Carrots, eggs, and coffee

တစ်ခါတုန်းကပေါ့ ။ ကောင်မလေးတစ်ယောက်က သူ့မိခင်ဆီသွားပြီး သူမဘ၀ အကြောင်း အရာအားလုံးဟာ သူမအတွက်ခက်ခဲပြီး ပြဿနာမျိုးစုံကြုံတွေ့နေရကြောင်းသွားပြောခဲ့တယ် ။ ဘယ်လို ဖြေရှင်းရမှန်းလည်းမသိခဲ့သလို အခုအချိန်မှာ အရာရာကို အရှံပေးချင်နေပြီလို့ ကောင်မလေးက မိခင်ကိုပြောဆိုခဲ့တယ် ။ အခုအချိန်မှာ ကောင်မလေးဟာ တိုက်ခိုက်ရန်မူလိုစိတ်နဲ့ ရုန်းကန်လှုပ်ရှားလိုစိတ်တွေသာ ပြည့်နေဲ့တယ် ။ ပြဿနာ တစ်ခုဖြေရှင်းလို့မပြီးခင်မှာပဲ နောက်ပြဿနာတစ်ခုက သူမကို အသင့်စောင့်ပြီးကြိုနေတတ်တယ် ။
သူမမိခင်က အဲဒီအကြောင်းတွေကြားရတဲ့အခါ ကောင်မလေးကို မီးဖိုချောင်ထဲခေါ်ဆောင်သွားခဲ့တယ် ။ မိခင်က အိုးသုံးလုံးထဲမှာ ရေထည့်ပြီး မီးပြင်းပြင်းအပေါ်မှာ တင်လိုက်တယ် ။ မကြာခင်မှာ အိုးတွေက ဆူပွက်လာခဲ့တယ် ။ ပထမဆုံးအိုးမှာ မိခင်က မုန်လာဥတွေထည့်လိုက်တယ် ။ ဒုတိယအိုးမှာ ကြက်ဥတွေထည့်လိုက်တယ် ။ နောက်ဆုံးတတိယအိုးမှာတော့ ကော်ဖီစေ့တွေထည့်လိုက်တယ် ။ ပြီးတော့ အိုး၃ အိုးစလုံးဆူပွက်နေတဲ့အထိ သူမမိခင်က ကောင်မလေးကို ဘာစကားမှ မပြောစေပဲ ထိုင်ကြည့်နေစေခဲ့တယ် ။ မိနစ် ၂၀ လောက်ကြာပြီးတဲ့အခါ မီးဖိုတွေကို ပိတ်ပစ်လိုက်တယ် ။ မုန်လာဥတွေကို ဆယ်ယူပြီး ပန်းကုန်လုံးအလွတ်တစ်ခုထဲထည့်တယ် ။ ကြက်ဥတွေကိုလည်း အပြင်ကို ဆယ်ထုတ်လိုက်တယ် ပြီးတော့ ပန်းကန်လုံးအလွတ်ထဲထည့်တယ် ။ ဟင်းခတ်တဲ့ယောက်ချိုဇွန်းနဲ့ ကော်ဖီတွေကို ဆယ်ယူပြီး ပန်းကန်လုံးထဲထည့်လိုက်တယ် ။ ပြီးတော့ မိခင်က သမီးဖြစ်သူကောင်မလေးဖက်လှည့်ပြီးမေးလိုက်တယ် ။ " သမီးဘာမြင်လဲ မေမေ့ကိုပြော "
" မုန်လာဥ ၊ ကြက်ဥ နဲ့ ကော်ဖီ " လို့ ကောင်မလေးပြန်ဖြေတယ် ။
မိခင်က ကောင်မလေးကို နီးကပ်စွာ ခေါ်ယူလိုက်ပြီး မုန်လာဥတွေကို ကိုင်ကြည့်ဖို့ပြောတယ် ။ ကောင်မလေးက ကိုင်ကြည့်ပြီးပျော့ပျောင်းနေတယ်ဆိုတာ ခံစားမိလိုက်တယ် ။ ပြီးတော့မိခင်က ကောင်မလေးကို ကြက်ဥကို ကိုင်ခိုင်းပြီး ခွာခိုင်းတယ် ။ အခွံကိုခွာပြီးတဲ့အခါ ပြုတ်ထားတဲ့မာကြောသော ကြက်ဥကိုတွေ့လိုက်တယ် ။ နောက်ဆုံးမိခင်က ကော်ဖီကို တစ်ငုံလောက် သောက်ဖို့ပြောခဲ့တယ် ။ ကောင်မလေးကပြုံးပြီးကော်ဖီကို စမ်းသပ်ပြီးသောက်တဲ့အခါမွှေးကြိုင်တဲ့ ရနံ့တွေရှိတယ်ဆိုတာ သတိပြုမိခဲ့တယ် ။ ကောင်မလေးက မိခင်ကိုမေးတယ် ။ " အဲဒါဘာကိုဆိုလိုတာလဲဟင် အမေ "
မိခင်က ဒီပစ္စည်းသုံးမျိုးကို လက်ရှိ အရှိတရားပေါ်မူတည်ပြီး ရှင်းပြခဲ့တယ် ။
" ဒီအရာ ၃ ခုလုံးက ဆူပွက်နေတဲ့ရေမှာ ဓါတ်ပြုခဲ့တာခြင်းအတူတူပါပဲ ။ ဒါပေမယ့် မတူညီသော ဖြစ်စဉ် ဓါတ်ပြုခြင်း (Reaction ) တွေဖြစ်ခဲ့တယ် ။ မုန်လာဥရဲ့ နဂိုဂုဏ်သတ္တိဟာသန်မာတယ် ၊ မာကြောတယ် အလွယ်တကူ မကျိုးနိုင်ဘူး ဒါပေမယ့် ဆူပွက်နေတဲ့ရေနဲ့ ထိတွေ့လိုက်တဲ့အခါ ပျော့ပြောင်းလာာပြီး အားနည်းလာတယ် ။
