သစ်ထူးလွင် |
- လောပိတ တည်ရှိရာ ကယားပြည်နယ် သုံးမြို့နယ်တွင် လျှပ်စစ်မီးမရ
- ကျောက်နီမော်လူသတ်မှုကျူးလွန်ခဲ့သူများအား အစ္စလာမ်ဘာသာရေးကောင်စီက ရှုံ့ချ
- ဇွန်လ(၉)ရက်နေ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည်
- မြန်မာအပေါ် သြစတြေးလျ ပိတ်ဆို့မှုများ ရုတ်သိမ်းမည်ဟု ကြေညာ
- ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုယူမည့် နော်ဝေးခရီးစဉ် အသေးစိတ်အစီအစဉ်
- အသွင်ကူးပြောင်းရေးနှင့် ရုရှားဒီမိုကရေစီ - အပိုင်း (၂) (ရုပ်/သံ)
- သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့၌ NLD အား လူထုပိုမိုထောက်ခံလာ
- သျှမ်းပြည်မြောက်ပိုင်း ကျေးလက်တောရွာများ၌ ယာဘကို မုန့်ဝယ်သလို ဝယ်ယူသုံးစွဲနေကြ
- NLD ပါတီ ဒီဇင်ဘာတွင် နိုင် ငံလုံးဆိုင်ရာပါတီညီလာခံကျင်းပမည်
- ဆက်သွယ်ရေးဈေးကွက်သို့ ဆွီဒင်နှင့်အမေရိကန်အခြေစိုက်ကုမ္ပဏီများဝင်ရောက်မည်
- ကြည့်မြင်တိုင် စံပြငါးဈေးတွင် ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွား
- တပ်မတော်၏ နိုင်ငံရေးမှ နောက်ဆုတ်မည့် ခြေလှမ်းကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
- ဂျမာအတ်(၁၀)ဦးအသတ်ခံရမှုအတွက် မော်လ၀ီအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံ
- ဇွန်လ ၄ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၅
- ဇွန်လ ရ ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၂
- အန်အယ်ဒီ ရုံး ဆိုင်းဘုတ်ကို ခဲနဲ့ ပေါက်ခံ ရ (ရုပ်/သံ)
- အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၇
- ရန်ကုန်က သမိုင်းဝင် အဆောက်အဦများ ထိန်းသိမ်းရန် သြစတြေးလျကူညီမည်
- Jolly Good အထည်ချုပ်စက်ရုံက စွန့်ပစ်မိလ္လာကြောင့် ဒုက္ခရောက်နေကြ (ရုပ်/သံ)
- မသီတာထွေး အသတ်ခံရမှု ခရိုင်ရုံး၌ ဇွန်လ ဒုတိယပတ်တွင် စစ်ဆေးမည်
- စစ်တွေ ပဋိပက္ခမှု သေနတ် ဒဏ်ရာရသူ လေးဦးကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်
- လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မေတ္တာရပ်ခံကြေညာချက်
- လှိုင်သာယာ အလုပ်သမားဆန္ဒပြမှုအချို့ ပြေလည်မှုရ
- သီလ၀ါ စက်မှုဇုန် ဆုလတ်ရတနာ အထည်ချုပ်စက်ရုံ လုပ်ခတိုးဖို့ ဆန္ဒပြ
- ထိုင်းခရီးစဉ်အပေါ် ဝေဖန်မှုတွေ ဒေါ်စု ပယ်ချ
လောပိတ တည်ရှိရာ ကယားပြည်နယ် သုံးမြို့နယ်တွင် လျှပ်စစ်မီးမရ Posted: 07 Jun 2012 04:47 AM PDT By Popular News လောပိတ တည်ရှိရာ ကယားပြည်နယ် သုံးမြို့နယ်တွင် လျှပ်စစ်မီးမရလောပိတ ရေအား လျှပ်စစ် တည်ရှိရာ ကယားပြည်နယ် အတွင်း ငါးမြို့နယ် သာ လျှပ်စစ် ရရှိ သောကြောင့် ဒေသခံများက တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီသို့ တင်ပြလိုက်ကြောင်း သိရသည်။ "လျှပ်စစ်မြို့တော် တို့လွိုင် ကော်၊ ဖယောင်းတိုင်ဆောင်ထား တို့ကယား-ဖြစ်နေတယ်"ဟု လွိုင် ကော်မြို့၊ အစိုးရရုံးလမ်းတွင်နေ ထိုင်သည့် ဈေးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ဆိုသည်။ ကယားပြည်နယ်တွင် လွိုင် ကော်၊ ဒီမော့ဆို၊ ဖရူဆို၊ ဘောလခဲ နှင့် ဖားဆောင်းမြို့နယ်များသာ လျှပ် စစ်မီးပုံမှန်ရရှိပြီး ရှားတော့၊ မယ်စဲ့နှင့် ရွာသစ်မြို့နယ်ခွဲ တို့တွင် လျှပ်စစ် ဓာတ်အားပေးစက်များဖြင့် တစ်နေ့ လျှင်သုံးနာရီသာ လျှပ်စစ်ဓာတ် အားသုံးစွဲနေရကြောင်း သိရသည်။ "ကျွန်တော်တို့ ကယားပြည် နယ်မှာ ကျေးရွာပေါင်း ၅၁၁ ရွာရှိ တယ်။ လျှပ်စစ်မီးကို ၉၂ ရွာပဲ ရပြီးတော့ဆောင်ရွက်ဆဲရွာလေးရွာ ရှိပါတယ်။ လျှပ်စစ်လုံးဝ မရရှိသေး တာ ၄၁၅ ရွာ ရှိနေသေးတယ်"ဟု လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်ညို က ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ သို့ တင်ပြ ခဲ့သည်။ ယင်း တင်ပြချက်များတွင် ကျေးလက်မီးလင်းရေးမူ ၂၄ ချက် ကို ဖြေလျော့လျက် ဓာတ်အားပေး နိုင်ရေး အဓိကထားပြောကြားခဲ့ပြီး အောင်ပန်း၊ လွိုင်ကော်၊ ဘော်လခဲ ကားလမ်းတစ်လျှောက် လျှပ်စစ်မီး ရရှိရန် လိုအပ်နေပြီဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။ "တစ်နိုင်ငံလုံးရဲ့ သုံးပုံ နှစ်ပုံ လောက်ကို ဖြန့်ဝေပေးနေတဲ့မြို့နယ် ကမီးမရတော့ ကျန်တဲ့ တိုင်းနဲ့ ပြည် နယ်တွေကိုတော့ မပြောပလောက် ဘူး။ အခုအခြေအနေ ကတော့ ပြောင်းလဲလာမယ့် အခြေအနေတွေ ဖြစ်လာမှာပါ"ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ပြ သည်။ လက်ရှိ အခြေအနေတွင် ကယားပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေး အတွက် မယ်စဲ့ မြို့နယ် တွင် နယ်စပ်ကုန်သွယ်ရေး လုပ် ငန်းများ လုပ်ကိုင်တော့မည် ဖြစ်သောကြောင့် ယခုရရှိနေသော 50 kw ဓာတ်အားမှ 100kw ဓာတ်အား ပေးစက်သို့တိုးမြှင့်ပေးရန် တောင်း ဆိုခဲ့ကြောင်း သိရသည်။ ကယားပြည်နယ် လွိုင်ကော် မြို့တွင် လောပိတရေတံခွန်မှထုတ် လုပ်သော ဘီလူးချောင်း အမှတ် ၁၊ ၂ ရေအားလျှပ်စစ်စီမံကိန်းတို့ ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ် ပေးလျက်ရှိပြီး ယခုအခါအမှတ် ၃ လျှပ်စစ်ဓာတ် အားပေးစက်ရုံကို တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။ အောင်ထက် (NYK) | |||
ကျောက်နီမော်လူသတ်မှုကျူးလွန်ခဲ့သူများအား အစ္စလာမ်ဘာသာရေးကောင်စီက ရှုံ့ချ Posted: 07 Jun 2012 03:52 AM PDT စောဇင်ညီ(မြစ်မခ) ဇွန်(၇)ရက်၊၂၀၁၂ခုနှစ်။ ရခိုင်အမျိုးသမီးငယ်တစ်ဦးအားမုဒိမ်းကျင့်သတ်ခဲ့သည့်ကိစ္စတွင်ပါဝင်ပတ်သက်သူမွတ်စလင်လူမျိုး(၃)ဦးအား အစ္စလာမ်ဘာသာဝင်ကောင်းများမဟုတ်ဟု အစ္စလာမ်သာသနာရေးကောင်စီက သတ်မှတ်၊ရှူ့ချလိုက်ကြောင်း သိရှိ ရသည်။ ဘာသာဝင်ကောင်းမပာုတ်ပာု သတ်မှတ်ရခြင်းမှာ အစ္စလမ်ဘာသာ၌မွတ်စလင်လူမျိုးများအား အလိုမတူဘဲ ပေါင်းသင်းဆက်ဆံ၍ မရကြောင်း၊အလိုတူပါကလည်း မိဘများ၏သဘောတူညီမူရမှသာ ပေါင်းသင်းဆက်ဆံ ခွင့်ရှိသဖြင့်ဘာသာရေးကျင့်ဝတ်နှင့် မညီညွတ်ခြင်းကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံအစ္စလမ်သာသနာရေး အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ပြောသည်။ "ကျွန်တော်တို့ဘာသာမှာ မွတ်စလင်လူမျိုးတွေက အဲ့ဒီလို မုဒိန်းကျင့်လို့ရဖို့နေနေသာသာ လက်ထပ်ရင် တောင် လူကြီးတွေ သဘောတူမှရတာပါ။ဒါကြောင့်သူတို့က ဘာသာဝင်ကောင်းတွေ မပာုတ်ပါဘူး။"ပာုဦးဝဏ္ဏရွှေက ပြောသည်။ အဆိုပါ မုဒိန်းမှုဖြစ်စဉ်မှာ မွတ်စလင်အမျိုးသားသုံးဦးထဲမှ တစ်ဦးမှာလက်ထပ်ရန် ငွေလိုရာမှ ကျောက်နီမော် ရွာသူ (၁၆)နှစ်အရွယ် အမျိသမီးငယ်အားအတင်းအဓ္ဓမ ရွှေ၊ ငွေလက်ဝတ်လက်စားများယူ၍ တစ်ယောက် တစ်ကြိမ်မုဒိန်းပြုကျင့်ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။ "သူတို့ ဘာသာသနာဝင်ကောင်းတွေ မပာုတ်ပါဘူး။ သူတို့လုပ်တဲ့အပေါ်မှာနောက်ထပ်လူကောင်း (၁၀) ယောက် အသက်စတေး ရတာတော့ နှမြောစရာပါ၊ လတ်တလောဆိုတော့ ဒေါသအလျောက်ဖြေရှင်းကြတာ ဖြစ်မှာပါ။" ပာု ဦးဝဏ္ဏရွှေက ဆက်ပြောသည်။ အထက်ပါ မုဒိန်းမှုနောက်ဆက်တွဲအနေဖြင့် တောင်ကုတ်မြို့တွင်မွတ်စလင်လူမျိုး(၁၀)ဦးအား ရွာသားများက အကြမ်းဖက် သတ်ဖြက်မှုဖြစ်ပွားခဲ့သည်။ ထိုအချက်ကြောင့် မွတ်စလင်လူမျိုးများက တရားဥပဒေအရအမြန်ဆုံးဖြေရှင်းပေးရန် ဇွန်လ ၅ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်အား ဖြစ်ရပ်အမှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေအညီ အရေးယူနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဋ္ဌာန ဒု-၀န်ကြီး အပါအ၀င် အရာရှိ(၁၆)ဥိးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်း လိုက်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က ဇွန်လ(၆)ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်သည်။ by Shwe Myitmakha Media Group ![]() | |||
