ဒီမိုဝေယံ

ဒီမိုဝေယံ


၆.၆.၂၀၁၂က ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ ၇၄ အလုပ်သမား အရေးအခင်း နှစ်ပတ်လည်နေ့ အခမ်းအနား..

Posted: 06 Jun 2012 09:52 PM PDT

၇၄ အလုပ်သမား အရေးအခင်း နှစ်ပတ်လည်နေ့နှင့် 

၇၄/၇၅/၇၆ ကျောင်းသား အရေးအခင်း လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား

by Political Prisoner on Thursday, June 7, 2012 at 12:34am ·
၇၄ အလုပ်သမားအရေးအခင်း (၃၈) နှစ်မြောက် အခမ်းအနားနှင့် ၇၄/၇၅/၇၆ ကျောင်းသားလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားအား  ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ၆.၆.၂၀၁၂ ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပခဲ့ကြပါသည်။ ယင်းအခမ်းအနားသို့ ၇၄/၇၅/၇၆ ကျောင်းသားဟောင်းများနှင့် ဗကသ ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် လက်ရှိ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဗကသခေါင်းဆောင်များ၊ နိုင်/ကျဉ်းဟောင်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဘဘဦးဝင်းတင်နှင့် အဖွဲ့ ချုပ်ဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအင်အား ၃၀၀ ခန့်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားဗီနိုင်း
အခမ်းအနားတက်ရောက်လာသူများ
အခမ်းအနားတက်ရောက်လာသူများ
အခမ်းအနားတက်ရောက်လာသူများ
အခမ်းအနားတက်ရောက်လာသူများ
အခမ်းအနားတက်ရောက်လာသူများ
ဘိုးတော်ခင်ဝင်း
၇၄ ဆောင်ပုဒ်
အဘဦးဝင်းတင်
ကိုကိုကြီး

ရမည်းသင်း မိုးထိမိုးမိ တောင်ပေါ်ရှိ ရွှေတွင်း လုပ်သားများ ဆန္ဒပြမှု သတင်းမီဒီယာများအား ဝင်ရောက်ခွင့် တားမြစ်လိုက်ခြင်း

Posted: 06 Jun 2012 09:09 PM PDT

ရမည်းသင်း မိုးထိမိုးမိ တောင်ပေါ်ရှိ လုပ်သားများ ဆန္ဒပြမှု သတင်းမီဒီယာများအား ဝင်ရောက်ခွင့် တားမြစ်လိုက်ခြင်း
၆.၆.၂၀၁၂ခုနှစ်ညက အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသော မိုးထိမိုးမိ တောင်ပေါ်တွင် ဆန္ဒပြလျှက်ရှိနေသော သောင်းနဲ့ချီတဲ့ အင်းသားများ ရွှေတွင်းလုပ်သားများထံသို့ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေါ်မြင့်မြင့်အေးနှင့် အဖွဲ့များ သွားရောက်ရာတွင် လမ်းမှ စစ်ဆေးရေးဂိတ်များက ဝင်ခွင့်မပြုတော့ကြောင်း သတ္ထုတွင်း ဝန်ကြီး၏ ခွင့်ပြုချက်ပါသလား၊ ကုမ္ပဏီ ရုံးချုပ်မှ ခွင့်ပြုချက်ပါသလား၊ ဒေသခံအာဏာပိုင်များ၏ ခွင့်ပြုချက်ပါသလား မှတ်ပုံတင်စစ်ဆေးခြင်း အထပ်ထပ် ပြုလုပ်နေပါသည်။ ထို့ကြောင့် တောင်ပေါ်လမ်းခုလတ်တွင် ည(၁၂) နာရီ ခွဲထိတိုင်အောင် ရှေ့သေို့ဆက်လက် သွားခွင့်မပြုတော့သဖြင့် ယခုလို အသံဖိုင်ဖြင့် ပေးပို့လာပါသည်။
ယခု ဆန္ဒပြလျှက်ရှိနေသော မိုးထိမိုးမိတောင်ပေါ်သို့ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေါ်မြင့်မြင့်အေး နှင့်အဖွဲ့တက်ရောက် လေ့လာခြင်းမှာ ဆန္ဒပြနေစဉ် ကာလတွင် ယခုအကြိမ်သည် ဒုတိယမြောက်အကြိမ်ဖြစ်ပါသည်။ ပထမအကြိမ်က သွားလာခွင့်ပြုခဲ့သော်လည်း ဒုတိယအကြိမ်တွင် မီဒီယာများနှင့်တကွ အခြားသော ကွန်ယက်အဖွဲ့စည်းများကိုပါ ပိတ်ပင်လိုက်ခြင်းမှာ ကုမ္ပဏီအနေဖြင့် ဆန္ဒပြလျှက်ရှိနေသော အင်းသားများနှင့် ရွှေတွင်းလုပ်သားများ၏တောင်းဆိုချက်များကို မလိုက်လျှောပဲ ၎င်းတို့စိတ်တိုင်းကျ လုပ်ဆောင်နိုင်ရန်နှင့် သတင်းမီဒီယာများပေါ်တွင် ဆန္ဒပြနေသည့် ကိစ္စပျံ့နှံ့နေခြင်းအား ထိန်းချုပ်နိုင်ရန်အတွက် ယခုလို တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ခန့်မှန်းရပါသည်။

