Re: [mrsorcerer:25525] စောလွန်းနေသည် မြန်မာပြည်

ကိုသန့်စင်ဖြိုးက မေးတယ် မသိဘူးလားတဲ့ ဟုတ်ကဲ့ ကျွန်တော်ပြောပြပါမယ်။
မီးစက်တွေချပေးပြီး မီးမရတာကိုရော ကိုသန့်စင်ဖြိုးသိပါသလား။
အကြောင်းပြချက်က ဆီခွဲတမ်းမရလို့ပါတဲ့။ ဘာလို့ ဆီခွဲတမ်းမရလဲဆိုတော့
အရန်ဆီခွဲတမ်းအသင့်ရှိမနေဘူးလေ။ ထားတော့ ဒီအကြောင်းအရာ
အင်အားသုံးဖြိုခွဲတယ်ဆိုတဲ့ ကိစ္စကိုလဲ ကျွန်တော် ကြည့်မိတယ်။
ရဲတွေအင်အားသုံးဖြိုခွဲတယ်ဆိုတာက နိုင်ငံတကာမှာ ရှိနေတဲ့ပုံစံပဲ။
နောက်ပြီးတော့ သေလောက်အောင် ရိုက်နှက်ဖြိုခွဲနေတာလဲ မဟုတ်ဘူးဗျ။
နောက်ဆုံးထပ်ပြောရရင် ဆန္ဒပြတယ်ဆိုတာ အေးချမ်းစွာပဲ ပြပြ ဆူဆူပူပူပဲပြပြ
ဆန္ဒပြတာက ဆန္ဒပြတာပါပဲ။ ဒီကိစ္စနဲ့ တိုင်းပြည် မတည်မငြိမ်ဖြစ်တာကတော့
အသေအချာပဲ။ လွှတ်တော်ကိုယ်စားလှယ်အမတ်တွေ
ဝင်ရောက်ပတ်သတ်ခွင့်မရှိဘူးဆိုရင် ဟိုတနေ့က နိုင်ငံရေးပါတီက
ခေါင်းဆောင်တွေနဲ့ အတွင်းရေးမှုးတွေကို အစည်းအဝေးခေါ်ပြီး
လွှတ်တော်အမတ်တွေကို အကူအညီပေးဖို့ အစိုးရက တောင်းဆိုလိုက်တာက
ဘယ်လိုလုပ်မလဲ။ ကျွန်တော် ခုတလောမအားတဲ့အတွက် စာမပြန်နိုင်ရင်
ခွင့်လွှတ်ပေးပါ။

On 5/30/12, Thantsin Phyoe <thantsinphyo@gmail.com> wrote:
> ရွှေနံသာကိစ္စက တရားရုံးကတောင်အမိန့်ချပြီးပြီဗျ...
> ဇေကမ္ဘာကုမ္ပဏီကိုသီးစားချပေးတယ်ဆိုပြီး အမိန့်ချလိုက်ပြီ...
> အဲ့ဒါကိုကြည့်ခြင်းအားဖြင့် လွှတ်တော်အမတ်တစ်ဦးအနေနဲ့ တရားစီရင်ရေးနှင့်
> အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုတာ
> သဘောပေါက်သင့်ပါတယ်... ဘက်လိုက်ပြီးပြောတာမဟုတ်ပေမဲ့ မဏ္ဍိုင်ကြီး၃ရပ်ဟာ
> သီးသန့်ခွဲဝေပြီးတာဝန်ယူရပါတယ်... ဒါမှ ပြည့်ဝတဲ့ ဒီမိုကရေစီစံနစ်ဖြစ်မှာပါ...
> လွှတ်တော်ကိုယ်စားလှယ်က ဝင်ပြီးညှိနှိုင်းဆောင်ရွက်မယ်ဆိုရင်တောင်
> ဒါဟာအုပ်ချုပ်ရေးပိုင်းကို ဥပဒေပြုရေးအပိုင်းက ဝင်ရောက်စွက်ဖက်တာဖြစ်ပါပြီ...
> လွှတ်တော်ကိုယ်စားလှယ်တွေလုပ်ရမဲ့အဆင့်ကိုရှင်းပြရရင်
> လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဖြစ်ပွါးတဲ့အခြေအနေအရပ်ရပ်မှာ သုံးသပ်ပြီး
> ပြင်ဆင်သင့်တဲ့ဥပဒေ ပြဌာန်းသင့်တယ်ဥပဒေကို လွှတ်တော်မှာတင်သွင်းရပါမယ်...
> လွှတ်တော်မှာအများသဘောတူညီချက်အရ ဥပဒေပြုခွင့်ရရင်
> အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို ပြဌာန်းဥပဒေလို့ခေါ်တဲ့ အက်ဥပဒေပြဌာန်းပေးပြီး
> သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းက နည်းဥပဒေလို့ခေါ်တဲ့
> လုပ်ထုံးလုပ်နည်းရေးဆွဲရပါတယ်... အဲ့ဒီနောက်ဆုံးမှာမှ
> ဥပဒေပြုခြင်းပြီးဆုံးပါတယ်ခင်ဗျ... ဒါ့ကြောင့် ဒီလိုကိစ္စတွေမှာ
> လွှတ်တော်ကိုယ်စားလှယ်တွေဝင်ရောက်ညှိနှိုင်းတယ်ဆိုတာဟာ ရုတ်တရက်ကြည့်ရင်
> ကောင်းတဲ့အလေ့အထလို့ထင်စရာရှိပေမဲ့ တကယ်တမ်းမှာတော့ သန္ဓေတည်စ
> ဒီမိုကရေစီစံနစ်မှာ လုပ်ထုံးလုပ်နည်းအမှားတစ်ခုအကျင့်ပါသွားနိုင်ပါတယ်...
> ဒါ့အပြင် ကျနော်ပြောခဲ့သလိုပဲ လွှတ်တော်ကိုယ်စားလှယ်တော်များအနေနဲ့
> မိမိရွေးကောက်ပွဲဝင်ခဲ့တဲ့ဒေသကိုကွင်းဆင်းပြီးလေ့လာသုတေသနပြုတယ်ဆိုတာ
> မကြားသေးတာအမှန်ပါပဲ... ဖြစ်ပွါးမှဝင်ရောက်ဖြန်ဖြေသူဟာ
> လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေရင်တောင် ဒါဟာအခိုက်အတန့်အနေနဲ့ပဲကောင်းပြီး
> လုပ်ထုံးလုပ်နည်းတစ်ခုမဖြစ်သင့်ပါဘူး... ပထမစာမှာ ကျနော်ပြောခဲ့သလိုပဲ
> အလုပ်သမားတွေအနေနဲ့လည်း လွှတ်တော်ကိုယ်စားလှယ်ကိုဆက်သွယ်ဖို့ မလွယ်ပါဘူး...
> ဒါအမှန်တရားပါ... ဥပမာပြောရရင် ဒီထဲမှာ မဲပေးခဲ့သူများရှိရင် မိမိမဲဆန္ဒနယ်မှ
> ရွေးကောက်တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ Contact number, post
> office number, office address, home address စသည်ကိုသိရှိသူ ဘယ်နှဦးပါလဲ??
> မေးကြည့်လိုက်ပါ ကိုရဝေ... တကယ်ဖြစ်သင့်တာက ရေတိုဖြေရှင်းနိုင်ဖို့အတွက်
> သက်ဆိုင်ရာကအစိုးရကဖြစ်စေ လွှတ်တော်ကဖြစ်စေ
> လွတ်လပ်တဲ့စုံစမ်းညှိနှိုင်းရေးအဖွဲ့ဖွဲ့စည်းပြီး နည်းလမ်းတကျ
> (လက်ရှိဥပဒေနည်းလမ်းတကျမဟုတ်ပဲ ဖြစ်သင့်ဖြစ်ထိုက်သည်ကိုဆောင်ရွက်တဲ့
> နည်းလမ်းတကျ ကိုဆိုလိုပါသည်) ညှိနှိုင်းဆောင်ရွက်ပေးသင့်ပြီး
> ညှိနှိုင်းဆောင်ရွက်မှုဖြစ်စဉ်ကို လွှတ်တော်သို့အစီအရင်ခံစာတင်တွင်းကာ
> ပြုပြင်ပြောင်းလဲသင့်တဲ့ အလုပ်သမားဆိုင်ရာ
> ဥပဒေများကိုပြုပြင်ပြောင်းလဲရန်သင့်ပါတယ်... ဒီအချိန်မှာ
> ဆန္ဒပြသူတွေကိုအပြစ်တင်နေလို့
> နောက်ထပ်ဆန္ဒပြမှုတွေကိုဖြစ်မလာအောင်ဆောင်ရွက်နိုင်မှာမဟုတ်ပဲ
> ဆန္ဒပြရတဲ့အကြောင်းအရင်းကို စနစ်တကျကိုင်တွယ်ဖြေရှင်းမှသာ
> နောက်ထပ်ဆန္ဒပြလာနိုင်တာတွေကို ဖြေရှင်းဖို့ (သို့)
> ကာကွယ်ဖို့နည်းလမ်းတွေထွက်လာပါလိမ့်မယ်...
>
> မီးကိစ္စကတော့ လုံးဝအမြင်မတူတာကို ညှိလို့မရပါ... ခံစားရသူနဲ့
> မခံစားရသူကွာသလိုပါပဲ... ကျနော်ပြောပြီးသလိုပါပဲ...
> တာဝါတိုင်တွေဖျက်ဆီးခံရပြီးမှပိုပျက်တာမှန်ပေမဲ့
> တာဝါတိုင်တွေမဖျက်ခံရခင်ကတည်းက အစိုးရက ပွင့်လင်းမြင်သာမှုမရှိခဲ့တာပါ...
> ပထမစာမှာ အလုံးစုံရှင်းပြပြီးသားမို့လို့ Disagree ဝင်ရင်လည်း
> ဒါဟာအမြင်မတူမှုသက်သက်သာလို့မှတ်ယူရန်ကျန်ပါတော့တယ်... မန္တလေးမှာ
> မဖမ်းပဲခေါ်ယူစစ်ဆေးတာမှန်ပေမဲ့ ပြည်နဲ့ မုံရွာမှာ ဖမ်းပါတယ်...
> ကိုရဝေအဲ့ဒီသတင်းတွေကို ဖတ်ပြီးသားဖြစ်မှာပါ...
> ပုသိမ်မှာလည်းအင်အားသုံးခြိမ်းခြောက်မှုတွေနဲ့
> ရပ်တန့်အောင်ဖိအားပေးမှုတွေရှိပါတယ်... သတင်းတွေအစုံဖတ်တဲ့
> ကိုရဝေမဖတ်ရသေးတာလားလို့ ကျနော်အံ့အားသင့်မိပါတယ်... ဆန္ဒထုတ်ဖော်မှုတွေစလုပ်တဲ့
> မန္တလေးမှာ ချက်ချင်းမီးစက်တွေပို့တော့ ကျနော်အံ့အားသင့်ပါတယ်...
> အရံသင့်မီးစက်တွေဘာ့ကြောင့်ချက်ချင်းချပေးနိုင်တာပါလိမ့်... နောက်တစ်ချက်က
> လူထုကဆန္ဒထုတ်ဖော်မှုတွေဖြစ်လာမှ နေပြည်တော်မှာ မီးထိန်ထိန်ငြီးအောင်ထွန်းထားတဲ့
> လမ်းမီးတိုင်အချို့ကို မီးဖြတ်...
> နေပြည်တော်တိုင်းလျှပ်စစ်ဓာတ်အားဖြန့်ချိရေးရုံးမှာ ညလုံးပေါက်
> မီးထိန်ထိန်ငြီးအောင်ထွန်းတာတွေလျှော့ချပြီး မီးလုံးအနည်းငယ်ပဲထွန်းကာ
> နေပြည်တော်မှာ လျှပ်စစ်မီးသုံးစွဲမှုကိုလျှော့ချပြီး
> နယ်တွေကိုဖြန့်ဝေပေးရေးစီစဉ်လာတာပါ (အပြည့်အစုံကို မြန်မာစီဂျေရဲ့
> ဖေ့ဘွက်စာမျက်နှာမှာကြည့်ပါ)... တကယ်လို့ ပြည်သူတွေက
> ဆန္ဒထုတ်ဖော်မှုမလုပ်ခင်ကတည်းက ဖြစ်သင့်ဖြစ်ထိုက်တာကို
> တာဝန်ရှိသူတွေသေချာစဉ်းစားပြီး လုပ်ခဲ့သင့်ပေမဲ့ ဖြစ်ပြီဆိုမှ
> ဆေးမြီးတိုတွေဖော်ဖော်ပြီး ကုတာမဖြစ်သင့်ပါဘူး... အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတာ
> လူထုကိုတိုက်ရိုက်ဆက်ဆံရတဲ့မဏ္ဍိုင်ဖြစ်တာကြောင့်
> တိုင်းပြည်ရဲ့အမြင့်ဆုံးအာဏာရယူသူကို အုပ်ချုပ်ခိုင်းထားတာပါ... Management
> ဆိုတာ ပညာရပ်တွေထဲမှာ အမြင့်ဆုံးပညာရပ်ဖြစ်ပြီး အသိမ်မွေ့ဆုံးပညာရပ်တစ်ခုပါ...
> ဒါ့ကြောင့် အုပ်ချုပ်သူအစိုးရဘက်က စီမံခန့်ခွဲမှုညံ့ဖျဉ်းတာကို
> ငုတ်တုတ်ထိုင်ပြီးခံယူနေမယ်ဆိုရင် အဲ့ဒီနိုင်ငံဟာ
> တိုးတက်မှုနှောင့်နှေးပါလိမ့်မယ်... ကျနော့အမြင်ကတော့ ဆန္ဒထုတ်ဖော်မှု
> ရှိကိုရှိရပါမယ်... ဒါပေမဲ့ အလွန်အကြွံမဖြစ်အောင်လည်း ဆန္ဒထုတ်ဖော်သူတွေဘက်က
> သေသေချာချာစဉ်းစားဆောင်ရွက်ရပါမယ်... အုပ်ချုပ်သူဘက်ကလည်း ဆန္ဒထုတ်ဖော်မှုတွေကို
> အရေးတယူကိုင်တွယ်ဖြေရှင်းပေးပြီး ထင်သာမြင်သာရှိတဲ့
> ဖြေရှင်းမှုတွေလုပ်ရပါလိမ့်မယ်... လူထုထောက်ခံမှုမရှိပဲ အစိုးရတစ်ရပ်အနေနဲ့
> အုပ်ချုပ်ရေးပိုင်းမှာအခက်အခဲရှိမှာဖြစ်သလို အစိုးရရဲ့ဆောင်ရွက်ပေးမှုမရှိပဲ
> လူထုကြီးပဲ အများကြီးလုပ်လို့မရပါဘူး... ဘက်ညီမျှတမှုသာအရေးအကြီးဆုံးဖြစ်ပြီး
> အစိုးရကလည်း လူထုကိုလေးစား လူထုကလည်းအစိုးရကို
> နားလည်ပေးတဲ့အခြေအနေရောက်လာရင်အကောင်းဆုံးဖြစ်ပါလိမ့်မယ်...
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>


--
Your lovingly Fri

Ya Wai (Paing Soe Thu)

http://yawaitun.blogspot.com/

https://twitter.com/#!/mcyawai

http://www.facebook.com/ya.wai1

http://www.facebook.com/pages/The-People-who-Like-Our-President


မှန်တာကို ပြောသူသည် ဒီမိုကရေစီ ဘက်တော်သားဆိုလျှင် ကျွန်တော် ဒီမိုကရေစီ
ဘက်တော်သားဖြစ်သည်။ အကယ်၍ မှန်တာကို ပြောသူသည် စစ်ခွေးဟု ဆိုပါက
ကျွန်တော်သည် စစ်ခွေးတစ်ကောင် မျှသာ ဖြစ်ပေလိမ့်မည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