ဇွန်လ(၉)ရက်နေ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည် Posted: 07 Jun 2012 03:50 AM PDT ရန်နိုင်(မြစ်မခ) ဇွန်(၇)ရက်၊၂၀၁၂ခုနှစ်။ ၂၀၁၁-၂၀၁၂ ခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇွန်လ(၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း ရန်ကုန်ပညာရေးအသိုင်းအ၀ိုင်းက စုံစမ်းသိရှိရသည်။ "မနေ့က ညနေ (၃)နာရီ ခွဲလောက်မှာ မြို့နယ်ပညာရေးမှုးရုံးက ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေနဲ့ တာဝန် ရှိသူတွေကို အစည်းအဝေးခေါ်ပြီးတော့ ပြောတယ်။ ဆယ်တန်းအောင်စာရင်းတွေကို (၉) ရက်နေ့မှာ ထုတ်ပြန် မယ်ဆိုပြီးတော့ ပြောတယ်။ ပြီးတော့ ဆရာမကြီးတွေကိုလည်း ကျောင်းတွေမှာ ဂျူတီစောင့်ဖို့ တာဝန်တွေ ခွဲပေးထားတယ်"ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အမက(၁၇)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွှေးမွှေးဦးက ပြောသည်။ အောင်စာရင်းကြေညာစာရွက်များ ကပ်မည့်နေရာနှင့် အနီးပတ်ဝန်းကျင်ရှိ နေရာများတွင် ဆရာ၊ဆရာမများက တာဝန်ခွဲဝေ၍ စောင့်ကြည့်ရန် မြို့နယ်ပညာရေးမှုးရုံများမှ ပြောကြားထားကြောင်းကိုလည်း သိရှိရသည်။ "(၉)ရက်နေ့မှာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို ထုတ်ပြန်ကြေညာမှာ သေချာပါတယ်"ဟု တာမွေ မြို့နယ်ပညာရေးမှုးရုံးရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင်နှစ်များက မြို့နယ်အသီးသီးရှိ အောင်စာရင်းတွင် မပါဝင်သော တချို့သော ကျောင်းသူ၊ ကျောင်းသား များမှ စိတ်လိုက်မာန်ပါဖြင့် အောင်စာရင်းကြေညာဆိုင်းဘုတ်များရှိ ကြေညာစာရွက်များကို ဆုတ်ဖြဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုနှစ်တွင် ထိုကဲ့သို့ မဖြစ်စေရန်အတွက် သက်ဆိုင်ရာ နယ်မြေ အလိုက် ဆရာ၊ ဆရာမများကို တာဝန်ချထားပေးခြင်း ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ "အောင်စာရင်းထွက်တော့မယ်ဆိုတာ ကြားတော့ရင်တွေ အရမ်းခုန်ပြီး ၀မ်းသာနေတယ်။ စာမေးပွဲအောင် စာရင်းထွက်ပြီးတာနဲ့ပြီးတာ မဟုတ်ဘူး။ အမှတ်စာရင်းတွေ ကောင်းပါစေလို့ ဆုတောင်းတယ်။ ဒီခေတ်မှာ အမှတ်မကောင်းရင် လိုင်းကောင်းရမှာမဟုတ်ဘူး"ဟု ၂၀၁၁-၂၀၁၂ စာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသူ နေပြည်တော် လယ်ဝေးမြို့နယ်မှ မရတနာက ပြောသည် ။ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှုးရုံများမှ မထုတ်ပြန်မီ ဇွန်လဆန်းပိုင်းကပင် ဆယ်တန်းအောင်စာရင်းရလဒ်များ ဇွန်လ (၉) ရက်နေ့ထွက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် ဇွန်လ(၆)ရက်နေ့အထိ အခြေခံ ပညာဦးစီးဌာနများနှင့် စာစစ်ဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါကိစ္စနှင့် ပတ်သတ်၍ ၎င်းတို့ မသိရှိ ကြောင်း မြစ်မခမီဒီယာသို့ ပြောကြားခဲ့သည်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇွန်လ (၃) ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။ by Shwe Myitmakha Media Group ![]() | |||
မြန်မာအပေါ် သြစတြေးလျ ပိတ်ဆို့မှုများ ရုတ်သိမ်းမည်ဟု ကြေညာ Posted: 07 Jun 2012 03:49 AM PDT ကြာသပတေးနေ့ နံနက်ပိုင်းက မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ အကျပ်ကိုင်မှုဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ထိရောက်တော့မှာမဟုတ်ဘဲ ထိတွေ့ဆက်ဆံမှုကသာ ပိုမိုသာလွန် ကောင်းမွန်ကြောင်း သြစတြေးလျ ဝန်ကြီးက ပြောသည်။ ![]() စစ်လက်နက် တင်ပို့ရောင်းချခြင်းမှအပ မြန်မာနိုင်ငံအပေါ် သြစတြေးလျနိုင်ငံမှ ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်းမည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောဆို (ဓါတ်ပုံ ရဲမင်း/ မဇ္ဈိမ) ၂ဝ၁၂ ခုနှစ် ဧပြီလအတွင်းကလည်း အစိုးရ အရာရှိနှင့် လူပုဂ္ဂိုလ် ၂ဝဝ အတွက် ဖွင့်ပေးခဲ့ပြီး ကျန်ရှိနေသေးသူများ အတွက်လည်း ပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။ သို့သော် ပိတ်ဆို့မှုများအား လိုအပ်လာပါက ပြန်လည်ချမှတ်မည်ဖြစ်ပြီး အဆိုပါ လူပုဂ္ဂိုလ်များအား သြစတြေးလျနိုင်ငံ သို့ လာရောက်ခွင့်ကို ပြန်လည်ရပ်တန့်နိုင်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။ ဖွံ့ဖြိုးရေး အကူအညီများ တိုးမြှင့်ပေးရန်အတွက် မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် Bob Carr သည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းကလည်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံအတွက် အကူအညီများနှင့် ပိတ်ဆို့မှုများ ဆက်လက် ရုတ်သိမ်းရေးကိစ္စတို့ကို ဆွေးနွေး ခဲ့သေးသည်။ "အရေးယူပိတ်ဆို့မှုတွေကိစ္စ ကျမတို့ ဆွေးနွေးခဲ့ကြပါတယ်။ ကျမကတော့ ပိတ်ဆို့မှုတွေ ဆိုင်းငံ့ထားတာကို ထောက်ခံပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ က ပြောသည်။ ထို့ပြင် "ပြုပြင်ပြောင်းလဲမှုတွေ ရှေ့မဆက်ဘူးဆိုရင်တော့ ဒါကြောင့်ရလာတဲ့ အကျိုးဆုလာဘ်တွေလည်း ရုတ်သိမ်းခံ ရမှာ ဖြစ်ပါတယ်" ဟု ဖြည့်စွက် ပြောကြားခဲ့သေးသည်။ ![]() သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr ၏ ဖိတ်ကြားချက်ကို လက်ခံကာ ၂ဝ၁၃ ခုနှစ်တွင် လာရောက်နိုင်မည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား (ဓါတ်ပုံ ရဲမင်း/ မဇ္ဈိမ) မြန်မာနိုင်ငံသို့ ပေးအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများကို ယခင်က ဒေါ်လာ ၄၈.၈ သန်း ပေးနေရာမှ ၆၃.၈ သန်းအထိ တိုးမြှင့်ပေးလိုက်ကြောင်း AusAID က မေလအတွင်း ကြေညာခဲ့သည်။ သြစတြေးလျသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများ ပေးနေသော အကြီးဆုံး အလှူရှင် နိုင်ငံများထဲတွင် တခုအပါအဝင်ဖြစ်ပြီး ကူညီမှုများကို ကုလသမဂ္ဂ အဖွဲ့များ၊ ဒေသခံအဖွဲ့များနှင့် နိုင်ငံတကာ NGO များ ထံမှတဆင့် ပေးအပ်လေ့ရှိသည်။ အကူအညီအများစုကို ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် ပေးအပ်လေ့ရှိပြီး ထိုဒုက္ခသည်များအရေး ဆောင်ရွက် နေကြသည့် နိုင်ငံတကာ NGO များ၊ လူမှုအဖွဲ့အစည်းများနှင့် သြစတြေးလျ စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့လေ့ရှိသည်။ ထို့ပြင် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုနှင့် HIV/AIDS ထိန်းချုပ်ရေးအတွက်လည်း AusAID က ကူညီပေးလျက် ရှိသည်။ မြန်မာအစိုးရအနေနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ပါက အကူအညီများလည်း ထပ်မံတိုးမြှင့်သွားဖို့ ရှိကြောင်း AusAID ၏ ညွှန်ကြားရေးမှူးချုပ် Peter Baxter က မေလအတွင်းက ပြောဆိုထားသည်။ | |||
ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုယူမည့် နော်ဝေးခရီးစဉ် အသေးစိတ်အစီအစဉ် Posted: 07 Jun 2012 03:42 AM PDT
ယင်း နိုဘဲလ်ဆု နှင်းအပ်ပွဲကို လာမည့် ဇွန်လ ၁၆ ရက်နေ့တွင် နော်ဝေးနိုင်ငံ မြို့တော် အော်စလိုတွင် ကျင်းပမည် ဖြစ်ပြီး ထိုအခမ်းအနားသည် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အတွင်း ပါဝင်သည့် အစီအစဉ် တခုလည်း ဖြစ်သည်။ "ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ဆုချီးမြှင့်မယ့် မြို့တော်ခမ်းမမှာ ထိုင်ခုံပေါင်း ၉၇၀ လောက် ရှိတော့ နော်ဝေးနိုင်ငံ ပြင်ပက လျှောက်ထားတဲ့ မြန်မာတွေ အပါအ၀င် နော်ဝေးက မြန်မာနိုင်ငံသား တော်တော်များများ အခမ်းအနား တက်ရောက်နိုင်မယ့် အကြောင်း နိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီဝင် တယောက်က ကျနော့်ကို ပြောပါတယ်။ဖိတ်စာတွေ စပြီး ပို့နေပြီလို့လည်း ပြောပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေး ကော်မတီဝင် ဦးကျော်သွင်က ပြောသည်။ နိုဘဲလ် ဆုပေးပွဲ အခမ်းအနားအပြီး ညနေ ၃ နာရီခွဲတွင် အော်စလို ဆိပ်ကမ်းအနီးရှိ နိုဘဲလ်ငြိမ်းချမ်းရေး စင်တာတွင် ဒေါ်အောင်ဆန်းစုကြည်က နော်ဝေးအပါအ၀င် ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမနီ၊ အင်္ဂလန်နှင့် အမေရိကားနိုင်ငံ အသီးသီးမှ လာရောက်မည့် မြန်မာများနှင့် မီဒီယာသမားများအား ၄၅ မိနစ်ကြာ တွေ့ဆုံ စကားပြောမည်ဟု သိရသည်။ မြန်မာများနှင့် သီးသန့်တွေ့ဆုံအပြီး ညနေပိုင်းတွင် ဆုပေးပွဲ အခမ်းအနား ကျင်းပမည့် မြို့တော် ခမ်းမရှေ့တွင် လာရောက် နှုတ်ဆက်မည့် လူထုအား ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ ၂၄ နှစ်အတွင်း ဒုတိယအကြိမ် နိုင်ငံပြင်ပ ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ၅ နိုင်ငံသို့ လှည့်လည် သွားရောက်ရန် စီစဉ်ထားရာ ဇွန်လ ၁၅ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ အခမ်းအနား၌ မိန့်ခွန်းပြောပြီး ထိုနေ့ မွန်းလွဲပိုင်း၌ နော်ဝေးနိုင်ငံသို့ ခရီးဆက်မည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေးလေဆိပ် အထူးဂိတ်ပေါက်မှ တဆင့် တည်းခိုရာ ဟိုတယ်သို့ တိုက်ရိုက် ခေါ်ဆောင် သွားမည်ဖြစ်ရာ အစောပိုင်းက မြန်မာများ စီစဉ်ထားသည့် အိုးစည်ဒိုးပတ်ဝိုင်းများ မြန်မာ အကများဖြင့် လေဆိပ်မှ စောင့်မျှော် ကြိုဆိုမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း၊ သို့သော် သံတမန်များနှင့် အစိုးရ ဧည့်သည်များသာ တည်းခိုသည့် Grand Hotel ရှေ့တွင် ကြိုဆိုမည့် အစီအစဉ် ဖြစ်နိုင်ကြောင်း ဦးကျော်သွင်က ဆိုသည်။ "လေဆိပ်အထွက်မှာ အဝေးက လက်ပြရုံလောက်ပဲ ရမှာဆိုတော့ ဟိုတယ်ရှေ့ကပဲ စောင့်ပြီး မြန်မာတွေ ပန်းစည်းဆက်မယ်၊အိုးစည် ဒိုးပတ်ဝိုင်း ပါမယ်။ NLDအလံနဲ့ နော်ဝေးအလံကိုင်ပြီး ကြိုဆိုကြမယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးရောက်မဆိုက် မြန်မာတွေကို ပြောမယ့် နှုတ်ခွန်းဆက် စကားလည်း ကြားရတာပေါ့" ဟု သူက ဆက်ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နော်ဝေးနိုင်ငံခရီးစဉ် ၃ ရက်တာအတွင်း အစိုးရအဖွဲ့၊ နိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီနှင့် အော်စလိုစင်တာမှ တာဝန်ရှိသူများ အပါအ၀င် ပညာရှင်များ၊ နော်ဝေး နိုင်ငံ လူမှုအဖွဲ့အစည်း များ၏ သီးခြား ဖိတ်ကြားမှု အစီအစဉ်များ၊ အမေးအဖြေ ကဏ္ဍများနှင့် အစီအစဉ် အပြည့်ဖြစ်နေသည့် အပြင် နိုဘဲလ်ဆု ချီးမြှင့်မည့် အခမ်းအနား မတိုင်ခင် မနက်ပိုင်းတွင်လည်း နော်ဝေးနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဘွန်ဒယ်ဘစ်ခ် ဦးစီးသည့် အော်စလိုစင်တာ၌ အကန့်အသတ်နှင့် ဖိတ်ကြားထားသော နိုင်ငံတကာနှင့် နော်ဝေး တတ်သိပညာရှင် အနည်းငယ်တို့နှင့်အတူ ဒီမိုကရေစီရေး ဆိုင်ရာ ဆွေးနွေးခြင်းနှင့် အပြန်အလှန် အမေးအဖြေ ပြုလုပ်မည့် အစီအစဉ်ရှိကြောင်းလည်း သိရသည်။ "ကျနော် နောက်ဆုံးအကြိမ် ရန်ကုန်မှာ သူနဲ့ တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်က အော်စလိုကို မိန့်ခွန်းပြောဖို့၊ အင်တာဗျူး အမေးအဖြေ လုပ်ဖို့လောက်နဲ့တော့ မလာချင်ဘူး၊ သူက လူတွေနဲ့ စကားပြောဆို၊ ဆွေးနွေးချင်တာပါလို့ ပြောခဲ့တာကို သတိတရနဲ့ အော်စလို ငြိမ်းချမ်းရေး စင်တာ ရုံးခန်းမှာ ဒီက ပုဂ္ဂိုလ်တချို့ကိုဖိတ်ကြားပြီး သူနဲ့တွေ့ဆုံဆွေးနွေးမေးမြန်း စကားပြောကြဖို့ စီစဉ်ထားတာပါ" ဟု ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဘွန်ဒယ်ဘစ်ခ်က ပြောသည်။ နော်ဝေးနိုင်ငံ ဘုရင်နှင့် တော်ဝင်မိသားစု တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား နိုဘဲလ်ဆု ချီးမြှင့်မည့် ပွဲသည် နိုဘဲလ်ဆု ချီးမြှင့်ခဲ့သည့် သမိုင်းတွင် တကြိမ်မှ မရှိခဲ့ဘူးသော လူတဦးတည်းအား ဒုတိယ အကြိမ် ဆုချီးမြှင့်သည့် အခမ်းအနားတခုဖြစ်သည်။ ၁၉၉၁ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို နေအိမ်အကျယ်ချုပ် ကျခံနေရသူအား ချီးမြှင့်ခဲ့သည်မှာလည်း နိုဘဲလ်ဆု ချီးမြှင့်ရေးသမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း မိုက်ကယ်လ်အဲရစ် (၁၉၉၉ တွင် ကွယ်လွန်) နှင့် သား ၂ ဦးတို့က ဆု လက်ခံရယူခဲ့သည်။ နိုဘဲလ်ဆု ချီးမြှင့်သည့် အခမ်းအနားကို နော်ဝေးနိုင်ငံတွင် အလွန်ချမ်းအေးလှသည့် ဒီဇင်ဘာလ၌သာ ကျင်းပလေ့ ရှိသော်လည်း ယခု အခမ်းအနားကိုမူ ၁၉၉၁ ခုနှစ်က အခမ်းအနားသို့ ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့် အနေဖြင့် ရာသီဥတု ကောင်းမွန်လှပသော ဥရောပ၏ နွေရာသီတွင် သီးသန့် ကျင်းပခြင်း ဖြစ်သည်။ နိုဘဲလ်ဆု လက်ခံအပြီး နောက်တနေ့ ဇွန် ၁၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ့အား နိုင်ငံတကာမှ ချီးမြှင့်သည့် ဆုများအနက် ပထမဆုံး ချီးမြှင့်ခံရသည့် ဆုဖြစ်သော ရပ်ဖ်တို လူ့အခွင့်အရေး ဆုရွေးချယ်ရေးအဖွဲ့ အခြေစိုက်ရာ နော်ဝေးနိုင်ငံ ဒုတိယမြို့တော် ဘာဂင်မြို့သို့ သွားရောက်၍ ဆုလက်ခံမည်ဟု သိရသည်။ ၎င်းသည် ဘာဂင်မြို့ရှိ သော်ရိုးရပ်ဖ်တို အဆောက်အဦးအတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်ခန်းမ၊ သုတေသနနှင့် ယဉ်ကျးမှု ဆိုင်ရာများ၊ ရပ်ဖ်တိုဆုနှင့် ပတ်သက်သော အကြောင်းအရာ များကို လေ့လာကြည့်ရှုမည့် အပြင် ကြိုတင်ဖိတ်ကြားထားသည့် စီးပွားရေး၊ သုသေသနနှင့် ပညာရေး နယ်ပယ် အသီးသီးရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံစကားပြောမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ခန်းမတွင် နိုင်ငံတကာရောက် မြန်မာများ၏ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေး လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှု ဓာတ်ပုံများ၊ မြန်မာပြည်သူများ၊ သံဃာတော်များ၏ ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သည့် မှတ်တမ်း ဓာတ်ပုံများနှင့် မြန်မာပြည်ဆိုင်ရာ စာအုပ်များ၊ မြန်မာ့အနုပညာ ပစ္စည်းများ ပြသထားကြောင်း ဘာဂင်မြို့နေ ကိုကျော်ထင်က ပြောသည်။ "ကျနော်တို့ ဘာဂင်မြို့က မြန်မာတွေနဲ့ ၄၅ မိနစ် တွေ့ဆုံ စကားပြောဖို့ အချိန်ရမယ်၊ အမေးအဖြေတွေ အတွက်လည်း စီစဉ်ထားပါတယ်။ တိုင်းရင်းသားတွေက လက်ဆောင် ပေးလိမ့်မယ်။ ပန်းကုံးစွပ်တာ၊ ပန်းခြင်းပေးတာတွေ လုပ်မယ်၊ ပြီးတော့ ညနေပိုင်းမှာ ကျောက်တုံးပြာ (Blue Stone) ကြီးရှိတဲ့ မြို့လယ် အပန်းဖြေကွင်းပြင်မှာ ဘာဂင်မြို့သား အားလုံးနဲ့ စုစည်းပြီး လူထုဟောပြောပွဲ တခုလုပ်မယ်" ဟု သူက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နော်ဝေးခရီးစဉ် တခုလုံးတွင် အချိန်မရသောကြောင့် မူလက စိတ်ကူးထားသည့် မြန်မာနိုင်ငံသားများ၏ ရိုးရာအဆိုအက ဖျော်ဖြေရေး အစီအစဉ်များ မလုပ်နိုင်တော့ကြောင်း သူက ဆက်ပြောသည်။ သို့သော်ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာအသိုင်းအဝန်းကမူ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဆိုင်းဝိုင်း အပါအ၀င် အဆိုအကများနှင့် ဧည့်ခံမည့် အစီအစဉ်ရှိကြောင်း သိရသည်။ "လန်ဒန်မှာ အကြီးဆုံး လူ ၂၅၀၀ ဆံ့တဲ့ နာမည်ကြီး Royal Festival ခမ်းမကြီးကို ငှားထားတယ်။ တယောက်ကို စတာလင် ၁၀ ပေါင်နဲ့ လက်မှတ်ရောင်းမယ်။ ရန်ကုန်က ရောက်နေတဲ့ ဆိုင်းဆရာ ရွာစားကျော် သီရိမောင်မောင် ရဲ့ဆိုင်းအဖွဲ့က ဧည့်ခံတီးလုံးတွေ တီးပေးမယ်။ အဆိုတော် ဒေါ်မာမာအေးကသီချင်းတွေဆိုမယ်။တိုင်းရင်းသား အကတွေ လည်းပါမယ်။လူရွှင်တော် ကိုဇာဂနာနဲ့ ပန်းချီထိန်လင်းက အခမ်းအနားရဲ့ အစီအစဉ်မှူးတွေ လုပ်မယ်" ဟု လန်ဒန်ရှိ ကြိုဆိုရေး အလုပ်အဖွဲ့ဝင် ကိုမောင်မောင်အောင်က ပြောသည်။ ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပမည့် ထိုအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာများကို နှုတ်ခွန်းဆက် စကားပြောဆိုမည် ဖြစ်ပြီး သူ့အား ဖိတ်ကြားထားသည့် BBC အသံလွှင့်ဌာနသို့ သွားရောက်မည်ဟု သိရသည်။ လန်ဒန်တွင် ကျင်းပမည့် အစီအစဉ်၌ လက်မှတ်ရောင်းရငွေ တချို့ကို အခန်းငှားရမ်းခ ပေးချေမည် ဖြစ်ပြီး ပိုငွေနှင့် အလှူငွေများအား ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းစေလိုသည့် နေရာများသို့ လှုဒါန်းမည့် အစီအစဉ် ပါဝင်မည်ဖြစ်သည်။ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အောက်စဖို့ တက္ကသိုလ်မှ ချီးမြှင့်သည့် ဒေါက်တာဘွဲ့ကို လက်ခံယူကာ စကားပြောခြင်းနှင့် ဗြိတိန်ပါလီမန်၌ မိန့်ခွန်းပြောမည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဆွီဒင်၊ နော်ဝေး၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ် ဥရောပ ၅ နိုင်ငံ ခရီးစဉ်သည် ဇွန်လ ၁၄ ရက်မှ၂၇ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏နော်ဝေးနိုင်ငံခရီးစဉ်၊အကြမ်းဖျင်းသိရသည့်အစီအစဉ်များ) ၁၅-၀၆၂၀၁၂(သောကြာနေ့) (ပထမနေ့) (က ) (သောကြာ)မွန်းလွဲ၁၄း၁၀နာရီ (ဒေါ်အောင်ဆန်းစုကြည်ဆွီဇာလန်မှအော်စလိုလေဆိပ်ဆိုက်ရောက်မည်) (ခ) (ညနေ၃နာရီခန့်) တည်းခိုရာGrand Hotelရှေ့၊မြန်မာနိုင်ငံသားများကြိုဆိုရေးအစီအစဉ်။ (ဂ) (့ညနေပိုင်း၊၁၇း၀၀မှ၁၈နာရီ) နော်ဝေးနိုင်ငံဝန်ကြီးချုပ် နှင့်တွေ့ဆုံမည်၊ (ဃ) ညနေ(၁၈း၃၀) ဒေါ်အောင်ဆန်းစုကြည်သတင်းစာရှင်းပွဲလုပ်မည်၊ ၀န်ကြီးချုပ်ကဒေါ်အောင်ဆန်းစုကြည်အား၊ညစာစားပွဲနှင့်တည်ခင်းဧည့်ခံမည်။ (မြန်မာတချို့လည်းဖိတ်ကြားခံရဟုသိရ) (ဒုတိယနေ့) ၁၆-၀၆၂၀၁၂(စနေနေ့)နိုဘယ်လ်ဆုချီးမြှင့်မည့်ရက်။ (က) မနက်ပိုင်း(၀၉း၀၀မှ၁၀း၃၀)အစီအစဉ်မသိရသေး။ (ခ) (စနေနေ့(နေ့လည်၁၁နာရီ) ၀န်ကြီးချုပ်ဟောင်းဘွန်ဒါဗစ်၏အော်စလိုစင်တာ၌သီးသန့်ဖိတ်ကြားထားသည့်တတ်သိပညာရှင်များ အထူးဧည့်သည်များနှင့်အမေးအဖြေ၊ဆွေးနွေးမှု။ (ဂ) နေ့လည်၁၃မှ၁၄း၃၀ မြို့တော်ခမ်းမတွင်နိုဘယ်လ်ဆုချီးမြှင့်မည့်အခမ်းအနား၊ ဒေါ်အောင်ဆန်းစုကြည်မှနိုဘယ်လ်မိန့်ခွန်းပြောမည်။ (မြန်မာများစုစုပေါင်း၁၅၀ခန့်ခွင့်ပြုချက်ရဟုသိရ၊ နိုဘယ်ဆုအခမ်းအနားကထိုင်ခုံ၊ရှေ့ဆုံးတန်းရော အလယ်မှာပါ မြန်မာနိုင်ငံသားတွေကိုနေရာချပေးဘို့အစီအစဉ်ရှိတယ်လို့သိရ။ နိုဘယ်လ်ဆုအခမ်းအနားကျင်းပစဉ်လန်ဒန်မှဖိတ်ကြားထားသည့်မြန်မာအမျိုးသမီးတဦးက မြန်မာ့စောင်းတီးခတ်ဧည့်ခံမည်။ NCGUBအဝေးရောက်ညွန်ပေါင်းအစိုးရ၀န်ကြီးချုပ်ဒေါက်တာစိန်ဝင်းလည်းအဲဒီရက်အတောအတွင်း DVBသတင်းဌာနဘုတ်အဖွဲ့အစည်းအဝေးနဲ့တိုက်ဆိုင်နေလို့နိုဘယ်လ်ဆုအခမ်းအနားလည်း