သတင်းအပြည့်အစုံ ပြန်ဖတ်ရန် http://www.demowaiyan.org/2012/06/blog-post_8810.html

သတင်းအသံဖိုင်

စက်မှုတက္ကသိုလ် ကျောင်းသားများကွန်ယက်နှင့် ဝိဇ္ဇာသိပံ္ပ ကျောင်းသားများ ကွန်ယက်တို့ရဲ့ မိုးထိမိုးမိဒေသရှိ လုပ်သားများ ဆန္ဒပြနေသည့် ကိစ္စရပ်အား ထောက်ခံကြောင်း ပူးတွဲကြေငြာချက်..

မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် နစ်နာမှုအတွက် သောင်းနဲ့ချီတဲ့ ရွှေတွင်းလုပ်သားများ ဆန္ဒပြမှုသတင်း..

Posted: 06 Jun 2012 08:48 PM PDT

  မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ

မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်***

*သတင်းထုတ်ပြန်ကြေငြာချက်***

*၁၃၇၄ ခုနှစ်၊နယုန်လပြည့်ကျော်(၁)ရက်*
*( ၂၀၁၂ ခုနှစ်၊ ဇွန်လ (၅) ရက် *

*မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ*


မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းခရိုင် ၊ ရမည်းသင်းမြို့နယ် ၊ တူးကုန်းအုပ်စု ရွှေများထွက်ရှိရာ မိုးထိမိုးမိ ဒေသ တောင်ကြီးသည် ၁၈မိုင်ပါတ်လည် ကျယ်ဝန်းပြီး ဧရိယာအားဖြင့် လုပ်ကွက်ဧရိယာ(၆၁၀၅)ဧက ရှိပါသည်။ ယခင်က ၎င်းရွှေလုပ်ကွက်ဒေသများကို ပုဒ်မ ၁၄၄ ကန့်သတ် နယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ထိုအချိန်က သတ္တုတွင်းဝန်ကြီးဋ္ဌာန၊ ရဲ နှင့် ဒေသဆိုင်ရာအာဏာပိုင်များကို လာဘ်ငွေပေးပြီး ရွှေကြောရှိရာ တောင်ပေါ်သို့တက်၍ ခိုးတူးခဲ့ကြရခြင်း ဖြစ်ပါသည်။

အမျိုးသားကြီးပွါးတိုးတက်ရေးကု မ္ပဏီလီမီတက်က နိုင်ငံတော်သို့ ၅-နှစ်သက်တမ်းအတွက် ရွှေသတ္တု  ၅.၅၇၇ တန် ပေးဆောင်ရမည်ဟူသော သဘောတူညီချက်ဖြင့် ဤမိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ခွင့် လိုင်စင် ကို ရရှိခဲ့ပါသည်။ ၁၆-၅-၂၀၁၂ ရက်နေ့တွင် ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဦးစိုးထွန်းရှိန်က တစ်တောင်လုံးရှိ အင်းပိုင်(ခ) စက်ပိုင် နှင့် အင်းသားများ လူ၅-သိန်းကို ပြောဆိုခဲ့သည်မှာ မင်းတို့လုပ်ကြ၊ စက်တွေထောင်ကြ၊ အင်းသား တွေမွေးကြ၊ မင်းတို့ တဲကနေ တိုက်ဖြစ်စေရမယ်။ မင်းတို့ သားသမီးတွေအတွက် ကျောင်းတွေ ဆောက်ပေးမယ်။ ငါတို့ လုပ်ကိုင်ခွင့်သက်တမ်း ကာလတစ်လျှောက် လက်တွဲခေါ်ဆောင်မယ်။ တွဲလုပ်ကြမယ်။
ငါတို့ကုမ္ပဏီလည်း ဆက်လုပ်ခွင့်ရမယ်၊ မင်းတို့ကလည်း အပြစ်အနာအဆာ မရှိဘူးဆိုရင် လုပ်ငန်းတွေကို မရပ်ဆိုင်းဘူး။ ရိက္ခာပေးမယ်။ ဗြုံးထည့်အိပ်ပေးမယ်။ ငွေလည်းပေးမယ်။ အစစအရာရာထောက်ပံ့မယ်လို့ ပြောခဲ့တဲ့အတွက် အသေးစား ရွှေလုပ်ငန်းရှင်များသည် ယုံကြည်ချက် ၊ မျှော်လင့်ချက် အပြည့်အ၀ဖြင့် ရှိစု မဲ့စု မိမိတို့ပိုင်ဆိုင်ကြ သော မွေးရပ်မြေမှ အိမ၊် ခြ၊ံ ယာ၊ မြေ၊ ကျွဲ၊ နွား ပါမကျန် ပေါင်နှံရောင်းချ၍ အသေးစား ရွှေကြိတ်စက်များ ထူထောင်ခြင်း Adit (အက်တာ)နှင့် လေးပင်အင်းများ ရေရှည် တည်တန့်ခိုင်မြဲအောင် လုပ်ကိုင်၍ ရင်းနှီးမြှုပ်နှံခဲ့ ကြတယ်။ တရားဝင်လုပ်ပိုင်ခွင့်ရထားတဲ့ "အမျိုးသား……" ကုမ္ပဏီက ၅-နှစ်တွဲလုပ်မယ်၊ လုပ်ခွင့်ရမယ်ဆိုတော့ ရှိရှိသမျှ ပိုင်ဆိုင်မှုတွေရောင်းချပြီး ရင်းနှီးမြှုပ်နှံခဲ့ကြတာဖြစ်တယ်။

အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက်ရဲ့ လက်အောက်မှာ အစုရှယ်ယာတစ်ခုကို သိန်း ၁၀၀၀ (တစ်ထောင်)နဲ့ မဲန်ဘာ(ခ)မိတ်ဖက်ကုမ္ပဏီများ ရှိပါတယ်။ ကန္တာရစိမ်း၊ အာရှအမြုတေ၊ ရွှေပြည်အေး၊ ကြယ်ငါးပွင်၊ ရွှေတောင်ကျော၊ ဝေလင်းထိုက်၊ မြမျိုးသက်ဦး ၊ ရွှေညီအကို၊ ရေတော်သား၊ ရွှေပလောင်၊ ဓနစမ်းရေ၊ နေခြည်ပွင့်၊ ရဲညီနောင်၊ မိုးရွှေဝါ၊ မြင့်မိုရ်ရွှေတောင် ……… စသည်ဖြင့် ၂၉-ခုခန့် ရှိပါသည်။ ၎င်းမိတ်ဖက် ကုမ္ပဏီများဟာ အင်းပိုင်(ခ)စက်ပိုင်များရဲ့ တာဝန်ခံကုမ္ပဏီများလည်းဖြစ်ပါတယ်

ထိပ်ဆုံးမှာ နိုင်ငံတော်အစိုးရထံမှ လုပ်ပိုင်ခွင့်ရထားသော "အမျိုးသားကြီးပွား တိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်" နှင့် ၎င်းအောက်မှာ သိန်း၁၀၀၀ဖြင့်ဝင်ထားသော မဲန်ဘာ(ခ)မိတ်ဖက်ကုမ္ပဏီရှိပါတယ်
မိတ်ဖက်ကုမ္ပဏီအောက်မှာမှ ယင်းကတာဝန်ခံထားသော အင်းပိုင်(ခ)စက်ပိုင်၊ ၎င်းအောက်မှာမှ အင်းသားများနှင့်၊ အင်းသားများအောက်မှာက လက်လုပ်လက်စား ဈေးသည်များရယ်လို့ လူတန်းစား အဆင့်ဆင့်ရှိနေပါတယ်။

အင်းပိုင်တစ်ချို့ဟာ အင်းသားကနေ ကြိုးစားရှာဖွေ စုဆောင်းပြီး အင်းပိုင်ဖြစ်လာတာတွေလည်း ရှိပါတယ်။ အင်းပိုင်တွေဟာ လုပ်ပိုင်ခွင့်ရပြီဆိုတော့ မြေရှင်းရ ၊ ညှိရ ၊ ဘက်ဟိုးနဲ့လာထိုးပေးတာကို ဘက်ဟိုးဖိုးပေးရ၊
နေ့စားတွေငှားပြီး ခုတ်ရ ထွင်ရ ရှင်းရတယ်။ အဆောက်အဦ  တဲတွေဆောက်ရတယ်။ စက်တွေ ၀ယ်ထောင်ရတယ်။ နောက် အင်းသားတွေကို ကျွေးမွေးပြီး (စားစရိတ် စိုက်ထုတ်ပြီး) အင်းကိုတူးရ တယ်။ အင်းတူးရတာဟာ အတောင် ၈၀၊ ၁၀၀ အနည်းဆုံး တူးရပါတယ်။ ထွက်လာတဲ့ဗြုံးကို အင်းပိုင်ဟာ အမျိုး သားကြီးပွားတိုးတက်ရေး ကုမ္ပဏီကြီးကို တစ်ဝက်တိတိ ခွဲပေးရပြီး အင်းပိုင်ရဲ့ တာဝန်ခံကုမ္ပဏီကို ကျန်တစ် ၀က်ရဲ့ ၄ပုံ-၁ပုံ ပေးရပါသေးတယ်။ ကျန်တာကိုမှ ကြိတ်ခွဲ၊ ရွှေထုတ် ၊ ကုန်ကျစရိတ် နှုတ်ပြီး အင်းပိုင်၊ အင်းသား ခွဲဝေယူရတာပါ။

