[aurorageneration] [Richard Aung] တရုတ် ဆိုင်ကယ်တွေ တနေ့ အစီးတထောင်ခန့် မြန်မာနိုင်ငံထဲ ၀င်နေ


ဘီဘီစီ


ဇူလိုင် ၂၃၊ ၂၀၁၂









(ဓာတ်ပုံ - မိုးမခ)








မြန်မာနိုင်ငံ အတွင်း တောရော မြို့ပါ နေရာ အနှံ့ မော်တော် ဆိုင်ကယ်တွေကို တွင်တွင် ကျယ်ကျယ် အသုံးပြု လာကြတဲ့ အတွက် မြန်မာနိုင်ငံထဲ သိန်းနဲ့ ချီပြီး ရောက်ရှိနေတဲ့ ဆိုင်ကယ် တွေဟာ အကြမ်းဖျင်း အားဖြင့် ရာခိုင်နှုန်း (၈၀)နီးပါး လောက်ဟာ တရုတ်လုပ် မော်တော် ဆိုင်ကယ်တွေ ဖြစ်ပါတယ်။




အကြောင်းကတော့ ဂျပန်၊ ထိုင်း၊ အိန္ဒိယ-စတဲ့ နိုင်ငံတွေလုပ် မော်တော် ဆိုင်ကယ်တွေထက် တရုတ်လုပ် ဆိုင်ကယ်တွေက သိသိသာသာ ဈေးနှုန်းသက်သာတာ ကြောင့် ဖြစ်ပါတယ်။


မြန်မာနိုင်ငံအတွင်းကို - အဲဒီလို တရုတ်လုပ် ဆိုင်ကယ်တွေ အရှိန်အဟုန် ပြင်းပြင်းနဲ့ လှိမ့်ဝင်နိုင်ရေး အတွက် အရေးအပါဆုံးသော ဆိုင်ကယ် ဈေးကွက်ကြီးကတော့ ကျယ်ကောင်'ပါပဲ။




မြန်မာနိုင်ငံ မူဆယ်မြို့နဲ့ မျက်နှာချင်းဆိုင် တရုတ်နိုင်ငံ ဖက်ခြမ်းမှာ ကပ်လျက် တည်ရှိတဲ့ ဒီကျယ်ကောင် ကနေ မြန်မာနိုင်ငံ ဖက်ကို တရုတ် ဆိုင်ကယ်တွေ တရားဝင်ရော၊ တရားမဝင်ရော ဝင်ရောက် နေတာ ဖြစ်ပါတယ်။




တရားဝင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကနေ တရုတ်ဆိုင်ကယ်တွေ အပြည့်တင်ထားတဲ့ မြန်မာ ကုန်ကားကြီး တွေဟာ ကျယ်ကောင်ကနေ-မူဆယ်(၁၀၅) မိုင် လမ်းကြောင်းကြီး အတိုင်း နေ့စဉ် လိုလို မြန်မာနိုင်ငံ အတွင်းကို သွားနေပါတယ်။




တရားမဝင် ဝင်ရောက်နေတဲ့ပုံစံကတော့ မြန်မာနိုင်ငံသား အနယ်နယ် အရပ်ရပ်က ဆိုင်ကယ် ကယ်ရီ စီးသမားတွေဟာ ကျယ်ကောင် ဆိုင်ကယ် ဈေးကွက်ကြီး အတွင်းကနေ ဆိုင်ကယ်တွေကို စိတ်ကြိုက် ဝယ်ယူကြပြီး၊ အုပ်စုလိုက် အုပ်စုလိုက် ကိုယ့်အစုနဲ့ကိုယ် ဆိုင်ကယ်တွေကို လမ်းကြောင်း မျိုးစုံကနေ စီးနင်း သယ်ဆောင် သွားနေကြခြင်း ဖြစ်ပါတယ်။




