[aurorageneration] သမ္မတကြီးသဘောထားနဲ့ ရခိုင်အရေး

ရခိုင်အရေးနှင့်ပတ်သက်၍သမ္မတကြီးဦးသိန်းစိန်နှင့် VOA အမေရိကန်


အသံမြန်မာပိုင်းအစီအစဉ်တွေ့ ဆုံမေးမြန်းခဏ်းအပေါ်ကျေနပ်အားရသူများရှိသကဲ့သို့ အားမရသူများလည်းရှိလေသည်။

ကျေနပ်အားရသူများကိုဘာကြောင့်ကျေနပ်သည်ကိုစူးစမ်းနေစရာမလိုချေ။

သိုသော်သမ္မတကြီး၏ဖြေဆိုချက်များအပေါ်အားမရဖြစ်နေသူများရှိသောကြောင့်

ဘာကြောင့်အားမရဖြစ်ကြသည်ကိုစစ်ဆေးကြည့်လိုပါသည်။

ရှေးဦးစွာအသိအမှတ်ပြုရမည့်အချက်မှာလက်ရှိအနေထက်ပို၍ကြီးထွားဆိုးဝါးသွားနိုင်စရာ အလွန်ရှိနေသည့်အမျိုးသားလုံခြုံရေးချိမ်းချောက်မှုတစ်ခုအားယာယီပဲဖြစ်ဖြစ်ထိမ်း

ချုပ်ထားနိုင်ခြင်း(keeps under control, at least for the moment) ဖြစ်သည်။

ထို့ ပြင်သူတို့ ကိုယ်သူတို့ ရိုဟင်ဂျာဟုအမည်တပ်နေကြသူများကိုသမ္မတကြီးကိုယ်တိုင်က

"ဘင်္ဂလီများ" ဟုအတိအလင်းအမည်တပ်ခေါ်ဝေါ်သွားသည်မှာလည်းသူတို့ ၏တကယ့် လူမျိုးရင်းမြစ်ကိုအမှန်အတိုင်းခေါ်ဝေါ်ရာရောက်သဖြင့်ကျေနပ်စရာကောင်းပါသည်။

သို့ သော်ပြဿနာကိုသမ္မတကြီးကလက္ခဏာချက်အကဲဖြတ်ရာတွင် 

"လူမျိုးရေးကြောင့်ဖြစ်တာမဟုတ် - ဘာသာရေးကြောင့်ဖြစ်တာမဟုတ်

ရာဇ၀တ်မှု တစ်ခုမှအစပြု" သည်ဟုသုံးသပ်ပြသွားပါသည်။ 

မမှားသော်လည်းအပေါ်ယံရှပ်၍ပြောရာကျသည်ဟုခံစားမိပါသည်။ 

အကြောင်းမှာဤရာဇ၀တ်မှုမျိုးများ ပေါက်ဖွားပေးရာလူ(ခိုး)၀င်နေမှုပြဿနာ

(immigration issue) ကိုရင်းမြစ်ပြဿနာအဖြစ်ထောက်ပြမသွားပါ။

ဤသူများ သည်ဒေသခံအမျိုးသမီးတွေကိုသာမကသူတို့ နှင့်မျိုးတူ၍

သူတို့ ကိုယ်တိုင်က ကာကွယ်စောင့်ရှောက်ရမည့်မိန်းခလေးများကိုလည်းစော်ကားသည့်

ရာဇ၀တ်မှုများကိုကျုးလွန်နေကြ ကြောင်းယခုအခါသိလာကြပြီဖြစ်သည်။

ထို့ နောက်သမ္မတကြီးကလူ့ အခွင့်အရေး၊ 'လူသားအမြင်'

'ကမ္ဘာ့ရွာကြီး' ဆိုသောခေတ်ပေါ်အသုံးအနှုံးများကိုသုံးစွဲသွားသဖြင့်ထိုစကားလုံး

များ၏ပူးတွဲပါအဓိပ္ပါယ်များ(connotations)သည်မြန်မာခေါင်းဆောင်ကြီးအပေါ်

တစုံတရာသြဇာသက်ရောက်နေလိမ့်မည်ဟုမှန်းဆမိပါသည်။

ထို့ ကြောင့်ပင်"ရခိုင်တိုင်းရင်းသားများကိုကျနော်တို့ ကစကားဆယ်ခွန်း

ဆယ့်ငါးခွန်းပြောတာထက် - ခင်ဗျားတို့ (ပြည်ပမီဒီယာ)က

တစ်ခွန်းပြောတာကပိုပြီးထိရောက်ပါတယ်-သဘောထားတွေ

စိတ်ထားတွေအမြင်မှန်ရလာအောင်၊ပြောင်းလဲလာအောင်လုပ်ပေးပါ"ဟု

အားကိုးသည့်လေသံဖြင့်ဗွီအိုအေ၏မေးခွန်းများကို

ဖြေဆိုရင်းတဆက်တည်းမေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပေလိမ့်မည်။ 


ပြည်ပသတင်းဌာနများကိုအားကိုးလာခြင်း၊အသုံးချရန်စိတ်ကူးလာခြင်း

တို့ သည်ယခင်စစ်အစိုးရသဘောထား၊နည်းပရိယယ်များနှင့်ပြောင်းပြန်ဖြစ်

သဖြင့်သဘောထားကောင်းလာသည်ဟုယူဆနိုင်မည်ဖြစ်သော်လည်း

"ရခိုင်တိုင်းရင်းသားတွေစိတ်ထားသဘောထားတွေအမြင်မှန်ရ

လာအောင်"ဆိုသည့်အချက်ကိုမူနားလည်ပေး၍မရနိုင်ပါ။

[စင်စစ်ရခိုင်ဘင်္ဂလီပဋိပက္ခပေါက်ကွဲထွက်မလာမီကပင်ဒေသတွင်းအခြေအနေ

ကိုသေသေချာချာမသိဘဲလူ့ အခွင့်အရေးနှင့်ကိုင်ပေါက်နေသောပြည်ပမီဒီယာ

ကိုတွင်ရခိုင်များသာမက၊မြန်မာတစ်နိုင်ငံလုံးကစိတ်ပျက်နေခဲ့ကြသည်။

ဥပမာ ဘီဘီစီ-အင်နာဂျုံးကိစ္စ)။ လက်တွေ့ တွင်ပြည်ပမီဒီယာ၏

သြဇာကိုပြည်တွင်းမီဒီယာကတဖြည်းဖြည်းဖယ်ရှားလာနေပြီဖြစ်သည်။]

ရခိုင်ပြည်ထဲသို့အလုံးအရင်းဖြင့်ဝင်ရောက်နေထိုင်သူဘင်္ဂလီတွေနှင့်

ပါတ်သက်၍ရခိုင်တွေဘက်ကဘာတွေများမှားနေခဲ့လို့ လဲမေးစရာဖြစ်နေသည်။အခြားနိုင်ငံများတွင်တရားမ၀င်ခိုးဝင်လာသူတွေကိုဒေသခံတွေကအနိုင်ကျင့်

တတ်ကြသည်မှာသဘာဝတရားကြီးဖြစ်နေသည်။ (ဥပမာထိုင်း၊ မလေးရှားနိုင်ငံ

များရောက်မြန်မာနိုင်ငံသားများဘ၀)။

ရခိုင်ပြည်နယ်တွင်မူဤသဘာဝနှင့်ပြောင်းပြန်ဖြစ်ကာဒေသခံတွေက

ဝင်လာနေသူတွေကိုကြောက်လန့် နေရသည်။ 

ရခိုင်တွေသည် သူတို့ နှင့်အတူယှဉ်တွဲရောနှောနေထိုင်ခဲ့ဘူးသည်။

သူတို့ ဆီကဈေးဝယ်စားသည်။သူတို့ ကိုငှားရမ်းခိုင်းစေခြင်း

အားဖြင့်အလုပ်အကိုင်ပေးသည်။ပြဿနာဖြစ်အောင်ရန်စလိုက်တာ

ရခိုင်တွေဘက်ကမဟုတ်။ယခုသတ်ကြ၊ သေကြတော့လည်း၊သူသတ်-ကိုယ်သတ်-

သူသေ-ကိုယ်လည်းသေ-တန်းတူရည်တူပဲဖြစ်သည်။တဘက်သတ်ကြီးမဟုတ်။

ယခုသမ္မတကြီးက ရခိုင်တွေအမြင်မှန်ရလာအောင်ဖြောင့်ဖျနားချပေးရန်ဗွီအိုအေ

သတင်းဌာနကိုမေတ္တာရပ်ခံနေသောအခါရခိုင်များသည်ရိုဟင်ဂျာအရေး

လိမ်ညာဝါဒဖြန်လှုံ့ ဆော်နေကြသလိုပြသနာ၏လက်သည် တရားခံဖြစ်နေကြသည့် သဘောသက်ရောက်နေသည်။

မည်သို့ ဖြစ်စေသမ္မတကြီးကပင်ဘင်္ဂလီပြဿနာကိုဒုက္ခသည်များအဖြစ်သတ်မှတ်မည်။

တခြားနိုင်ငံပို့ မည်ဟုသမ္မတကြီးကကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးအန်တိုနီယို