တက်ရောက်နိုင်ဘွယ်ရှိတယ်လို့သတင်းထွက်နေ) (ဃ) ညနေ ၁၅း၃၀မှ ၁၆း၁၅နာရီ မြန်မာနိုင်ငံသားများကိုဒေါ်အောင်ဆန်းစုကြည်သြ၀ါဒစကားပြောမည်။ ဒါပေမဲ့၊ဒေါ်အောင်ဆန်းစုကြည်နဲ့၊မြန်မာနိုင်ငံသားများနဲ့သီးခြားတွေဆုံမဲ့အခြေအနေကိုနိုင်ငံခြားရေးဝန်ကြီးဌာနကအတည်ပြုမပေးပါ၊ "မိမိတို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြန်ကြားရေးအဖွဲ့ထံကအတည်ပြုချက်မရသေးလို့ပါ၊ ယနေ့ထိတိကျတဲ့အစီအစဉ်များရေးဆွဲလို့မရသေးပါ"ဆိုပြီးနိုင်ငံခြားရေးဌာနပြောခွင့်ရသူကပြောပါတယ်။ (င) ညနေ၁၆း၃၀မှ၁၇း၃၀နာရီထိ အော်စလိုဆိပ်ကမ်းကိုမျက်နှာမူထားသည့်အော်စလိုမြို့တော်ခမ်းမရှေ့ရင်ပြင်စင်မြင့်ပေါ်မှ ဒေါ်အောင်ဆုကြည်ကလာရောက်ဂါရ၀ပြုသည့်မြို့လူထုကိုမိန့်ခွန်းပြောမည်။ (မည်သူမဆိုလာရောက်နိုင်သည့်လေဟာပြင်ဟောပြောပွဲ) (စ)ညနေ(၁၈း၀၀နာရီမှ၁၉း၃၀)ထိ တည်းခိုရာဟော်တယ်သိုပြန်၍အနားယူမည်။ (ဆ)ညနေ(၂၀း၀၀မှ၂၁း၀၀)ထိ နိုဘယ်လ်ကော်မတီအဖွဲ့ဝင်(၁၅)ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်သီးသန့်ညစာစားမည်။ (တတိယနေ့) ၁၇-၀၆-၂၀၁၂(တနင်္ဂနွေနေ့) နံနက် ၀၉း၀၀မှ၁၀း၃၀နာရီထိ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးအပါအ၀င်ဝန်ကြီးအဖွဲ့နှင့်တွေဆုံမည်။ နံနက်၁၁း၃၀ နော်ဝေးနိုင်ငံဒုတိယမြို့တော်ဘာဂင်သို့သွားရန်လေဆိပ်ဆင်းမည်။ ၁၉၉၀ခုနှစ်ကဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့သည့်ရပ်ဖ်တိုလူ့အခွင့်အရေးဖောင်ဒေးရှင်း သိုဆုလက်ခံမည့်ခရီးစဉ်ဖြစ်သည်။(အဆိုပါရပ်ဖ်တိုလူ့အခွင့်အရေးဆုသည်ဒေါ်အောင်ဆန်းစုကြည် အားပထမဆုံးအကြိမ်နိုင်ငံတကာမှနှင်းအပ်သည့်ဆုဖြစ်ပြီး၊ဘာဂင်မြို့သားသော်ရိုးရပ်ဖ်တိုထင်ရှားသည့်လူ့အခွင့်အရေးလှုပ်ရှားသူ၁၉၂၂-၁၉၈၆) နေ့လည်စာကိုရပ်ဖ်တိုဖောင်ဒေးရှင်းမှပုဂ္ဂိုလ်များနှင့်အတူစားမည်။ နေ့လည်၀၁း၀၀နာရီ ရပ်ဖ်တိုလူ့အခွင့်အရေးဆုကိုလက်ခံမည်၊ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောမည်။ ဒုတိယမြောက်အစီအစဉ်အဖြင့် ရပ်ဖ်တိုဟောက်စ်(ရပ်ဖ်တိုရိပ်သာ)တွင်ဖွင့်လှစ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်အခန်း(Aung San Suu Kyi's Room)သို့လှည့်လည်ကြည့်ရှုမည်။ မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံမည်၊သြ၀ါဒစကားပြောမည်။ တတိယမြောက်အစီအစဉ်အဖြင့်ညနေ၁၆း၀၀ခန့်တွင်ဘာဂင်မြို့လည်လူထုရင်ပြင်၌စုစည်း ရောက်ရှိလာသည့်ဘာဂင်မြို့သူမြို့သားများကိုနှုတ်ခွန်းဆက်စကားပြောဆိုမည်။ ညနေပိုင်းအော်စလိုသို့ထွက်ခွါမည်။ မိတ်ဆွေဖြစ်သူဝန်ကြီးချုပ်ဟောင်းဘွန်ဒယ်ဘစ်ခ်တည်ခင်းဧည့်ခံသောညစာစားပွဲသို့ တက်ရောက်မည်။ စတ္ထုထနေ့(နောက်ဆုံးနေ့) ၁၈-၀၆၂၀၁၂(တနင်္လနေ့) နံနက်၀၉း၀၀နာရီ နော်ဝေးပါလီမန်ကိုလေ့လာကြည့်ရှုမည်၊နိုင်ငံခြားရေးဌာန၀န်ကြီးများနှင့်နှုတ်ဆက်မည်။ နော်ဝေးကာကွယ်ရေးဌာနလူကြီးများနှင့်တွေ့မည်။ ထိုမှတဆင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များ၊နိုင်ငံတကာခေါင်းဆောင်များပါဝင်ဖွဲစည်းထားသော အော်စလိုဖိုရမ်ဖွင့်ပွဲသို့တက်ရောက်ဖွင့်လှစ်ပြီးမိန့်ခွန်းပြောမည်။ နေ့လည်ပိုင်းတွင် အော်စလိုလေဆိပ်မှတဆင့်အိုင်ယာလန်နိုင်ငံသို့ထွက်ခွါမည်။ မှတ်ချက်။ (၁) နိုဘယ်လ်ဆုချီးမြှင့်သည့်ညချမ်းတွင်အိုင်ယာလန်မှကမ္ဘာကျော်အဆိုတော်ဘိုနီဦးဆောင်သည့် U2တေးဂီတအဖွဲ့ကအော်စလိုသိုလာရောက်ဧည့်ခံဖြေဖြော်မည်ဟုသတင်းရသည်၊ (အတည်မပြုနိုင်သေးပါ။) (၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ယခုခရီးစဉ်အတွင်း (World Freedom Fund)ဆိုတဲ့မြန်မာပြည်ဒီမိုက ရေစီစနစ်အသွင်ပြောင်းရေးအတွက်ဘက်စုံကဏ္ဍများ မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများအတွက်ရံပုံငွေအဖွဲ့တခုကိုဒေါ်အောင်ဆန်းစုကြည်ကိုအကြီး အမှုးအဖြစ်ထားပြီးနော်ဝေးနိုင်ငံကဂုဏ်သိက္ခာကြီးမားတဲ့နိုင်ငံရေး၊့လူမှုရေးနယ်ပယ်ကပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းမယ်လို့အဆိုပါအဖွဲ့ကိုကမကထပြုဆောင်ရွက်နေသူတဦးထံကတဆင့်သတင်းရပါတယ်။ လောလောဆယ် အဲဒီအဖွဲ့ကိုဆွီဒင်နိုင်ငံကနော်ဝေးခရိုနာတသန်းမတည်ထားကြောင်းသိရတယ်။ (အသေးစိတ်သတင်းမထုတ်ပြန်သေးပါ) သတင်းထောက်ကိုညို(အော်စလို) | |||
အသွင်ကူးပြောင်းရေးနှင့် ရုရှားဒီမိုကရေစီ - အပိုင်း (၂) (ရုပ်/သံ) Posted: 07 Jun 2012 03:26 AM PDT | |||
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့၌ NLD အား လူထုပိုမိုထောက်ခံလာ Posted: 07 Jun 2012 02:25 AM PDT သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့ထိန်းချုပ် နယ်မြေ မိုင်းယန်းမြို့၌ ကျားဖြူပါတီစည်းရုံးရေးအား လူထုအားမလိုအားမရဖြစ်နေပြီး အစိုးရဝန်ထမ်း တခိျု့နှင့် ပင်စင်စားအများစုမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်ပိုမိုပါဝင်လာနေကြကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ "အခု မိုင်းယန်းကဒေသခံတယောက်က NLD ပါတီဝင်ဖို့ အတွက် စည်းရုံးရေးဆင်းနေတယ်။ ရဲတွေ၊လ၀က တွေ၊ စစ်မှုထမ်းဟောင်းတွေ ၊ ထောက်လှမ်းရေးဟောင်းတွေ NLD ထဲဝင်ကြတယ်။ ကြံ့ဖွတ်ပါတီကတော့ လှန့်နေပြီ။ ကျားဖြူပါတီကလဲ လှုပ်ရှားမှုသိပ်မရှိဘူးလေ။ ကျနော့အနေနဲ့ပြောရရင်တော့ သိပ်အားမရဘူး ဖြစ်နေတယ်" ဟု မိုင်းယန်းဒေသခံ စိုင်းအိုက် က သျှမ်းသံတော်ဆင့်အားပြောပြသည်။ NLD အတွက်စည်းရုံးရေးဆင်းနေသည့် စိုင်းနွံ (အသက် ၅၀ ကျော်) မှာ ၁၉၉၀ ကလည်း မိုင်းယန်းမြို့နယ် NLD ပါတီ၏ လွှတ်တော်အမတ်အဖြစ်အနိုင်ရခဲ့ဖူးသည်။ ကျားဖြူပါတီကိုယ်စားလှယ်အဖြစ် စိုင်းလုံက စည်းရုံးရေးလှုပ်ရှားသော်လည်း ကျယ်ပြန့်အားရမှုမရှိသဖြင့် ဒေသခံလူထုက 0x158င်းအား အားမလိုအားမရဖြစ်နေကြောင်းလဲ စိုင်းအိုက်က ပြောသည်။ "၂၀၁၀ တုန်းက မိုင်းယန်းမှာ ကျားဖြူပါတီက ရုံးမရှိဘူးလေ။ လူထုက အရမ်းကိုမျှော်လင့်တယ်။ ရုံးစိုက် စေချင်တယ်။ အခု ကျားဖြူကိုယ်စားလှယ်ရှိလာပြန်တော့ စည်းရုံးရေးက အားရစရာမရှိတော့ လူထုက တွေဝေရတော့တာပေါ့ဗျာ။ NLD လဲထပ်ဝင်လာတော့ ခြင်္သေ့က လန့်သွားတာပေါ့" ဟု စိုင်းအိုက်က ဆက်လက်ပြောပြသည်။ မိုင်းယန်းမြို့နယ်သည် သံလွင်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဖက် ၁၀၂ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲ၌လည်း မိုင်ယန်းမြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရအောင် လုပ်ဆောင်ရမည်ဟု ကြံ့ခိုင်ရေးပါတီ မြို့နယ်စည်းအဖွဲ့က ကြုံးဝါးထားသည်။ သျှမ်းသံတော်ဆင့် | |||
သျှမ်းပြည်မြောက်ပိုင်း ကျေးလက်တောရွာများ၌ ယာဘကို မုန့်ဝယ်သလို ဝယ်ယူသုံးစွဲနေကြ Posted: 07 Jun 2012 02:14 AM PDT
" အခု ယာဘတွေ မှိုလိုပေါက်နေတာက မန့်တုန့်မြို့နယ် မုံးမော်အုပ်စုမှာ ပါ။ လူတွေက ယာဘကို နေကြာစေ့ ဝယ်စားသလို လွယ်လွယ်ကူကူနဲ့ဝယ်နေကြတယ်။ စိတ်မချမ်းသာစရာဗျာ ၁၂ နှစ်သား ကအစ အိုကြီးအိုမတွေလဲ သုံးကြတယ်။ ရွာသားတွေကတော့ အလုပ်ဖြစ်ဖို့အရေးဘဲ သိကြတာကိုး။ ယာဘသုံးရင် အလုပ်တွင်တယ်လို့ဘဲ သိကြတယ်လေ" မန့်တုန့်ဒေသခံ စိုင်းခမ်းကပြောသည်။ အဆိုပါယာဘများကို ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ် အခြေစိုက် KDA ပြည်သူ့စစ်က စတင်သယ်ယူရောင်းချပြီး ယခုအခါ ဒေသခံများကုန်သည်များပါမကျန် သယ်ယူရောင်းချသဖြင့် ပေါများလာကြောင်း မန့်တုန့်မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းတဦးကပြောသည်။ "အဲဒီယာဘတွေကို မိုင်းယု၊ မိုင်းဝီး၊ ကွတ်ခိုင်ဘက်ကနေ သယ်လာတယ်။ ယာဘ ၄ မျိုးရှိတယ်။ ZY စာတန်းပါ ယာဘက တပြား ၁၀၀၀ ပေးရတယ်။ WY စာတန်း ၁၂၅၀၊ WY1 က ၁၅၀၀၊ 881 က ၂၀၀၀ ကျပ်။ လူတွေက အလုပ်လုပ်နိုင်ဖို့ဘဲစဉ်းစားတယ်။ ဆိုးကျိုးက ဘယ်လိုရှိတယ်ဆိုတာ စိတ်မ ဝင်စားကြဘူး။ အမျိုးသမီးတွေ ၊ ဘုန်းကြီးတွေလဲ သုံးတယ် " ဟု အဆိုပါ ဝန်ထမ်းက ဆက်လက်ပြောပြသည်။ ယာဘ၏ ဆိုးကျိုးကိုသိသူတခိျု့ မိမိသားသမီးများအား မြို့တက် ကျောင်းထားကြပြီး စီးပွါးရေး ဦးစားပေး ငွေရှာ လိုကြသည့် မိဘအများစုမှာမူ မိမိ သားသမီးများအား တရုတ်ပြည်ပို့ကာ အလုပ်လုပ်စေကြောင်း စိုင်းခမ်းက ဆက်လက်ပြောပြသည်။ မန့်တုန့်မြို့နယ်ရှိ မုံးမော်ခေါ် မန်မောက်အုပ်စုသည် မိုင်းဝီးအုပ်စုနှင့် ၄၂ မိုင်၊ မူဆယ်မြို့နယ် မိုင်းယုအုပ်စုနှင့် ၅၂ မိုင်ခန့်ဝေးသည်။ ဒေသခံအများ စုမှာ သျှမ်းလူမျိုးဖြစ်ပြီး ကချင်နှင့် ပလောင်တို့နှင့်အတူ နေထိုင်ကြသည်။ သျှမ်းသံတော်ဆင့် | |||
