[MM Daily Mail:3178] [Richard Aung] အနုပညာရှင်များ ကိုယ်တိုင် စစ်တွေသို့ သွားရောက် လှူဒါန်းမူ ဒုက္ခသည်များ အားရ ရွှင်လန်းမူကို ဖြစ်စေ

ထွန်းထွန်း

မြန်မာ့ အနုပညာရှင်များကိုယ်တိုင် သွားရောက် ပြီး ကယ်ဆည်ရေး ပစ္စည်းများ သွားရောက် ကူညီ လှူဒါန်းမူသည် ဆူပူ အကြမ်းဘက်မှု ကြောင့် ဒုက္ခကျရောက်နေကြသူ ရခိုင်တိုင်းရင်းသားများအား အထူး အားရ ကျေနပ်မူနှင့် အတူ စိတ်ပိုင်းဆိုင်ရာ အရ အားတက်မူကို ဖြစ် စေသည်ဟု လူမူရေး ကယ်ဆည်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။
" လူတွေက ဘာဘဲ ပြောပြော အိုးအိမ်တွေ မီးရှို့ခံရတယ်။ နေစရာ ထိုင်စရာ မရှိတော့ဘူး။ အဲသ လို အခြေအနေမျိုးမှာ တစ်ခါ ပြဿနာ တွေ ကငြိမ်းအေးနိုင်ဖွယ် မရှိတော့ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မူ ရှိနေကြတယ်။ အခုလို နိုင်ငံ ကျော် ရုပ်ရှင်မင်းသား မင်းသမီးတွေ နွေးနွေးထွေး ထွေးနဲ့ လာရောက် အားပေးတော့ သူတို့က အရမ်းကို ၀မ်းသာကြတာကိုတွေ့ရ တယ်။ သူတို့တွေကို လူတွေ က မေ့ပျောက် မထားကြပါ လားဆိုပြီး စိတ်ပိုင်းဆိုင်ရာ အားတက်မူတွေကို ဖြစ်စေပါတယ်" ဟု ကျေးပင်ကြီးရပ်ကွက်မှ လူမူကယ်ဆယ်ရေး လုပ်နေသူ ကိုအောင် ကျော်မင်းက နိရဉ္စရာသို့ ပြောသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးပြီး နှင်းဆီ ရင်ခွင် အဖွဲ့သားနှင့် ရုပ်ရှင် အနုပညာရှင်များက တင်ဆက်ကပြ ခဲ့ရာမှ ရရှိထား သော ရန် ပုံငွေများကို ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦး ဇင်ဝိုင်း ဦးဆောင်သော ရုပ်ရှင်မင်းသား မင်းသမီးများက ဇူလိုင်လ ၁ ရက်နေ့က စစ်တွေမြို့သို့ ကိုယ်တိုင် လာရောက် လှူဒါန်းခဲ့ကြသည်။
"ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းကနေ စစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည် စခန်း ၉ခုလောက်ကို ကယ် ဆယ်ရေး ပစ္စည်းနဲ့ ပိုက်ဆံများကို လှူဒါန်း နေတာ မြင်တွေ့ရပါတယ်။ သူတို့လှူဒါန်းနေတဲ့ ပစ္စည်းဟာ ကျပ်သိန်း ၉၀၀ ကျော်ဖိုး ရှိတယ် လို့ ပြောပါတယ်။ ထောက်ပံ့ပစ္စည်းက အထုပ် ပေါင်း ၉၀ ကျော်လို့သိရပါတယ်" ဟု သူက ပြောသည်။
လာရောက်လှူဒါန်းနေသည့် သရုပ်ဆောင် ပြေတီဦး၊ နေတိုး၊ မင်းမော်ကွန်း၊ ခန့်စည်သူ၊ လူမင်း၊ နေအောင်၊ နန္ဒ၊ စိုင်းစိုင်းခမ်းလှိုင်၊ နေ ထက် လင်း၊ ဝေဠုကျော်၊ မင်းသွေး၊ ရိုတ၊ ဖော်ကာ၊ မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ ၀တ်မှုံရွှေရည်၊ မိုးဟေကို၊ အေးမြတ်သူ၊ မေကဗျာ၊ သင်ဇာဝင့်ကျော်၊ ရတနာမိုင်၊ ဖူးစုံ၊ မေသဉ္ဖာဦး စသည့်အနုပညာရှင်များ ပါဝင်ကြောင်း သိရသည်။
" ကျွန်မတို့ကို အခုလို ကျွန်မတို့ ချစ်ခင်တဲ့ အနုပညာရှင်တွေက လာရောက်အားပေးတာ၊ ပစ္စည်း တွေ လာရောက် လှူဒါန်းတာကို တွေ့ရတဲ့ အတွက် တဖက်မှာလည်း ၀မ်းသာသလို တဖက်မှာလည်း မျက်ရည်ကျမိပါတယ်။ မျက်ရည် ကျမိတာက မိမိတို့ရဲ့ ဘ၀ကို ၀မ်းနည်းမိတာပါ" ရဲကျော်သူ သံကျောင်း ကယ်ဆယ်ရေး စခန်းမှ အမျိုးသမီး တစ်ဦးက ပြော သည်။
လှူဒါန်းခဲ့သွားသည့် နေရာများမှာ ရဲကျော်သူ ကယ်ဆယ်ရေးစခန်း၊ ဆင်ကူးလမ်း ကယ်ဆယ်ရေး စခန်း၊ ရွာကြီး မြောက် အမက ကျောင်း၊ ရွှေ စေတီကျောင်း၊ ပဒုမ္မာအောင်မြေကျောင်း၊ ဗုဒ္ဓေါမော်ကျောင်း၊ ဆုတောင်းပြည့် ကျောင်း၊ မင်းဂံ အလကကျောင်း၊ မင်းဂံ ဓမ္မာရုံတို့ ဖြစ် ကြောင်းသိရသည်။
ရခိုင်ပြည်နယ် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "ညီညွတ်ခြင်းနှင်းဆီ" ရန်ပုံငွေ ဖျော် ဖြေပွဲကို ဇွန်လ၂၉ ရက် နေ့နှင့် ၃၀ ရက်နေ့များတွင် အ မျိုးသားကဇာတ်ရုံ၌ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ရရှိသောငွေဖြင့် လာရောက်လှူဒါန်း ခြင်း ဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ် ဆူပူအကြမ်းဘက်မှုအတွင်း အစိုးရတရားဝင် ထုတ်ပြန်ချက်အရ သေဆုံးသူ ၇၈ ဦး၊ ထိခိုက်ဒဏ် ရာရသူ ၈၅ဦး၊ မီး လောင် ကျွမ်း ပျက်စီးခဲ့သည် အိမ်ခြေပေါင်း ၃၁၅၈ လုံးရှိပြီး အင်ဂျီအိုအဖွဲ့မှ ထုတ်ပြန်ချက်အရ ဒုက္ခရောက်နေသူ ၉ သောင်းခန့်ရှိသည် ဟုသိရသည်။
အဆိုပါအဖွဲ့သည် ဇူလိုင်လ ၁ရက်နေ့ ညနေပိုင်းတွင် ကမ္ဘောဇ လေကြောင်းဖြင့် စစ်တွေမှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားသည်ဟု သိရ သည်။



--
Posted By Richard Aung to Richard Aung at 7/03/2012 05:05:00 PM

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
 
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။