[mrsorcerer:27289] [Richard Aung] ပါတီပြောင်းသူများအား အမတ်အဖြစ်မှ ပယ်ဖျက်ရန် NDF ကြိုးစားမည်

 ပါတီကို စွန့်ခွာသွားသူတွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းပေးဖို့ ရွေး/ကော်မရှင်ကို တင်ပြမယ် လို့ NDF ပါတီက ဆုံးဖြတ်လိုက်ပါတယ်။ ဒီအကြောင်းကို မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပါတီရဲ့ ကြေညာချက် အပိုဒ် ၁၀ မှာ တွေ့ရမှာပါ။ ပါတီကို စွန့်ခွာသွားသူများကတော့ ၇ ဦး ဖြစ်ပါတယ် လို့ သိရပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၊ ဦးဖုန်းမြင့်အောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၊ ဦးခင်မောင်ဝင်း၊ ဒေါက်တာသန်းဝင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်၊ ဒေါ်စန်းစန်းမြင့် အမျိုးသားဒီမိုကရေစီအင်အားစု NATIONAL DEMOCRATIC FORCE အမှတ် (၁၀၃)၊ တိုက်(၃)၊ ဒဂုံလွင်လမ်း၊ သီရိလမ်းနှင့်စပယ်လမ်းကြား၊ မေတ္တာညွှန့်ရပ်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ No-103,bulding 3, Dagon Lwin street, Myitta Nyunt Quarter, Tarmew township,Yangon, Myanmar Ph-01- 551654 ; emailး info@ndfmyanmar.com တတိယအကြိမ်မြောက် ဗဟိုဦးစီးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များ ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊ ဇွန်လ(၁၇)ရက် ၁။ နောင်လာမည့်ရွေးကောက်ပွဲများတွင် အသုံးပြုသင့်သည့် အချိုးကျကိုယ်စားပြုစနစ်( Proportional Representation System) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လွှတ်တော်သို့ တင်ပြရန်ကိစ္စအား ဤအစည်းအဝေးကြီးက အတည်ပြုကြောင်း ဆုံးဖြတ်သည်။ ၂။ တတိယအကြိမ် ဗဟိုဦးစီးကော်မတီအစည်းအဝေးသို့ တင်သွင်းသော ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစီရင်ခံစာ၊ ပါတီမူဝါဒရေးရာကော်မတီအစီရင်ခံစာ၊ ပါတီမူဝါဒရေးရာကော်မတီ၏ အနာဂတ် နိုင်ငံရေး၊ စည်းရုံး ရေးစာတမ်း တို့အား ဤအစည်းအဝေးကြီးက အတည်ပြုကြောင်း ဆုံးဖြတ်သည်။ ၃။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပါတီင်္မူဝါဒရေးရာကော်မတီကို ဖျက်သိမ်းရန်နှင့် ဗဟိုအလုပ်အမှု ဆောင်ကော်မတီ တစ်ဖွဲ့တည်းထားရှိပြီး မူဝါဒနှင့် လုပ်ငန်းပိုင်းအားလုံးကို ဗဟိုအလုပ်အမှုဆောင်ကော်မတီက တာဝန်ယူဆောင်ရွက်ရန် ဤအစည်းအဝေးကြီးက အတည်ပြုဆုံးဖြတ်သည်။ ` ၄။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပါတီခေါင်းဆောင်အဖြစ် ဒေါက်တာသန်းငြိမ်းက တာဝန်ယူဆောင် ရွက်ရန် ဤအစည်းအဝေးကြီးက အတည်ပြုဆုံးဖြတ်သည်။ ၅။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဌအဖြစ် ဦးခင်မောင်ဆွေက တာဝန်ယူဆောင်ရွက်ရန် ဤအစည်း အဝေးကြီးက အတည်ပြဆုံးဖြတ်သည်။ ၆။ ဦးစိန်လှဦးနှင့် ဦးသာဆိုင်တို့အား ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် တာဝန်ပေးအပ်ခြင်းကို