NLD ပါတီ ဒီဇင်ဘာတွင် နိုင် ငံလုံးဆိုင်ရာပါတီညီလာခံကျင်းပမည် Posted: 07 Jun 2012 02:05 AM PDT ရေးသားသူ - ဝေမာသိမ့် နေရာ - ရန်ကုန် ရက်စွဲ June 07, 2012 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက် နိုင်ငံလုံးဆိုင်ရာပါ တီညီလာခံကိုဒီဇင်ဘာတွင်ကျင်းပ မည်ဖြစ်ကြောင်း မြို့နယ်တိုင်းတွင် ရပ်ကွက်အဆင့် ပါတီဖွဲ့စည်းရေးလုပ် ငန်းစဉ်များ ကိုပြင်ဆင် ဆောင်ရွက် နေသည့် လွှတ်တော် ကိုယ်စားလှယ် များက ဆိုကြသည်။ ''ဗဟို ကော်မရှင်ဥက္ကဌ ဘဘဦးဝင်းတင် ကပြောတယ်။နိုင်ငံ လုံးဆိုင်ရာ ညီလာခံကြီးကို ၂၀၁၃ ကိုရောက်သွား နိုင်ပေမယ့်မူလ ရည်ရွယ်ထား တဲ့ဒီဇင်ဘာမှာ ကျင်းပသွား မယ်။ ဒါကြောင့်တိုင်း ညီလာခံ ကျင်းပရေး ကော်မရှင်တွေ ကို ဖွဲ့စည်း ပေးခဲ့ပြီးပြီ။ ရပ်ကျေးကနေခရိုင်အ ထိအ ဆင့်ဆင့် ဖွဲ့စည်း ဖို့မြို့နယ်အလိုက်တာ ဝန်တွေခွဲဝေပေးထားပြီးပါပြီ။ဒါ ကြောင့် ပြင်ဆင်ဆောင်ရွက်နေ ပါပြီ။'' ဟု လှည်းကူး မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းက ဆိုသည်။ NLDပါတီအား ဒီမိုကရေစီနည်းလမ်း ကျသောပါတီကြီး အဖြစ်တည်ထောင်သွားရန် ညီလာခံ ကျင်းပနိုင်ရေး ဗဟိုကော်မရှင်က လမ်းညွှန်ပေးခဲ့ခြင်းဖြစ်ပြီး မြို့နယ်တိုင်းတွင် ရပ်ကျေးမှာ ပါတီဝင် အင်အား စုဆောင်းခြင်းနှင့်ပါတီဖွဲ့ စည်းရေး လုပ်ငန်း များ ကိုဆောင်ရွက် နေကြပြီဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ မြတ်ဉာဏစိုးနှင့်လှည်းကူး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတို့ကဆိုသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ် ဉာဏစိုးက ''NLD အနေနဲ့အသစ် တဖန်ပြန်လည်မွေးဖွားဖို့ရှေ့နှစ်ဆန်း မှာနိုင်ငံလုံး ဆိုင်ရာပါတီ ညီလာခံ ကျင်းပပြီ ဒီမိုကရေစီနည်းလမ်းတကျ သွေးသစ်လောင်း တည် ထောင် ဖို့ရှိပါတယ်။ ကျွန်တော်က ကျွန်တော့် မဲဆန္ဒတွေဖြစ် တဲ့မြို့နယ်လေးမြို့နယ်မှာပါတီပြန် လည်ဖွဲ့စည်းရေး လုပ်ငန်း တွေ ကိုဦး ဆောင်ပြီး ဆောင်ရွက်နေပါတယ်'' ဟုဆိုသည်။ လှည်းကူး မြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်းက လှည်းကူးမြို့နယ်တွင် ပါတိဝင်အင်အား စုဆောင်းခြင်းကို စတင်လုပ်ဆောင်လျှက်ရှိပြီး အင်အားနှစ်သောင်းဝန်း ကျင်ရှိပြီဖြစ် ကြောင်း၊ ယခုလအတွင်း မြို့နယ်တွင်း တွင် လှည့်လည်၍ပါတီမူဝါဒများနှင့်ပါတီ ဖွဲ့စည်းပုံများ ကိုရှင်းလင်း ပြောကြား သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရခြင်း မှာ အဖွဲ့ချုပ်မှ မြို့နယ်အလိုက် စည်းရုံးရေးလုပ်ငန်းများ နှင့်ပါတီဖွဲ့စည်း ရေးလုပ်ငန်း များ ကို ဆောင်ရွက်ကြ ရန်ညွှန်ကြားခဲ့သည့်အတွက် ပထမအကြိမ်တတိယလွှတ်တော်ပုံမှန် အစည်းအဝေး များ အပြီးတွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။ အဆိုပါလုပ်ငန်းကို အမျိုးသား လွှတ်တော် ကိုယ်စား လှယ်ဒေါက်တာ ဒေါက်တာမြတ်ဉာဏစိုး က တာမွေမြို့နယ် ရှိရပ်ကွက်(၂၀)အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှမြို့ နယ်တာဝန်ခံများ နှင့် အတူတကွ စတင်လုပ်ဆောင် နေပြီဖြစ်ပြီး၊ ကျန် သည့် မြို့နယ်များဖြစ်သည့် မင်္ဂလာ တောင် ညွှန့်မြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင် မြို့နယ်နှင့်ဗိုလ်တထောင်မြို့နယ် များကိုလည်း ဆက်လက် ဆောင်ရွက် သွား ဖြစ်ကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ညီလာခံကျင်းပနိုင်ရေး ဗဟိုကော်မရှင်ကို မေ(၉)ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မရှင်ဖွဲ့စည်း ပြီးနောက်တွင် ပါတီစည်းရုံးရေး လုပ်ငန်းများ နှင့် ပါတီဖွဲ့ စည်းရေး လုပ်ငန်း များ ကို မြို့နယ် အလိုက် ဆောင်ရွက် စေခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ Yangon Media Group | |||
ဆက်သွယ်ရေးဈေးကွက်သို့ ဆွီဒင်နှင့်အမေရိကန်အခြေစိုက်ကုမ္ပဏီများဝင်ရောက်မည် Posted: 07 Jun 2012 01:51 AM PDT ဥာဏ်ဥာဏ် (မြစ်မခ) မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်အတွင်းသို့ ဆွီဒင်နှင့် အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီများ က ၀င်ရောက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။ ဆွီဒင်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သော Ericsson နှင့် ဖရန်ကိုအမေရိကန်ဆက်သွယ်ရေး ကုမ္ပဏီ Aleatel-Lucent တို့က ၂၀၁၂ ခုနှစ်၊ ဇွန်လ အတွင်း မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ နေရာတစ်ခုရရှိရန် ဝင်ရောက်လာတော့မည်ဖြစ်သည်။ "ပြည်ပကုမ္ပဏီတွေဝင်လာရင် ပြည်တွင်းမှာ ဆက်သွယ်ရေးစနစ်တွေ ပိုကောင်းလာမယ်လို့ ကျွန်တော်တို့ ထင်တယ်။ ဒီလထဲတောင် ပြည်ပနိုင်ငံကုမ္ပဏီတွေ ၀င်လာပြီး ကုမ္ပဏီရုံးခန်း လာဖွင့်မယ်"ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ဆက်သွယ်ရေးဈေးကွက်ဝေစုတစ်ခု ရရှိစေရန် ရန်ကုန်မြို့တွင် ယခုလအတွင်း Ericsson ကုမ္ပဏီက ရုံးခန်းလာရောက် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ မြန်မာနိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီကြီးများမှာ ရတနာပုံ၊ Elite Tech၊ Fortune ၊Asia Maker Link တို့မှ လက်ရှိအချိန်တွင် အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည်။ အလားတူ Nokia၊တရုတ်နိုင်ငံအခြေစိုက် Huawei၊ Technologies ZTE ကုမ္ပဏီတို့မှာလည်း မြန်မာ့ ဆက်သွယ်ရေးဈေး ကွက်အတွင်းသို့ ပိုမိုဝင်ရောက်ရန် ကြိုးစားကြမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းဈေးကွက်အတွင်းက သိရှိရသည်။ လက်ရှိ ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်၌ လူသုံးအများဆုံး မိုဘိုင်းဖုန်းများမှာ တရုတ်နိုင်ငံထုတ်ဖုန်းများဖြစ်ပြီး၊ နယ်ဈေးကွက်အား ပိုမိုအားပြုရောင်းချလျက်ရှိကြောင်း ရန်ကုန်မြို့တွင်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များက သိရှိရသည်။ "လက်ရှိမှာ အရောင်းအကောင်းဆုံးဖုန်းတွေက HTC, Nokia ပါ။ ဒီမိုဘိုင်းဖုန်းတွေက နယ်တွေမှာ အသုံး များတယ်။ ကျွန်မတို့ဆီမှာ တစ်လကို အနည်းဆုံးအလုံးရေ (၃၀၀၀) ကျော်လောက် ရောင်းရတယ်။" ဟု မင်္ဂလာဈေးရှိ ကိုစိန်မြင့် ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။ မိုဘိုင်းဆက်သွယ်ရေးစနစ်မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးလာပြီးနောက် မိုဘိုင်းဖုန်းအရောင်းဆိုင်များအနေဖြင့် တစ်နေ့လျင် ပျမ်းမျှဖုန်းအလုံးရေ(၂၀)မှ(၁၀၀)အကြား နေရာအလိုက် ရောင်းချနေရကြောင်း မိုဘိုင်းဖုန်း အရောင်းဆိုင်များက စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်း အလုံးရေသန်း(၃၀)စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဆက်သွယ် ရေးကုမ္ပဏီများ ဈေးကွက်အတွင်းသို့ ၀င်ရောက်မှုများပြား လာပါက ဈေးကွက်ယှဉ်ပြိုင်မှုသဘောတရားအရ ဆက်သွယ်ရေးပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ပိုမိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း ဈေးကွက်လေ့လာသူများက သုံးသပ်ကြသည်။ by Myit Makha Mediagroup | |||
ကြည့်မြင်တိုင် စံပြငါးဈေးတွင် ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွား Posted: 06 Jun 2012 06:54 PM PDT
နေရာ - ရန်ကုန် ရက်စွဲ June 06, 2012 ဇွန်လ နံနက် ၆နာရီခွဲအချိန် တွင် ကြည့်မြင့်တိုင်မြို့နယ်၊ ဗဟိုစံပြ ငါးဈေးရှိ ကုန်တင်ကုန်ချ အလုပ် သမား ၂၀၀ ခန့်တို့၏ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆို ခဲ့ကြကာ ယင်းတောင်းဆိုချက်များကို ခ.ရ.ကနှင့် မ.ရ.က တို့မှ ငါးရက် အတွင်း ပြေလည်အောင်ဖြေရှင်းပေးသွား မည်ဖြစ်ကြောင်းသိရသည်။ 'အလုပ်သမားများအသစ်များ ထံမှ အဆမတန်အခကြေးငွေ ယူ၍ ခန့် ထားခြင်းကိစ္စအား ဖော်ထုတ် အရေးယူ ပေးရန်'ဆိုသည့် အချက်အပါအဝင် သတ်မှတ်ထား သောစည်းကမ်းချက်များနှင့် အညီ ပြဿနာများ အားမှန်မှန်ကန်ကန် ဖြေရှင်းပေးရန်နှင့် သက်ဆိုင်ရာကြီးကြပ် ရေးမှူး၊ စောင့်ရှောက်ရေး မှူးများ အားလုံး ပြောင်းလဲပေးရန်ဟူသည့် အချက်များ ပါဝင်သည်။ '' အခု ၂၀၁၀-၁၁ခုနှစ်အတွင်း မှာ ပိုက်ဆံ လေးသိန်းခွဲပေးပြီး အလုပ်ဝင် ခဲ့ရတယ် ဆိုတဲ့ အလုပ်သမား ငါးယောက် ကို စစ်ဆေးမယ်။ ပိုက်ဆံ ဘယ်လောက် ပေးခဲ့ရတယ်။ ဘယ်သူ့ကို ပေးခဲ့ရတယ် ဆို တာကို စစ်ဆေးပြီး မှန်ကန်တယ်ဆိုရင် မ.ရ.