ဒီအမျိုးသား ကုမ္ပဏီရောက်လာမှ အောက်တွင်ဖေါ်ပြပါ လိုင်စင်ကိုလည်း တာဝန်ခံကုမ္ပဏီမှတဆင့် ထုတ်ပေးထားတာဖြစ်ပြီး ရွှေလုပ်ကွက် ဧရိယာတစ်ခုလုံးကို အသေးစားရွှေထုတ်လုပ်မှု ဇုန်(၁) မှ (၁၂)ထိ ခွဲခြား သတ်မှတ်ခြင်း၊ ရွှေသတ္တု တူးဖေါ်ထုတ်လုပ်ရန် Adit (ခ) အက်တာ(တောင်ကိုဖောက်သွားတာ)နှင့် လေးပင်အင်းများကို အမှတ်စဉ်(၁) မှ (၁၀၀၀)ကျော်ထိ အင်းနံပါတ်များပေး၍ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။

စတင်ပြုလုပ်စဉ်က လမ်းများမကောင်း၍ လမ်းဖောက်လုပ်ရေးများမှာ အင်းသားအားလုံးက လုပ်အားပေးခဲ့ ကြရပါတယ်။ လမ်းမကောင်း၍ ဗြုံးကြိတ်စက် စသည်စက်ကရိယာများကို ဖြုတ်၍ တောင်ပေါ်သို့ ထမ်းတင် ခဲ့ကြရပါတယ်။

အမျိုးသားကုမ္ပဏီလူကြီးများသည် စတင်ဝင်ရောက်စဉ်က နှုတ်ကတိဖြင့် ပြောဆိုခဲ့သည်များကို ဘာတစ်ခုမှ လုပ်မပေးခဲ့ပါ။ စားစရိတ်မပေး၊ ဗြုံးထည့်အိတ် တစ်အိတ်မှမပေး (ဗြုံးအိပ် ၄အိပ်ကို ၁၀၀၀ိ/ တစ်ခါ ကို အိပ်ခွံ
၄၀၀, ၅၀၀, ၆၀၀ ၀ယ်ရပါတယ်။) အမျိုးသားကုမ္ပဏီအဖွဲ့ကရော မဲန်ဘာကရော ဘာထောက်ပံ့မှုမှမပေးဘဲ ဗြုံးထွက်လာသောအခါ ဥပမာ- ဗြုံးအိတ် ၁၀၀ဆိုလျှင် သူတို့စိတ်ကြိုက်ရွေး၍ အိပ် ၅၀ ယူပါသည်။ "သူတို့က ထိုင်ရက်က နေယူနေတာ၊ အင်းသားများမှာတော့ တွင်းထဲမှာ အန္တရာယ်အမျိုးမျိုးနဲ့ မြေပြိုမှာကြောက်ရ၊ ဆရာကသပ်ရပ်မ ၊ မသပ်ရပ်ရင် နောက်လိုက်တွေ ဒုက္ခရောက်ကြရ" ဟု အင်းသားများက ပြောကြပါသည်။

ယခင်က စားစရာမရှိရင် ဗြုံးအိပ် ၅အတ် ၁၀အိတ်မှာ တစ်အတ်လောက် အရင်ကြိတ်ပေးတာမျိုး ယခုအမျိုးသား ကုမ္ပဏီကတော့  အိတ် ၁၀၀ရမှ အိပ်၂၀၀ရမှ ကြိတ်ခွင့်ပြု၍ လူအများမှာ အတော်ပင် ဒုက္ခရောက် ရှိခဲ့ပေမဲ့ ကြရပါတယ်။ ၎င်းအပြင် ဗြုံးကျောက်ခဲ လက်ထဲမှာရှိလျှင် ၁-ခဲကို ၁ိသားဆိုလျှင် ထောင်တစ်နှစ် ချတာတွေလုပ် ပါသည်။ ဇုံ(၅)ကျောက်စရစ်တောင်မှ ကြယ်ငါးပွင့်ကုမ္ပဏီမှာလုပ်နေသော ၁၅-နှစ်သား ကလေးတစ်ဦးဟာ ဗြုံးအိတ်နဲ့မိလို့ ထောင်ဒဏ် ၇-နှစ်ချပစ်လိုက်သည်မှာ ယခုဘယ်ထောင်မှာ ရောက်နေမှန်းမသိရပါ။ 

ဇုံ(၈)ဟာ ရွှေအများဆုံးထွက်ရာဒေသဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်ဟာ ရှမ်းနာမည် စိုင်းဝင်းမြင့်ဟု အမည်ခံထားသော တရုပ်လူမျိုး စစ်စစ်ဖြစ်ပါတယ်။ ဇုံ(၈)မှာ ဂဲခိုးလို့ဆိုပြီး ဖမ်းဆီး လက်ပြန်ကြိုးတုပ် နေပြည်တော်နှင့် ရမည်းသင်းရဲစခန်းကို ပို့တာ အများဆုံးဖြစ်ပါတယ်။ ကွမ်းယာထည့်တဲ့အိပ်နဲ့ဘဲထည့်လာလာ ၊ လမ်းပေါ်မှာဘဲ တွေ့တွေ့ ၊ အက်တာကဘဲ ထွက်လာလို့တွေ့တွေ့ ၊ ကိုယ့်အိမ်မှာလည်း ထားလို့မရ တွေ့ရင်ဖမ်းပါတယ်။ ဖမ်းပြီး ရဲစခန်းပို့လွန်းလို့ "အင်း သားခိုးတာက နဲနဲလေး၊ မင်းတို့ခိုးတာက တိုင်းပြည် ကုန်တော့မယ်လို့ ရမည်းသင်းက အာဏာပိုင်များကပြောပြီး အရေးယူမပေးတော့မှ ဖမ်းတာ ဆီးတာ ရပ်သွားပါတော့တယ်။ ဟု အင်းသားများကပြောပြကြပါတယ်။

တရားဝင်လုပ်ခွင့်ရပြီ ။ အနဲဆုံး ၅-နှစ်သက်တမ်းလုပ်ခွင့်ရမယ်ဆိုလို့ အင်းပိုင် အင်းသားအားလုံးက ငွေအား လူအား ကြိုးစား ပမ်းစား လုပ်ကိုင်ခဲ့၍ ယ္ခုတော့ သာသာယာယာ စိုစို ပြေပြေ ရှိလာခါမှ သူတို့ကို ၇-လ တောင်မှ လုပ်ခွင့်ပေးပြီးပြီ ၊ အခုတော့ အကြီးစားစက်များနှင့် ကမ္ဘာ့စံချိန်မှီ မိုင်းတွင်းဖြစ်ပေါ်ရေး၊ အကြီးစား ရွှေထုတ်လုပ်ငန်း အသွင်ကူးပြောင်းရေး၊ နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ရန် ပြည်တွင်း တိုင်းရင်းသား အသေးစား လုပ်ငန်းရှင်များကို ကိုယ်ချင်းမစာ ၊ မညှာမတာ အတင်းအဓမ္မ အားလုံးကို မောင်းချသည်မှာ မည်သို့မျှ မဖြစ်သင့်ပါ။ မည်သို့မျှ တရားမျှတမှုမရှိပါ။ အင်းသားများ၏ ပြောပြချက်အရ ၎င်းအမျိုးသား ကုမ္ပဏီက ယနေ့ အထိ အက်တာ တစ်ခုမှမဖေါက်နိုင်သေးပါ။ နိုင်ငံတော်သို့ တစ်လလျှင် ရွှေ ၇၃ိ/ သား ပေးသွင်းနေတာဟာ အမျိုးသား---- ရဲ့ ဗြုံးတစ်စေ့မှ မပါပါ။ အင်းပိုင် အင်းသားများလုပ်လို့ရတဲ့ ရွှေတွေသာဖြစ်ကြောင်း အားလုံးက ပြောကြပါတယ်။

ဒီပိတ်ပင်ကန့်သတ်မှုကို ၅-၁-၂၀၁၂ ရက်နေ့မှာ ရွှေသတ္တုထုတ်လုပ်မှု ဇုံတာဝန်ခံ (ခ) မိတ်ဖက် ကုမ္ပဏီများမှတဆင့် အကြောင်းကြားခဲ့ပါတယ်။ သိန်း ၁၀၀၀- သာရှယ်ယာဝင်ထားတဲ့ မဲန်ဘာ(ခ)တာဝန်ခံများက လက်အောက်ခံ အင်းပိုင်များကို လျှော်ကြေးပေးမည်ဆိုပါလျှင် အင်းပိုင် တစ်ဦး တစ်ဦးကို သိန်းရာနှင့်ချီ၍ ရင်းနှီးမြှပ်နှံထားရပြီး ယခုအခါမှာတော့ မဲန်ဘာများမှာ မလျှော်နိုင်ဘဲ ထွက်ပြေး နေကြကြောင်း ပြောပါတယ်။

အင်းပိုင် အင်းသားများဟာ ဤမိုးထိမိုးမိ ရွှေလုပ်ကွက် တောင်ကြီးပေါ်မှာ အားသွန်ခွန်စိုက် ရင်းနှီးမြှပ်နှံ ထားမှုများကို ဘာမှမရရှိဘဲ မခံစားရဘဲ လက်လွတ်ပြီး ကိုယ့်အရပ် ကိုယ်ပြန်ရမည် ဆိုလျှင်လည်း ကိုယ့်အရပ်မှာ နေစရာ လုပ်စရာ လုပ်ဖက်ကရိယာ ဘာဆိုဘာတစ်ခုမှ မကျန်ရှိတော့၍ မပြန်နိုင်ပါ။ ဤတောင်ကြီးပေါ်မှာပင် မိမိတို့ရသင့်ရထိုက်သည့် စစ်မှန်သော အခွင့်အရေးများကို မရရအောင် ဆက်လက် တိုက်ပွဲဝင်သွားကြမည်ဖြစ် ကြောင်းပြောကြပါသည်။

၁-၆-၂၀၁၂-ရက်နေ့မှစတင်၍ "အမျိုးသားကြီးပွားတိုးတက်ရေး အင်အားစု ကုမ္ပဏီလီမီတက်" ပင်မစခန်းကြီးတွင် ဇုံ ၁၂-ဇုံမှ အင်းပိုင် အင်းသား လက်လုပ် လက်စားများပါမကျန် ကြွေးကြော်သံများဖြင့် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

               "အမျိုးသားကြီးပွားတိုးတက်ရေး အင်အားစု ကုမ္ပဏီလီမီတက်"ကတော့ ၇-၆-၂၀၁၂ရက်နေ့မှာ အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း ပြောကြား၍ ဆန္ဒပြသူများက နေ့စဉ်  ရက်ဆက် မိမိတို့ဇုံ အသီးသီးတွင်၎င်း ပင်မစခန်းကြီးတွင်၎င်း တောင်းဆိုဆန္ဒပြမှုများကို လူသောင်းနှင့်ချီ၍ ပြုလုပ် နေကြပါကြောင်း။

*မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်***

*သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ***

(၅.၆.၂၀၁၂)

