ငံကလာ ခွဲခြားလို့မရဘူး။ ကျတော့်နိုင်ငံ ဘယ်လောက်အကျိုးရှိမလဲဆိုတာကိုပဲ ကျတော်တိုင်းတာမယ်။ အခွန်ကျကျနန ရတယ်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်သော ပြည်သူလူထုကိုမထိခိုက်သော ဒီလိုဟာတွေ အကောင်းဆုံး ကို ရွေးချယ်မှာ နောက်တစ်ခုကတော့ ဒီစက်ရုံကြီးလာတည်ဆောက်တဲ့အတွက် တိုင်းပြည်က ဘယ်လောက်အခွန်ရလဲ ဆိုတာ ပြည်သူလူထုကိုချပြလို့ရအောင် အဲဒီလို၊ တိုးတိုးတိတ်တိတ် လုပ်ပေးလို့မရဘူး။ လာဘ်တွေဘာတွေထိုးပြီးတော့ ဒီကုမ္ပဏီလုပ် ဟိုကုမ္ပဏီတော့မလုပ်နဲ့ ဒါမျိုးမဟုတ်ဘူး"ဟု ၎င်းက ဆက်ပြောသည်။ နိုင်ငံတကာမော်တော်ကားထုတ်လုပ်သည့်စက်ရုံများရောက်ရှိလာပါက မြန်မာနိုင်ငံအတွင်းတွင် လူတိုင်းလိုလို မော်တော်ကား များစီးနင်းခွင့် ရနိုင်ကြမည်ဖြစ်ကြောင်း၊ ဈေးနှုန်းကြီးမြှင့်ခြင်းမျိုးမရှိပဲ နိုင်ငံတကာ ဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်ကြောင်း ကားဝယ်ရောင်းလုပ်သက် (၁၅)နှစ်ကျော်ရှိသူ ဦးကျော်ကပြောသည်။ "တကယ်တမ်းသာလာခဲ့မယ်ဆိုရင် စက်ရုံတွေက အပြိုင်အဆိုင်ထုတ်ကြမယ်။ သူ့ထက်ငါရောင်းရအောင် ဈေးတွေ လျော့ပေးကြမယ်။ ဒီလိုမျိုးတွေဖြစ်လာရင် နောက်ဆက်တွဲအနေနဲ့ အလုပ်အကိုင်ပြနိုင်တဲ့သူတွေ အတွက် သက်သာမယ့် အရစ်ကျစနစ်တွေ အလိုလိုပေါ်လာမှာ။ ဒါဆိုရင် ပြည်သူတွေအတွက် သိပ်ကောင်းတာပေါ့။ အဓိကအချက်ကတော့ ကားကောင်းတွေလာရင် မောင်းနှင်ဖို့ လမ်းကောင်းတွေ အသင့်ရှိနေဖို့ပဲ လိုတာပါ" ဟု ၎င်းကပြောသည်။ Shwe Myitmakha Media Group ![]() | ||
ဇဗ္ဗူသီရိမြို့နယ်က ဒေသခံများ စုငွေ(၃)ဆအား ပြည်ခိုင်ဖြိုးပါတီက ချေးယူနိုင် Posted: 02 May 2012 04:13 AM PDT အောင်ကိုကိုလတ် (မြစ်မခ) ဧပြီ(၂)ရက်၊၂၀၁၂ခုနှစ်။ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တွင် ဒေသခံများအဆင်ပြေစေရန်အတွက် 'မြစိမ်းရောင်' အမည်အဖြင့် ငွေစု ငွေချေး လုပ်ငန်များအား ဆောင်ရွက်ပေးနေကြောင်း ပြည်ခိုင်ဖြိုးပါတီက သိရှိရသည်။ မြစိမ်းရောင် လယ်ယာကုန်ထုတ်နှင့် လက်လုပ်လက်စားငွေစုငွေချေးအသင်းသည် ငွေစုငွေချေးရာ၌ ငွေချေးသူ ၏ စုငွေနူန်းအပေါ်တွင် (၃)ဆထုတ်ချေးပေးပြီး အတိုးနူန်းမှာ (၂)ကျပ် ဖြစ်ကြောင်း သိရသည်။ ဥပမာ-(စုငွေ ၁ သိန်း ကျပ်× ၃ဆ= ချေးငွေ ၃သိန်း ကျပ်) "ဘယ်သူကိုပဲဖြစ်ဖြစ် ချေးပေးပါတယ်။ အားလုံး အဆင်ပြေအောင်လုပ်တာပါ။ ငွေးချေးမယ်ဆိုရင်တော့ စုငွေ ရဲ့၃ဆကိုထုတ်ပေးတာပါ။ ကန့်သတ်ချက်တော့မရှိပါဘူး"ဟု လယ်ယာကုန်ထုတ်နှင့် လက်လုပ်လက်စား ငွေစု ငွေချေး 'မြစိမ်းရောင်' အသင်း၏ အတွင်းရေးမှူး ဦးဝင်းဌေးကပြောသည်။ အဆိုပါ ငွေစုငွေချေးလုပ်ငန်းအား ၂၀၁၁ ခုနှစ် မေလပိုင်းမှ စတင်လုပ်ကိုင်ခဲ့ပြီး လက်ရှိ (၁)နှစ်တာကာလတွင်း ငွေစုငွေချေးသူ (၁၀၀၀)ဦးရေဖြင့် လည်ပတ်လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။ "ကျွန်တော်တို့တော့ မချေးနိုင်ပါဘူး။ အသင်းက စုငွေအပေါ်မှာ ငွေထုတ်ပေးတာဆိုတော့ အရင်းအနှီး လိုတယ်။ ကျွန်တော်တို့ မတက်နိုင်တဲ့သူတွေတော့ နည်းနည်းခက်တယ်"ဟု သပြေကုန်းဈေးတွင် ကုန်စိမ်း ရောင်းသူ ကိုဝေတွန်းကပြောသည်။ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ကျေးရွာအုပ်စု(၃)ခုနှင့် ရပ်ကွက်(၂)ခုတွင် 'မြစိမ်ရောင်' ငွေစုငွေချေးလုပ်ငန်း (၈)ခု ဖွင့်ထာပြီး၊ အဆိုပါ ဒေသခံတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများနှင့် လက်လုပ်လက်စား (နေ့စား သမား) သမား အများစုနေထိုင်ကြောင်း သိရသည်။ "အသင်းက အခြေခံလူတန်းစားတွေကို ဦးတည်ထားတာမျိုး တွေ့ရတယ်။ စိုက်ပျိုးချိန်မှာဆိုရင် တော်တော် လေး အဆင်ပြေပါတယ်။ အရင်းအနှီးလုပ်လိုတဲ့သူတွေအတွက်တော့ အဆင်ပြေတယ်" ဟု မြို့မဈေးအနီးတွင် ဆိုင်ကယ် (Taxi) ပြေးဆွဲနေသူ ဦးတင်ဌေးက ပြောသည်။ Shwe Myitmakha Media Group ![]() | ||
ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်များ EU ပါလီမန်သို့ သွားရောက်လေ့လာမည် Posted: 02 May 2012 04:11 AM PDT ဂျာတော့ပ်(မြစ်မခ) မေ(၂)ရက်၊၂၀၁၂ခုနှစ်။ မြန်မာ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥရောပသမဂ္ဂပါလီမန်(EU ပါလီမန်)သို့ မေလ(၆) ရက်နေ့တွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။ ဂျာမနီ၊ ဘယ်ဂျီယံ၊ နော်ဝေး စသည့် နိုင်ငံသုံးနိုင်ငံ၏ လွှတ်တော်ဥက္ကဋ္ဌများ၏ ဖိတ်ကြားချက်အရ လွှတ်တော်ဖွဲ့စည်းပုံနှင့် စီးပွားရေးရင်းနှီးမြှပ်နှံမှုများ သွားရောက်လေ့လာမည်ဖြစ်ကြောင်းသိရသည်။ ဥရောပသမ္မကပါလီမန်နှင့် မြန်မာလွှတ်တော်ဆက်ဆံရေးပိုမိုတိုးမြင့်နိုင်ရန်နှင့် နှစ်နိုင်ငံအပြန်အလှန်လေ့လာ၍ ပူးပေါင်းဆောင်ရွက်ရန် ဥရောပခရီးစဉ်သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့ မေလ(၆)ရက် သွားရောက် မည်ဖြစ်သည်။ ဥရောပသမ္မကပါလီမန် ဥက္ကဋ္ဌမစ္စတာ မာတင်ရူ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဥက္ကဋ္ဌ သူရရွှေမန်း၊ စီမံကိန်းနှင့် ဘဏ္ဍရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဦးလှမြင့်ဦး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးမြင့်၊ တိုင်ရင်း သားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူနှင့် ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါ်နန်းနုဝါတို့ သွားရောက်လေ့လာမည် ဖြစ်သည်။ ဥရောပနိုင်ငံများတွင် ဘဏ္ဍာရေးဆိုင်ရင်ကိစ္စရပ်များအား မည်သို့တာဝန်ယူဆောင်ရွက်နေသည်၊ လွှတ်တော် စီမံကိန်းများ၊ လွှတ်တော်ဖွဲ့စည်းမှုဆိုင်ရာ၊ စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှပ်နှံမှု အပါအ၀င် လွှတ်တော်များ၏ ဥပဒေပြုအစီအစဉ်များနှင့် လေ့လာသင့်သည့် ဥပဒေများ၊ အခြားစေ့စပ်သည့် ကိစ္စရပ်များ လေ့လာရန်သွားရောက်ခြင်း ဖြစ်ကြောင်း အင်ဂျန်ယန် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။ "အန်တီကတော့ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကပေါ့။ ဒါပေမယ့် သူတို့က အန်တီကို ခေါ်တယ်။ ကိုယ်က ရှေ့နေဖြစ်နေတော့ ဥပဒေနှင့် ဆိုင်တာတွေ လေ့လာဖို့အတွက် သွားရမယ်။" ဟု ဒေါ်ဒွဲဘူက ဆိုသည်။ အဆိုပါခရီစစဉ်တွင် မြန်မာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဂျာမနီ၊ ဘယ်ဂျီယံ၊ နော်ဝေး စသည့် နိုင်ငံများအပြင် ပြစ်သစ်နှင့် ဆွီဇလန် နှစ်နိုင်ငံသို့လည်း အလည်ခရီးသွားရောက်မည်ဖြစ်သည်။ Shwe Myitmakha Media Group ![]() | ||
ကြိုတင်မကြေညာဘဲ သမ္မတအိုဘားမား အာဖဂန်ရောက်ရှိ Posted: 02 May 2012 04:03 AM PDT အာဖဂန်နစ္စတန်နိုင်ငံကို ကြိုတင်မကြေညာဘဲ လျှို့ဝှက်ရောက်ရှိလာခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama)ဟာ ဒီကနေ့ မေလနှစ်ရက်၊ မကြာသေးခင် မြန်မာစံတော်ချိန် မနက်(၆) နာရီအချိန်မှာ ကဘူးလ် (Kabul) မြို့တော်မြောက်ဘက်က အမေရိကန်တို့ရဲ့ ဘာဂရမ်လေတပ်စခန်း (Bagram Air Base) ကနေ အာဖဂန်စစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်လူထုကို တိုက်ရိုက် ရုပ်သံလွှင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီလထဲ အမေရိကန်ပြည်ထောင်စု၊ ရှီကာဂို (Chicago) မြို့မှာ မြောက်အတ္တလန္တိတ်စစ်စာချုပ် (NATO) အဖွဲ့ရဲ့ ထိပ်သီးညီလာခံ ကျင်းပတဲ့အခါ နောက်နှစ်၂၀၁၃ ခုနှစ်မှာ အာဖဂန်တပ်ဖွဲ့တွေက အာဖဂန် နစ္စတန် နိုင်ငံတ၀ှမ်း ချေမှုန်းရေး၊ စစ်ဆင်ရေးတွေကို ဦးဆောင်ဆင်နွှဲနိုင်ရေး ရည်မှန်းချက်တစ်ရပ်ကို ချမှတ် သွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။ မနှစ်က ၂၀၁၁ ခုနှစ်မှာ အမေရိကန် တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို အာဖဂန်နစ္စတန်ကနေ ပြန်လည် ရုပ်သိမ်းနိုင်ခဲ့ပြီးတော့ ဒီနှစ်မှာလည်း လာမယ့်နွေ ရာသီကုန်ဆုံးချိန်မှာ နောက်ထပ် အမေရိကန် တပ်ဖွဲ့ဝင် ၂၃၀,၀၀ ကိုလည်း ပြန်လည် ရုပ်သိမ်း မှာ ဖြစ်ကြောင်းနဲ့ အဲ့ဒီနောက် အမေရိကန်တပ်ဖွဲတွေကို အဆင့်လိုက် တဖြည်းဖြည်း ရုပ်သိမ်းသွားပြီးတော့ ၂၀၁၄ ခုနှစ်အကုန်မှာတော့ အာဖဂန်နစ္စတန်ရဲ့လုံခြုံရေးကို အာဖဂန်တပ်ဖွဲ့တွေကပဲ အပြည့်အ၀ တာဝန်ယူ သွားတော့မှာဖြစ်တယ်လို့လည်း သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့တွေက အာဖဂန်တပ်ဖွဲ့တွေကို ဆက်ပြီး စစ်ရေးလေ့ကျင့်ပေး သွားမှာ ဖြစ်ပြီးတော့ ဒီနှစ် ၂၀၁၂ ခုနှစ် အကုန်မှာ တပ်ဖွဲ့ဝင်၃၂၅,၀၀၀ အထိရှိလာမယ့် အာဖဂန်တပ် မတော်ကို လုံခြုံရေးတာဝန်တွေ စပြီး လွှဲပြောင်းပေးသွားမှာ ဖြစ်ကြောင်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ ဘယ်လို အမေရိကန်စစ်စခန်းမှ ၂၀၁၄ ခုနှစ် နောက် ပိုင်းမှာ ထားရှိမှာ မဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောသွားခဲ့ပါတယ်။ မနှစ်က ၂၀၁၁ မေလနှစ်ရက်နေ့မှာ အယ်လ်ကိုင်းဒါး (Al-Qaida) အကြမ်းဘက်အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို သုတ်သင်နိုင်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ် အာဖဂန်နစ္စတန်ကို လျှို့ဝှက် ခရီးထွက်ခဲ့တာမှာ ဒီကနေ့ မေလနှစ်ရက် ဒေသစံတော်ချိန် အာရုဏ်မတက်ခင်မှာ ဘာဂရမ် လေတပ် စခန်းကို အရင် ဆိုက်ရောက်လာခဲ့တာပါ။ အဲ့ဒီနောက် သမ္မတ အိုဘားမားဟာ ကဘူး(လ်)မြို့တော်က အာဖဂန်သမ္မတအိမ်တော်မှာ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) နဲ့ နှစ်နိုင်ငံမဟာဗျူဟာ မြောက်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာ အာဖဂန်နစ္စတန်မှာ တည်ငြိမ်မှုရရှိရေးနဲ့ ဒေသ တွင်းက အစွန်းရောက် အကြမ်းဘက်အဖွဲ့တွေကို အပြီးအပိုင်ချေမှူန်းရေး မဟာဗျူဟာစီမံချက် အကြီးစားထဲက တစိပ်တပိုင်းဖြစ်တယ်လို့ အမေရိကန်အရာရှိကြီးတွေက ဗီအိုအေကိုပြောခဲ့ပါတယ်။ | ||
စစ်တပ်အရှိန်အ၀ါသုံးပြီး ပွဲစားခမပေးပဲ လုပ်သွားတဲ့ နေပြည်တော်ပျဉ်းမနားက ဖြစ်ရပ် Posted: 02 May 2012 04:06 AM PDT နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ပါနေတဲ့ နေပြည်တော်ပျဉ်းမနားမှာ စစ်တပ်အရာခံ ဗိုလ်ဆိုသူက ပွဲခပေးမယ်ဆိုပြီး အိမ်ရောင်းခိုင်းကာ ပွဲခကို စစ်တပ်အရှိန်အ၀ါသုံးပြီး မပေးခဲ့လို ကာယကံရှင်တွေ စိတ်ညစ်နေရတဲ့ ဖြစ်ရပ်က (၂.၅.၂၀၁၂)နေ့က ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကလေးကတော့ နေပြည်တော်ကောင်စီနယ်မြေ ထောက်/ပို့တပ်က အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန် (၅၅)နှစ်ခန့်က ယင်း၏အိမ်ဝိုင်း ရောင်းပေးလျှင် ပွဲခ (၂)% နှုန်းပေးမယ်ဆိုပြီး ရောင်းခိုင်းလို့ အာဟာရသုခဈေးဝန်းနေ မအေးမိစံ (၃၆)နှစ်ခန့်က အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန် ဘက်ကပွဲစားအဖြစ်နေ ပေါင်းလောင်းဒေါနလမ်းနေ မရတနာဝင်းက ၀ယ်ယူသူ ဦးဇော်ဝင်းဘက်ကနေပြီး ပွဲစားတို့ထုံးစံအရ ရောင်းသူ၊၀ယ်ယူသူနှစ်ဖက်စလုံးကနေ ပွဲခပေးပါမယ့်ဆိုတဲ့ ကတိစကားနဲ့ (၄၀ x ၆၀)အကျယ်ရှိတဲ့ ပေါင်းလောင်း (၅)လမ်းက အိမ်နဲ့ဝိုင်းကို သိန်း (၄၂၀)နဲ့ရောင်းခိုင်းပါသတဲ့။ ပွဲစားခက တစ်ဖက်ကို ရှစ်သိန်းလေးသောင်းနှုန်းနဲ့ ပွဲစားတွေက