မွေခေါဝ်  UWSA ခေါင်းဆောင် ပေါက်ယိုချမ ရခိုင်ပြည် ပဋိပက္ခကြောင့် နေပြည်တော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဆင့် တိုးမြင့် ဆွေးနွေးရန် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။ သမ္မတ ဦးသိန်းစိန် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ သော ၀ ပြည် သွေးစည်း ညီညွှတ် ရေး တပ်မတော် (UWSA) သည် ငြိမ်းချမ်းရေး အဆင့်တိုးမြင့် ဆွေးနွေးရန် နေပြည်တော်သို့ ဂျွန်လ ၁၅ ရက်နေ့၌ သွားရောက် ရမည် ဖြစ်သည်ဟု ဆို၏။ "ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာကြားက ပဋိပက္ခကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရက်ရွှေ့လိုက်တယ်။ ဆွေးနွေးဖို့ ဘယ်နေ့ပြန်ချိန်းမလဲတော့ မသိ ဘူး" ဟု ၀ အရာရှိနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု-သျှမ်းပြည်အရှေ့ပိုင်း (NDAA-ESS) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မ တော် SSPP/SSA တို့လည်း ငြိမ်းချမ်းရေး အဆင့်တိုးမြင့် ဆွေးနွေး ရန် အစိုးရဘက်မှ ဖိတ်ခေါ်ခဲ့သည်။  NDAA ခေါင်းဆောင် စဝ်စိုင်းလင်း "ပန်ဆန်းအဖွဲ့ ဆွေးနွေးပြီးရင် ကျနော်တို့ မိုင်းလားအဖွဲ့ဘဲ။ ရက်ရွှေ့လိုက်တော့ မိုင်းလားအဖွဲ့လည်း နေပြည်တော်ကို မသွားဖြစ်တော့ဘူး" ဟု မိုင်းလားအရာရှိတစ်ဦးက ပြောပါသည်။ သို့သော် သျှမ်းပြည်တပ်မတော်-မြောက်ပိုင်းဟု လူသိများသည့် SSPP/SSA မှာမူ ဂျန္နဝါရီ ၂၈ ရက် အပစ်ရပ်ရန် သဘောတူ ဆွေးနွေးပြီး နောက် ပိုင်း မြန်မာစစ်တပ်နှင့် ၁၈ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း၊ နောက်ဆုံးတိုက်ပွဲမှာ ဂျွန် ၁၇ ရက် ညနေ ၃ နာရီခန့် မိုင်းရှူးမြို့နယ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်ကြောင်း၊ တောင်ဟျိုးနှင့် မိုင်းအောတ်ကြားအခြေစိုက် သျှမ်းတပ်ဖွဲ့၏ တပ်မဟာ ၃၆ ကို ခမရ ၅၁၆ နှင့် ခမရ ၅၁၇ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း SSPP/SSA အသိုင်းအဝိုင်းက ဆို၏။  SSPP/SSA ခေါင်းဆောင် စဝ်ပန်ဖ ၀ တပ်ဖွဲ့ (UWSA)၊ မိုင်းလားတပ်ဖွဲ့ NDAA နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့သည် ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့ ခေါင်း ဆောင် သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေး ပြီး အပစ်ရပ်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည့်လအတွင်း ပြန်လည်ဖွဲ့စည်းလိုက်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့၌ ဦးအောင် သောင်း ပါဝင်ခြင်းမရှိသော်လည်း ဦးသိန်းဇော် က ဒုဥက္ကဋ္ဌ(၃) အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ 
--
Posted By Richard Aung to Richard Aung at 6/19/2012 02:11:00 PM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos