May Zaw Khin RFA
မစ္စတာ Stephen Groff ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကို လေးရက်ကြာခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အေဒီဘီကနေ ချေးငွေပြန်ထုတ်ပေးနိုင်ဖို့အတွက် လက်ရှိမြန်မာနိုင်ငံ ပေးစရာရှိတဲ့ အကြွေးကို အရင်ရှင်းပေးရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက အေဒီဘီကို ပြန်ဆပ်ဖို့ ကျန်နေတဲ့ အကြွေးက အမေရိကန် ဒေါ်လာ သန်း ၅၀၀ နဲ့ ကမ္ဘာ့ဘဏ်ကို ပေးစရာရှိတာက အမေရိကန်ဒေါ်လာ သန်း ၃၉၃ သန်းလို့ ဆိုပါတယ်။ မြန်မာအစိုးရဘက်ကလည်း တင်ရှိနေတဲ့ အကြွေးကိစ္စကို အသိအမှတ်ပြု ဆွေးနွေးတယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံဟာ နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း ၇% အထိ ရှိသည်ထားဦး နောင် နှစ်ပေါင်း ၃၀ လောက်ရောက်မှသာ လက်ရှိ ထိုင်းနိုင်ငံရဲ့ အခြေအနေကို မီနိုင်မယ်လို့ သူက ပြောပါတယ်။
နိုင်ငံတစ်ခု တိုးတက်ဖို့အတွက် လိုအပ်တဲ့ အစိုးရနဲ့ ပုဂ္ဂလိကဆိုင်ရာ အခြေခံ အဆောက်အအုံ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး မြန်မာနိုင်ငံမှာ လိုအပ်နေသေးကြောင်းလည်း သတိပေးထားပါတယ်။
တစ်ချိန်တည်းမှာလည်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် စိတ်အားထက်သန်မှုနဲ့ ကြိုးပမ်းနေမှုကို အေဒီဘီ အကြီးအကဲက အားရမိကြောင်း ပြောဆိုပါတယ်။
--
Posted By Richard Aung to Richard Aung at 7/03/2012 04:58:00 PM --
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။