The best student chosen
ဆေးရုံတစ်ခုမှာပေါ့ ။ ဓါတ်မှန်နဲ့ပတ်သတ်တဲ့သင်ခန်းစာကိုပို့ချပြီးနောက် ပရော်ဖက်ဆာက စာမေးပွဲစစ်ဖို့ဆုံးဖြတ်လိုက်တယ် ။
ဓါတ်မှန်ငါးချပ် ချထားတယ် ။ ပထမဆုံးဓါတ်မှန်လေးချပ်က မူမမှန်တဲ့အဖြေတွေရှိနေပြီး နောက်ဆုံးတစ်ချပ်ကတော့ ပုံမှန် ဘာရောဂါမှမရှိတဲ့ဓါတ်မှန်ဖြစ်တယ် ။ ပရော်ဖက်ဆာက ကျောင်းသားတွေဆီကို သူ့လက်ထောက်ကနေတဆင့် သတင်းအတုလွှင့်ခိုင်းလိုက်တယ် ။ နောက်ဆုံးဓါတ်မှန်က မွေးရာပါနှလုံးရောဂါ (TOF ) ရှိသူရဲ့ဓါတ်မှန်ဖြစ်တယ်လို့ပေါ့ ။
ပထမဓါတ်မှန်လေးချပ်ဟာ အရမ်းကိုရှုပ်ထွေးပြီးကျောင်းသားတွေက ခေါင်းတွေရှုပ်ထွေးသွားကြတယ် ။ ပြီးတော့ မတူညီတဲ့ရောဂါအမည်တွေတပ်ကြပြီးဖြေရှင်းချက်တွေပေးကြတယ် ။
နောက်ဆုံးဓါတ်မှန်ကိုတော့ ကျောင်းသားအားလုံးလိုလိုက မွေးရာပါနှလုံးရောဂါ (TOF ) လို့ ယုံကြည်စွာဖြေဆိုခဲ့ကြတယ် ။
ဒါပေမယ့်ကျောင်းသားတစ်ယောက်ကတော့  နောက်ဆုံးဓါတ်မှန်ကိုကြည့်ပြီးတဲ့အခါ ပုံမှန်ဓါတ်မှန်တစ်ချပ်ပါပဲ ဘာရောဂါမှမရှိဘူးလို့ဖြေခဲ့တယ် ။ အဲဒီကျောင်းသားကို အတော်ဆုံးကျောင်းသားအဖြစ် ပရော်ဖက်ဆာကရွှေးချယ်ခဲ့တယ် ။
@@@@@@@@@@@@@@@@@@@@@@@@@@@@
၁ ။ ကောလဟာလကိုမယုံပါနဲ့
၂ ။ မူမမှန်တဲ့အဖြေတွေကို မဖြတ်သန်းခင် ပုံမှန်ဖြစ်တဲ့အဖြေကိုရအောင်ရှာပါ
၃ ။ စာမေးပွဲဆိုတဲ့အခြေအနေအတွင်းမှာ ပုံမှန်တွေးခေါ်စိတ် (Commonsense ) ကိုမပျောက်သွားစေနဲ့
လူဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရမယ် ။ ဘယ်လောက်ကြီးပဲ ဒီအကြောင်းအရာတစ်ခုဟာ ဒါကြောင့်ဖြစ်တယ်လို့ သတင်းကြီးနေပေမယ့် ကိုယ့်ဖက်ကနေ မှန်နေခဲ့ရင်ငြင်းဆိုပြီးအမှန်ကိုပြောနိုင်စွမ်းရှိရမယ် ။ အများယောင်လို့လိုက်မယောင်မိစေနဲ့ ။ အနည်းဆုံးတော့ကိုယ်ဟာ Abnormal ကို မရှာနိုင်တာတောင်မှ Normal ကိုတော့ရှာနိုင်တာပဲမဟုတ်လား ။
သက်တန့်ချို
The best student chosen by Professor of Medicine အား Dr. Indrajit Rana ရေးသားသည်ကို ဘာသာပြန်သည် ။
--Be Happy,
Moe Moe.
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
http://www.facebook.com/home.php?sk=group_173571176006981&ap=1 မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