အဲဒီလို တရားမဝင် ကယ်ရီလမ်းကနေ သွားနေရတဲ့ ဆိုင်ကယ် စီးရေဟာ နေ့စဉ် ပျမ်းမျှအစီး (၅၀ဝ)ဝန်းကျင် ရှိနေပြီး၊ တရားဝင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ကနေ သွားနေရတဲ့ အရေ အတွက်ဟာလည်း အလားတူ နေ့စဉ်ပျမ်းမျှ စီးရေ (၅၀ဝ) လောက် ရှိနေတဲ့ အတွက် ဗမာပြည် အတွင်းကို နေ့စဉ် တရုတ် ဆိုင်ကယ် မျိုးစုံ စီးရေ (၁,၀ဝ၀)နှုန်းလောက် ဝင်နေတယ်လို့ သိရပါတယ်။




အဲဒါကြောင့် ကျယ်ကောင်မှာ ဆိုင်ကယ် ဈေးကွက်ကြီးဟာ တော်တော်ကို ကျယ်ပြန့် နေသလို-ဆိုင်ကယ် ရောင်းတဲ့ဆိုင်တွေနဲ့ ဆိုင်ကယ် တန်းတွေ အပါအဝင်၊ ဆိုင်ကယ် ကုမ္မဏီခွဲတွေ ဟာလဲ နေရာ ပေါင်းစုံ ပြည့်နှက်နေပါတယ်။


တရုတ်လုပ် ဆိုင်ကယ်တွေ ကတော့-ကျယ်ကောင်ထဲမှာ နာမည် အမျိုးမျိုးနဲ့ ရာဂဏန်း လောက်တောင် ရှိနေပါတယ်။




ဒီလို ဆိုင်ကယ်ဈေးကွက် အပေါ် အကြောင်းပြုပြီး ကျယ်ကောင်မှာ မြန်မာနိုင်ငံသား တချို့ အတွက် ပေါ်ပေါက်လာတဲ့ လုပ်ငန်း(၂)မျိုး ကတော့၊ ကုမ္မဏီ မူရင်းတွေ ကနေ - ဂျပ်သေတ္တာ ဖာကြီးတွေနဲ့ လာတဲ့ ဆိုင်ကယ် တစီးစာ အစိတ်အပိုင်းတွေကို၊ ဆိုင်ကယ် တစီး စီဖြစ်အောင် ပြန်လည် တပ်ဆင်ပေးရတဲ့ ဆိုင်ကယ် တပ်ဆင်ပေး လုပ်ငန်းနဲ့၊ ဆိုင်ကယ်တွေကို တစစီ ပြန်ဖြုတ်ကာ- လမ်းမှာ သယ်သွားလို့ ကောင်းအောင် ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ်နဲ့၊ တစီး- တထုပ်နှုန်း အဖြစ် ပြန်လည် ထုပ်ပေးရတဲ့ 'ပါကင်ထုပ်' လုပ်ငန်း ဆိုပြီး (၂)မျိုး ပေါ်ပေါက် လာပါတယ်။




မြန်မာနိုင်ငံ အတွင်းကိုပဲ အဓိက ဦးတည်ပြီး ဖွင့်လှစ် ပေါ်ပေါက် ရောင်းဝယ် နေကြတဲ့ ကျယ်ကောင် ဆိုင်ကယ် ဈေးကွက်ကြီး ကတော့- အခုလို ဝစ်သောက် ဆိုင်ကယ်တွေကို အခွန်ဆောင် ခိုင်းပြီး တရားဝင် လိုင်စင် ထုတ်ပေးနေတဲ့ အချိန်မျိုးတွေ မှာတော့- တော်တော်လေးကို စည်စည် ကားကားဖြစ်နေတာကို တွေ့မြင် နေရပါတယ်။




တရုတ်မြန်မာ နယ်စပ်က ဘီဘီစီ သတင်းထောက် ဦးမျိုးသစ်ကနေ သတင်းပေး ပို့ထားတာ ဖြစ်ပါတယ်။









မူရင်း - ဘီဘီစီ www.bbc.co.uk/burmese




--
Posted By Richard Aung to Richard Aung at 7/24/2012 01:16:00 PM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။