[aurorageneration] [Richard Aung] ရှမ်းစာပေ သင်ရိုးညွှန်းတန်းရွေးချယ်ရေး နှီးနှောဖလှယ်ပွဲ ရန်ကုန်တွင် ပြုလုပ်





DVB




|

ေနာ်နုိရင်း




အနယ်နယ်အရပ်ရပ်က ရှမ်းစာပေယဉ်ကျေးမှုအသင်းတွေ စုဝေးပြီး ရန်ကုန်မြို့ ၉ မိုင် အောင်မြေဘုံတိုင် ရှမ်းကျောင်းမှာ ရှမ်းစာပေ သင်ရိုးညွှန်းတန်း ရွေးချယ်ရေး နှီးနှောဖလှယ်ပွဲကို ဇူလိုင် ၂၂ ရက်ကနေ ၂၃ ရက်ထိ ပြုလုပ်ခဲ့ပါတယ်။

ဒီနှီးနှောဖလှယ်ပွဲမှာ ပြည်တွင်းပြည်ပ ရှမ်းလူမျိုးတွေ၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပြီး ပထမဆုံးအကြိမ် ပြုလုပ်တဲ့ပွဲ ဖြစ်ပါတယ်။


တိုင်းရင်းသားစာပေတွေကို အစိုးရစာသင်ကျောင်းတွေမှာ သင်ကြားခွင့်ပြုလိုက်တဲ့အကြောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ကြိုက်နှစ်သက်ရာ သင်ရိုးညွှန်းတန်းရွေးချယ်ပြီး ၂ လအတွင်း ပြန်တင်ပို့နိုင်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမြအေးက အကြောင်းကြားခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်တဲ့ ရှမ်းအမျိုးသမီးတဦးက ပြောပါတယ်။


ဒါကြောင့် ရှမ်းအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပြီး အားလုံး သဘောတူညီတဲ့ သင်ရိုးညွှန်းတန်းတခုကို ရွေးချယ်ပြီး ပို့ဖို့အတွက် အခုလို နှီးနှောဖလှယ်ပွဲပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။


ဆွေးနွေးပွဲမှာ တိုင်းရင်းသားဘာသာရပ်ကို ကျောင်းချိန်အတွင်း ဖွံ့ဖြိုးရေးအချိန်တွေမှာ သင်ကြားနိုင်ရေး။ အရင်ခေတ် ရှမ်းပြည်အစိုးရ ခေတ်ကတည်းက ပြဋ္ဌာန်းထားခဲ့တဲ့ ကျားခေါင်း ရှမ်းစာပေကို အခြေခံပြီး အသစ်ပြန်လုပ်ထားတဲ့ ရှမ်းစာပေ စာအုပ်ကို အားလုံးသဘောတူညီချက်နဲ့ အစိုးရကို တင်ရေး။ တိုင်းရင်းသားလူမျိုးတွေအနေနဲ့ ဘယ်ကျောင်း၊ ဘယ်ပြည်နယ်မှာ ဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ တိုင်းရင်းသားစာပေကို သင်ကြားခွင့်ရှိရေး အစရှိတဲ့ အချက်တွေကို တောင်းဆိုဖို့ သဘောတူညီခဲ့ကြတယ်လို့ ပြောပါတယ်။


ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ ရှမ်းစာပေပညာရှင်များအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ ပြောပါတယ်။


နှီးနှောဖလှယ်ပွဲဆုံးဖြတ်ချက်ကို ရှမ်းအဖွဲ့အစည်းတွေ၊ ပညာရှင်တွေ နောက်တကြိမ်ထပ်မံညှိနှိုင်းပြီး အစိုးရကို တင်သွင်းသွားမယ်လို့ ဆိုပါတယ်။




--
Posted By Richard Aung to Richard Aung at 7/24/2012 01:16:00 PM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။