ကြက်ဥကတော့ ကွဲအက်လွယ်တယ် ။ သူ့အတွင်းမှာ အရည်တွေနဲ့ဖွဲ့စည်းထားတဲ့ အပြင်အလွှာပါးလေးရှိတယ် ဒါပေမယ့် ဆူပွက်နေတဲ့ရေမှာ ထည့်ပြီး ပြုတ်လိုက်တဲ့အခါ အတွင်းပိုင်းဟာ မာကျောလာခဲ့တယ် ။
ဒါပေမယ့်လည်း မြေကြီးပေါ်က ရတဲ့ကော်ဖီစေ့တွေကတော့ အတုယူဖွယ်ရာပါပဲ ။ ဆူပွက်နေတဲ့ရေထဲထည့်ပြီးတဲ့အခါ သူတို့ဟာ အဲဒီရေကို မွှေးကြိုင်တဲ့ ကော်ဖီရည်အဖြစ်ပြောင်းလဲနိုင်ခဲ့တယ် ။ ကဲ သမီးကရော ဘယ်လိုလူမျိုးလဲကွယ် " လို့ မိခင်က သမီးကိုမေးခဲ့တယ် ။
________________________________________________________
သင်တို့ရောတွေးဖူးကြလား ? မုန်လာဥလို လူလား ၊ ကြက်ဥလိုလူလား ၊ ကော်ဖီစေ့လို လူလား ?
ပြဿနာတွေ အခက်အခဲတွေနဲ့ ဘ၀မှာ ကြုံတွေ့နေရတဲ့ လောကဓံတွေကို ကျွန်တော်တို့ က ဆူပွက်နေတဲ့ရေတွေအဖြစ်မှတ်ယူကြပါစို့ ။ ကိုယ်ဟာ နဂိုကတည်း ကစိတ်ဓါတ်မာကျောသူ အလွယ်တကူ အရှုံးမပေးသူ ဖြစ်ပေမယ့် ဒီလို ပြဿနာတွေ အခက်အခဲတွေနဲ့ ကြုံတွေ့တဲ့အခါ မုန်လာဥ လိုမျိုး ပျော့ပြောင်းသွားမလား ။ အလွယ်တကူ ဆူပွက်နေတဲ့ ရေ ရဲ့ ဓါတ်ပြုခြင်းကိုခံလိုက်ပြီး ကိုယ့်ရဲ့ ဂုဏ်သတ္တိကိုပျက်ပြယ်စေမှာလား ။
ဒါမှမဟုတ်ကိုယ်ဟာ ကြက်ဥတစ်လုံးဖြစ်တယ်ဆိုပါစို့ ။ နဂိုကတည်းကကိုယ့်အတွင်းစိတ်ဟာ ပျော့ပြောင်းတယ် နူးညံ့တယ် ဒါပေမယ့် အခက်အခဲ ပြဿနာပေါင်းစုံနဲ့ကြုံတွေ့လာတဲ့အခါ ကိုယ့်အတွင်းစိတ်ဟာ အဲဒီလောကဓံတွေကြောင့် မာကျောခံစေမှာလား ။ ရိုင်းစိုင်းကြိမ်းကြုတ်စေမှာလား ။
ကဲ ကိုယ်ဟာ ကော်ဖီစေ့လေးလိုကျင့်ကြံမလား ။ ဘယ်လိုပဲ ခက်ခဲတဲ့လောကဓံ နဲ့ ပြဿနာတွေနဲ့ကြုံတွေ့နေပါစေ အဲဒီပြဿနာတွေကို အကောင်းဆုံး နစ်မျောပျော်ဝင်လို့ မွှေးကြိုင်တဲ့ ရနံ့တွေနဲ့ ကော်ဖီရည်လေးဖြစ်အောင်စွမ်းဆောင်နိုင်ရမယ် ။ ဘယ်လောက်ပဲ ဆူပွက်နေတဲ့ ရေဖြစ်ပါစေ ကိုယ့် နဲ့တွေ့တဲ့အခါ မွှေးကြိုင်တဲ့ ရနံ့လေးနဲ့ အရသာရှိတဲ့ ကော်ဖီရည်လေးဖြစ်အောင်သာ စွမ်းဆောင်ကြပါစို့ ။
ဒါကြောင့် အခက်အခဲ ပြဿနာ ပေါင်းစုံနဲ့လောကဓံရဲ့ရိုက်ပုတ်မှုတွေကြုံလာရတဲ့အခါ
၁ ။ ကိုယ်ဟာ အားပျော့သွားသူ အရှုံးပေးသွားသူမဖြစ်ရဘူး
၂ ။ ကိုယ်ဟာ ရိုင်းစိုင်းသွားသူ မာကြောခက်ထန်သွားသူမဖြစ်ရဘူး
၃ ။ အရာရာကို အကောင်းဆုံးဖြေရှင်းလို့ မွှေးကြိုင်တဲ့ ကော်ဖီရနံ့အရသာလေး ထွက်ပေါ်လာနိုင်အောင် ကြိုးစားနေထိုင်ကြပါစို့ ။
သက်တန့်ချို
Carrots, eggs, and coffee အား ဘာသာပြန်ခံစားသည် ။

--
Be Happy,
Moe Moe.
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