က အုပ်ချုပ်ရေးမှူး ကိုယ်တိုင် တာဝန်ယူဖြေရှင်း ပေးမယ် လို့ပြောပါ တယ်။ ပြီးတော့မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆီကို တဆင့်ထပ်တင်ပေး မယ်လို့ပြော ပါတယ်။ အထက်လူကြီးတွေ ဘက်က တာဝန်ယူဖြေရှင်းပေးတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း ငြိမ်းငြိမ်းချမ်း ချမ်းပဲ အလုပ်ပြန် လုပ်ကြ မယ်'' ဟု အလုပ် သမားခေါင်း ဆောင် ကိုဇော်လင်းကပြော သည်။ အဆိုပါ ဆန္ဒပြတောင်းဆိုခြင်း ကို ယနေ့နံနက် ၆နာရီခွဲအချိန်မှ စတင် ၍ အဆိုပါဈေးရှိ အလုပ်သမား ဝန်ကြီး ဌာန၊ မြို့နယ်ပြည်တွင်းကုန်တင်ကုန်ချ ကော်မတီရုံးရှေ့တွင် ယင်းအချက်အပါ အဝင် လုပ်သား များ နေ့စဉ်ပေးသွင်း ဘောက်ချာဖွင့်ငွေများအား စာရင်းရှင်း တမ်းပြုလုပ်၍ လုပ်သားများ အား ပြန်လည် ရှင်းလင်းပေးရန်၊ ငါးတောင်းဌာနခွဲအတွင်း ရှိ ကြီးကြပ်ရေးမှူး၊ စောင့်ရှောက်ရေးမှူး များ အားလုံး ပြောင်းလဲပေးရန် ဟူသည့်စာ သားများရေးသား ထား သည့် ဆိုင်းဘုတ် များကိုင်ဆောင်၍ တောင်း ဆို ခဲ့ကြခြင်းဖြစ် သည်။ ''အခုကရှိတဲ့ အလုပ်သမား တွေနဲ့ အလုပ်ကမမျှဘူးဖြစ်နေတယ်။ လုပ် သားဦးရေကများပြီး ကုန်ကနည်း နေတယ်။ အလုပ်ဝင်ရင်ပိုက်ဆံပေးရတယ်ဆိုတဲ့အတွက် အလုပ်သမားတွေစွတ်သွင်းတာ။ အခု လည်း အလုပ်သမား အယော က်ရှစ် ဆယ် ထပ်သွင်းမလို့ လုပ်နေကြတာ။ ကိုယ့်ရှိ တဲ့အလုပ်သမားနဲ့ အလုပ်နဲ့က လုံလောက် နေပါပြီ။ ဝင်ငွေကလည်း အသင့်အတင့် ရတယ်ပေါ့။ အခုဟာက ပိုက်ဆံရတိုင်း အလုပ်သမား တွေသွင်းနေတော့ အကုန် လုံးဝ င်ငွေ ထိခိုက်ကြရတယ်။ ကျွန်တော်တို့ ကရင်းပြီး တောင်း ဆိုရတာပါ။ သူတို့ဘက် ကမလိုက်လျောပေးရင်တော့ ကျွန်တော် တို့က အလုပ်ပြုတ်မှာပဲ။ လိုချင်တဲ့ အချက် တွေမရမခြင်းတော့ ကျွန်တော်တို့ တောင်း ဆိုသွားမှာပါ'' ဟု ကုန်တင်/ ချအလုပ် သမားတစ်ဦး ကဆိုသည်။ ယင်းအပြင် ခိုးမှုအစရှိသည့် ပြဿနာများကြုံတွေ့လာရပါကလည်း မှန်မှန်ကန်ကန်စစ် ဆေးပေးခြင်း မရှိဘဲ လာတိုင်သူက ပြောသော ငါးတောင်းတန်း နံပါတ်နှင့် တိုက်ဆိုင်သူက အရေးယူခံ ရကြောင်း၊ ပုံမှန်အရ အသက်လေးဆယ် ကျော်လျှင် အလုပ်ခန့်ထားခြင်းမရှိရသော် လည်း ပိုက်ဆံယူ၍ အလုပ်ခန့်ထား ခြင်း များရှိနေကြောင်း အဆိုပါအလုပ်သမား များ၏ ပြောပြချက်များအရသိရသည်။ ''အခုကအလုပ်သမားက အယောက် ၇၀ဝနီးပါးလောက်ရှိနေပြီ။ ရှိတဲ့သူ တောင် စားဝတ်နေရေး မပြေလည် ကြဘူး။ ကျွန်တော်တို့က တရားဝင် အလုပ် လုပ်နေကြတာ။ အပြင်ကဝင်လုပ်ကြတာ တွေလည်း ရှိတယ်။ ဒါတွေကို မသိချင် ယောင်ဆောင်ပေးနေကြတယ်။ တိုင်လို့ လဲမရဖြစ်နေတယ်။ ဒါတွေကို ဖြေရှင်း ပေး စေချင်တာပါ'' ဟု ကုန်တင်/ချအလုပ် သမားတစ်ဦးကပြောသည်။ ယင်း ဗဟို စံပြငါးဈေးကြီးတွင် ကုန်တင်/ချအလုပ်သမား ၇၀ဝနီးပါးခန့် ရှိကာ ယခုဆန္ဒပြ တောင်းဆ သော အချက် များတွင်ပါဝင်လက်မှတ်ရေးထိုးသူ ၃၀၀ နီးပါးခန့်ရှိကြောင်းသိရသည်။ အဆိုပါ ငြိမ်းချမ်းစွာဆန္ဒပြမှု မှာ နံနက် ခြောက် နာရီခွဲ တွင် စတင်ခဲ့ပြီး အထက်လူကြီးများမှ ငါးရက် အတွင်းပြေ လည် အောင်ဖြေရှင်းပေးမည်ဆိုသည့် အတွက် နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် ပြီးဆုံးသွား ခဲ့သည်။ Yangon Media Group | |||
တပ်မတော်၏ နိုင်ငံရေးမှ နောက်ဆုတ်မည့် ခြေလှမ်းကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော Posted: 06 Jun 2012 05:06 PM PDT ရန်ကုန်၊ ဇွန် ၆ မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောကြားချက်ကို ကြိုဆိုကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။ " တပ်မတော်နှင့် အတူ သိက္ခာရှိတဲ့ ခြေလှမ်းတွေကို အတူလက်တွဲပြီးတော့ လှမ်းချင်ပါတယ်။ ဗိုလ်ချုပ်ကြီးလှမင်းက ပြောတယ်ဆိုတော့ ကျွန်မ အင်မတန်မှ သဘောကျပါတယ်။ တပ်မတော်ဟာ အစဉ်အမြဲရနေတဲ့ အခွင့်အရေးကို ထိန်းသိမ်းချင်တဲ့ တပ်မတော်မဟုတ်ဘူး။ နိုင်ငံနဲ့ သင့်တော်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးဖို့ လိုလားတဲ့ တပ်မတော်ဆိုတာ ပြလိုက်တဲ့အတွက် ကျွန်မအနေနဲ့ အများကြီး ကြိုဆိုပါတယ်"ဟု Venus News Weekly၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။ Venus News Weekly | |||
ဂျမာအတ်(၁၀)ဦးအသတ်ခံရမှုအတွက် မော်လ၀ီအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံ Posted: 06 Jun 2012 05:03 PM PDT ၀င့်သင်ဇာကျော် (မြစ်မခ) ဇွန်(၆)ရက် ၊၂၀၁၂ခုနှစ်။ မြန်မာနိုင်ငံလုံးဆိုင်ရာမော်လ၀ီအအဖွဲ့ဝင်များက ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်တွင် ဂျမာအတ်လုပ်ငန်း လုပ်ကိုင်သူ(၁၀)ဦး အသတ်ခံခြင်းနှင့်ပတ်သက်၍ အမှန်တရား ပေါ်ထွက်စေရန် ဇွန်လ(၆)ရက်နေ့နေ့လည်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီများအဖွဲ့ချုပ်မှ အဖွဲ့ဝင်သည်စာနယ်ဇင်းများတွင် မွတ်ဆလင်(ကုလား)ဆိုသည့် စကားလုံး အသုံးအနှုန်းများမသုံးစွဲရန်နှင့် ရခိုင်ပြည်နယ်တွင် အသတ်ခံခဲ့ရသော ဘာသာရေးလုပ်ကိုင်သူအစ္စလာမ်ဘာသာဝင် (၁၀)ဦး သေဆုံးခဲ့ရခြင်းများကို အရေးယူဖြေရှင်းပေးရန်ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက် တွေ့ဆုံခြင်းဖြစ်သည်။ " ဘာသာရေးလုပ်ဖို့သွားတဲ့လူတွေ၊ အသတ်ခံရတဲ့သူတွေကိုမွတ်ဆလင်(ကုလား)လို့ရေးတယ်၊ အမှန်တော့ ကျွန်တော်တို့က အစ္စလာမ်ဘာသာဝင်တွေပါ။ မွတ်ဆလင်လူမျိုးပါ နောက်တစ်ခုက ဒီလူဟာနိုင်ငံတော်ရဲ့ ဥပဒေကို ဖောက်ဖျက်တဲ့အတွက်ကြောင့်ဆိုရင် ဥပဒေအတိုင်းဆုံးဖြတ်လိုက် လက်ခံတယ်၊ ကြိုက်သလို ဆုံးမ လိုက် အခုတော့ ဘုရားဖူးသွားတဲ့အစ္စလာမ်လူမျိုး ဘာသာရေး သမားတွေကို ရက်ရက်စက်စက် သတ်ပစ် တာမြင်ရတာကျွန်တော်တို့အတွက် မတရားဘူး" ဟု မော်လ၀ီများအဖွဲ့ချုပ် အဖွဲ့ဝင် ဦးဆန်းကိုကိုက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိသည်အစိုးရမဟုတ်သောကြောင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အသတ်ခံခဲ့ရသော အစ္စလာမ်ဘာသာဝင်များအတွက် အရေးယူ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသော်လည်း နိုင်ငံလုံခြုံရေးအတွက် လူမျိုးဘာသာမရွေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီများအဖွဲ့ချုပ် အဖွဲ့ဝင်များသို့ ပြောကြားခဲ့သည်။ "အရေးယူဖို့ဆိုတာကလဲ ပွင့်ပွင့်လင်းလင်းပြောရရင် အမေက အစိုးရမဟုတ်ဘူးဒါပေမဲ့ အမေအနေနဲ့ တက်နိုင်သမျှ ဒီနိုင်ငံက အားလုံးအတွက်အားလုံးလုံခြုံဖို့အတွက် ကြိုးစားသွားမယ်။ မတည်နိုင်တဲ့ကတိကိုမပေးနိုင်ဘူး။ အမေအနေနဲ့ကလဲ ဘယ်လိုလူမျိုးဆိုပြီး မခွဲခြားဘဲနဲ့ကာကွယ်ပေးသွားဖို့ ရှိပါတယ်။ သားတို့ စိတ်အေးအေးထား၊ ဒေါသနဲ့တုန့်ပြန်မှုကပြသာနာအကြီးကြီး ဖြစ်သွားမယ်။ "ဟု အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ အသတ်ခံရမှုပြသာနာကြီးထွားလာခြင်းသည် တရားဥပဒေစိုးမိုးရေးမရှိခြင်းကြောင့်နှင့်လှုံ့ဆော်သူရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က သုံးသပ်ပြောဆိုသည်။ "နံပတ်တစ်က ဥပဒေစိုးမိုးရေး ၊ နံပတ်နှစ်က လှုံ့ဆော်တဲ့လူများရှိသလားဆိုတဲ့ အတွေးပေါ့။ ဒီနိုင်ငံမှာဥပဒေစိုးမိုးရေးရှိတယ်ဆိုရင် ပထမဦးဆုံး ပြသာနာတစ်ခုဖြစ်ပြီဟေ့ဆိုရင်ရာဇ၀တ်မှုတစ်ခုဖြစ်ပြီဆိုကတည်းက အရေးယူလိုက်မယ်ဆိုရင် ဒီပြသာနာတွေဟာ ကြီးပွားသွားမယ်လို့ မထင်ဘူး။ ဥပဒေပိုင်းဆိုင်ရာတွေက ဖြေရှင်းရမယ့်ပြသာနာ၊ အမြန်ဆုံးဖမ်းရမှာ ၊ အရေးယူရမှာ ရဲတပ်ဖွဲ့နဲ့ဆိုင်တာပေါ့နော်အဲ့ဒါတွေကို မြန်မြန် ဆန်ဆန် မလုပ်နိုင်တော့ ပြသာနာတွေကတစ်ဆင့်ပြီးတစ်ဆင့် ကြီးလာတယ်။ နောက်တစ်ခုက အခြေအနေ တစ်ခုကိုလှုံ့ဆော်နေတဲ့လူ ရှိသလားဆိုတာ အခြေအမြစ်ရှိရင် ထပြီးတော့ အော်ချင်နေတဲ့လူက ရှိတယ်။ ဒီလိုအော်ခြင်းက ကျွန်မတို့နိုင်ငံအတွက်ကျွန်မတို့တိုင်းပြည်အတွက် အကျိုးရှိသလား မရှိဘူးလားဆိုတာ မဆင်ခြင်ဘဲနဲ့ အော်နေမယ်ဆိုရင် အဲ့ဒါကလဲ မလိုလားအပ်သလို ပြသာာနာကြီးထွားလာ နိုင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဇွန်(၆)ရက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်နှင့်ပတ်သက်ပြီး စိတ်တစ်ဝက် ပေါ့ပါးသွားကာ ရှေ့ဆက်၍အမှန်တရားပေါ်ပေါက်ရန်အတွက် မျှော်လင့်နေမည် ဖြစ်ကြောင်းလာရောက်တိုင်ကြားသူ မြန်မာနိုင်ငံလုံးဆိုင်ရာမော်လီများအဖွဲ့ချုပ်အဖွဲ့ဝင်များက ဆိုသည်။ "ကျွန်တော်တို့အနေနဲ့က ရှေ့ဆက်ပြီး ဘာဖြစ်လာမလဲဆိုတာကိုမျှော်လင့်ရုံပဲရှိတယ်။ အမေပြောသလိုပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားမှာကိုပဲ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီးသွားတော့ စိတ်တစ် ၀က်ကတော့ ပေါ့ပါးသွားတယ် ။ နောက်တစ်ဝက်ကတော့ရှေ့မှာလာမယ့်အရာတွေကို ကြည့်ပြီးတော့ မျှော်လင့် ရမှာပေါ့" ဟုမြန်မာနိုင်ငံလုံးဆိုင်ရာ မော်လီများအဖွဲ့ချုပ်အဖွဲ့ဝင် ဦးလင်းကိုကိုကပြောသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီများအဖွဲ့ချုပ်အဖွဲ့ဝင်များသည်မြန်မာနိုင်ငံအစ္စလာမ်သာသနာရေး အဖွဲ့(၅)ဖွဲ့ ကိုယ်စား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်း ဖြစ်သည်။ by Shwe Myitmakha Media Group | |||
