တကယ်တန်းတော့ ဘယ်သူမှ ဘယ်သူ့ မှ မချစ်ကြဘူး။
လူအများစုက
အရင်ဆုံး ကိုယ့်အတွက်ကြည့်တယ်။
ပြီးရင် ကိုယ့်မိသားစု။
ပြီးရင် ကိုယ့်ဆွေမျိုး။
ပြီးရင် ကိုယ့်ရပ်ကွက်။
ကိုယ့်မြို့။
နောက်ဆုံးမှ ကိုယ့်တိုင်းပြည်။မျိုးချစ်စိတ်ရှိတယ် အော်နေကြတဲ့ လူတွေ တကယ်တန်းကော မျိုးချစ်စိတ်ရှိပါ့မလားလို့ မေးစရာရှိတယ်။
ဒါကို သူတို့ ကိုယ်တိုင်ဝန်မခံဘူး။
ဘာလို့ လဲဆို သူတို့ ကို သူတို့ မျိုးချစ်စိတ်ပြည့်ဝတယ် အထင်ရောက်နေကြလို့ ပါပဲ။ကားစီးတယ်ဗျာ...အဘိုးကြီးတက်လာတယ်။
ဖယ်မပေးဘူး။
ကိုယ့်အသိ ကိုယ့် အမျိုးတက်လာတယ်။
မှတ်တိုင်ရောက်လို့ ကိုယ်ဆင်းရင် ဘယ်သူ့ နေရာပေးကြလဲ?အများစုက ကိုယ့် ဆွေမျိုးပဲပေးကြတယ်။
ဒီလို လူတွေ ပါးစပ်က မျိုးချစ်တယ် အော်နေတာက အဲဒီစကားလုံးတောင် တန်ဖိုးလျော့စေတယ်။
ကျနော့်ကို လာမေးရင် ရှင်းရှင်းလေးဖြေမယ် ကျနော့်မိသားစုပြီးမှ မျိုးချစ်တာတွေဘာတွေလာတယ်။
ကျနော့် မိသားစု လုံခြုံပြီဆိုမှ ကျန်တာစဉ်းစားမယ်။
ဒါအမှန်ကို ဝန်ခံတာပဲ။အပေအတေတို့ ဂျလေဘီတို့ က မျိုးချစ်ထက် ကုလားမုန်းတီးရေးဘက်မှာအားသာတယ်။
ကွန်ပျူတာကလေးတလုံးနဲ့ စိတ်ထဲရှိသမျှ ဖွင့်ထုတ်ပြတယ်။
မိမိဟာ မရင့်ကျက်သေးပါကြောင်း ကြော်ငြာဝင်တယ်လို့ ကျနော်ထင်မိပါတယ်။မှန်ပါတယ် ကျနော်ကလည်း သိပ်သိတာမဟုတ်ပါဘူး။
ကျနော်ကိုယ်တိုင်လဲ တခါတလေ ထင်ရာတွေ ဇွတ်ပြောဖူးပါတယ်။ကျနော်က ဘာသာခြားမို့ မျိုးချစ်စိတ်ဓာတ်မရှိဘူးလို့ ထင်ချင်ရင်လည်း အဆင်ပြေပါတယ်။
လူချစ်စိတ်ကတော့ လိုတာထက်ပိုရှိတယ်လို့ ရဲရဲပြောရဲတယ်။ကိုလင်းထက်ဆွေပြောသွားတာတွေကို ထောက်ခံပါတယ်။
သူကလည်း dilemma ဆန်ဆန်ဖြစ်နေတဲ့ ကိစ္စကို မယုတ်မလွန်ပြောသွားတဲ့ သဘောထင်တယ်။ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာမွတ်ဆလင်ဆိုတာကို အခုထက်ထိတောင် ခွဲမသိသေးတဲ့ ရမ်းတုတ်နေသေးတဲ့ apay atay နှင့်အပေါင်းအပါများကို လူမျိုးရေး မုန်းတီးမှု စော်ကားမှုများကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။
မှော်ဆရာမှ ထိုသူတို့ အား နောက်မလုပ်စေရန် သတိပေး ပေးစေလိုပါကြောင်း တောင်းဆိုပါသည် ခင်ဗျာ။Regards,
Haroon--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--