ဤအစည်းအဝေးကြီးက အတည်ပြုဆုံးဖြတ်သည်။ ၇။ ဗဟိုအလုပ်ကော်မတီဝင်များဖြစ်ကြသော ဦးသက်ထွန်းမောင်၊ ဦးသာမြင့်ထူး၊ ဦးနေမင်းကျော်၊ ဦးကျော်သူရနှင့် ဦးတိုးတိုး တို့အား ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် တာဝန်ပေးအပ်ခြင်းကို ဤအစည်းအဝေးကြီးက အတည်ပြုဆုံးဖြတ်သည်။ ၈။ ဗဟိုဦးစီးကော်မတီဝင်များ ထပ်မံတိုးချဲ့ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီများ နှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ ဗဟိုအလုပ်ကော်မတီဝင်များ ထပ်မံတာဝန်ပေးအပ်ရေး၊ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်များ ထပ်မံတိုးချဲ့ရေး၊ ကိစ္စရပ်များကို ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆက်လက်တာဝန်ယူဆောင် ရွက်ရန်နှင့် လာမည့်စတုတ္ထအကြိမ် ဗဟိုဦးစီးကော်မတီအစည်းအဝေးတွင် တင်ပြ၍ ဆုံးဖြတ်ချက်ရယူရန် ဤ အစည်းအဝေးကြီးက အတည်ပြုဆုံးဖြတ်သည်။ ၉။ ပါတီမူဝါဒရေးရာကော်မတီကို ဖျက်သိမ်းပြီးဖြစ်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ၊ဖွဲ့စည်းပုံစည်းမျဉ်း ပါ မူဝါဒရေးရာကော်မတီဆိုင်ရာအပိုဒ်များအား ပယ်ဖျက်ရန်ကိစ္စအား ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆက် လက်ဆောင်ရွက်ရန် ဤအစည်းအဝေးကြီးက အတည်ပြုဆုံးဖြတ်သည်။ ၁၀။ (က) ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ၀င်ရောက်အရွေးချယ်ခံ၍ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးမှ ပါတီအားပစ်ပယ်ပြီး ပါတီမှနုတ်ထွက်ခြင်း၊ ပါတီပြောင်းခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များအား ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်းအဆိုကို ဤအစည်းအဝေးကြီးက အတည်ပြုကြောင်း ဆုံးဖြတ်သည်။ (ခ) အဆိုပါလွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြကန့်ကွက်ရေးကိစ္စအား ဤအစည်းအဝေးကြီးက အတည်ပြုကြောင်း ဆုံးဖြတ်သည်။ ၁၁။ ဦးလှကို(မန္တလေး- မန္တလေးတိုင်း)၊ ဦးမြတ်မိုးမြင့်( မိုးကောင်း- ကချင်ပြည်နယ်)၊နှင့် ဦးစိုးဝင်း( ထားဝယ်- တနင်္သာရီတိုင်း) တို့အား ဗဟိုဦးစီးကော်မတီဝင်များအဖြစ်လည်းကောင်း၊ ဒေါ်ကမ်းခန့်ဒိန်း(ချင်းပြည်နယ်) အား ဗဟိုဦးစီးကော်မတီဝင်နှင့် ချင်းပြည်နယ်စည်းရုံးရေးတာဝန်ခံအဖြစ်လည်းကောင်း တာဝန်ပေးအပ်ခြင်းကို ဤအစည်းအဝေးကြီးက အတည်ပြုဆုံးဖြတ်သည်။ ၁၂။ မကွေးတိုင်းဒေသကြီး စည်းရုံးရေးကော်မတီမှ လစ်လပ်သွားသော ဗဟိုဦးစီးကော်မတီဝင်(၃)နေရာ အတွက် တိုင်းမှညှိနှိုင်းရွေးချယ်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဆက်လက်ညှိင်္နှိုင်းဆောင်ရွက်ရန် ဤအစည်းအဝေးကြီးက အတည်ပြုဆုံးဖြတ်သည်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အမျိုးသားဒီမိုကရေစီအင်အားစု   

--
Posted By Richard Aung to Richard Aung at 6/19/2012 02:07:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