မှော်စရာက မိတ်ဆွေ ခွက်ပုန်းများအတွက် အထူးသတင်းကောင်း.....(ခုလိုကြော်ငြာလို့ တစ်ပြားတစ်ချပ်မှ မရပါ)
အရက်အမည်... Ricard.. alc 50% လား 53% လားမသိတော့ဘူး ....၀ီစကီအရောင် .. စမုံစပါးအနံ့နဲ့ဟာပိုကောင်း အဲဒါဘဲသောက်ဘူးလို့ ဟဲဟဲ(စမုံစပါးကို အင်္ဂလိပ်လို ဘယ်လိုခေါ်တယ်ဆိုတာတော့ ရှာကြည့်လိုက်ပါ ပြီးမှ သွားဝယ်).....
အတုမရှိဘူး... ရန်ကုန်လေဆိပ်မှာ ၀ယ်လို့ရတယ်..... ၁၇ ဒေါ်လာပေးရတယ် ၁ လီတာကို..ဟိုတုန်းက. ခုလည်းအဲလောက်ဘဲထင်တယ်..တခြားဆိုင်တွေမှာ ရှိမရှိတော့မသိဘူး.......
ဘာတွေကောင်းလဲ
အဒီအရက်ကို ၂ ပက်လောက်ဖန်ခွက်ထဲထည့် ရေခဲတုံးနဲ့ ရေခဲရေလေးရောမွေလိုက်... နို့ရောင်ပြောင်းသွားရော..မသိရင် နို့သောက်နေတယ်ပေါ့..အမြည်းမလိုဘူး....သောက်လို့လဲကောင်းတယ် မူးလည်း မူးတယ်...... အနံ့က စမုံစပါးအနံ့ သောက်ပြီးလဲ အရက်နံ့မထွက်ဘူး...လူအများအမြင်မှာ တင့်တယ်တယ်....... ကဲမယုံရင်စမ်းကြည့်လိုက်ကြ....
သောက်ကောင်းတယ်ဆို နောက်ပိုင်းမသောက်ခင်ခွက်လေးမြောက်ပြီး ချီးယားစ်စိုးထွဋ်လို့ အော်လိုက်ပါ.... သောက်မကောင်းရင် အဲဒီပုလင်း ကျွန်တော့်ဆီပို့လိုက်ပါ..... :P
.. နောက်အဆင်ပြေ....သောက်ကောင်းတာလေးတွေမျပါအုံးမယ်....
အားလုံးပျော်ရွှင်ပါစေ
မှတ်ချက်။ အဲဒါများများသောက်မိလို့ အမူးလွန်ပြီး တစ်ခုခုဖြစ်ရင် ကျွန်တော်နဲ့မဆိုင်ဘူးနော်...ခေါင်းစဉ်တော့မတတ်နဲ့.... ကိုယ့်ဟာကိုချင့်ချိန်ကျပါ...
ဟုတ်ပ။ ညီမောင် စိုးထွဋ် က ယမကာဗေဒ အတော် နှံ့စပ် ကျွမ်းကျင် ပေတာ ကိုး။ ထောက်ခံပါ၏။
2012/8/20 soe naing <snsoenaing4@gmail.com>
ကျွန်တော်သမတဖြစ်လျှင် စိုးထွဋ်ကို ယစ်မျိုးဝန် ခန့်မည်။ ယမကာလုလင်များ မျှော်ကြကုန်လော့----- ။2012/8/20 SOE HTUT <soehtut1@gmail.com>
ဘီယာမကြိုက်ဘူး သောက်ရင် ရင်ပြည့်လေအန်ပြီး မစားနိုင်လို့...နောက်ဗိုက်ရွဲအုံးမယ်.. အရက်ကိုတော်သင့်ရုံသောက်ရင်ကောင်းတယ်... အခါးမကြိုက်လူမိုက်လို့တောင်ဆိုထားတယ်မလား.... ကြက်ဟင်းခါးသီးလိုဟာမျိုးက ကြီးမှ ကြိုက်ကျတာများတယ်....... မူးတယ်ဆိုတာ တော်သင့်ရုံဘဲ ကောင်းတာ.. လွန်သွားရင် အန်မယ်.... တွဲပြီးပြန်ပို့မယ့်သူမရှိရင် ကိုယ့်ဘ၀ကိုတွေး..... အရေးကြီးတာ က သူငယ်ချင်းတွေစုသောက်ရင် စောစောပြောထား... သောက်ပြီးလမ်းခွဲမယ် ဘယ်သူ့ကိုမှ လိုက်မပို့ကြေး အဲဒါဆို ကိုယ်အဆင်ပြေသလောက် မူးနိုင်သလောက်ထိန်းသောက်တော့.......
2012/8/20 kdar kdar <kdar600@gmail.com>အစ်ကို.....ဘီယာနဲ.အရက်က သောက်ရင်ဘာလို.မူးနေရတာလဲဗျ......
ဘာလို. လူတွေက အရက်ကိုအကြိုက်သောက်နေကြတာလဲ
ခါးလဲ ခါး ပြင်းလဲပြင်း အ၀င်ကလည်းဆိုးတယ်ဗျာ....2012/8/20 SOE HTUT <soehtut1@gmail.com>
လျောက်ပြောနေတာပါဗျာ.... မြန်မာပြည်က အရက်တုလုပ်တဲ့သူတွေကို တောင်မနိုင်ဘဲ နိုင်ငံခြားက အရက် ကို သွင်းအုံးမယ်.... ဘယ်ဈေးနဲ့သွင်းမှာလဲ.. အခွန် ဘယ်လောက်ကောက်မှာလဲ... ခုတောင် tax လုပ်ထားတဲ့ဟာကို ခွာပြီး ရောင်းနေတဲ့သူတွေအများကြီး.....ရမ် အတုလုပ်တယ် ရောင်းကောင်းတဲ့ဝီစကီအတုလုပ်တယ်... အဲဒါကို မှ မနိုင်ဘဲ ဘယ်က ဟာကို ဘယ်လိုသွင်းအုံးမှာလဲ..... သောက်တဲ့သူတွေမှာ နာမည်ကြီးအရက်ကို ရှောင်ပြီးသောက်နေရတယ်... ဂျော်နီဝါကား ဟိုက်ကော်မရှင်နာလာထား အတုအလွန်များ... သောက်တဲ့သူတွေကလည်း သစ်စာမရှိဘူး အဖုံးခွံကို ခွာပြီးချွတ်ရောင်းခွင့်ပြုတယ်... အဲလိုမလုပ်မိစေဖို့ ဒီဂရုကသောက်တတ်သူတွေကို သတိပေးလိုက်ပါတယ်....အဲဒီအတွက်နောက်လူတွေအတုသောက်ပေတော့.... မြန်မာပြည်မှာရောင်းနေတဲ့အရက်မှန်သမျကိုကော ဘယ်သူက သေချာစစ်လဲ.... ရွှေပတ် ဘီအီးကို အနံ့လေးထည့်ထားတာ ၀ီစကီမှ မဟုတ်တာ.. ၀န်ကြီးတွေအနေနဲ့ အလုပ် တစ်ခုလုပ်မယ်ဆိုရင် စေတနာတကယ်ရှိမှလုပ်ပါ... သေချာအောင်အောက်ခြေကစပါ.... စကားပြောကောင်းအောင်မလုပ်ပါနဲ့.... ကိုရီးယားမှာ (ဒီမှာလုပ်လို့ ကြွားတာတစက်မှ မပါနော် ကြိုပြောထားတာ) .. ဒီမှာ ဆိုဂျူး တစ်ပုလင်းမှ မြန်မာငွေ ၈၀၀ လောက်ရှိတယ်... ကိုရီးယားအကုန်သောက်နေတာဘဲ... အဆိပ်သင့်လိုသေတယ် တယောက်မှ မရှိဘူး.... မြန်မာပြည်မှာတော့သေနေတာခဏခဏဘဲ..... အရက်အကြောင်းသိလိုသမျမေးပါ.. သိသမျဖြေမည်....
အရက်သောက်သူများအလွန်အကြွံမသောက်ဘဲ ကျန်းမာနိုင်ပါစေ....
ယမကာလုလင်များကို ချစ်ခင်လျက် (ရစ်တဲ့သူများမပါ)2012/8/18 အောင်မျိုးကျော် <richardaung68@gmail.com>
The Voice Weekly:
[ Voice Of The Day ]မြန်မာနိုင်ငံသား အရက် သောက်သုံးသူများ အနေဖြင့် အရက်အတုများသာ သောက်သုံး နေရ၍ နိုင်ငံခြား အရက် အမျိုးမျိုးကို မြန်မာနိုင်ငံ အတွင်းသို့ တရားဝင် တင်သွင်း ရောင်းချ ခွင့်ပြု သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။
အရက်တုများ သောက်နေရ၍ ကျေးလက်နေ တောင်သူ လယ်သမားများ အားကောင်း မောင်းသန် အလုပ်မလုပ် နိုင်ကြတော့ဘဲ ပိန်လှီ ချည့်နဲ့ နေကြ ကြောင်း၊ အရက်အတု သောက်သုံးရခြင်း၏ ဆိုးကျိုးကို ၎င်းကိုယ်တိုင်ပင် ခံစား နေရကြောင်း ဦးဝင်းမြင့် က ပြောသည်။
"ကျွန်တော့် မျက်နှာသာ ကြည့်တော့ အရက်အတုတွေ သောက်ရတဲ့ အတွက် ဘယ်လို ဖြစ်နေတယ် ဆိုတာ"ဟု ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ရယ်ရွှင် ပွင့်လင်းစွာ ပြောသည်။
သြဂုတ်လ ၉ ရက်နေ့ထုတ် Popular News သတင်းဂျာနယ်ပါ 'အရက်အတုသာသောက်သုံးနေရသည့် ပြည်တွင်းယမကာ လုလင်များအတွက် နိုင်ငံခြားအရက်တရားဝင်တင်သွင်းခွင့်ပြုမည်' သတင်းမှ ကောက်နုတ်ချက်
(Sent via Seesmic http://www.seesmic.com)
--
Posted By အောင်မျိုးကျော် to Richard Aung at 8/18/2012 04:58:00 PM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