ဇွန်လ ၄ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၅ Posted: 06 Jun 2012 04:58 PM PDT | |||
ဇွန်လ ရ ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၂ Posted: 06 Jun 2012 04:57 PM PDT | |||
အန်အယ်ဒီ ရုံး ဆိုင်းဘုတ်ကို ခဲနဲ့ ပေါက်ခံ ရ (ရုပ်/သံ) Posted: 06 Jun 2012 04:31 PM PDT | |||
Posted: 06 Jun 2012 04:27 PM PDT | |||
ရန်ကုန်က သမိုင်းဝင် အဆောက်အဦများ ထိန်းသိမ်းရန် သြစတြေးလျကူညီမည် Posted: 06 Jun 2012 04:25 PM PDT
မစ္စတာ ဘော့ကားဟာ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဇွန် ၅ ရက်နေ့ က နေပြည်တော် ကို ရောက်ရှိ လာပြီးနောက် ဒီနေ့မနက်မှာတော့ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးနဲ့အတူ ရန်ကုန်မြို့က သမိုင်းအမွေအနှစ် အဆောက်အဦတွေကို လိုက်လံကြည့်ရှုခဲ့ တယ်လို့ သြစတြေးလျ အေဘီစီ သတင်း မှာ ဖော်ပြပါတယ်။ ရန်ကုန်က အမွေအနှစ်အဖြစ် ထိန်းသိမ်းမယ့် အဆောက်အဦတွေထဲမှာ ကိုလိုနီခေတ်ကတည်း က ဆောက်ထားတဲ့ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဗလီတွေနဲ့ အိုးအိမ်တိုက်တာ အဆောက်အဦတွေ ပါဝင်ပါတယ်။ ဒီအဆောက်အဦတွေကို ထိန်းသိမ်းစောင့်ရှောက် နိုင်ဖို့ သြစတြေးလျနိုင်ငံ အနေနဲ့ ငွေပမာဏ ဘယ်လောက် ကူညီမယ် ဆိုတာ အတိအကျ မသိရသေးပါဘူး။ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဟာ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ အပြင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ ဒါ့ပြင် ကြာသပတေးနေ့ မှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ by ဒီဗွီဘီ | |||
Jolly Good အထည်ချုပ်စက်ရုံက စွန့်ပစ်မိလ္လာကြောင့် ဒုက္ခရောက်နေကြ (ရုပ်/သံ) Posted: 06 Jun 2012 04:31 PM PDT မင်္ဂလာဒုံမြို့နယ် အတွင်းမှာရှိတဲ့ Jolly Good အထည်ချုပ်စက်ရုံက ထွက်ရှိတဲ့ စွန့်ပစ် မိလ္လာတွေကို မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် ကျေးရွာအုပ်စု၊ မြသီတာ ရပ်ကွက်၊ မြသီရိ (၂) လမ်း ရပ်ကွက်မြောင်းထဲကို သွန်ချနေတဲ့အတွက် အနံ့အသက်ဆိုးတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။စွန့်ပစ် မိလ္လာတွေကို ရပ်ကွက်မြောင်းတွေထဲ သွန်ချနေတဲ့အတွက် အနီးဝန်းကျင်မှာ ရှိတဲ့ အိမ်ခြေ ၄၀ ကျော်လောက်ဟာ အနံ့အသက်ဆိုးတွေနဲ့ ကြုံတွေ့နေကြရပါတယ်။မိလ္လာ အနံ့ဆိုးတွေကြောင့် ရပ်ကွက်အတွင်းမှာရှိတဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကိုလဲ ထိခိုက်စေနိုင်တဲ့အတွက် ဒေသခံတွေ အနေနဲ့ စိုးရိမ်မှု ရှိနေကြတာပါ။ဒီလို အနံ့အသက်ဆိုးတွေကို ဖေဖော်ဝါရီလ လောက်ကတည်းက စတင် ခံစားနေရတာဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပေမယ့် တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် အနံ့အသက် မထွက်ရှိအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ပြုလုပ်ပေးပါလို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ် ခင်ဗျာ။ Burma VJ Media Network | |||
မသီတာထွေး အသတ်ခံရမှု ခရိုင်ရုံး၌ ဇွန်လ ဒုတိယပတ်တွင် စစ်ဆေးမည် Posted: 06 Jun 2012 03:53 PM PDT ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထွေး အသတ်ခံရမှုကို ကျောက်ဖြူမြို့နယ် ခရိုင်တရားရုံးတွင် ဇွန်လ ဒုတိယပတ်တွင် ရုံးတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျောက် ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အရာရှိ တစ်ဦးက ပြောကြားသည်။ အဆိုပါ လူသတ်မှုကို နေပြည်တော် တရားရုံးသို့ လွှဲပြောင်း စစ်ဆေးမည်ဟု သတင်းများထွက်ပေါ်နေမှု အပေါ် အထက်ပါ ပုဂ္ဂိုလ်က ပြန်လည် ဖြေရှင်းခြင်း ဖြစ်သည်။ "ရုံးမပြောင်းဘူး။ ဒါပေမဲ့ ရုံးတင်မယ့် ရက်ကို အတိအကျ မပြောနိုင်သေးဘူး" ဟု ၄င်းက ဆိုသည်။ အဆိုပါ အမှု ရုံးတင်စစ်ဆေးမည်ကို ဒေသခံများ အလွန် စိတ်ဝင်စားနေကြပြီး ရုံးပြောင်းရွှေ့စစ်ဆေးမည်ကို ဒေ သခံများ မလိုလားကြောင်း၊ ယင်းသို့ အခြေအနေမျိုးတွင် နေပြည်တော်ကို လွှဲပြောင်း စစ်ဆေးမည်ဟု သတင်း များ ထွက်ပေါ်လာသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း ကျောက်ဖြူဒေခံများက ပြောကြားသည်။ ရခိုင်တိုင်းရင်းသူ တစ်ဦးဖြစ်သော မသီတာထွေးကို (၂၇)နှစ်ကို ပြစ်မှုကျူးလွန်သူဟု ယူဆရသော ဒေသခံ အစ္စ လာမ် ဘာသာဝင် သုံးဦးက ပစ္စည်းယူ မုဒီမ်းကျင့်၊ သတ်ဖြတ်ခံခဲ့ရပြီး ယင်းဖြစ်စဉ်နှင့် ဆက်စပ်ကာ ရခိုင်ပြည် နယ်တွင် ပဋိပက္ခများ ဆက်တိုက်ပေါ်ပေါက်ခဲ့ကြောင်း ရခိုင်ဒေသခံများထံမှ သိရှိရသည်။ The Voice Weekly | |||
စစ်တွေ ပဋိပက္ခမှု သေနတ် ဒဏ်ရာရသူ လေးဦးကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင် Posted: 06 Jun 2012 03:52 PM PDT ရန်ကုန်၊ ဇွန် ၆ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ ၃ရက်နေ့က ဖြစ်ပွါးခဲ့သော ပဋိပက္ခဖြစ်ပွါးမှုတွင် ဒဏ်ရာ ရရှိသူများအနက် အရေးပေါ် အခြေအနေရောက်နေ သူများကို ရောက်ရှိနေပြီဖြစ်သဖြင့် အစိုးရ ထောက်ပံပေးမှုနှင့် မြို့ခံများ ပါတီ များ၏ အလှူငွေများဖြင့် ရန်ကုန်မြို့သို့ ယနေ့ (ဇွန်လ ၆) နေ့လယ် ၁နာရီခန့်က ကုသရန် ပို့ဆောင်လိုက်ပြီ ဖြစ် ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီဝင်များက ပြောကြားသည်။ "ခြေထောက်ဖြတ်ရမယ့် အခြေအနေကို ရောက်သွားလို့ ရန်ကုန် လေယာဉ်နဲ့ ပို့လိုက်တာ" ဟု ၄င်းက ဆိုသည်။ စစ်တွေမြို့အနီး နာဇီကျေးရွာမှ အမျိုးသားတစ်ဦး အသတ်ခံရ သည်ဟုယူဆရသောအမှုအား ဖော်ထုတ်ပေးရန် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းတွင် မြို့ခံများဝိုင်းဝန်းတောင်း ဆိုရာမှ ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ရာ အရပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများထံ The Voice Weekly | |||
လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မေတ္တာရပ်ခံကြေညာချက် Posted: 06 Jun 2012 03:48 PM PDT ရခိုင်အမျိုးသားကွန်ယက်၊ အစ္စလာမ့်တံခွန်အဖွဲ့၊ တိုင်းရင်းသား လူငယ်များကွန်ယက်နှင့် ၈၈မျိုးဆက်ကျောင်းသားများ စုပေါင်းပြီး "လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မေတ္တာရပ်ခံကြေညာချက်" ကို ယနေ့ ( ၂၀၁၂ခုနှစ်၊ ဇွန်လ၊ ၆ ရက်) နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မေတ္တာရပ်ခံကြေညာချက် ရက်စွဲ ။ ၂ဝ၁၂ခုနှစ်၊ ဇွန်လ ( ၆ )ရက် ၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှု စုံလင် စွာဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။ ၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှုအဖွဲ့အစည်း ဖြစ်သည်။ ၃။ မတရားပြုကျင့်သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ တရားဥပဒေကြောင်းအရ တရားမျှတစွာ ဖြေရှင်းရမည့်ကိစ္စများသာ ဖြစ်သည်။ ၄။ ရခိုင်ပြည်နယ်မှ ပဋိပက္ခကို အခြေခံပြီး လူစုလူဝေးအလိုက် မငြိမ်သက်မှုများ၊ ပျံ့ပွားကျယ်ပြန့်လာခြင်း မရှိစေရန် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု ယုံကြည်သည်။ ၅။ ထိုအခြေအနေများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်များကို ရပ်တန့်သွား စေနိုင်ပါသည်။ ၆။ သို့ဖြစ်ပါ၍ လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများ ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်စေရန် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအနေဖြင့် မေတ္တာတရားကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့အားလုံးမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။ The Voice Weekly | |||
လှိုင်သာယာ အလုပ်သမားဆန္ဒပြမှုအချို့ ပြေလည်မှုရ Posted: 06 Jun 2012 03:43 PM PDT ဇွန်လ ၆ရက်၊ ၂၀၁၂၊ YPI လှိုင်သာယာအလုပ်သမားများ ဆန္ဒပြမှုများ ပြေလည်ရန်အတွက် ယမန်နေ့ က လှိုင်သာယာ စက်မှုဇုံ၁ ကနောင်ခန်းမ၌ အလုပ်သမားများ နှင့်အလုပ်ရှင်များ ညှိနိုင်းပွဲကျင်းပခဲ့သည်။ အဆိုပါ ညှိနိုင်းပွဲသို့ ဆန္ဒပြ အလုပ်သမားကိုယ်စားလှယ်များ အလုပ်ရှင်များ အလုပ်သမားဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီးဦးမြင့်သိန်းနှင့်တာဝန်ရှိသူများ၊ ဦးကိုကိုကြီးနှင့် ၈၈မျိုးဆက်ကျောင်းသားများ ။ အလုပ်သမားအရေးဆောင်ရွက်နေသူ ရှေ့နေ ဦးဌေးနှင့် အလုပ်သမားအရေးဆောင်ရွက်သူများတက်ရောက်ခဲ့သည်။ ဆန္ဒပြစက်ရုံငါးရုံအရေးညှိနိုင်းရာတွင် costec (အထည်ချုပ်စက်ရုံ)၊ great flower (အထည်ချုပ်စက်ရုံ)၊CNN (ဇာထိုးပန်းထိုးစက်ရုံ)၊ Hi Mo ( ဆံပင်တုစက်ရုံ ) အလုပ်သမားအရေးဖြေရှင်းနိုင်ခဲ့ပြီး ၊ စံကောင်း(ပလပ်စတစ်စက်ရုံ)အရေး ဆက်လက်ဖြေရှင်းရန်ကျန်ရှိလျှက်ရှိသည်။ ။ Yangon Press International | |||