ဂူတားရက်စ် (Antonio Guterres) ကိုပြောလိုက်သောအခါရခိုင်ပြည်သူတွေသမ္မတကြီးကို

ချီးကျူးကြ၊ နေအိမ်များရှေ့ တွင်ပြည်ထောင်စုအလံတွေထူကြဖြင့်-တကယ်လုပ်ပြနိုင်တာ

မပြနိုင်တာထား၊သဘောထားပြတ်ပြတ်သားသားရှိသော သမ္မတကြီးအစိုးရကို ထောက်ခံကြလေသည်။

သို့ ရာတွင်သမ္မတကြီးအစိုးရသည်ပြဿနာပိုကြီးထွားကျယ်ပြန့် မလာအောင်ထိမ်းချုပ်နိုင် 

သည့်တိုင်အခြားရေရှည်ပြဿနာများကိုကားဆက်လက်၍ရင်ဆိုင်သွားရဦးမည်ဖြစ်သည်။

၎င်းတို့ မှာ - ပြည်ပကတောင်းဆိုနေသောသီးခြားလွပ်လပ်သောစုံစမ်းရေး

အဖွဲ့ ခွင့်ပြုပေးရေးကိစ္စ - ဒေသခံရခိုင်များကစီးပွားရေးအရမဆက်ဆံတော့သဖြင့်

ဘင်္ဂလီများအတွက်အစာရေစာလုံလောက်အောင်ရရှိရေးကိစ္စ-

အခြေခံပညာကင်းမဲ့နေသူများဖြစ်၍ပညာသင်ကြားပေးရမည့်ကိစ္စ -

မယားအများယူ၊အကန့် အသတ်မရှိခလေးမွေးနေသောလူအုပ်ကြီး၏

လူဦးရေတိုးနှုံးပေါက်ကွဲနေမှုအားလူ့ အခွင့်အရေးမထိခိုက်စေဘဲထိမ်းချုပ်ရမည့်ကိစ္စ -

ဗွီအိုအေကသီးခြားလွပ်လပ်သောစုံစမ်းရေးကော်မရှင်ကိစ္စကိုမေးမြန်းခဲ့သည်။

ပြည်ပ(ကုလသမဂ္ဂ၊အီးယူစသောခေါင်းစဉ်များအောက်မှာမူဆလင်နိုင်ငံတွေက

လူတွေပါလာမည့်)အဖွဲ့ မျိုးကိုဆိုလိုဟန်တူသည်။ယခုအခါအစိုးရကပြည်တွင်းမှ

ပုဂ္ဂိုလ် (၂၇) ဦးဖြင့်စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးလိုက်သည်။ ရလဒ်ကိုသုံးလအတွင်းတင်ပြကြမည်ဟူ၍သိရသည်။

သုံးလဟူသောအချိန်သည်ယခုကိစ္စအတွက်ရှည်လွန်းပါသည်။

ထို့ ပြင်မည်မျှသမာသမတ်ကျသောပုဂ္ဂိုလ်များဖြင့်ဖွဲ့ စည်းသည်ဖြစ်စေ စုံစမ်းရေးကော်မရှင်သည်"ပြည်တွင်းဖြစ်" ဖြစ်နေသည်။


ဤကော်မရှင်ဖွဲ့ ပေးရေးကိုတောင်းဆိုသည်မှာပြည်ပကဖြစ်သည်။ပြည်တွင်းကမဟုတ်။

ပြည်တွင်းကလူတွေကပြဿနာ၏ရင်းမြစ်ကိုသိပြီးသားဖြစ်သည်။

တောင်းဆိုချက်ကိုလိုက်လျှောသောဘက်(အစိုးရ)၏ရည်ရွယ်ချက်မှာ

အစိုးရအပေါ်'သံသယမရှိအောင်'ဖွဲ့ ပေးခြင်းဖြစ်သည်။ထို့ ကြောင့်အဖြစ်မှန် အချက်အလက်မှန်များကိုဖေါ်ထုတ်ရန်သည်ဒုတိယကိစ္စသာဖြစ်သည်။အမှန်တရား 

ထက်မကျေမနပ်ဖြစ်နေသူများကျေနပ်အောင်လုပ်ဘို့ ကအဓိကဖြစ်သည်။

သံသယရှိနေသမျှဘယ်လောက်ကောင်းအောင်လုပ်ပြစေကာမူကျေနပ်ကြလိမ့်မည်မဟုတ်။

ယခုထိုင်းနှင့်ဂျပန်အခြေစိုက် "ရိုဟင်ဂျာ"အရေးလုပ်နေသူတွေကမြန်မာအစိုးရ

ခန့် ပြည်တွင်းဖြစ်စုံစမ်းရေးကော်မရှင်ကို discredit လုပ်ရန်အဓိကရထိုင်းတက္ကသိုလ်

တစ်ခုကိုအသုံးချ၍နိုင်ငံတကာဆွေးနွေးပွဲတစ်ခုလုပ်မည်ဟုသိရသည်။

ထိုင်းအခြေစိုက်နိုင်ငံတကာမီဒီယာကိုပါအသုံးချ၍လူသားများအရေး 

(humanitarian aspects) ကိုအသားပေးကာထိုးနှက်လာပေတော့မည်။

ကျိမ်းသေတားဆီး၍မရဖြစ်မည့်အချက်မှာပြဿနာသည်ပြီးဆုံးဘို့ အဝေးကြီးလိုသေးကြောင်း

ဖြင့်- အခုမှအစဖြစ်ကြောင်းဖြင့်လူသိများလာအောင် publicity လုပ်မည့်အချက်ဖြစ်သည်။

ကမ္ဘောဒီးယားကအလှည့်ကျဥက္ကဌအဖြစ်ဆောင်ရွက်နေသော ASEAN အဖွဲ့ က "ရိုဟင်ဂျာ"ကိစ္စဆွေးနွေးရန်ခေါင်းစဉ်တင်သည်ကိုမြန်မာကပြည်တွင်းရေး 

အကြောင်းပြချက်ဖြင့်ပယ်ချခဲ့သည်ဟုသိရသည်။ စင်စစ်အိုအိုင်စီ (OIC)၏ ကိုယ်စားလှယ်အဖြစ်တူရကီကလာကြည့်တာ၊ နောက်ထပ်လည်းအင်ဒိုနီးရှား

ဒုသမ္မတဟောင်း)ကြက်ခြေနီဥက္ကဌလာကြည့်မှာတွေကိုပင်ခွင့်ပြုနိုင်လျှင်

ASEAN initiative ကိုလက်မခံနိုင်စရာမရှိ။ 

မိမိတို့ ကစတင်ဖိတ်ခေါ်မှုပြုလျှင်ပြည်တွင်းရေးဝင်မစွက်ရေးမူကိုမထိခိုက်နိုင်။

နှစ်ဘက်ပဋိပက္ခ၏နောက်ပိုင်းကာလတွင်စခန်းရောက်ဘင်္ဂလီငါးသောင်းကျော်အား

စားနပ်ရိက္ခာထောက်ပံ့ထားရေးနှင့်ကျမ္မာရေးစောင့်ရှောက်မှုတာဝန်များသည်

အစိုးရ၏ခေါင်းပေါ်ကျနေသည်။အကယ်၍စုံစမ်းရေးကော်မရှင်ကိစ္စအဖုအထစ်ဖြစ်နေလျှင်

ထိုဘင်္ဂလီဒုက္ခသည်များအားကာလအကန့် အသတ်မရှိစားနပ်ရိက္ခာထောက်ပံ့ရေး

ဆေးဝါးနှင့်ကျမ္မာရေးများအတွက်ပြည်ပမှထောက်ပံ့ရေးအကူအညီများရရှိရေးကိစ္စ

အပေါ်သက်ရောက်မှုများရှိလာနိုင်သည်။

စားနပ်ရိက္ခာနှင့်ကျမ္မာရေးသည်လူသားချင်းစာနာရေးဖြစ်နေသဖြင့်ချက်ချင်းကူညီရမည်သာ။

သို့ သော်သမ္မတကြီးအလေးထား၍ပြောသွားသည်များအနက်သူတို့ အား

ပညာသင်ပေးရေးကိစ္စလည်းပါဝင်နေသည်။

ပညာသင်ကြားရေးသည်နိုင်ငံသားများရပိုင်ခွင့်များ၏တစ်ခုဖြစ်နေသည်။

သူတို့ ကိုဤအခွင့်အရေးမပေးသင့်ဟုမပြောလို။သို့ သော်ပေးမည်ဆိုလျှင်

သူတို့ ၏အဆင့်အတန်း(status)ဘာဖြစ်သည်ဆိုတာကို

တိတိကျကျကမ္ဘာသိ အလျင်သတ်မှတ်သင့်သည်။

ဤသို့ မသတ်မှတ်သေးဘဲအဆင့်ကျော်၍မဆိုနိုင်ငံသားများသာရနိုင်သည့်ပညာရေး

ဝန်ဆောင်မှုများကိုမြန်မာအစိုးရကသူတို့ အားပေးခဲ့လျှင်နောင်တစ်ချိန်တွင်ဤအချက်ကို

ထောက်၍ဒီလူတွေဟာဒီနိုင်ငံသားတွေဖြစ်နေလို့ နိုင်ငံသား အခွင့်အရေးတွေပေးခဲ့တာပေါ့ဟုထောက်ပြလာနိုင်သည်။

ထို့ ကြောင့်သူတို့ ကိုပညာသင်ရေးမစမီသူတို့ တစ်ဦးချင်းစီ၏အဆင့်အတန်း (status)

သည်ဘာလဲ၊ တရားမ၀င်ရောက်လာသူလား (illegal migrant) နိုင်ငံသားလောင်း

(potential citizens)တွေလားကွဲကွဲပြားပြားအလျင်သတ်မှတ်ရှိထားသင့်ပါသည်။ တရားမ၀င်ခိုးဝင်လာကြောင်းထင်ရှားသူများကိုဘယ်လောက်ကြာကြာ

နေပြီးဖြစ်ပါစေပညာသင်ပေးစရာမလိုImmigration Detention Camps

သို့ ပို့ မြန်မာနိုင်ငံ၏ဥပဒေအတိုင်းပြတ်ပြတ်သားသားဆက်လက်ဆောင်ရွက်သွားရန်သာရှိသည်။ 

ထို့ ကြောင့်ပညာသင်ကြားမှုမစတင်ခင်လူအရင်စစ်ထုတ်ပစ်ရေးလုပ်ရပါမည်။

နိုင်ငံသားအဖြစ်လက်ခံနိုင်မည့်သူများကိုရခိုင်မှသည်ပြည်ထောင်စု၏ဒေသအသီးသီး

သို့ ရွှေ့ပြောင်းပေးခြင်းဖြင့်လူစုခွဲသင့်သည်။သို့မှသာ လက်တွေ့ ပညာသင်ပေးဘို့ 

လွယ်ကူလိမ့်မည်။ နိုင်ငံတကာလုပ်ထုံးလုပ်နည်းအတိုင်းလည်းဖြစ်ပါသည်။ အမေရိကန်၊

ကနေဒါ၊ သြစတျေးလျစသောmajor accepting countriesများတွင်ဝင်ခွင့်ရသူများကို

တိုင်းပြည်၏နေရာအနှံ့ အပြားတွင်ဖြန့် ၍ နေရာချထားသည်။ တနေရာတည်းစုမထား။

ဤသို့ နေရာချ ထားပေးပြီးမှ English as a Second Language (ESL)ကိုသင်ကြားပေးသည်။


ထို့ ကြောင့်စားနပ်ရိက္ခာနှင့်ဆေးဝါးကျမ္မာရေးကိစ္စများအတွက်ပြောစရာမရှိသော်လည်း ပညာသင်ကြားရေးကိစ္စကိုရှုဒေါင့်စုံမှအသေအချာတွက်ချက်ပြီးမှ စီစဉ်သင့်ပါသည်။


ဤသို့ မဟုတ်ဘဲ သူတို့ အားလုံးကိုသိုးနှင့်ဆိပ်မခွဲခြားဘဲပညာသင်ကြားရေးစတင်မည်ဆိုပါက

လက်တွေ့ သဘောအရနိုင်ငံသား (de facto citizenship)အဖြစ်သတ်မှတ်ထားရာ

ရောက်သွားနိုင်သည်ဟုသြစတျေးလျအခြေစိုက်မြန်မာပညာရှင်တစ်ဦးကထင်မြင်ချက်ပေးသည်။

ဘာဘဲဖြစ်ဖြစ်ဒီလူတွေပညာသင်ခွင့်ဆုံးဆုံးရှုံးနေလို့ ဒီလောက်စရိုက်ကြမ်း

တမ်းနေတာ၊ဒေသခံများကိုအန္တရယ်ပြုနေတာဖြစ်သည်။ထို့ ကြောင့်သူတို့  ကိုအခြေခံပညာတော့သင်ပေးသင့်သည်ဟုယူဆလျှင်လည်း

လူရှစ်သိန်းအနက်ဘယ်သူတွေကိုရွေးချယ်သင်ပေးမလဲ၊

ဘာပညာတွေသင်ပေးမလဲဆိုသည့်မေးခွန်းတွေဆက်၍ပေါ်ထွက်လာလိမ့်ဦးမည်။

သမ္မတကြီးကြေငြာထားပြီးသားအချက်ဖြစ်သည့် ၁၉၄၈ ခုနှစ်မတိုင်မီကရောက်နှင့်နေ သူများ၏မြေးမျိုးဆက်ကိုလက်ခံမည်ဆိုသည့်အချက်အရလူအနည်းဆုံး ၂သိန်းလောက် 

ကိုမြန်မာဘာသာပြော-ဖတ်-ရေး(အသုံးလုံး)တတ်မြောက်စေရန်ပင်အနည်းဆုံးတနှစ်

အချိန်ပြည့်အားသွန် ခွန်စိုက်(intensive education) သင်ပေး/သင်ယူကြမှဖြစ်မည်။

ထို့ ကြောင့်ဒေါ်လာတွေသန်းချီ၍ ကုန်မည့် ဤအစီအစဉ်ကိုကုလသမဂ္ဂ (UNESCO ?) လိုနေရာမှအကူအညီမပါပဲကိုယ့်အင်အားဖြင့်ကိုယ်လုပ်နိုင်ပါ့မလား-စဉ်းစားရပေမည်။ 

တတ်နိုင်၍အကုန်အကျခံလျှင်ကောနိုင်ငံသားများအတွက်ဖြစ်ရမည့်ဘဏ္ဍာများထဲမှ ဖဲ့ပေးရာကျမနေပေဘူးလားမေးရမည်ဖြစ်သည်။

ကျောင်းနေရမည့်အရွယ်များ(၅ နှစ်မှအထက်)ကိုမူလတန်းပညာရေးသင်ပေး

၍ဖြစ်နိုင်သည်။ဒါတောင်ရခိုင်ကျောင်းတွေကိုသူတို ကသွားတက်မှာမဟုတ်သလို ရခိုင်တွေကလည်းလက်ခံချင်မှာမဟုတ်။

နောက်ထပ်လက်တွေ့ ပြဿနာများရှိသေးသည်။သူတို့ကိုအနှစ်နှစ်အလလ

စာသင်ပေးခဲ့သူကျောင်းဆရာကိုပင်သတ်ဖြတ်ခဲ့သူများကိုဘယ်ရခိုင်ဘယ်ဗမာက

နောက်ထပ်သူတို့ အကြားသွား၍စာသင်ချင်မည်နည်း။

ဒုတိယလက်တွေ့ ပြဿနာမှာမိန်းခလေးများကိုစာသင်ရေးဖြစ်သည်။

ခေတ်နောက်ကျမူဆလင်များသည်အမျိုးသမီးများပညာသင်ခြင်းကိုအပြင်းအထန်

ဆန့် ကျင်ကြသည်။ အာဖဂန်နစ္စတန်တွင်မိန်းခလေးစာသင်ကျောင်းများကို

ရက်ရက်စက်စက်ဖေါက်ခွဲ၊ပစ်ခတ်တိုက်ခိုက်နေတာမျက်မြင်ဖြစ်သည်။ ဤကျောင်းများသည်အမျိုးဘာသာတူအမျိုးသမီးဆရာမများကသင်ပေးသော

မိန်းခလေးသီးသန့် ကျောင်းများဖြစ်သည်။ရခိုင်တွင်ဘင်္ဂလီခေါ်တောများ၏

ဇနီးများ၊နှစ်မများ၊သမီးများကိုလူမျိုးဘာသာမတူသူအမျိုးသားများကမြန်မာဘာသာစာ

သင်ပေးရေးသည်မြွေတွင်းထဲလက်နှိုက်ရတာလောက်အန္တရယ်ကြီးပေလိမ့်မည်။

ထို့ ကြောင့်သူတို့ ကိုပညာသင်ပေးမှဖြစ်မည်ဆိုလျှင်ပြည်တွင်းနေမြန်မာမူဆလင်ကွန်မြူနီတီ

ကိုအကူအညီတောင်းသင့်သည်။

အကယ်၍ဤအလုပ်ကိုအစိုးရကကိုယ်တိုင်မလုပ်၊ပြည်တွင်းမြန်မာမူဆလင်ကွန်မြူနီတီကိုလည်း

မသုံးချင်၍INGO များထံလွှဲပေးမည်ဆိုလျှင်၎င်းတို့ ကမြန်မာနိုင်ငံ၏အမျိုးသားအကျိုးစီးပွား

(national interest)နှင့်ဆန့် ကျင်မည့်သင်ကြားမှုမျိုးများမလုပ်ကြဟုမပြောနိုင်ပါ။


နောက်ဆုံးဆွေးနွေးစရာအချက်မှာဘင်္ဂလီလူဦးရေအဆမတန်တိုးနေတာကို

ထိမ်းချုပ်ရေးဖြစ်သည်။ဘင်္ဂလီများအတွင်းလူဦးရေပေါက်ကွဲမှုကိုသမတကြီးက

ထုတ်ဖေါ်ပြောဆိုသွားသော်လည်းမည်သို့ ဖြေရှင်းမည်ကိုပြောမသွားပါ။

မေးသူကမမေးလို့ လည်းဖြစ်နိုင်ပါသည်။

ဘင်္ဂလီတို့၏လူဦးရေတိုးနှုန်းသည်တနိုင်ငံလုံး၏လူဦးရေတိုးနှုန်းထက်မကျော်လွန်သင့်ပါ။

(တနိုင်ငံလုံးပျှမ်းမျှ တိုးနှုန်းသည် ၂.၂ % ဟုထင် ပါသည်)။ ထို့ ကြောင့်လူဦးရေများသော

မိသားစုများတွင်ကာယကံရှင်များကမိမိတို့ အသိဖြင့်မကန့် သတ်လျှင်

အစိုးရကဖြစ်သည့်နည်းဖြင့်ကန့် သတ်ပေးဘို့ ဖြစ်သည်။ (Eugenic/ forced neutering)


ဘင်္ဂလီများမြန်မာနိုင်ငံထဲစိမ့်ဝင်လာခြင်းသည်တစ်ဘက်နိုင်ငံမှလူဦးရေ ပေါက်ကွဲမှု၏ အကျိုးဆက်ဖြစ်ရာမြန်မာနိုင်ငံထည်းတွင်ဆက်လက်ပေါက်ကွဲမှုအဖြစ်မခံနိုင်ပါ။ 

အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်မှု (national security threat) ဆိုနေသည်မှာ ဤအချက်ကိုဆိုလိုပါသည်။ ဤသို့ ကိုင်တွယ်ရာ၌လူ့ အခွင့်အရေးစံတစ်ခုခုနှင့် ငြိ

ဖွယ်ရှိကောင်းရှိမည်။ အတတ်နိုင်ဆုံးတော့ကြိုးစား၍လိုက်နာသင့်ပါသည်။

သို့သော် မလွှဲမရှောင်သာသောအခြေအနေတွင်အမျိုးသားအကျိုးစီးပွားကို

ဦးစားပေးရလိမ့်မည်။သူတော်စင်များအဖို့ သီလစင်ကြယ်ဖို့ကအဓိကဖြစ်ချင်ဖြစ်မည်၊

နိုင်ငံကိုခေါင်းဆောင်နေသူများကတော့မိမိတို့ တာဝန်ကြေပွန်ရမည်။ 

(Saints can be pure but statesmen must be responsible.)

ရခိုင်အရေးသည်မြန်မာအစိုးရသစ်၏နိုင်ငံရေးခွန်အား (political strength) ကိုပြည်တွင်းပြည်ပမျက်နှာစာနှစ်ခုစလုံးမှာစာမေးပွဲစစ်လိုသလိုဖြစ်ခဲ့သည်။ 

ဦးသိန်းစိန်အစိုးရခေါင်းဆောင်သောဒီမိုကရေစီမြန်မာနိုင်ငံတော်သစ်သည် ပထမကမ္ဘာစစ်အပြီးစစ်ရှုံးဂျာမဏီတွင်ပေါ်ပေါက်ခဲ့သောဝေမာသမတနိုင်ငံ

(Weimer Republic, 1919-1933) ရင်ဆိုင်ခဲ့ရသောအခြေအနေမျိုးနှင့်ဆင် ဆင်တူသောအနေအထားမျိုးနှင့်ရင်ဆိုင်နေရသည်ဟုဆိုချင်ပါသည်။

ဂျာမန်ဝေမာသမ္မတနိုင်ငံ၏ခေါင်းဆောင်များသည်အရည်အချင်း

အထိုက်အလျှောက်ရှိကြသူများဖြစ်ကြသည်။တိုင်းပြည်အပေါ်စေတနာမှန်၍

ဂျာမန်ပြည်သူများ၏ အခွင့်အရေးများကိုအစွမ်းကုန်အကောင်

အထည်ဖေါ်ပေးရန်စိတ်ပိုင်းဖြတ်မှု (commitment) ရှိခဲ့ကြသည်။

သို့သော်စစ်ရှုံးဂျာမဏီ၏နိုင်ငံတကာသို့ ပြုရမည်ဝတ္တရားများ(international obligations) များကမချိမဆန့် ကြီးမားခဲ့သည်။ အထူးသဖြင့်ဗာဆိုင်းစာချုပ်ရေစစ်နိုင်သူများသို့ေ
ပးဆပ်ရ မည်စစ်လျှော်ကြေးများကအလွန်တရာလေးလံလှပြီးပြည်တွင်းတွင်လည်း ၀ဲ-ယာအစွန်းရောက်နိုင်ငံရေး အင်အားစုများကလည်း 