*ဆက်သွယ်ရန်လိပ်စာ***

maythanmyint@gmail.com

4u.jokerman@gmail.com

freedom.of.kaungmyatlay@gmail.com

dhrmp.22@gmail.com

09-2059904

09-43155796

09-444012426

09-444013778

*သတင်းဗွီဒီယိုဖိုင်လင့်များ*

ရွှေတွင်း လုပ်သားများတောင်းဆိုဆန္ဒပြနေသော ဗွီဒီယိုဖိုင်လင့်များ

အပိုင်း - ၁ http://www.youtube.com/watch?v=S8ey0lwxFz0

အပိုင်း - ၂ http://www.youtube.com/watch?v=EGY2X5Wj4WY

အပိုင်း - ၃ http://www.youtube.com/watch?v=5epVmQVuutE

အပိုင်း - ၄ http://www.youtube.com/watch?v=Gp0Q4VcUkbE

အပိုင်း - ၅ http://www.youtube.com/watch?v=f-ZKveALTaw

အပိုင်း - ၆ http://www.youtube.com/watch?v=FellON7-UzQ

အပိုင်း - ၇ http://www.youtube.com/watch?v=WyX0C-Nw2e8

အပိုင်း - ၈ http://www.youtube.com/watch?v=K_4JlhQbbEY

အပိုင်း - ၉ http://www.youtube.com/watch?v=PMMMeHw0_V8

အပိုင်း - ၁၀ http://www.youtube.com/watch?v=KiIivGzMUCw

အပိုင်း - ၁၁ http://www.youtube.com/watch?v=eDD70Mg1TfI

အပိုင်း - ၁၂ http://www.youtube.com/watch?v=ciNViG5rRmk

အပိုင်း - ၁၃ http://www.youtube.com/watch?v=2eOllc9Xn7c

အပိုင်း - ၁၄ http://www.youtube.com/watch?v=Dy1T0wgNMEk

အပိုင်း - ၁၅ http://www.youtube.com/watch?v=wMjqBQGJFJ4

အပိုင်း - ၁၆ http://www.youtube.com/watch?v=WFIhMfXECJE

အပိုင်း - ၁၇ http://www.youtube.com/watch?v=66CU2r55Chk

အပိုင်း - ၁၈ http://www.youtube.com/watch?v=z0ys_84SLWw

အပိုင်း - ၁၉ http://www.youtube.com/watch?v=Xc8xt-HyTtI

အပိုင်း - ၂၀ http://www.youtube.com/watch?v=LOCHy8LWNew

အပိုင်း- ၂၁ http://www.youtube.com/watch?v=7hoWTAHlT8I

အပိုင်း - ၂၂ http://www.youtube.com/watch?v=HrMjGRoOWTM

အပိုင်း - ၂၃ http://www.youtube.com/watch?v=WArxLZ3ZI-U

အပိုင်း ၂၄ http://www.youtube.com/watch?v=klSpqQUJKH4

အပိုင်း - ၂၅ http://www.youtube.com/watch?v=CxX_aXzubU4

အပိုင်း - ၂၆ http://www.youtube.com/watch?v=s1HJ4fzWAP0

အပိုငိး- ၂၇ http://www.youtube.com/watch?v=EFe_AXTbqjI

အပိုင်း - ၂၈ http://www.youtube.com/watch?v=AtxD91ZDMxY

အပိုင်း- ၂၉ http://www.youtube.com/watch?v=Bl_xJrZNyOE

အပိုင်း - ၃၀ http://www.youtube.com/watch?v=cKBXaz3kbsI

အပိုင်း - ၃၁ http://www.youtube.com/watch?v=RG8NNl_y3uU

အပိုင်း - ၃၂ http://www.youtube.com/watch?v=pCG9hi5pfGs**

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှ အဖွဲ့ချုပ် အောင်နိုင်ရေး ကူညီပေးခဲ့သူ သားအဖ(၂)ဦး အဖမ်းခံရမှုနှင့် (နည်းပညာတက္ကသိုလ် - တောင်ငူ) ကျောင်းသား/ သူများ တိုင်ကြားစာ...

Posted: 06 Jun 2012 11:44 AM PDT

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှ အဖွဲ့ချုပ် အောင်နိုင်ရေး ကူညီပေးခဲ့သူ သားအဖ(၂)ဦး မတရား အဖမ်းဆီးခံရမှု
တိုင်ကြားစာ..
 
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာတွင် NLD လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း အောင်နိုင်ရေးအား ကူညီပေးခဲ့မှု့ကြောင့် အငြိုးထားပြီး သားအဖ(၂)ဦးအား ၁၁.၅.၂၀၁၂ နေ့တွင် ရွှေခဲအင်းအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်နိုင်၊ နောက်မှဖိအားပေးသူ စရဖ၊ ကြံ့ခိုင်ရေး မှ စည်းရုံးရေးမှူးနှင့် ဆယ်အိမ်မှူး ရာအိမ်မှူးများမှ လုပ်ကြံပြီး မြို့နယ်ရဲစခန်းတွင် ၅(ဃ)ဖြင့် အမှုဖွင့်ထားကြောင်းနှင့် ပျဉ်းမနားမြို့နယ်စခန်းရှိ အချုပ်ခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။ 

မြို့နယ်ရဲစခန်းမှ၂၅.၅.၂၀၁၂ မှ ၈.၆.၂၀၁၂ နေ့အထိ ရဲလုပ်ငန်း(ရီမန်) ယူခဲ့ပြီးပြီး၊ ၆.၆.၂၀၁၂ နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ တရားစွဲဆိုခွင့် ပြုလိုက်သည်ဟုကြားရပါသည်။ အမှန်စင်စစ် ၄င်းအမှူ့ဖြင့် တရားမစွဲခင်က ၄င်းကျေးရွာအုပ်ရှိ အခြားရွာတစ်ခုဖြစ်တဲ့ ကျောက်ခဲအင်း ကျေးရွာရှိ အန်အယ်ဒီအား အကူအညီပေးခဲ့သော လူငယ်များအား တရားစွဲဆိုရန် ကြိုးစားခဲ့ပါသေးတယ်။ စခန်းမှ မဆောင်ရွက်ပေးသဖြင့် အခုတစ်ကြိမ်တွင် အပြစ်မရှိ အပြစ်ရှာပြီး အမှု မဖြစ်ဖြစ်အောင် လုပ်ကြံထားမှုများ ရှိကြောင်းလည်း ရွားသူရွာသားများအကြား ပြောဆိုနေကြပါသည်။ အောက်ခြေမှာ မပြောင်းလဲသော လုပ်ဆောင်ချက်များ အပေါ် ဒေသခံပြည်သူများမှ စိတ်ပျက်နေပြီး သမ္မတကြီး၏ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

 ထိုကိစ္စအား အမှုမှန်ပေါ်ပေါက်ရန် ဆောင်ရွက်စေလိုကြောင်းနှင့် တစ်နိုင်ငံလုံးတွင် ကောင်းမွန်သော အပြောင်းအလဲအတွက် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း အသိပေးတင်ပြ အပ်ပါသည်...။

M.E Civil & Mechanical Course Work 
(နည်းပညာတက္ကသိုလ် - တောင်ငူ) ကျောင်းသား/ သူများ
တိုင်ကြားစာ...

- ( 11.11.2011 ) မှာ စာမေးပွဲ ဖြေဆိုပြီးခဲ့ ( 27.5.2012 ) 6 လကျော်ကြာမှ အောင်စာရင်းထွက်..

- ME မှာ ဘာသာရပ်တစ်ခုကို 65 မှတ်ရမှ အောင် ဟု သတ်မှတ်ပေး..

- M.E. Mechanical မှာ ဘာသာရပ် 8 ခုရှိ ဖြေဆိုကျောင်းသား 10ယောက်...

- 7 ဘာသာကို ကောင်းစွာ ဖြေဆိုနိုင် တစ်ဘာသာမှာ ဖြေဆိုသူ 10 ယောက်လုံး 30 ပဲ ရခဲ့သည်...

- 65 မှတ်ရမှ အောင်ပေးမည်ဆို ဘာကြောင့်တစ်ယောက်ကို အအောင်ပေးတာလဲ

- ( 29.5.2012 ) မှာ ကျရှုံးကျောင်းသား 9 ယောက်ထဲမှ 2 ယောက်ကို Reexam ပြန်ဖြေရမည်

- ( 16.6.2012 ) မှာဖြေ၍ အောင်လျှင် ( Thesis ) ဆက်လုပ်ရမည်...

- ထို 2 ယောက်က Major subject အောင်ပြီး Minor ပဲ ထိ၍ ပြန်ဖြေခိုင်းသည်တဲ့....

- ဒါဆို သူတို့ 2 ယောက်က Major Subject အောင်တာ သေချာလို့လား 30 ပဲ ရခဲ့တာ လုံးဝ သေချာ  နေတာ ဘာကြောင့် သူတို့ 2 ယောက်က Major Subject အောင်ရသည် တဲ့လား...

- တရားမှု မရှိပါ

- Civil Majorမှာ ဖြေဆို ကျောင်းသား 7 ယောက်ရှိ..

- 7 ယောက်လုံး ကျရှုံးလို့ ကြေညာပြီးမှ ဘာကြောင့် 1 ယောက်ကို Rexam ပြန်ဖြေခိုင်းတာလဲ

- ကျန်တဲ့ ကျရှုံးကျောင်းသားတွေ အတွက် အမှန်တရား နဲ့ မျှတမှုရရှိဖို့အတွက် မီဒီယာမှ တဆင့် တောင်းဆိုအပ်ပါသည်...။


M.E Civil & Mechanical Course Work
(နည်းပညာတက္ကသိုလ် - တောင်ငူ) ကျောင်းသား/ သူများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် ဘယ်လ်ဂျီယံ နိုင်ငံသို့ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေ..

Posted: 06 Jun 2012 08:56 AM PDT


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ဟာ Belgium နိုင်ငံ ဘရပ်ဆဲလ်မြို့တွင်ကျင်းပသော "The Summit of Alliance of Liberal Democrats for Europe (ALDE) and Council of Asian Liberals and Democrats (CALD)" ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရန်ကုန်လေဆိပ်မှ မထွက်ခွါမှီ တွေ့ရစဉ်..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ဟာ Belgium နိုင်ငံ၊ Brussels မြို့တွင် ( ၄ ဇွန် မှ ၈ ဇွန် ၂၀၁၂) အထိကျင်းပမည့် "The Summit of Alliance of Liberal Democrats for Europe (ALDE) and Council of Asian Liberals and Democrats (CALD) ကို တက်ရောက်ရန်အတွက် ၃ -၆-၂၀၁၂ ညနေပိုင်းက ရန်ကုန်မြို့မှ Bangkok airline လေကြောင်း ခရီးဖြင့်ထွက်ခွာ သွားပြီဖြစ်ပါတယ်၊ ၄င်းSeminar ဖြစ်မြောက်ရေးကော်မတီမှ ဦးဝင်းထိန်ကို တိုက်ရိုက် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်၊ အဆိုပါ ဆွေးနွေးပွဲဟာ ၂၀၁၁ နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာကျင်းပခဲ့ပြီး ဦးဝင်းထိန်တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲ နှင့် ဆက်စပ်သော ဆွေးနွေးပွဲ လို့လည်း သိရပါတယ်။ 

၎င်းအခမ်းအနားတွင် ဦးဝင်းထိန်မှ ဇွန်လ ၅ ရက် နေ့တွင် မိန့်ခွန်း စကားလည်း ပြောကြားမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရပါတယ်၊ ယင်းဆွေးနွေးပွဲသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ (ဥရောပ၊ အရှေ့အာရှ နှင့် အရှေ့တောင်အာရှ မှ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်မယ်လို့ သိရပါတယ်၊ ၎င်းဆွေးနွေးပွဲအပြီး ဇွန်လ ၉ ရက်နေ့မှာတော့ ဘယ်ဂျီယံနိုင်ငံမှ တဆင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့   ၂ရက်ကြာ သွားရောက်လည်ပတ်မှာ ဖြစ်ပြီး ရန်ကုန်မြို့သို့  ဇွန်လ၁၂ ရက်နေ့မှာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာမည်ဟု သတင်းရရှိပါသည်။

သတင်းဖော်ပြတာ နောက်ကျခဲ့တဲ့ အတွက် သတင်း ပေးပို့သူအား အထူးတောင်းပန်အပ်ပါသည်..