ရမှာပါ။ ပွဲစားဆိုပေမယ့်လဲ အဲသည့်အမျိုးသမီးနှစ်ယောက်က ပွဲစားအစစ်မဟုတ်ပါဘူး။ သူမတို့စီးပွားရေးထဲမှာပဲ သူမတို့ခေါင်းနှစ်နေတဲ့ ခပ်နုံနုံလေးတွေပါ။ တစ်ကယ်တမ်း ၀ိုင်းနဲ့အိမ်ဖိုး ငွေအကျေချေပြီးသွားတော့ အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်က ပွဲစားခကို အကျေချေပြီးသယောင်နဲ့ ပွဲစားနှစ်ယောက်ကိုရန်တိုက်ပေးပြီး ပွဲစားနှစ်ယောက် စုံတော့ အဖြစ်မှန်သိပြီး အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်ဆီ ပွဲစားနှစ်ယောက်က အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်အိမ်ကိုလိုက်ပြီး တောင်းတော့ မပေးနိုင်ဘူး ဆရာကြီးအိမ်မှာမရှိဘူးလို့ ငြင်းလွှတ်လိုက်တယ်။ ဒါကြောင့် ပွဲစားမနှစ်ယောက်က အိမ်ဝိုင်း ၀ယ်ယူသူ ဦးဇော်ဝင်းဆီက ရတဲ့ ပွဲစားခကိုပဲ နှစ်ဦးခွဲဝေယူလိုက်ရတော့တယ်။ အကျိုးအကြောင်းသိချင်တဲ့ ပွဲစားမနှစ်ယောက်က အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်အိမ်ကို ဖုန်းဆက်တော့ အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်ရဲ့သား ဗိုလ်မှူးသိန်းထွန်းဦး (DSA နည်းပြ) နဲ့ အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်ရဲ့ချွေး ဒေါ်မေသန်းနွယ်နဲ့ တွေ့တဲ့အခါမှာ ``အဖေမရှိဘူး နင့်တို့ဘာသာနင်တို့ရှင်း၊ အဖေက စစ်ရုံးထဲမှာမှာ နင်တို့လိုက်ရဲရင်လိုက်သွားကြည့်။ ငါက ဗိုလ်မှူး နင်တို့လုပ်ချင်ရာလုပ် တိုင်ချင်ရာတိုင်၊ စစ်သားဆိုတာ ပြတ်သားတယ်ကွ´´ဟု မချေမငံဆက်ဆံ ရန်တွေ့ခဲ့သည်ဟုဆိုပါတယ်။ လက်မလျှော့ချင်သေးတဲ့ ပွဲစားမနှစ်ယောက်က အရာခံဗိုလ် မြင့်သိန်း(ခ)ကြည်စိန်ရဲ့ ဟန်းဖုန်းကို သူတို့ဖုန်းနဲ့ဆက်တဲ့အခါ လုံးဝမကိုင်ပါဘူး။ (ဖုန်းနံပါတ်ကို ကြည့်ပြီးတော့)။ တစ်ခြားက ဖုန်းတွေနဲ့ဆက်တဲ့အခါမှာ လဲ ဘေးလူကိုပဲကိုင်ခိုင်းပါသတဲ့။ မှန်းထားတဲ့ ပွဲခမရလို့ အပူမိသွားတဲ့ ပွဲစားမနှစ်ယောက်က သက်ဆိုင်ရာသွားတိုင်တော့လည်း ဒီအမှုဟာ ရာဇ၀တ်အမှု မဟုတ်တဲ့အတွက် သက်ဆိုင်ရာကလည်း လက်ရှောင်နေပါသတဲ့။ သူတို့ မကျေနပ်တာက အပြင်စီးပွားရေး/ ကိုယ်ရေးကိုယ်တာ ကိစ္စကို စစ်တပ်တို့/ စစ်တိုင်းရုံးတို့/ ဗိုလ်မှူးတို့/ အရာခံဗိုလ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ခြိမ်းခြောက်တာကို မနှစ်မြိုတာပါ။ စစ်သားတွေထဲမှာ ကောင်းတာတွေရှိသလို ကောင်းတဲ့စစ်သားတွေဟာလဲ အဲသည်လို လူမျိုးတွေကြောင့် ရောပြီးနာမည်ပျက်နေရတာကို စိတ်မကောင်းပါဘူးလို့လဲ စိတ်ညစ်နေရှာကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကမှ ရာဇ၀တ်မှုမဟုတ်ဘူးဆိုရင် ဘယ်လိုဟာမျိုးတွေကမှ ရာဇ၀တ်မှုဖြစ်ပါသလဲဆိုတာလဲ ပွဲစားမနှစ်ယောက်က နားရှင်းချင်ပါသတဲ့-----။ နေပြည်တော်သတင်းထောက် (Myanmar News Now) | ||
ကျမ်းကျိန်တဲ့ NLD နဲ့ လွှတ်တော်တွင်းမှာ တွေ့ မြင်ရတဲ့ အခြေအနေ Posted: 02 May 2012 12:15 AM PDT ပထမအကြိမ်ပြည့်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် NLD မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၄)ဦးတို့ ကတိသစ္စာပြုပါပြီ။ ပြည်သူလူထုစောင့်စားမျှော်လင့်နေသောအများကြိုက်ခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၃)ဦးတို့သည် ကတိသစ္စာပြုလွှာပါစာသားများနှင့် ပတ်သတ်ပြီး လွှတ်တော်သို့ဝင်ရောက်ရန် အခက်အခဲဖြစ်နေရာမှ ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းနိုင်စေရန်အတွက် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ပြီး ကတိသစ္စာပြုခဲ့ တာဖြစ်ပါတယ်။ ပြည့်သူ့ လွှတ်တော်အစည်းအဝေး ကျင်းပသည့် ယနေ့ (၂.၅.၂၀၁၂)ရက် နေ့ နံနက် (၉း၃၀)အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၄)ဦးတို့ ပြည်သူ့လွှတ်တော်အစည်းအဝေးခမ်းမ သို့ရောက်ရှိလာရာ အခြားပါတီများမှ ကိုယ်စားလှယ်တော်ကြီးများက လှိုက်လှုက်လှဲလှဲ ၀မ်းပမ်းတသာ ကြိုဆိုနှုတ်ဆက်သည်ကို တွေ့ရပါတယ်။ အခြားပါတီများမှ ကိုယ်စားလှယ်တော်ကြီးများက လှိုက်လှုက်လှဲလှဲ ၀မ်းပမ်းတသာ ကြိုဆိုကြပေမယ့်လည်း တစ်ချို့သော ပါတီကိုယ်စားလှယ်များကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာသမားများ ၀ိုင်းနေတော့သိသိသာသာ မျက်နှာလေးတွေငယ် နေတာကိုလည်း တွေ့ရသလို လွှတ်တော်မှာ မျက်နှာမမြင်ခင်တုံးက ပြောချင်ရာ ပြောတဲ့ လူတစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာ မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့လည်း တွေ့ရပါတယ်။ NLD မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာ(၃၇)နေရာ ရရှိခဲ့ပြီး ဦးဇေယျာသော်၊ ဦးနေဖြိုးသိန်းနှင့် ဒေါ်စန္ဒာမင်းတို့မှာ နိုင်ငံခြားသို့ ခရီးလွန်နေသဖြင့် ကတိသစ္စာပြုရာတွင် တက်ရောက်နိုင်ခြင်းမရှိသေးကြောင်းလည်း သိရပါတယ်။ နေပြည်တော်သတင်းထောက် (Myanmar News Now) ဓါတ်ပုံ - နေပြည်တော်သတင်းထောက် (Myanmar News Now) | ||
အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး ကျင်းပပြုလုပ်သည့် အလုပ်သမားနေ့ အခမ်းအနား Posted: 01 May 2012 10:03 PM PDT By ဇာဏီ၊ ၂၀၁၂ ခုနှစ်၊ မေလ ၂ ရက်နေ့။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပခွင့်ရရှိခဲ့သည့် ၁၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ (AFFM)တို့ ပူးပေါင်းပြီး ၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (မေဒေးနေ့) အခမ်းအနားကို အစီအစဉ် (၁၁) ရပ်ဖြင့် နံနက် ၉း၀၀ အချိန်တွင်စတင် ကျင်းပခဲ့ပြီး အီတလီ သမဂ္ဂအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ ဗကသများ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ Labour Actionနှင့် တိုင်းနှင့်ပြည်နယ် အသီးသီးမှာ ရှိသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM)အဖွဲ့ဝင်များမှ ပေးပို့သည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။ အဲဒီနောက်မှာ မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM)တို့၏ အောက်ပါပူးတွဲဆုံးဖြတ်ချက် (၇) ရပ်ကို ချမှတ်ခဲ့ကြပါသည်။ ၁။ မြေယာစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းရာတွင် အဂတိ လိုက်စားမှု ကင်းရှင်းရေးနှင့် လယ်သမားအခွင့်အရေးများ ကာကွယ်နိုင်ရန်အတွက် လွတ်လပ်သော တောင်သူလယ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ပေးရန် ဆုံးဖြတ်သည်။ ၂။ အလုပ်သမား၊ လယ်သမား အခွင့်အရေး ဥပဒေရေးဆွဲရာတွင် လွတ်လပ်သော တောင်သူလယ်သမားနှင့် အလုပ်သမားတို့၏ ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲရန် ဆုံးဖြတ်သည်။ ၃။ အဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် ကလေးစစ်သားများ စုဆောင်းအသုံးပြုနေခြင်းတို့ကို (၃)နှစ် သက်တမ်းတိုး ခွင့်ပြုထားခြင်းအပေါ် ချက်ခြင်းရပ်တန့်ပေးရန် ကန့်ကွက်ကြောင်း ဆုံးဖြတ်သည်။ ၄။ အစိုးရရုံးပိတ်ရက်များတွင် ကာယ၊ဥာဏ အလုပ်သမားထုအားလုံး အလုပ်ပိတ်ရက်နှင့် လုပ်ခလစာအပြည့် ရရှိရန်ဆုံးဖြတ်သည်။ ၅။ လွတ်လပ်သော သမဂ္ဂ အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအပေါ် ကန့်သတ်ချုပ်ချယ်နေမှုများကို အမြန်ဆုံး ရုတ်သိမ်းပေးရန် တောင်းဆိုကြောင်း ဆုံးဖြတ်သည်။ ၆။ ကလေးအလုပ်သမား ပပျောက်ရေးနှင့် အခမဲ့ပညာသင်ကြားရေး ဖော်ထုတ်ပေးရန် ဆုံးဖြတ်သည်။ ၇။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဒဂုံမြို့သစ်မြို့နယ်မှ "လယ်ယာမြေများအား နောက်ကို မသိမ်းတော့ပါ"ဟု မီဒီယာများအား ပြောကြားခဲ့သော်လည်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ညောင်ပင်ကျေးရွာ၊ ဒလဗန်းကျေးရွာ၊ သရက်ပင်ချောင်းကျေးရွာများမှ လယ်ယာမြေများကို စီမံကိန်းနယ်မြေမလွတ်သည့်အတွက် မဖယ်ရှားပေးပါက မြေတူးစက်များဖြင့် ဖယ်ရှားမည်ဟု ခြိမ်းခြောက်နေမှုများကို မိမိတို့ AFFMမှ အပြင်းအထန် ကန့်ကွက်ကြောင်း ဆုံးဖြတ်သည်။ စသည့်ဆုံးဖြတ်ချက် (၇) ရပ် ချမှတ်ခဲ့ကြပါသည်။ "အခမ်းအနားကို အနှောင့်အယှက်မရှိပဲ အောင်အောင်မြင်မြင် ကျင်းပနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီနေ့ မေဒေးနေ့ကိုတောင် စက်မှုဇုံတွေက စက်ရုံတွေက မပိတ်ပေးကြတဲ့အတွက် ဒီနေ့မှာ အလုပ်မဆင်းရင် တလလုံးရဲ့ ရက်မှန်ကြေးက အဖြတ်ခံရမှာဖြစ်တဲ့အတွက် သူတို့ရဲ့ စားဝတ်နေရေးနဲ့ ဘဝအခြေအနေတွေကြောင့် မတက်ရောက်နိုင်ခဲ့ကြတဲ့အပေါ် တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ရှေ့နှစ်တွေမှာ အလုပ်သမားတွေအားလုံး တန်းတူညီတူ အခွင့်အရေး ရရှိပြီး အလုပ်ပိတ်ရက်တွေမှာ အလုပ်ခွင်တွေမှ အလုပ်နားပြီး လစာ အပြည့်ရပြီးတော့ ရှေ့နှစ်တွေမှာ ဒီထပ်ကောင်းမွန်တဲ့ အခမ်းအနားမျိုးတွေ ပြုလုပ်ခွင့်ရနိုင်ပါစေလို့ ကျနော့အနေနဲ့ ဆန္ဒရှိပါတယ်" လို့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (မေဒေးနေ့) အခမ်းအနားကို တက်ရောက်ခဲ့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ (AFFM) အတွင်းရေးမှူး ဦးမြင့်ထွေးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM)၊ မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)၊ ပဲခူးတိုင်း ချည်မျှင်၊ အထည်ချုပ်နှင့် သားရေ အလုပ်သမားများ သမဂ္ဂ (TGLWU)၊ ပို့ဆောင်ရေး နှင့် အထွေထွေ အလုပ်သမား သမဂ္ဂ (TGWU)၊ စာရေးဆရာ၊ စာပုံနှိပ်နှင့် ပညာရေး လုပ်သားများ သမဂ္ဂ (Teachers and Education Workers Union)၊ အနှေးယာဉ် အလုပ်သမားများ သမဂ္ဂ၊ ပလတ်စတစ်ပစ္စည်းစက်ရုံ အလုပ်သမားများ သမဂ္ဂတို့ စုပေါင်း၍ ၂၀၁၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး ကျင်းပပြုလုပ်သည့် ၁၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (မေဒေးနေ့) အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် တောင်သူလယ်သမားများ၊ စက်မှုဇုံ အလုပ်သမားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ အယောက် ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ အလားတူပဲ ရန်ကုန်တိုင်း သုံးခွမြို့နယ်နှင့် ရခိုင်ပြည်နယ် ဂွမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံး တို့တွင်လဲ ၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM)၊ မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)တို့ တရားဝင် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရန် နိုင်ငံတော် အစိုးရကို ၂၀၁၁ နိုဝင်ဘာလကတည်းက မှတ်ပုံတင် လျှောက်ထားခဲ့သော်လည်း မှတ်ပုံတင် အရာရှိချုပ် မခန့်ရသေးကြောင်း စာဖြင့် အကြောင်းပြန်ကြားပြီး အဲဒီနောက်ပိုင်းမှာတော့ တစုံတရာ အကြောင်းပြန်တာမျိုး မရှိခဲ့ဘူးဟု သိရပါသည်။ ဘားမားဗီဂျေ | ||
Posted: 01 May 2012 09:48 PM PDT | ||
၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်း ဆွေးနွေးပွဲခရီးစဉ် နှိုးဆော်လွှာ Posted: 01 May 2012 09:40 PM PDT ၈၈ မျိုးဆက် ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်းဆွေးနွေးပွဲခရီးစဉ် ယနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းသို့ရောက်ရှိမည်ဖြစ်ပြီး နေ့လည် (၂)နာရီအချိန်ခန့် ဟိုပုံးမြို့၊သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးကို ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။ Myanmar News Now | ||
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်နေစဉ် (ဓါတ်ပုံ) Posted: 01 May 2012 09:19 PM PDT | ||
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ရန် နေပြည်တော် ရောက်ရှိ Posted: 01 May 2012 09:04 PM PDT မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေးကို နှစ်ပေါင်းများစွာ တစ်စိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်ခဲ့သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရန် ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်က နေပြည်တော်သို့ လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာပြီ ဖြစ်ကြောင်း နေပြည်တော် လေဆိပ်သို့ ရောက်ရှိ သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ တတိယအကြိမ်မြောက် နေပြည်တော် ခရီးစဉ်ဖြစ်ပြီး မြန်မာ့နိုင်ငံရေး အလှည့်အပြောင်း အတွက် သမိုင်းဝင်မည့် မှတ်တိုင်တစ်ခု ဖြစ်သည်။ The Voice Weekly | ||
ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ Posted: 01 May 2012 06:25 PM PDT ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖိတ်ကြားချက်ဖြင့် ပြည်ပသို့ထွက်ခွာခဲ့သည့် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ မေလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီဖြစ်သည်။ ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ လိုက်ပါလာသည့်လေယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲ ၁ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ ဓာတ်ပုံပါ အမှတ်တရ တီရှပ်များ ၀တ်ဆင်ကာ သွားရောက်ကြိုဆိုခဲ့ကြသည်။ ညနေ ၅ နာရီခန့်တွင် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့အား အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက တယ်လီဖုန်း ကွန်ဖရန့်ပြုလုပ်ကာ တက်ရောက်နှုတ်ဆက်ခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ နှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့သည် မေလ ၂၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ပြည်သူ့ဂုဏ်ရည်အသင်း၏ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအတွင်းရှိ မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံကြမည်ဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ပြည်သူ့ဂုဏ်ရည်အသင်း၏ အင်တာနက်စာမျက်နှာ http://citizenofburma.org ရှိ 'သတင်းများ' ကဏ္ဍနှင့် 'အစီအစဉ် ပြက္ခဒိန်' ကဏ္ဍ တို့တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။ ဦးကျော်သူ သည် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဧပြီလ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံပေါင်း ၅၄ နိုင်ငံမှ အင်တာနက်ဆန္ဒမဲဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ။ citizenofburma | ||
NLD လွှတ်တော် ကိုယ်စားလှယ် တချို့ နေပြည်တော်ရောက်ရှိ Posted: 01 May 2012 06:06 PM PDT | ||
ကုလသမဂ္ဂတွင် မိန့်ခွန်းပြောရန် ဒေါ်အောင်ဆန်းစုကြည်ကို ဘန်ကီမွန်း ဖိတ်ကြား Posted: 01 May 2012 05:52 PM PDT
မစ္စတာ ဘန်ကီမွန်းဟာ ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှတ်တော်တက်ရောက်ရေး ပျော့ပျောင်းညင်သာစွာ သဘောတူ လုပ်ဆောင်လိုက်တာနဲ့ ပတ်သက်ပြီး ချီကျူးဂုဏ်ပြုစကား ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေပေမယ့် အခက်အခဲတွေကတော့ ဆက်ရှိနေသေးတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ "မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ အခက်အခဲတွေ ရှိချင်ရှိမယ်။ စိန်ခေါ်မှုတွေကတော့ ဆက်ရှိနေသေးတယ်။ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကတော့ ပြန်မပြင်သင့်တော့ဘူး။ နောက်ပြန် မလှည့်ရတော့ဘူး" လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အန်အယ်လ်ဒီပါတီဟာ အငြင်းပွားနေတဲ့ စကားရပ်တွေကို ပျော့ပျောင်းစွာ လုပ်ဆောင်နိုင်ခဲ့တာဟာ ပါတီရဲ့ မဟာဗျူဟာ လုပ်ငန်းစဉ်အသစ်လည်း မဟုတ်ဘူးလို့ သတင်းထောက်တွေကို ဖြေကြားသွားပါတယ်။ "မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကြိုးပမ်းတဲ့ ကာလတလေ်ွာက်လုံးမှာ ပျော့ပျောင်းတဲ့ နည်းလမ်းကို ကျမတို့ အမြဲယုံကြည်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အကြမ်းမဖက်ဘဲနဲ့ ပျော့ပျောင်းတဲ့ ချဉ်းကပ်မှုမျိုးနဲ့သာ ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မှာ မို့လို့ပါပဲ။ အဲဒီအတွက် ပျော့ပျောင်းတဲ့ လုပ်ဆောင်ချက်တွေဟာ ကျမတို့ပါတီရဲ့ နည်းဗျူဟာအသစ်လို့ ကျမ မထင်ဘူး" လို့ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေဟာ ဥပရောသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို တနှစ်ဆိုင်းငံ့မှုတွေဖြစ်စေပြီးတော့ ဒီနှစ်နဲ့ လာမယ့်နှစ်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုတွေအတွက် အကူအညီရစေခဲ့တာပါ။ နိုင်ငံတကာရဲ့ ဖွံ့ဖြိုးရေးအကူအညီနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က "ဖွံ့ဖြိုးရေးအတွက်ဖြစ်ဖြစ်၊ လူသားချင်း စာနာထောက်ထားလို့ပဲ ဖြစ်ဖြစ် ဘယ်လို အကူအညီမျိုးတွေမဆို ရရှိတာဟာ မြန်မာနိုင်ငံသားတွေအတွက် ကိုယ်စွမ်းကိုယ်စတွေ တိုးတက်မြင့်မားစေပြီးတော့ အစိုးရအပေါ်ကို မှီခိုစိတ်တွေကလည်း လေ်ွာ့နည်းစေဖို့ဆိုတာ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ဖြစ်စဉ်ဟာ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း သွားမယ်ဆိုတာ ကျမ အသေအချာ ပြောနိုင်ပါတယ်" လို့ သတင်းထောက်တွေကို ဖြေဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နယူးယောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ကိုလည်း မစ္စတာ ဘန်ကီမွန်းက ဖိတ်ကြားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ သွားရောက်ပြီး မိန့်ခွန်းပြောမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ မစ္စတာဘန်ကီမွန်းဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံက ပြန်မထွက်ခွာခင် သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခု ကျင်းပခဲ့ပါသေးတယ်။ မင်းလွင် (ဒီဗွီဘီ) | ||
သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာတွေမှာ အ၀ီစီတွင်းရေ ထွက်ရှိပြီ Posted: 01 May 2012 06:28 PM PDT
ရွာတွေမှာ ရက်ပိုင်းအတွင်း တူးဖော်လိုက်တဲ့ အ၀ီစီတွင်းတွေကနေ ရေချိုရေကြည် တွေထွက်ရှိနေပြီလို့ သိရပါတယ်။ သာသာမြိုင်ရွာ၊ ဘိတ်သိတ်ရွာ၊ ရန်ကြီးအောင်ရွာ၊ ဟေမစလာရွာ အားလုံးပဲ အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ NLD အဖွဲ့ရဲ့ကြိုးပမ်းမှုတွေကြောင့် ရေချို ရေကြည်ရရှိ သုံးစွဲနိုင်ခဲ့တာဖြစ်ပါတယ်။ ကျေးရွာလူထုနဲ့ ရေလိုအပ်ချက်ဟာ မလုံလောက်သေးတာကြောင့် နောက်ထပ်လည်း ရေတွင်းတွေ ထပ်ထူးဖို့ အစီအစဉ်တွေရှိတယ်လို့ သုံးခွမြို့ မှ NLD အဖွဲ့ ဝင် မပိုးအိဖြူ က ပြောပါတယ်။ "ရေလိုအပ်နေတဲ့ ရွာတွေအများကြီးရှိနေသေးတာကြောင့် ရွာတွေမှာ အ၀ီစိတွင်း တွေရအောင် ကြိုးစားပြီး အလှူရှင်တွေရှာကြ ရေတကယ်လိုအပ်နေတဲ့ ရွာတွေကို ရေလှူရင်းနဲ့ ရေလိုအပ်နေတဲ့ ဓါတ်ပုံတွေရိုက်ပြီး ရွာတွေမဆင်းနိုင်တဲ့ အလှူရှင်တွေကိုပြရတာပါ ။ မိုးရွာလို့ ရွာတွေမှာ ပိတ်မိနေတဲ့ အချိန်တွေလည်းရှိပါတယ် ။ NLD အဖွဲ့သားတွေ ခက်ခက်ခဲခဲ နဲ့ ကြိုးပမ်းပြီးလှူကြရတာပါ ၊အရမ်းလည်းပင်ပန်းကြတာပါ " လို့  မပိုးအိဖြူ က ဆက်ပြောပြပါတယ်။ သုံးခွမြို့နယ် NLD အမတ် ဒေါ်စုစုလွင် ရဲ့ ကိုယ်စားလှယ်တွေကလည်း ရေတွင်း တူးဖော်နေတဲ့ ရွာတွေမှာသွားရောက် နေထိုင်ပြီး ရေရရှိတဲ့ အထိ ကြိုးပမ်းဆောင် ရွက်နေကြကြောင်းသိရပါတယ်။ Myanmar News Now အ၀ီစီရေတွင်း တတွင်းတူးဖော်ချိန် (၃) ရက်ကြာပြီး ရေတွင်း တတွင်းကို ကုန်ကျ စရိတ် (၁၂) ဆယ့်နှစ်သိန်း ရှိပါတယ်။ ရေတွင်း လှူဒါန်းလိုသူများအနေဖြင့် -- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးရုံး သုံးခွမြို့  အောင်ဇေယျလမ်း၊ လင်းရောင်ဦးရုပ်ရှင်ရုံရှေ့ ဖုံး-05640787 မနက်(၈)နာရီမှညနေ(၄) နာရီ အတွင်းဆက်သွယ်နိုင်ပါတယ်။ | ||
တောင်ကြီးမြို့ မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အဆင့် အစည်းအဝေးကျင်းပမည် Posted: 01 May 2012 05:11 PM PDT လာမဲ့ မေလ (၈)ရက်နေ့ တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အဆင့် အစည်းအဝေးကျင်းပမည်ဖြစ် ကြောင်းသိရပါတယ်။ တစ်မြို့နယ်လျှင် တွင်း/မှူး (1)ယောက်နှင့် မြို့နယ်ကော်မတီဝင် (၂)ဦးစီ တက်ရောက်ရမှာဖြစ်ပါတယ်။ မြို့နယ်အသီးသီးမှ မိမိပါတီအား သုံးသပ်ချက်၊ မိမိမြို့နယ် ပါတီအားသုံးသပ်ချက်၊ ပြည်သူနှင့်ပါတီဆက်ဆံရေး အခြေအနေသုံးသပ်ချက်၊ ဌာနဆိုင်ရာ အာဏာပိုင်များနှင့်ဆက်ဆံရေး အခြေအနေသုံးသပ်ချက်၊ မြို့နယ်/ရပ်ကွက်/ကျေးရွှာ/ မည်သို့ပြန်လည်ဖွဲ့စည်းသင့်ကြောင်းသုံးသပ်ချက်များပါဝင် ဆွေးနွေးဖို့  ရှိတယ်လို့ သိရပါတယ်။ လက်ရှိရှမ်းပြည်နယ်တောင်ပိုင်း ပြည်ခိုင်ဖြိုးပါတီများအနေဖြင့် ပြည်သူ့ အခက်အခဲများ ကူညီဖြေရှင်းရန်အတွက် ဌာနဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းမရဖြစ်နေကြောင်း သိရှိရပါတယ်။ ပါတီအတွင်း အဆင့်ဆင့်တင်ပြမှုနှေးကွေးနေပြီး၊ ပြည်သူ့ဆန္ဒအမြန် ဆုံးဖြည့်ဆည်းနိုင်ရန် ညွှန်ကြားချက်မပေးနိုင်ခြင်းကြောင့် ပြည်သူ့ယုံကြည်မှုရရှိရန် သေချာမှုမရှိနိုင်သေးကြောင်း.. ပါတီဝင်တစ်ဦးမှ ပြောပါတယ်။ Myanmar News Now | ||
မိုးကုတ်မြို့ မှ နိကာယ်သာသနာရေး Posted: 01 May 2012 11:14 AM PDT မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို ထိုမှတဆင့်တိုး၍ နိကာယ်အသင်းပိုင်ငွေများအား ဒုဥက္ကဋ္ဌ၊အတွင်းေ၇းမှူးနှင့် ကော်မတီဝင်တစုတို့သည် ထင်သလိုချယ်လှယ်သုံးစွဲရန်အတွက် အလှူငွေများ စာရင်းလိမ်ခြင်း၊၄င်းတို့အဖွဲ့န အဆိုးဆုံးမှာကား ၄င်းတို့ချေးယူထားသော အသင်းပိုင်ငွေများပြန်မဆပ်ချင်ြ ၄င်းစွပ်စွဲချက်အားအခြေအမြစ်မရှ ဆရာတော်နှင့် နိကာယ်အသင်းသူ၊အသင်းသား တို့မှ အသင်းပိုင်စာရင်းရှင်းတင်ပြန် တိုင်းသံဃနာ ၎င်းတို့အဖွဲ့များမှ (၁) နိကာယ်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဇော် (သီတဂူ ဆေးရုံအုပ်) သည် အဖွဲ့မှ ထင်သလိုပရမ်းပတာ ပြုလုပ်နေသည်ကို သိလျက်နှင့် အားပေးအားမြှောက်ပြုလုပ်နေသည်မှ (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဘဋ္ဌေး ၏ ခမည်းခမက် နိကာယ် ဒု ဥက္ကဋ္ဌ ဥိးလှဋ္ဌေးသည်လည်းမိမိ အဖွဲ့ဝင်များ နှစ်ရှည်ချေးငွေများပြန်မဆပ်ြ (၃) အတွင်းရေးမှူးဦးမောင်မောင်သည် (၄) မိုးကုတ်မြို့မျက်နှာဖုံး သူဋ္ဌေးကြီး သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ရ လည်းဖြစ်သော၊လွှတ်တော်ကိုယ်စားလှ ယခုတစ်ဖန် (၂၇)ကြိမ်မြောက် နိကာယ်စာမေးပွဲတွင်လည်း မိမိ ဂုဏ်တက်ေ၇းအတွက် သူတစ်ပါးရပ်ကွက်တွင် ၀င်ရောက်ကျူးကျော် ဦးဆောင်ကျင်းပခဲ့ပြန်ပါသည်။( ယခင်ကလည်း ပန်းမရပ်ကွက် ပန်းမအထက်ကျောင်းဆရာတော်အား မဟုတ်မမှန်လုပ်ကြံသတင်းဖြင့် ကျောင်းမှနှင်ထုတ်ခဲ့ဖူးပါသည်။( မိမိ၏စည်းစိမ်အာဏာကိုအားကိုး၍ ထင်ရာစိုင်းနေသည်မှာ မိုးကုတ်မြို့နယ်တွင် တရားဥပဒေ စိုးမိုးမှုမရှိ၍လော ဤ အကြောင်းများကြောင့် ဂေါင်းဦးဘာ နိကာယ်အသင်းသူအသင်းသားတို့မှာ မည်သူ့ကို အားကိုးရမည်မသိတော့ပါ။ သာသနာကို ချစ်မြတ်နိုးကုန်သော သံဃမဟာနာယကဆရာတော်ကြီးများနှင့် နိုင်ငံတော်အကြီးအကဲများမှ ကူညီဖြေရှင်းပေးတော်မူကြပါရန် ဤစာမျက်နှာမှ အားကိုးစွာတင်ပြအပ်ပါသည်။ မှတ်ချက်။ ။ အထက်ပါအကြောင်းအရာများသည် ပုဂိုလ်ရေးမုန်းတီးမှုလုံးဝမပါ နိကာယ်အသင်းပိုင်ငွေများအား ဒုဥက္ကဋ္ဌ၊အတွင်းေ၇းမှူးနှင့် ကော်မတီဝင်တစု နှင့် အလွဲသုံးစားလုပ်ထားသည့် အထောက်အထားဓါတ်ပုံများ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ Myanmar News Now | ||
ဝှေဖလာရွှေမှော်မှ ရွှေတူးဖော်ရေးလုပ်ကွက်ကြောင့် လူနေအိမ်နှင့် ဆိုင်ခန်းများမှာ ပြိုဆင်းနေ Posted: 01 May 2012 09:08 AM PDT စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်တောကျေးရွာအုပ်စု၊ ဝှေဖလာရွှေမှော်မှ လူနေအိမ်နှင့် ဆိုင်ခန်းများမှာ နောင်တောကျေးရွာ ဘုန်းတော်ကြီးကျောင်းဆောက်လုပ် အကွက်ရိုက်ရောင်းချခဲ့သော ဆိုင်ခန်းများဖြစ်ပါသည်။ ရွှေကုမ္ပဏီလုပ်ကွက်မဆွဲခင်ကတည်းက နောင်တောကျေးရွာ ဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရန် ရန်ပုံငွေအတွက် ရောင်းချခဲ့သောနေရာများဖြစ်ပါ ကုမ္ပဏီလုပ်ကွက်ဆွဲသူများ ရှိလာပြီးနောက် ၎င်းနေအိမ်များကို 'ရွှေရောင်ကောင်းသောမိတ်ဆွေများ' ကုမ္ပဏီမှ နေရာဖယ်ခိုင်းခဲ့သည်။ ဤကိစ္စကိုဆိုင်ခန်းနှင့်၊ နေထိုင်သူပြည်သူများ မကျေနပ်၍ ဟုမ္မလင်းမြို့နယ်၊ ဒေသခံအာဏာပိုင်များအား 27-2-2012 တွင် တိုင်ကြားခဲ့ပါသော်လည်း ပြေလည်အောင် မဖြေရှင်းပေးပဲ ကုမ္ပဏီဘက်မှ ရွှေတူးဖော်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေခဲ့ရာ '' ရွှေရောင်ကောင်းသောမိတ်ဆွေများ " ကုမ္ပဏီလုပ်ကွက်ကြောင့် ဟုမ္မလင်း-နောင်ပိုအောင်-ဝေဖလာ- ကျေးရွာခြင်းဆက် ကားလမ်းဘေးကပ်လျှက် လက်ရှိနေထိုင်ကြသော လူနေအိမ်နှင့် ဆိုင်ခန်းများမှာ ရွှေတူးဖော်ရေးလုပ်ကွက် ချောက်ကြီးထဲသို့ တဖြေးဖြေးနှင့် ပြိုကျပျက်စီးလျှက်ရှိနေပါသည်။ နောင်တောကျေးရွာအုပ်ချုပ်ရေးမှူ နေအိမ်ပျက်စီးသွားသူဘက်မှ ရွှေကုမ္ပဏီမှတာဝန်ရှိသူအား နေအိမ်ဝင်းအစားပေးရန် တောင်းခံခဲ့ပါသော်လည်း ကုမ္ပဏီဘက်မှ တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ဝှေဖလာရွှေမှော်နေ ပြည်သူများစိတ်သောက ရောက်နေရကြောင်းကို သက်ဆိုင်ရာ ဒေသအာဏာပိုင် လူကြီးမင်းများနှင့် အများပြည်သူများ သိရှိနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။ အောင်ကျော် (ဟုမ္မလင်း) Myanmar News Now ဓါတ်ပုံ- ဝှေဖလာ ရွှေမှော်သား | ||
ဒေါ်အောင်ဆန်းစုကြည် နှင့် ဘန်ကီမွန်း သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ) Posted: 01 May 2012 09:00 AM PDT | ||
“၈၈” မျိုးဆက်ကျောင်းသားများနှင့် ရပ်ဆောက်ပြည်သူလူထုတွေ့ ဆုံပွဲ Posted: 01 May 2012 08:49 AM PDT ၁.၅.၂၀၁၂ရက်နေ့၊ အင်္ဂါနေ့၊မေဒေးေ "၈၈" မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ ကို မသက်သက်အောင်၊မမီ မမာမာဦး၊မခင်မိုးအေးတို့အပါ နံနက် ၁၀း၀၀ ခန့်တွင်ရောက်ရှိလာပါတယ်။ ရပ်စောက်မြို့မှ မင်္ဂလာရန်အောင်ဘုန်းတော်ကြီးကျော ပြည်သူလူထုများနှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါပြီး၊ ၂း၃၀ နာရီခန့်တွင် မြို့နယ်N L D ရုံးသို့သွားရောက်ကာ ပါတီဝင် လူကြီး၊လူငယ်များနှင့် မိတ်ဆက်အမှာစကားများပြောကြားခဲ့ ရုံးမှပြန်လည်ထွက်ခွာရန် လူထုမှတောင်းဆိုသဖြင့် ၁၅ မိနစ်ခန့်နှုတ်ဆက်အမှာစကားမျာြးေ တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာသွားကြပါတယ်။ Myanmar News Now | ||
NLD သဘောထားပျော့ပြောင်းမှု ဘန်ကီမွန်း ချီးကျူး Posted: 01 May 2012 08:24 AM PDT ![]() ဓာတ်ပုံ ASSOCIATED PRESS စစ်မှန်တဲ့ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုအကျိုးအတွက် အလျှော့အတင်း လုပ်ပေးကြ စမြဲ ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki Moon ကပြောလိုက်ပါတယ်၊ မြန်မာနိုင်ငံကို ၃ ရက်ခရီးလာခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံအပြီးမှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း အလျှော့အတင်း လုပ်တယ်ဆိုတာဟာ NLD အသစ်အဆန်းမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၃ နှစ်လုံး အလျှော့အတင်း လုပ်လာခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအကြောင်းကို မစုမြတ်မွန်က ဆက်ပြီးပြောပါလိမ့်မယ်၊ မြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲကို ကိုယ်တိုင်လာရောက် အကဲခတ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ခဲ့ပြီးနောက်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်၊ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပေမဲ့ ရှေ့ဆက် အပြောင်းအလဲတွေလုပ်သွားဖို့ လိုအပ်တဲ့ အကြောင်းကို အတွင်းရေးမှုးချုပ် Ban Ki Moon က ပြောကြားခဲ့ပါတယ်၊ - လုပ်ငန်းစဉ်တွေက ခက်ခဲနိုင်ပါတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားသင့်ပါတယ်။ ရှေ့ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးဆောင်ရွက်မှုတွေမှာ ပါဝင်ချင်စိတ် ရှိသူ တွေကို ကျနော်တို့က ကူညီ အားပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေရောက်ဖို့ သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည် ပါ တော်တော်လေး လုပ်ခဲ့ကြရပြီး နောက်ထပ်တိုးတက်မှုတွေဖြစ်အောင်လုပ်သွားမယ်လို့ သူ့အနေနဲ့ ယုံကြည်လက်ခံတယ်ဆိုတာကိုလည်း Mr. Ban Ki Moon က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်၊ ကျန်းသစ္စာကျိန်ဆိုရာမှာ အသုံးအနှုန်းကို လက်မခံနိုင်ပေမဲ့ ပြည်သူတွေအကျိုးအတွက် အလျှော့ပေးပြီး NLD ကလွှတ်တော်တက်မယ်လို့ ဆုံးဖြတ်ချက်ချခဲတာကိုလဲ ခုလို ချီးကျူးပါတယ်၊ - ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရမယ်ဆိုတာကို နားလည်ပါတယ်၊ နိုင်ငံရေးသမားတွေ ဆိုတာ တချို့ကိစ္စတွေအပေါ်မှာ သဘောထားအမြင် မတူတာမျိုးရှိတတ်ကြပါတယ်၊ ဒါပေမဲ့ စစ်မှန်တဲ့ ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုအကျိုးအတွက် အလျှော့အတင်း လုပ်ပေး ကြစမြဲဖြစ် ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဒီလို ဆုံးဖြတ်ချက်ချတဲ့ အတွက် လေးစားပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည် ဟာ လွှတ်တော်အမတ် တယောက် အနေနဲ့ မြန်မာနိုင်ငံအတွက် ထိရောက်နဲ့ အပြုသဘောဆောင်ရွက်မှုတွေကိုလုပ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ညင်သာပျော့ပြောင်းမှုရှိရမယ်လို့ NLD က အမြဲလက်ခံထားတယ်လို့ ပြောပါတယ်၊ - နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လုပ်တဲ့အခါမှာ ပြုနိုင် ပြင်နိုင်ရမယ်ဆိုတာကို ကျွန်မတို့က အမြဲ လက်ခံ ထားပါတယ်၊ အခုလွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာလို့ ပျော့ပြောင်း ညင်သာဖို့ လိုပြီလို့ သဘောထား တာ မဟုတ်ပါဘူး၊ ကျွန်မတို့ နိုင်ငံရေးအရ ရုန်းကန်ခဲ့တဲ့ ကာလ တလျှောက်လုံးမှာ ဒီအချက် ကို လက်ခံ ယုံကြည်ခဲ့ကြတာပါ၊ ကျွန်မတို့ရည်မှန်းချက်တွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ရနိုင်ဖို့ ကလည်း ဒီတနည်းနဲ့ပဲ ရနိုင်မှာပါ၊ ဒါကြောင့် လွှတ်တော် တက်တော့မှာမို့ ပြုနိုင် ပြင်နိုင်တဲ့ထုံးကို လက်ကိုင် ထားလိုက်တယ် လို့ ပြောလို့ မရပါဘူး၊ လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်ကာလ တလျှောက်လုံးမှာ ဒီထုံးကို ကျွန်မ တို့ရဲ့ နိုင်ငံရေး နည်းနာတခု အဖြစ်နဲ့ သုံးလာခဲ့တာဖြစ်ပါတယ်၊ ရှေ့လာမယ့် လတွေ နှစ်တွေမှာ နိုင်ငံရေးသမားတွေဆုံးဖြတ်မဲ့ဆုံးဖြတ်ချက်တွေဟာ နောင် မျိုးဆက်ပေါင်း များစွာရဲ့ အနာဂါတ်ကို ပုံဖော်မှာဖြစ်လို့ အင်မတန်အရေးကြီးတဲ့ကာလကို နိုင်ငံရေးသမားတွေ ဖြတ်သန်း ရမှာဖြစ်တယ်၊ ရဲ့ရင့် ပြတ်သားမှု၊ ခေါင်းဆောင်မှု၊ အပေးအယူလုပ်မှုတွေ လိုအပ်တယ် ဆိုတာကိုလည်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အလေးထား ပြောသွားခဲ့ ပါတယ်၊ ဒီမိုကရေစီ လမ်းကိုလျှောက်နေတဲ့ မြန်မာပြည်သူတွေအတွက်လည်း ဆက်လက် အားပေးသွားမယ်လို့ ဆိုပါတယ်၊ - မြန်မာပြည်သူတွေနဲ့ အစိုးရဟာ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်ရောက်နေကြပါပြီ၊ အားလုံး ပါဝင်ခွင့် ရှိတဲ့ ဒီမိုကရေစီကိုလဲမြတ်နိုးကြပါတယ်၊ သူတို့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံး ရဲ့ ထောက်ခံ အားပေးမှုကို ရသင့်ပါတယ်၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာပြည်သူတွေနဲ့ ခြေလှမ်းတိုင်းမှာ အတူလက်တွဲပြီး တတ်နိုင်သမျှ ဆက်ပြီး ရပ်တည်သွားမှာဖြစ်ပါတယ်၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့ မြန်မာအစိုးရအပေါ် နိုင်ငံတွေက ကူညီထောက်ပံ့မှုတွေ ပိုပြီး ပေးလာနေ ကြပါတယ်၊ ဒီအကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိဖို့ လိုတယ်ဆိုတာ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ခုလို ပြောခဲ့ပါတယ်၊ - မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအတွက် အကူအညီပဲပေးပေး၊ လူသားချင်းစာနာမှုအတွက် အကူအညီ ပဲ ပေးပေး၊ ပြည်သူတွေရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အစွမ်းအစတွေ တိုးတက်ရေး၊ အစိုးရအပေါ် မှီခိုမှု နည်းသွား နိုင်ရေးတွေမှာ ဒီထောက်ပံ့မှုတွေကို သုံးသင့်ပါတယ်၊ ဒါမှသာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဆောင်ရွက် မှုတွေဟာ လမ်းမှန်ပေါ် ရောက်ဖို့ အာမခံနိုင်မှာပါ၊ ခုလို ကျွန်မရဲ့ စိုးရိမ်မှုကိုလည်း အတွင်းရေးမှုးချုပ် နားလည်မယ်လို့ ထင်ပါတယ်၊ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ တတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ ပထမဆုံး အကြိမ်လူကိုယ်တိုင် တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်ရှင်၊ By စုမြတ်မွန် (ဗီအိုအေ-မြန်မာပိုင်း) |
You are subscribed to email updates from သစ်ထူးလွင် Myanmar News Now To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |