တို့ဆီမှာနေရင် ကောင်းကောင်းနေ ဒါပဲ။ ကျေးဇူးရှင်ကို စိတ်ဆင်းရဲအောင် မလုပ်မိပါစေနဲ့။
နီနီ
2012/7/2 မု ယော <tycoonlay1@gmail.com>
ငြိမ်းချမ်စွားယှဉ်တွဲနေထိုင်ဖို့ဆိုလျှင်
လိုက်လျောညီထွေစွာနေတတ်ဖို့
လိုသည်။ရှေ့ကလည်းမသွား...နောက်ကလည်း
မလိုက်...ဘေးလွယ်အိပ်လုပ်နေလို့မရ...
ကောင်းကောင်းမွန်မွန်နေလျှင် ဘယ်သူမဆိုလက်ခံသည်
ကောင်းကောင်းမနေလျှင် ဘယ်သူ့ကိုမဆို မြန်မာတွေလက်မခံ
အဲဒါမြန်မာ့စိတ်ဓါတ်
On 7/1/12, Ruby Mirror <ruby.mirror786@gmail.com> wrote:
> နှတ်ခမ်း ဆီသုတ် ပါးမရိုက်ပါနဲ့-
>
> လက်ရှိ မြန်မာအာဏာပိုင်များနဲ့ တိုင်းရေးပြည်ရေး မငြိမ်မသက်မှုများကို
> တွေ့နေရတော့ ကျွန်တော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လန်းစစ်မှာ နေခဲ့စဉ်က
> အိမ်ချင်းကပ်နေထိုင်တဲ့ မဇိုလီနာရဲ့ စကားလေးကို သတိရမိပါတယ်။ သူ့ခမြာ- ကလေး ၎
> ယောက်၊ ယောက်ျားမရှိ။ တနေ့မှာ သူက စိတ်တိုနေပြီး သူ့ကလေးတွေကို "နင်တို့လေ--
> ငါ့ရဲ့ လင်ပါသားသမီးတွေ ဆိုရင် နှတ်ခမ်းဆီသုတ် ပါးချည်းရိုက်ပစ်မယ်၊"လို့
> အော်ဟစ်နေတယ်။
>
> သူ့စကားကို ကျွန်တော်က နားမလည်တော့- အမ၊ အမက ကလေးတွေကို ဆူတာ တစ်မျိုးပဲ။
> "နှတ်ခမ်းဆီသုတ် ပါးရိုက်မယ် ဆိုတာ ဘာလဲ- ကျွန်တော်တောင် နားမလည်ဘူး ကလေးတွေက
> နားလည်ပါ့မလား" လို့ ပြော တော့- သူ ကလေးတွေကို စိတ်တိုနေတာ ပြေသွားပြီး-
> ကျွန်တော့ကို "ဆရာကလည်း-၊ ဒီကလေးတွေက ကျွန်မစကားကို နားမထောင်ဘူး-
> ရိုက်ချင်ထောင်းချင်စိတ်ကို ဖြစ်စေတယ်။ ကျွန်မသားသမီး အရင်းဆိုတော့ ရိုက်လည်း
> အပြစ်ပြောမယ့်လူက မရှိဘူးလေ။ တစ်ကယ်လို့ သူတို့က လင်ပါသားသမီးဆိုရင်- သူတို့
> အပြစ်ဘယ်လောက်လုပ်လုပ် ရိုက်ဘို့ လင်ရဲ့ မျက်နှာကို ထောက်နေရမယ်။ ဒီတော့
> နှတ်ခမ်းမှာ ဆီသုတ်ထား လိုက် ပြီးရင်- ရှင့်ကလေးတွေက ကျွန်မစေတနာကို
> နားမလည်ဘူး၊ ဒီလောက် ဆီပြန်ဟင်းနဲ့ ကျွေးတာတောင် မစားဘူး ခံငြင်းတယ်၊
> ဒါကြောင့် စိတ်တိုတိုနဲ့ ရိုက်ပစ်လိုက်တာ၊ မယုံရင် သူတို့နှတ်ခမ်းကို
> ကြည့်ပါလား- ဆီတောင် မခြောက်သေးဘူး၊" ဆိုပြီး ပြောလို့ ရတာပေါ့တဲ့။ (ကျွန်တော်
> တော်တော် သဘောကျမိခဲ့သည်။)
>
> အခုတစ်လော- ရခိုင်ပြည်နယ် ကိစ္စတွင် နိုင်ငံတော်အစိုးရသာ သာမက
> မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ- ခေါင်းကိုက်နေရသော ကိစ္စ
> ဖြစ်နေသည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ငယ်သံ ပါအောင်
> အော်ဟစ်တောင်းဆိုနေကြသူများပင်- မွတ်စလင် အတွက် ထည့်စဉ်းစားထားခဲ့ဟန်
> မရှိကြောင်း ပေါ် လွင်နေသည်။ မွတ်စလင်နှင့် ပတ်သက်လာလျှင် တစ်ဘက်စောင်းနင်း
> မြင်နေသည်။ လတ်တလောနှစ်ပေါင်း များစွာမှ စ၍ ဒီနေ့ထိ ပူပူနွေးနွေး ၀င်လာမစဲ
> တစ်သဲသဲ တရုတ်လူမျိုးများ ကိစ္စကို ခေါင်းထဲတွင် ရေခဲ ရိုက်ထားပြီး-၊
> နှစ်ပေါင်းများစွာမှ ၀င်လာခဲ့၍ ၀င်ရောက်မှု ပြတ်စဲခဲ့သည်မှာလည်း
> နှစ်ပေါင်းများစွာကြာနေပြီ ဖြစ် သော အိန္ဒိယမျိုးနွယ်၊
> ဘင်္ဂလားဒေ့ရှ်မျိုးနွယ်တို့အား "ကုလားတွေ ၀င်လာနေသည်" ဟု မကြာခဏ ပြန်လည်
> နွေးပေးနေသည်။
>
> ထိုမှ ကြားညပ်၍ မြန်မာပြည်ဘွား မွတ်စလင်တို့အား လူထုမှ အမြင်စောင်းစေရန်
> မကြာခဏ ၀ါဒဖြန့်နေသည်။ သွေးခွဲနေသည်။ ဘင်္ဂလားဒေ့ရှ်မှ ၀င်လာခဲ့သော
> ဘင်္ဂလီရခိုင်နှင့် ဘင်္ဂလီ ရိုဟင်ဂျာတို့မှ ဘင်္ဂလီရခိုင်တို့အား
> ဖုံးဖိထားပေးလျှက်- ဘင်္ဂလီရိုဟင်ဂျာ တစ်ချို့ကိုသာ လက်ညှိုးထိုးနေသည်။ ထိုမျှမက
> မြန်မာရိုဟင်ဂျာအားလုံး ကိုပါ- ဘင်္ဂလီများ ဖြစ်သည်ဟု စွပ်စွဲနေသည်။
>
> လက်ရှိ ရခိုင်အမျိုးသား တိုးတက်ဖွံ့ဖြိုးရေး ပါတီ၏ ဦးဆောင်၊
> ပြည်သူ့လွှတ်တော်အမတ် ဦးအေးမောင်သည်ပင် ၁၉၅၃-၅၄ ခုနှစ်ကမှ ဘင်္ဂလားဒေ့ရှ်မှ
> ၀င်လာသော ဘင်္ဂလီ မိဘစစ်စစ်မှ မွေးသော ဘင်္ဂလီရခိုင်ဖြစ်နေသည်ကို မသိဟန်ပြုလျှက်-
> နှစ်ပေါင်းထောင်နှင့်ချီ အမြစ်တွယ်နေသည့် ရိုဟင်ဂျာတို့အား ပေါ်လစီချ
> နှိပ်ကွပ်နေသည်။ ဘင်္ဂလီရခိုင်တို့က မြန်မာနိုင်ငံအင်အား ချိနဲ့စေရေးကိုသာ
> ကြံဆောင်နေပြီး ဗမာ့အခက် ရခိုင့်အကွက် (ရခိုင်နိုင် ငံခွဲထွက်ရန်) ဟု
> ခံယူထားသူများကို အားပေးမြှောက်ပင့်နေခဲ့သည်။ မြန်မာနိုင်ငံသား အဖြစ်
> မြန်မာနှင့်အတူ ငြိမ်းချမ်းစွာ အတူပူးပေါင်းနေလိုသော ရိုဟင်ဂျာတို့အား
> အတင်းဖယ်ထုတ်နေခဲ့သည်။ ခွဲထွက်လိုသူတို့အား အားကောင်းစေရန် ပြုစုလျှက်၊
> ပူးပေါင်းနေလိုသူတို့အား ချိနဲ့စေရန် ပေါ်လစီချမှတ်ထားခြင်းမျိုးဖြင့်
> မည်ကဲ့သို့ ပြည်ထောင်စု တည်ဆောက်နိုင်မည်နည်းဟုပင် တွေးမိဟန်မရှိချေ။
>
> ရိုဟင်ဂျာများကိုသာမက မြန်မာတစ်ပြည်လုံးရှိ မွတ်စလင်တို့အား ရသည့်နည်းဖြင့်
