-
သီတာထွေးအမှု တရားခံများ သေဒဏ်ချမှတ်
ရန်ကုန်၊ ဇွန် ၁၈
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးကို မုဒိမ်းကျင့် လုယက် သတ်ဖြတ်ခဲ့သော တရားခံ သုံးဦးကို ဇွန်လ ၁၈ရက်နေ့ နံနက် ၁၁နာရီ ၅၀မိန့်နစ်တွင် သေဒဏ် ပြစ်ဒဏ် ချမှတ် ချမှတ်လိုက်ပြီဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ ရှေ့နေတစ်ဦးက The Voice Weeklyသို့ ပြောကြားသည်။
အဆိုပါ အမှုကို ဇွန်လ ၈ ရက်နေ့တွင် ပထမဆုံး အကြိမ် စတင်စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဇွန်လ ၁၁ရက် နေ့မှ ၁၅ရက်နေ့အထိ နှစ်ဖက်လုံးမှ သက်သေများ၊ တရားလို တရားခံများကို စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ သက်သေများ၏ ထွက်ဆိုချက်ကို ရယူပြီ ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။
ပြစ်မှု ကျူးလွန်သူ အဖြစ် စွပ်စွဲခံထားရသူ အစ္စလာမ်ဘာသာဝင် သုံးဦးအနက် ထက်ထက် (ရော်ရှီး) သည် မိမိကိုယ်ကို အဆုံးစီရင်သွားပြီး ကျန်နှစ်ဦးဖြစ်သော ရော်ဖီး၊ ခိုရှီး တို့သည် ယင်းပြစ်ဒဏ်ကို ခံစားရမည်ဖြစ် ကြောင်း အဆိုပါရှေ့နေက ရှင်းပြသည်။
မသီတာထွေးသည် မေလ ၂၈ရက်နေ့က ကျောက်နီမော်ကျေးရွာ စံပြရပ်ကွက်မှ စက်ချုပ်သင်ပြီးနေအိမ်သို့ ပြန်လာစဉ် အစ္စလာမ် ဘာသာဝင်များနေထိုင်သော ကျောက်ထရံရွာ အနီးတွင် အစ္စလာမ်ဘာသာဝင်သုံးဦးက မုဒိမ်းကျင့်၊ လုယက် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများမှတစ်ဆင့် ဇွန်လ ၅ရက်နေ့တွင် ဖော်ပြခဲ့သည်။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
http://www.facebook.com/home.php?sk=group_173571176006981&ap=1 မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