Aug 21, 2012 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

၂၀၃၀ မှာ မြန်မာတွေ သူဌေးဖြစ်မည်

မြန်မာပြည်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားပါက နှစ်စဉ် စီးပွားတိုးတက်နှုန်း ၈ ရာခိုင်နှုန်းထိ ရောက်နိုင်ပြီး သက္ကရာဇ် ၂၀၃၀ ခုနှစ်ရောက်လျင် ပျမ်းမျှ တဦးချင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ Read More

 

သတင်း လွတ်လပ်ခွင့် အပြည့်မရသေးကြောင်း စာနယ်ဇင်းသမားများ ဝေဖန်

စာနယ်ဇင်းများအား စိစစ်ဖြတ်တောက်မှုမရှိဘဲ ထုတ်ဝေခွင့်ရရှိခြင်းကို ကြိုဆိုသော်လည်း မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ရရှိပြီ ဟု မဆိုနိုင်သေးကြောင်း ပြည်တွင်း စာနယ်ဇင်းသမားများက ပြောဆို ဝေဖန်လိုက်သည်။ Read Mor e

 

လားရှိုးတွင် ၅၄ နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှု ကြုံနေရ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ၅၄ နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ကြုံတွေ့ခံစားနေရပြီး ရပ်ကွက်ကြီး ၄ ခုရှိ အိမ်ခြေများ ရေဘေးဒုက္ခ ခံစား နေရကြောင်း သိရသည်။ Read More

 

ဒီမိုကရေစီ ခေါင်းဆောင်များကို အမေရိကန် ဆုပေးမည်

မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများဖြစ်သော ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ဦးကျော်သူတို့ ၃ ဦးသည်ဒီမိုကရေစီ ဆု(The Democracy Award) လက်ခံရယူရန်အတွက် လာမည့် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံသို့ Read More

 

ကချင်တွင် တပ်တိုးချဲ့၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ အကြား ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပြီး Read More

 

သံသယဖြင့် ဖမ်းဆီးခံရသည့် ကချင်ကျောင်းသား ၅ ဦး ပြန်လွတ်

အစိုးရ အာဏာပိုင်များက ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ဆက်နွယ်သည်ဟု စွပ်စွဲကာ အဖမ်းခံရသည့် တက္ကသိုလ် ကျောင်းသား ၅ ဦးကို သြဂုတ်လ ၁၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ Read More

 

ကချင် BGF ပိုင်မြေတွင် လူ ၂၀၀၀ ကျော် ကျူးကျော် နေဟုဆို

မန္တလေးမြို့ရှိ လယ်မြေများကို အကွက်ရိုက်ပြီး တရုတ်လူမျိုးများထံ ရောင်းချသည်ကို ဆန့်ကျင် ဆန္ဒပြသည့် အနေဖြင့် ရောင်းချပြီး ဖြစ်သော မြေကွက်များတွင် ကျူးကျော်သူ နှစ်ထောင်ကျော်တို့ ၀င်ရောက်နေထိုင်လျှက် ရှိကြောင်းသိရသည်။ Read More

 

ဆင်ဆာ မရှိတော့သော်လည်း လွတ်လပ်မှု မရှိသေး

မြန်မာနိုင်ငံတွင် ထုတ်ဝေခဲ့သည့် စာအုပ်၊ စာပေ၊ စာနယ်ဇင်း များကို ၄၈ နှစ်ကြာ စိစစ်ဖြတ်တောက် ခဲ့သည့် စာပေစိစစ်ရေး လုပ်ငန်းစဉ်တရပ် ယမန်နေ့က အဆုံးသတ်သွားပြီဟု ဆိုသော်လည်း တင်ထုတ် စနစ်မှ ထုတ်တင် စနစ်ကို စတင်ပြောင်းလဲ ကျင့်သုံးလိုက်ရုံဖြင့် Read More

 

Samsung ကုမ္ပဏီ မြန်မာတွင် လုပ်ငန်းတိုးချဲ့ရန် စီစဉ်

တောင်ကိုရီးယား နိုင်ငံမှ Samsung Electronics ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရန် ယမန်နေ့ကလာရောက် ၍ ဈေးကွက် လေ့လာ မှု ပြုလုပ်ကြောင်း သိရ သည်။ လတ်တလောတွင် AA Electronics Ltd, Royal GK Pte Ltd and MT (Myo Thein) Electronic , Gunkul Engineering Co., Ltd စသည့် မြန်မာပြည်မှ ကုမ္ပဏီ များနှင့် လက်တွဲ လုပ်ကိုင်သွားရန်ရှိကြောင်း၊ စက်တင်ဘာ လကုန်ပိုင်း၌ မြန်နိုင် ငံတွင် အရောင်းပြခန်း ဖွင့်လှစ်ရန် ရှိကြောင်း Eleven Media Group သတင်း ၌ ရေးထားသည်။ Samsung Electronics ကုမ္ပဏီမှ မိုဘိုင်းလ်ဖုန်း၊ [...] Read More