> နှိပ်ကွပ်ရန် ပေါ်လစီမျိုးစုံ ချမှတ်ထားသည်။ ဗမာဗုဒ္ဓဘာသာနှင့် ဗမာမွတ်စလင်
> ညီညွတ်ချစ်ခင်နေမှုများအား စီမံချက်တကျ ဖြိုခွဲပစ်ခဲ့ သည်။ ထိုသို့
> မွတ်စလင်မုန်း စိတ်ဓါတ်များ သီးပွင့်လာသော အကျိုးဆက်ကြောင့်
> ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ ပေါ်ပေါက်လာရခြင်း ဖြစ်ပေသည်။
>
> ထိုပြသနာမှာ ဖုံးမရ၊ ဖိမရ တစ်ကမ္ဘာလုံးက သိမြင်လာ၍ ပွက်လောရိုက်လာသည်။ ထိုအခါ-
> နိုင်ငံတော်တွင် လူဝင်မှုဥပဒေ တစ်ရပ် ပေါ်ပေါက်ရန် အပူတစ်ပြင်းလိုအပ်လာသည်ဟု
> နိုင်ငံရေးသမားတိုင်း ဆင်ခြင်လာတော့ သည်။ သို့သော် သူတို့၏
> ဆင်ခြင်မှုတိုင်းတွင် ထိုနိုင်ငံသား စီစစ်ရေး ဥပဒေ ဆိုသည်မှာ ရိုဟင်ဂျာနှင့်
> မွတ်စလင် တို့အတွက်သာ ရည်ရွယ်နေပြီး- နိုင်ငံခြားမှ ၀င်လာသူ ရခိုင်၊
> တရုတ်တို့အား ရည်ရွယ်ပြောဆိုခြင်း မဟုတ် ကြောင်း သိသာ ထင်ဟပ်နေပြန်သည်။
>
> နိုင်ငံတော်ကို တစ်ကယ်ချစ်လျှင် နိုင်ငံတော်၌ ပြဌာန်းသော ဥပဒေသည်
> နိုင်ငံတွင်းရှိ လူအားလုံးအတွက် သက်ရောက်စေရမည် ဖြစ်သည်။ တရုတ်နှင့်
> ရခိုင်ဗုဒ္ဓဘာသာတို့အား ချန်လှပ်ထားလျှက် မွတ်စလင်အတွက် သာ ရည်ရွယ်ခဲ့လျှင်-
> ထိုအမှုသည် ကမ္ဘာက အမြင်ကောင်းအောင်- "နှတ်ခမ်းဆီသုတ်လျှက် မြန်မာမွတ်စလင် တို့
> အားပါးရိုက်ခြင်းသာ ဖြစ်တော့သည်။"
>
> မြန်မာမွတ်စလင်တို့ အနေဖြင့် တစ်ပြေးညီသက်ရောက်သော ဥပဒေနှင့် ပေါ်လစီများကိုသာ
> လိုလားပါသည်။ မိမိအနေဖြင့် ဥပဒေက သတ်မှတ်သည့် အတိုင်း ကပြား ဖြစ်သည်ဆိုလျှင်
> ကပြား ဟု ခံယူရဲသည်။ သို့သော် ထိုသို့ ကပြားဟု သတ်မှတ်သော ဥပဒေသည်
> တရုတ်ကိုသော်လည်းကောင်း၊ ၀င်လာသော ရခိုင်ဘင်္ဂလီကို သော်လည်းကောင်း တစ်ပြေးညီ
> သက်ရောက်မှု ရှိစေရမည် ဖြစ်သည်။ ၎င်းတို့ အပေါ်တွင်လည်း မတော်မ တရား ဆောင်ရွက်ရန်
> မလိုပါ။
>
> ထိုသို့မဟုတ်- တစ်ဘက်စောင်းနင်း မတရား ပြုမူလျှင် မည်သည့် မတရားသည့် ဥပဒေ၊
> ပေါ်လစီ၊ အမိန့်၊ ခွဲခြား ဆက်ဆံမှုကိုမဆို- တရားမျှတမှုအားရှေ့ရှုသူတို့က လက်ခံမည်
> မဟုတ်ပါ။ ထိုအခါ မြန်မာပြည်နှင့် မြန်မာအာ ဏာတို့သည် ကမ္ဘာ့အလယ်၌ ဆက်လက်
> အရှက်သိက္ခာမဲ့နေရမည်ပင် ဖြစ်ပေသည်။
>
> လေးစားစွာဖြင့်
>
> ဌေးလွင်ဦး
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