Re: [mrsorcerer:27112] ချီးမွမ်း သုံးမိနစ်, ကဲ့ရဲ့ သုံးမိနစ်

ဖြစ်စဉ်အားလုံးဟာ ခဏလေးတွေနဲ.စုစည်းထားတာပါေ၇တစ်ခွက်ဖြစ်ဖို.မော်လီကျုပေါင်းများစွာပါဝင်သလိုမျိုး တစ်နာရီဖြစ်ဖို. စက္ကန်.လေးပေါင်းများစွာနဲ.ဖွဲ.စည်းထားသလိုမျိုး ..အရာရာတိုင်း ခဏလေးများ အဖြစ်တွေးတတ်မယ်ဆိုရင် ....ဘ၀ဟာ...ပိုပြီးသက်သောင်.သက်သာဖြစ်လာမယ်ထင်ပါတယ်....ကျနော်ကတော. တစ်ဘ၀လုံးစာမတွေးပါဘူး ယခု  ရပ်တည်နေတဲ. နာရီမိနစ်မှာပဲ စိတ်ကိုကပ်ထားတတ်ပါတယ်...

2012/7/1 မာမာ <marmarmyint1981@gmail.com>

 ခေတ်နဲ့အညီ စကားပုံပြောင်လဲပြစ်တာ မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ ခုနစ်ရက်ပဲ ချီးကျူးကျူး၊ ခုနစ်နှစ်ပဲ ချီးမွမ်းမွမ်း၊ ကိုယ့်ဘက်ကတော့ မိနစ်ပိုင်းလောက်ပဲ ခံစားမိပါစေလို့ ပြောချင်တာပါ။ လူရယ်လို့ဖြစ်လာရင် လူ့ပတ်ဝန်းကျင်မှာ နေရမယ်။ လူ့အသိုင်းအဝိုင်းနဲ့ ဆက်ဆံရမယ်။

လူ့ပတ်ဝန်းကျင်ဆိုတာ လူတွေ အများကြီးကို ဆိုလိုတာပါ။ လူအများကြီးဆိုတော့ စိတ်တွေလည်း အများကြီး ရှိနေတာ မဆန်းပါဘူး။ ဒီနေ့ သမီးက အင်္ကျီအနီရောင်ကလေး ဝတ်ထားတာကို ဒေါ်လှက"အရမ်းလှတာပဲ၊ သမီးနဲ့ အနီရောင်လေးနဲ့ လိုက်ဖက်လိုက်တာ"လို့ ပြောပေမယ့် ဦးမာင်မောင်က "ဟာ ဒီကောင်မလေး ကိုယ့်အသားမှ ကိုယ်အားမနာ၊ အနီရောင်တောက်တောက်ကြီး ဝတ်ထားရတယ်လို့၊ ကျွဲဝှေ့ခံရမှ လှနေမယ်"လို့ ပြောရင် မင်း ဘာလုပ်မှာလဲ။

၁။ အဲဒီအင်္ကျီကို ချက်ချင်းချွတ်ပစ်ပြီး လွှင့်ပစ်လိုက်မှာလား။
၂။ "ဒီလူကြီး အသက်ကြီးပြီး အချိန်မစီးဘူး၊ ငါလှတာကို မနာလိုလို့ နေမှာ"ဆိုပြီး ဒေါသဖြစ်စရာ အတွေးကို ငရဲကြီးခံပြီး တွေးမှာလား။
၃။ "ငါ တကယ်ပဲ အဲဒီအင်္ကျီနဲ့ တော်တော်ကြည့်ရ ဆိုးနေလား"ဆိုပြီး ကိုယ့်ကိုယ်ကို မလုံမလဲ ဖြစ်ဦးမှာလား။

ဒေါ်လှ ချီးကျူးတုန်းက မင်းပြုံးပြုံးလေးနဲ့ နေခဲ့မှာပါ။ ဦးမာင်မောင် ကဲ့ရဲ့တော့ မင်း မဲ့သွားခဲ့ပြီ။ အကြာကြီး ပြုံးနေရင်လည်း ရုပ်ဆိုးမယ်၊ ချီးကျူးခံရလို့ ဝမ်းသာတယ်ဆိုရင်လည်း အတွေးတွေ ဆင့်ကာဆင့်ကာ ပွားမနေဘဲ ဝမ်းသာစရာရှိတာကို ရိုးရိုးလေးပဲ ဝမ်းသာလိုက်ပါတယ်။ ကဲ့ရဲ့ရှုတ်ချခံရလို့ ဝမ်းနည်းတယ်၊ မကျေမနပ်ဖြစ်တယ်ဆိုရင်လည်း သုံးမိနစ်လောက်ပဲ ခံစားလိုက်ပါ။
ရှေ့ကအကြောင်း နောက်ကအကြာင်းတွေ ဆွဲမထည့်မိပါစေနဲ့။ လက်ရှိကိစ္စကိုပဲ ခံစားပါ။ အဲဒါလည်း သုံးမိနစ်လောက်ထက် မပိုပါစေနဲ့။ သူများကြောင့် ကိုယ့်အလုပ်ပျက်ပါတယ်။ လူတွေကို သိပ်ဂရုစိုက်မိနေရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော်။ ကိုယ်ဘာဖြစ်နေလဲ...စတဲ့ ကိစ္စတွေက သူမျာချီးမွမ်းတာ၊ ကဲ့ရဲ့တာတွေထက် ပိုအရေးကြီးပါတယ်။ ကဲ...ဒါဆို ဒီနေ့ကစပြီး "ချီးမွမ်း သုံးမိနစ်၊ ကဲ့ရဲ့ သုံးမိနစ်"ဆိုတဲ့ စကားပုံလေးကို အကောင်အထည်ဖော်ကြည့်မယ်နော်

--
အားလုံးပျော်ရွင်ပါစေ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