 
 

၂၀၃၀ တွင် မြန်မာ ၀င်ငွေ အလတ်တန်းစားဖြစ်နိုင်ဟု ADB ပြော

မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အားကောင်းလာပြီး ၂၀၃၀ ပြည့်နှစ်ခန့်တွင် ၀င်ငွေ အလယ်အလတ်တန်းစား ရှိမည့် နိုင်ငံဖြစ်လာနိုင်ကြောင်း အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) က ပြောဆိုလိုက်သည်။ ပြည်တွင်း အသားတင်ထုတ်ကုန် စုစုပေါင်း တန်ဖိုး (GDP)သည်လည်း လာမည့် ၁၈ နှစ် အတွင်း နှစ်စဉ် ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင် နှုန်း ရှိလာမည်ဖြစ်ကြောင်း၊ လူ တဦးချင်း ၀င်ငွေသည် လည်း ၃ ဆ ခန့်ရှိလာမည်ဟု မျှော်လင့်ရကြောင်း ADB ၏ ပြောဆိုချက်ကို AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ထိုသို့ ဖြစ် လာရန် အတွက် မြန်မာ အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် [...] Read More

 
 

ရခိုင်၌ ညမထွက်ရ အမိန့်မနာခံသူ ၆၀ ကျော် ထောင်ဒဏ်ချမှတ်

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို မလိုက်နာသည့် ဒေ သခံ ရခိုင်တိုင်းရင်းသား ၆၀ ကျော်အား စစ်တွေခရိုင် တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက် ကြောင်း သိရသည်။ ထောင် ဒဏ် အပြစ်ပေးခံရသူများသည် သာမန်အရပ်သားများသာ ဖြစ်ကြောင်း၊ ညမထွက်ရ အမိန့်ထု� �်ပြန် ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် အပြင်ထွက်စဉ် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။ ညမထွက်ရ အမိန့်ကို ဇွန်လ အတွင်းက စတင် ထုတ်ပြန်ထားပြီး ည ၇ နာရီ မှ နံက် ၅ နာရီ သတ်မှတ်ထားကြောင်း၊ ၎င်းတို့အား ဥပဒေအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း [...] Read More

 
 

သမ္မတ က အခြေခံ ဥပဒေပြင်ဆင်လျှင် သင့်လျော်ဟု ပြည်သူ့လွှတ်တော်သို့ တုံ့ပြန်

သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် လွှတ် တော် ကိုယ်စားလှယ်များ အနေဖြင့် စွပ်စွဲ ပြစ်တင်သည့် နည်းလမ်းအစား၂၀၀၈ အခြေခံ ဥပဒေ အခန်း ၁၂ ပါ တရားဝင် အခွင့် အရေး ကို အသုံးပြုမည်ဆိုပါက သင့်လျော် ကောင်းမွန်မည်ဟု ယူဆကြောင်း ပြောဆိုလ� �ုက်သည်။ အခန်း ၁၂ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်သည့် အခန်းဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဌ က သြဂုတ် ၁၄ ရက်က ပေးပို့သည့် သ၀ဏ်လွှာနှင့် ပတ်သက်ပြီး သမ္မတ က သြဂုတ် ၂၀ ရက်တွင် ပြန်လည် ပေးပို့သည့် သ၀ဏ်လွှာ၌ [...] Read More

 
 

ပုပ္ပါးတောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆွေးနွေး

မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်ရှိ ပုပ္ပါးတောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကို တနင်္ဂနွေ နေ့ က ပုပ္ပါးတောင်၌ ကျင်းပရာ ဒေသခံ တထောင်ကျော် တက်ရောက်ကြောင်း သိရသည်။ ယင်း ဆွေးနွေးပွဲသို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးဆောင် လှုပ်ရှားသူများဖြစ်သော ဦးအုန်း၊ ဦးကျော်သူ၊ ဦးဝင� ��းမျိုးသူ နှင့် စာရေးဆရာ ကိုတာ တို့လည်း တက်ရောက် ဟောပြောကြကြောင်း RFA ရေဒီယို သတင်း ၌ ပါရှိသည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။