[MM Daily Mail:3193] [Richard Aung] ဆန္ဒပြ ခေါင်းဆောင်များ အလုပ်ထုတ်ခံရမှု မန်းအာဏာပိုင်တို့ ညှိနှိုင်းနေ

~  ဇွန်လ ၈ ရက်နေ့က နံနက် ၇း၀၀ မှ ညနေပိုင်းအထိ ဆန္ဒဖော်ထုတ်ခဲ့သော အလုပ်သမားများ (ဓာတ်ပုံ - CJ Myanmar) မန်းသားလေး အောင်မြင်စွာပြီးဆုံးသွားသည့် မန္တလေးမြို့ အောင်စိန် ချည်မျှင်စက်ရုံ အလုပ်သမားဆန္ဒပြမှုကို ဦးဆောင်ခဲ့သူထဲမှ ၁၀ ဦး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အလုပ် ထုတ်ခံရမှုအား တရားသဖြင့် ဖြေရှင်းပေးရန် အာဏာပိုင်တို့နှင့် ညှိနှိုင်းမည်ဟု သိရသည်။ ''အလုပ် ထုတ်ခံရတဲ့သူတွေကို စက်ရုံမှာ ဆက်ပြီး မထားတော့ဘူး ဆိုရင် အလုပ်ရှင်တွေဘက်က နစ်နာကြေးတစုံတရာ ပေးရပါ့မယ်။ ဥပဒေအရတော့ ၃ လစာ ဒါမှမဟုတ် ၆ လစာကို ပေး၇မှာပါ။ အဲလို မပေးချင်ရင်လည်း သူတို့ကို အလုပ်ပြန်ခန့်ဖို့ လိုပါတယ်" ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးကိုကိုကြီးက ပြောသည်။ ဦးကိုကိုကြီးသည် အထက်မြန်မာပြည် အလုပ်သမား၊ လယ်သမားတို့၏ နစ်နာဆုံးရှုံးမှုများကို ILO နှင့် ဆက်သွယ် ဆောင်ရွက်သူများ အသင်း ဖွဲ့စည်းပြီး ကူညီ ဆောင်ရွက်နေသူ ဖြစ်သည်။ ဇွန်လ ၈ ရက်နေ့ ယင်းစက်ရုံရှိ အလုပ်သမား ၆၀၀ ကျော် တို့သည် လုပ်ခလစာနှင့် ပတ်သက်သည့် အချက် ၆ ချက်ကို တောင်းဆို ဆန္ဒပြခဲ့ရာ ယင်းနေ့မှာပင် အလုပ်ရှင်နှင့် အလုပ်သမားတို့ ပြေလည်မှု ရရှိခဲ့သည်။ အလုပ်ချိန်အတွင်း တခြားဌာနသို့ သွားရောက် စည်းရုံးခဲ့ခြင်း၊ ခံစားခွင့်များကို မမှန်မကန် တောင်းဆိုခြင်း၊ ပြဿနာကြီးထွားအောင် ဖန်တီးခြင်း စသည့် အမှုများ ကျူးလွန်သည်ဟု ဆိုကာ ပြေလည်မှု ရရှိပြီး ၅ ရက် အကြာတွင် အလုပ်သမားခေါင်းဆောင် ၁၆ ဦးထဲမှ ၁၀ ဦးကို ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ အလုပ်ထုတ်ခြင်းနှင့်ပတ်သက်ပြီး အလုပ်သမားများဘက်က ကျေနပ်မှု မရှိသောကြောင့် အလုပ်သမားဦးစီးဌာနကို တိုင်ကြားခဲ့ပြီးနောက်ပိုင်း ပြန်လည်ညှိနှိုင်းရေးအဖွဲ့ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မနက်ဖြန်တွင် အဆိုပါ စက်ရုံ၌ တွေ့ဆုံပွဲ ပြုလုပ်မည် ဖြစ်ပြီး ထုတ်ပယ်ခံ အလုပ်သမားများကိစ္စကို ဖြေရှင်းပေးသွားမည်ဟု သိရသည်။ ပြန်လည် ညှိနှိုင်းရေးတွင် စက်မှုလုပ်ငန်းရှင်များနှင့် အစိုးရ အဖွဲ့စည်းများမှ အဖွဲ့ဝင် ၉ ဦး ပါရှိသည်။ ၄င်းအဖွဲ့တွင် မြို့နယ် အုပ်ချုပ်ရေးမှုးက ဥက္ကဋ္ဌ၊ မြို့နယ် အလုပ်သမား ဦးစီးဌာနမှ ဦးစီးမှုးက အတွင်းရေးမှုးအဖြစ် ပါဝင် ဆောင်ရွက်လျက် ရှိသည်။ ၄င်းအဖွဲ့ဝင် ၉ ဦးနှင့် အလုပ်ရှင်များဘက်မှ ၂ ဦး၊ တောင်းဆိုသူဘက်မှ ၂ ဦး စုစုပေါင်း ၁၃ ဦး တွေ့ဆုံ ဆွေးနွေးကြမည် ဟု သိရသည်။ မန္တလေးက ဆန္ဒပြအလုပ်သမားများရဲ့ အောင်မြင်မှု ~   

--
Posted By Richard Aung to Richard Aung at 6/19/2012 02:09:00 PM

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
 
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။