သီလ၀ါ စက်မှုဇုန် ဆုလတ်ရတနာ အထည်ချုပ်စက်ရုံ လုပ်ခတိုးဖို့ ဆန္ဒပြ Posted: 06 Jun 2012 03:46 PM PDT
သီလ၀ါ စက်မှုဇုန်ရှိ ဆုလတ်ရတနာ အထည်ချုပ်စက်ရုံရှိ အလုပ်သမားများ လုပ်ခလစာတိုးပေးရေးနှင့် အလုပ်သမား အခွင့်အရေးတို့တောင်းဆို ဆန္ဒပြလျှက်ရှိသည်ဟု ဆန္ဒပြ အလုပ်သမားများက ပြောသည်။ "ကျွန်တော်တို့ ဒီနေ့မနက်မှာ စပြီး လုပ်ခလစာနဲ့ အလုပ်သမားအခွင့်အရေး ရဖို့ တောင်းဆိုပြီး ဆန္ဒပြတာပါ။ အလုပ်သမားဦးစီးမှူးရုံးကို အကြောင်းကြားထားတယ်၊ ကျွန်တော်တို့ကလည်း ကိုယ်စွမ်းရှိသရွေ့လုပ်တာ အတွက် လုပ်ခရဖို့ပါ " ဟု အလုပ်သမားတဦး က ပြောသည်။ ယင်းစက်ရုံရှိ အလုပ်သမားများ၏ လက်ရှိလစာမှာ အနိမ့်ဆုံး စီအဆင့်ရှိသူအဖို့ နေ့ကြေး ၄၀၀ ကျပ်နီးပါးမှ အမြင့်ဆုံး အေအဆင့်အဖို့ ကျပ် ၅၀၀ နီးပါး ရရှိသည်ဟု စက်ရုံအလုပ်သမားများက ဆိုသည်။ ယင်း နေ့ကြေးနှုန်းနှင့် အခြားသော ခံစားခွင့်များ အပါအ၀င် တလကို ကျပ် ၄ သောင်းမှ အများဆုံး ၆ သောင်းအထိ ရရှိနေသည်ဟုလည်း ၎င်းတို့ကဆိုသည်။ ဆန္ဒပြ အလုပ်သမားများ တောင်းဆိုချက်အရ ယခုလတွင် ကျပ်တသောင်း တိုးပေးရန်နှင့် နောက်သုံးလအတွင်း ကျပ် ၃ သောင်းကို တဖြည်းဖြည်းချင်း တိုးပေးသွားရန် တောင်းဆိုထားသည်။ ယင်းစက်ရုံတွင် အလုပ်သမား ၇၀၀ ကျော်ရှိပြီး အားလုံးနီးပါး ဆန္ဒပြလျှက်ရှိသည်ဟုလည်း ပြောသည်။ ယင်းအထည်ချုပ် စက်ရုံမှာ ကိုးရီးယား နိုင်ငံသားပိုင်ရှင် ဖြစ်သော်လည်း မြန်မာအမည်ခံ ဒေါ်နီနီထက်ခိုင် ပိုင်အထည်ချူပ်စက်ရုံဖြစ်သည်။ အလုပ်သမားရုံးသို့ အကြောင်းကြားထားသော်လည်း နေ့ခင်း ၁၂ နာရီဝန်းကျင်ထိ လာရောက်ခြင်း မရှိသေးကြောင်း သိရသည်။ Yangon Press International | |||
ထိုင်းခရီးစဉ်အပေါ် ဝေဖန်မှုတွေ ဒေါ်စု ပယ်ချ Posted: 06 Jun 2012 03:00 PM PDT ![]() ဓာတ်ပုံ ASSOCIATED PRESSဲမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ရုံးအတွင်း ထိုင်းခရီးစဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီလ ၆ ရက်၊ ၂၀၁၂။) ပြီးခဲ့တဲ့သီတင်းပတ်က သွားရောက်ခဲ့တဲ့ ထိုင်းခရီးစဉ်အပေါ် ကျေနပ်အားရ မိကြောင်းနဲ့ ထိုင်း-မြန်မာ ဆက်ဆံရေး ပိုကောင်းအောင် ကြိုးစား သွားချင်ပါတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ်ဖျက်လိုက်တာကလည်း သူ့ရဲ့ခရီးစဉ်နဲ့ သက်ဆိုင်တယ်လို့ မယူဆတဲ့ အကြောင်း ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။ မေလ ၂၉ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး နောက် ဆက်တွဲ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်လို့ရော မကြာခင်မှာ သွားတော့မယ့် ဥရောပခရီးစဉ်တွေ အပါအ၀င် အကြောင်းအရာ အတော်များများကို ဇွန်လ ၆ ရက်နေ့က NLD ရုံးချုပ်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ဖြေကြားခဲ့တာပါ။ "ထိုင်းခရီးစဉ်နဲ့ပတ်သက်လို့ကတော့ ကျမအနေနဲ့ကတော့ အင်မတန်မှ ကျေနပ်တယ်လို့ ပြောရမှာပဲ။ ထိုင်းနိုင်ငံသူ၊ နိုင်ငံသားများနဲ့ ထိုင်းအစိုးရက ကျမကို ကြိုဆိုတဲ့နေရာမှာ အင်မတန်မှ နွေးနွေးထွေးထွေး ရှိတယ်။ အားလုံး လိုလေသေးမရှိအောင်လို့ ကျမကို ပြုစုသွားပါတယ်။ သူတို့လုပ်ပေးတဲ့ အစီအစဉ်တွေ ကိုလည်း အားလုံး ကျမ ကျေနပ်ပါတယ်။ အခုဆိုလို့ရှိရင် ဘယ်လိုအစီအစဉ်တွေကို ဘယ် လိုကြောင့် ပြောင်းရတယ်၊ ဘာတယ် ဆိုတာတွေ ပြောနေတဲ့သူတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျမ အနေနဲ့ ထိုင်းအစိုးရက လုပ်ပေးတဲ့အစီအစဉ်ဟာ အင်မတန်မှ အဆင်ပြေတယ်လို့ ထင်ပါတယ်။ အဓိက ကျမ ပြောချင်တာကတော့ ကျမတို့ ထိုင်းနိုင်ငံကို ကျေးဇူးတင်တယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ပိုပြီးတော့ ဆက်ဆံရေးတွေ ကောင်းသွားအောင်လို့ ကျမအနေနဲ့ ကြိုးစားသွားချင်တယ်။" ထိုင်းနိုင်ငံခရီးစဉ်ရဲ့ အဓိကအကြောင်းအရာက ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတွေကို တက်ရောက် ဖို့ဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ ဒုက္ခသည်အရေးတွေကိုလည်း ကျေကျေ နပ်နပ် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ တာတချို့အပေါ် ဒီရက်ပိုင်း အစိုးရသတင်းစာထဲမှာပါတဲ့ ဆောင်းပါးတွေက သွယ်ဝိုက်ပြီး ဝေဖန်ထား တာတွေကို သူလည်း သတိပြုမိပုံရပါတယ်။ "ကျမကတော့ ကျမတို့နိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ကျမမြင်တဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်းပြောခဲ့ တယ်။ တချို့ကလည်း ဒါကို သိပ် မကျေနပ်ဘူးလို့ ကျမ ကြားပါတယ်။ ဒါပေမဲ့ ကျမ ပြောခဲ့တဲ့ ကိစ္စတွေ အားလုံးဟာ ကျမမြင်တဲ့အတိုင်း ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အခု ဘယ်လို အနေအထားမှာ ရှိနေပြီလဲဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင် မှ ပြုပြင် ပြောင်းလဲရေး ခြေလှမ်းတွေကို မှန်မှန်ကန်ကန် ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ကျမမြင်တဲ့အတိုင်းပဲ ပြောခဲ့တာပါ။" သတင်းစာပါဆောင်းပါးတွေကို တိုက်ရိုက် တုန့်ပြန်ပြောဆိုဖို့တော့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းခဲ့ပါ တယ်။ သမ္မတဦးသိန်းစိန်ကိုယ်တိုင်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နဲ့ တချိန်တည်းမှာပဲ ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ဖို့နဲ့ ထိုင်းနိုင်ငံ ခရီးစဉ်တွေ ရှိခဲ့တာဖြစ်ပေမဲ့ နှစ်ခုလုံးကို ဖျက်ပစ်ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာဘာသာနဲ့ ဖြေကြားတာမှာ ခရီးစဉ် ဘာ့ကြောင့်မဖြစ်သလဲ ဆိုတာ သူမသိသလို သမ္မတကိုယ်တိုင် ဖြေရမယ့်မေးခွန်းတွေသာဖြစ်တယ်လို့ ဖြေဆိုခဲ့ပေမဲ့ ထိုင်းသတင်းထောက် တယောက်ရဲ့အမေးကို အင်္ဂလိပ်ဘာသာနဲ့ ပြန်ဖြေကြားတာမှာတော့ - "မြန်မာနိုင်ငံက တယောက်ယောက် မပျော်မရွှင်ဖြစ်အောင် တခုခုလုပ်ခဲ့တယ်လို့ ကျမ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမ လုပ်ခဲ့တာက ရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့တာ၊ အဲဒီကိစ္စအတွက် တာဝန်ရှိတဲ့ ထိုင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပြီး နှစ်ဘက် အကျိုးရှိစေမယ့်ကိစ္စရပ်တွေကို ကျမတို့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုပဲ မယ်လစခန်းမှာ ဒုက္ခသည်တွေနဲ့ သွားတွေ့ခဲ့တာမှာလည်း အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးပွဲတွေ ကျမတို့လုပ်ခဲ့ပါတယ်။ ကျမလုပ်ခဲ့တာတွေဟာ မြန်မာလူထုကို တနည်းနည်း နဲ့ ပြောင်းပြန် အကျိုးသက်ရောက်စေမယ်လို့ ကျမ မထင်ပါဘူး။ ကျမတွေ့ခဲ့ရတာက ထိုင်းတာဝန်ရှိသူတွေ နဲ့ ထိုင်းလူထုက ဘယ်လောက်နားလည်မှုရှိပြီး ဘယ်လောက်ပူးပေါင်းဆောင်ရွက်မှု ရှိတယ် ဆိုတာပါပဲ။"- လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ ရှန်ဂရီလာ လုံခြုံရေး ဆိုင်ရာဆွေးနွေးပွဲမှာ သင့်လျော်တဲ့ အချိန်တခု ရောက်ရင် နိုင်ငံရေးမှာ တပ်မတော်ရဲ့အခန်း ကဏ္ဍကို လျှော့ချသွားမယ်ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး အဲဒီကိစ္စကို ဆွေးနွေးဖို့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းအနေနဲ့ သူတို့ကို ထမင်းခေါ်ဖိတ်ကျွေးဖို့ ကမ်းလှမ်းပြီးတော့ ကြိုဆိုစကားဆိုခဲ့ပါတယ်။ "ကျမက တပ်မတော်နဲ့အမြဲပဲ လက်တွဲပြီးတော့ လုပ်ချင်တယ်။ ကျမတို့ တပ်မတော်အတွက်ရော၊ ကျမတို့နိုင်ငံအတွက်ရော၊ ကျမတို့ နိုင်ငံရေးသမားတွေ အတွက်ရော သိက္ခာရှိမယ့် ခြေလှမ်းတွေကို အတူတူ လက်တွဲပြီးတော့ လှမ်းချင်ပါတယ်။" ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၃ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ဆီ ထွက်ခွာပြီး ဥရောပခရီးစဉ်ကို စတင်မှာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့၊ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့နဲ့ ဗြိတိန်နိုင်ငံတို့ဆီ ခရီးဆက်မှာဖြစ်ပြီး အသေးစိတ်အစီအစဉ်တွေကို နောက်ပိုင်းမှာ အတိအကျထုတ်ပြန်ပါ့မယ်လို့ ပြောခဲ့ပါတယ်ခင်ဗျား။ By ကိုကျော်ကျော်သိန်း (ဗွီအိုအေ-မြန်မာပိုင်း) |
You are subscribed to email updates from သစ်ထူးလွင် Myanmar News Now To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |