[aurorageneration] ဝဲလောင်NLD ရုံးဖွင့်ပွဲကို
ဝဲလောင်NLD ရုံးဖွင့်ပွဲကို ကြံ့ဖွံ့မှ သပိတ်မှောက်
By ဇာဏီ၊ ၂၀၁၂ခုနှစ် ဇွန်လ ၁၂ရက်နေ့။
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲ အခမ်းအနားကျင်းပသည့် အိမ်ရှေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်များက ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လာရောက်သပိတ်မှောက်ဆန္ဒပြခဲ့သည်ဟု သိရပါသည်။
ရုံးဖွင့်ပွဲကို ၂၀၁၂ခုနှစ် ဇွန်လ ၉ ရက်နေ့ နံနက် ၉း၃၀ အချိန်တွင် ကျင်းပခဲ့ပြီး တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် အနီးအနား ကျေးရွာတို့မှ အမျိုးသားဒီမိုကရေစီ ပါတီဝင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အယောက် ၇၀၀ ကျော် တက်ရောက်ကြပါသည်။
အဆိုပါရုံးဖွင့်ပွဲကို မကျင်းပရန် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှ ကျေးရွာလူထုနှင့် အမျိုးသားဒီမိုကရေစီ ဆိုင်းဘုတ်တင်မည့် အိမ်ရှင်တို့အား ၂၀၁၂ခုနှစ် ဇွန်လ ၆ရက်နေ့ကတည်းက သွားရောက် ပြောဆို စည်းရုံးခဲ့ပါသည်။ ထိုရုံးဖွင့်ပွဲကို မပြုလုပ်ရန် ပြည်ခိုင်ဖြိုးပါတီဝင်
မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝဲလောင်ရွာဇာတိ ဦးဝင်းမြင့်မှ ကျေးရွာလူထုနှင့် အိမ်ရှင်တို့အား "ဝဲလောင်ရွာသည် အဘဦးအောင်သောင်း နယ် ဖြစ်သဖြင့် အဘစိတ်ဆိုးမည်ဆိုးသဖြင့် ရုံး မဖွင့်ရန်၊ ဖွင့်လျှင်လည်း နောက် ၆-လ လောက်နေမှ ဖွင့်ရန်" စသဖြင့် ပြောဆိုသွားပါသည်။ ထိုအပြင် အနီးအနားမှ ဆရာတော်ကြီးများကိုလည်း ရုံးမဖွင့်ဖို့ သွားရောက်ပြောဆိုပေးရန် ဦးဝင်းမြင့်မှပဲ သွားရောက်လျှောက်ထားခဲ့ပါသည်။
ထိုသို့ ပြောဆိုမရသဖြင့် ဦးဝင်းမြင့်မှပဲ ဦးဆောင်ပြီး အနီးအနားကျေးရွာများမှ ကျေးရွာလူထုတချို့ကို နေ့စား ငွေ ၃၀၀၀ ကျပ်နှင့် ထမင်းတစ်ထုပ်စီ ပေးပြီး တချို့ကိုလည်း ဝဲလောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲတက်ရောက်ရန် တဖက်လှည့်ဖြင့် ပြောဆိုစည်းရုံးပြီး ကြံ့ခိုင်ရေးပါတီဝင်များအပါအဝင် စုစုပေါင်းအယောက်၅၀ ကျော်ခန့်ဖြင့် ဝဲလောင် အမျိုးသား ဒီမိုကရေစီရုံးခန်းဖွင့်လှစ်မည့် အိမ်ရှေ့တွင် "ကျေးရွာကို မဖြိုခွဲပါနှင့်၊ ကျေးရွာကို စိတ်ဝမ်း မကွဲပြားပါစေနှင့်" "ဖွံ့ဖြိုး တိုးတက်မှုကို လိုလားသည်" ဖွံ့ဖြိုးတိုးတက်မှုကို မဖျက်ဆီးပါနှင့်"၊ "ဒေသဖျက်ဆီးသူများကို တို့မလိုလား"၊ "တည်ငြိမ်အေးချမ်းမှုကို မဖျက်ဆီးပါနှင့်" စသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ခိုင်းပြီး သပိတ်မှောက်ဆန္ဒပြခိုင်းခဲ့ပါသည်။
ရုံးဖွင့်ပွဲကျင်းပနေစဉ် "ဒေသဖျက်ဆီးသူများကို အလိုမရှိ"၊ "တည်ငြိမ်အေးချမ်းမှုကို မဖျက်ဆီးပါနှင့်" စသည့်ကြွေးကြော်သံများကို အော်ဟစ်နေပြီး တချို့မှာ အရက်အလွန်အကျွံမူးနေပြီး ရုံးခန်းအတွင်းသို့ ဝင်ရောက်နှောင့်ယှက်တာမျိုး၊ ရုံးခန်းဖွင့်လှစ်ပွဲအပြီး အပြန်တွင်လဲ "အလိုမရှိ အလိုမရှိ"လို့ နောက်မှ လိုက်လံ အော်ဟစ်ကြွေးကြော်ခဲ့ပြီး ဒေသခံ အာဏာပိုင်တွေက လာရောက်တားဆီးခဲ့ခြင်းမျိုးကိုလဲ မတွေ့ရဘူးလို့ ရုံးဖွင့်ပွဲသို့ တက်ရောက်ခဲ့သူ တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပြခဲ့ပါသည်။
Have Your Say
  1. rroo says:
    ရာထူးရာခံရဘို.လောက်ဘဲ စိတ်ဝင်စားတယ်။
  2. တော်တော်ရုပ်ဆိုးတဲ့ကိစ္စပဲ။ ပါတီတစ်ခု ရုံးခန်းဖွင့်တာကို ပါတီတစ်ခုက နှောက်ယှက်တာ လုံးဝသဘာဝမကျပါဘူး။ ဦးအောင်သောင်း စိတ်ဆိုးမှာဆိုးလို့ဆိုတဲ့ အကြောင်းပြချက်က ဦးအောင်သောင်းကို မြောင်းထဲဆွဲပို့လိုက်သလိုပဲ။ အခြေခံစိတ်ဓာတ်တွေ တော်တော် အောက်တန်းကျနေပါပေါ့လား။ ဒီအချိုးမျိုးနဲ့ဆို မြန်မာပြည် နောက်အနှစ်၂၀ တိုးတက်ပါ့မလား။
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။