မဖြစ်နိုင်သောတောင်းဆိုချက်များကြွေးကျော်သံများဖြင့်အစိုးရကိုဘေး ကြပ်နံကြပ်ဖြစ်အောင်လုပ်ခဲ့ကြသည်။ ရလာဒ်မှာအပြောအဟောကောင်းသောအစွန်းရောက် 

အမျိုးသားရေးဝါဒီဟစ်တလာနောက်သို့ လူထုကစုပြုံလိုက်သွားကြခြင်းဖြစ်သည်။ 

စစ်အာဏာရှင်နောက်ခံရှိနေသောမြန်မာအုပ်စိုးသူများ၏နိုင်ငံတကာသို့ တင်ရှိနေသော ၀တ္တရားမှာဝေမာသမတနိုင်ငံလိုနိုင်ငံခြားကြွေးမြီများတော့မဟုတ်။ မိမိ၏အတိတ် 

အာဏာ

ရှင်စနစ်အရိပ်မည်းကြီးကြောင့် အလွန်မယုံသင်္ကာဖြစ်နေသောနိုင်ငံတကာမိသားစုကြီးက

ယုံကြည်လာအောင်လူ့ အခွင့်အရေးများကိုအထူးပိုပိုသာသာလေးစားလိုက်နာပြရခြင်းဖြစ်သည်။

ရခိုင်ဘင်္ဂလီပဋိပက္ခတွင်နိုင်ငံတကာ၏ယုံကြည်မှုရအောင်တန်ဘိုးပေးခဲ့ရသည်များရှိသည်ဟု

ဤသုံးသပ်ချက်ပြုသူကယုံကြည်ပါသည်။သို့ သော်ဤပေးဆပ်မှုကြောင့်ပင်

ဤပြဿနာတွင်လူမျိုးသန့် စင်ရေး (ethnic cleansing) မပါရှိပါဟူသောဝါရှင်တန်၏

ထောက်ခံချက်ကိုရနိုင်ခဲ့ခြင်းဖြစ်သည်။ Jihad ဖြင့်ချိမ်းချောက်မှုလည်း (လောလောဆယ်တော့)ဆက်လက်၍အသံမမြည်ဘဲရပ်သွားစေသည်။

ထို့ ကြောင့် So far, so good ဟုမှတ်ချက်ပြု ခြင်းဖြစ်ပါသည်။ 

သို့ ရာတွင်အာဏာရှင်စနစ်ကြီးကြောင့်အမျိုးသားညီညွတ်ရေးမပြိုကွဲယုံတမယ်ယိုယွင်းနေပြီး 

လက်နက်ကိုင်အင်အားစုများသည်ကိုယ့်နယ်နှင့်ကိုယ်ဗဟိုအစိုးရနှင့်စင်ပြိုင်ရှိနေကြတုံးဖြစ်သည်။

နှစ်ရှည်စီးပွားရေးပိတ်ဆို့မှုဒဏ်ခံခဲ့ရသောကြောင့်လည်းတိုင်းပြည်လူထုသည်မွဲပြာကျနေသည်။ တဘက်တွင်မြေမရှိသောဘင်္ဂလီများကမြန်မာပြည်ထည်းစိမ့်ဝင်နေသကဲ့သို့ 

အခြားတဘက် တွင်အလုပ်လက်မဲ့မြန်မာနိုင်ငံသားများကတိုင်းပြည်ကိုစွန့် ခွာ၍အလုပ်အကိုင်ရှိရာများသို့ ထွက် ခွာသွားနေကြသည်။ 

သမ္မတကြီးဦးသိန်းစိန်အစိုးရသည်ဤကျဆင်းလာနေသောနိုင်ငံတော်

(Failing state) ကို အချိန်မှီရုံလေးလွှဲပြောင်းယူရခြင်းဖြစ်သည်။ ဤချိနဲ့ မှုသည်လျှို့ ဝှက်ချက် မဟုတ်ပဲလူတိုင်းမြင်နိုင်သဖြင့် 

"ရိုဟင်ဂျာသမ္မတနိုင်ငံ"ထူထောင်လိုသူများကအခွင့်ကောင်းယူ တာဖြစ်သည်။ ထို့ ကြောင့်ကျောက်နီမော်ကိစ္စပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေ တနည်းနည်းဖြင့်

လုပ်ကြံလာလိမ့်မည်ဟုရခိုင်အရေးတွင်'အကြောင်းသိသူ'တိုင်းကပြောခဲ့ကြသည်။

ထို့ ကြောင့်ဗွီအိုအေနှင့်အင်တာဗျူးတွင်သမ္မတကြီးက "အခုလိုဒီမိုကရေစီပန်း တိုင်ကိုချီတက်နေတဲ့ခရီးမှာ"မမျှော်လင့်ဘဲ"ကြုံတွေ့ လာတဲ့အခက်အခဲတစ်ခု" 

ဟုသရုပ်ဖေါ်ပြောဆိုခြင်းသည်နားထောင်ရသူတွေစိတ်အေးအောင်တမင်လျှော့

ပေါ့၍ပြောခဲ့သည်ဟုသာဆိုချင်ပါသည်။ 

ထို့ ကြောင့် ဤ "ရိုဟင်ဂျာပြဿနာ" ကို အချိနှ်မှီအပြီးသပ်မဖြေရှင်းနိုင်လျှင် တစ်ချိန်ချိန်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိပ်တိုက်တွေ့ ရဘို့ ဖြစ်လာနိုင်သည်။ 

အဘယ့်ကြောင့်ဆိုသော်ရိုဟင်ဂျာဆိုသည်မှာဘင်္ဂလီတွေဘဲဆိုတာသက်သေ

ပြစရာမလိုအောင်ရှင်းနေသောကြောင့်ဖြစ်သည်။ သို့သော် သူ့တိုင်းပြည်က လူသုံးသိန်းကိုမြန်မာနိုင်ငံကလူတွေအဖြစ်လက်ခံဘို့ တောင်းဆိုနေသည်။ 

ထိုလူတွေကိုအစာရေစာပြတ်စေလျှက်မြန်မာပြည်ထဲပြန်သွားအောင်ဖိအားပေးနေသည်။

ဘင်္ဂလီများသည်မြန်မာနိုင်ငံထဲသို့သာမက အိန္ဒိယ(အာသံပြည်နယ်)ထဲသို့လည်း

စိမ့်ဝင်နေသည်။ အိန္ဒိယသည်အင်အားကြီးနိုင်ငံဖြစ်သဖြင့်သူကြိုက်သည့်နည်းဖြင့်အရေးယူနေနိုင် (

(Intruders are shot dead) သော်လည်း မြန်မာကအိန္ဒိယကိုတုပနိုင်သည့်အခြေအနေမရှိပေ။

မကြာသေးမီကပင်ဘင်္ဂလားဒေ့ရှ်အစိုးရအသိုင်းအ၀ိုင်း၌မြန်မာနှင့်ရေပြင်ပိုင် နက်အငြင်းပွားမှု၌အပြည်ပြည်ဆိုင်ရာခုံရုံးဆုံးဖြတ်ချက်သည်သူတို့ဘက်ကို

အသာစီးပေးသည်ဟု ယူဆကာဒါကာတွင်အောင်ပွဲခံ အခမ်းအနားကလေးတစ်ခုကျင်းပခဲ့သည်။ 

သူ့နိုင်ငံတွင်းရှိ ရိုဟင်ဂျာအမည်ခံသုံးသိန်းကိုမြန်မာကလက်ခံပေးရန်တောင်းဆိုထားခြင်း ကိုကြည့်လျှင်မြန်မာနှင့်ဆက်ဆံရာတွင်ပြော့ပြောင်းလိမ့်မည်ဟုမမျှော်လင့်နိုင်။ 

အကယ်၍မြန်မာနှင့်ဆက်ဆံရေးသိသိသာသာတင်းမာလာလျှင် မူဆလင်ကမ္ဘာက

ဘင်္ဂလားဒေ့ရှ်ဘက်ကအခိုင်အမာရပ်တည်ကူညီကြလိမ့်မည်ကိုသံသယရှိစရာမလို။

ထို့ ကြောင့် "ရိုဟင်ဂျာ" အရေးသည်အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်မှုဟုဆိုရခြင်းဖြစ်သည်။ အမျိုးသားလုံခြုံရေးကိုြ

ခိမ်းခြောက်နေသောကိစ္စတစ်ခုသည်ပြည်တွင်းရေးသက်သက်မဟုတ်ပေ။

သမ္မတကြီးပြောနေသောကမ္ဘာ့ရွာကြီးခေတ်တွင်နိုင်ငံတိုင်းသည်လူဝင်မှုပြဿနာ၊

မူးယစ်ဆေးဝါးပြဿနာ၊ AIDS ပြဿနာ၊အကြမ်းဖက်ဝါဒနှင့်ဆိုက်ဘာရာဇ၀တ်မှု 

(Illegal migration, narcotics, AIDS, terrorism, Cybercrime) စသည့်ပြဿနာများကိုပြည်တွင်းရေးဟုသတ်မှတ်ကာနိုင်ငံတကာနှင့်-

အထူးသဖြင့်အိမ်နီးနားချင်းနိုင်ငံများနှင့်-ပူးပေါင်းဆောင်ရွက်ရန်မငြင်းဆန်ကြတော့ပေ။

ပြောင်းပြန်အားဖြင့်ပူးပေါင်းဆောင်ရွက်မှုရရန်ကိုပင်တောင်းဆိုနေကြပြီဖြစ်သည်။

အကယ်၍သမ္မတကြီးအစိုးရသတ်မှတ်သလို "ရိုဟင်ဂျာ" အရေးသည်ပြည် တွင်းရေးကိစ္စ သက်သက်ဖြစ်လျှင်ယခုသူတို့ ကိုယ်သူတို့  "ရိုဟင်ဂျာ"အမည်တပ်နေသူများအား 

တိုင်းရင်းသားများဖြစ်သည်ဟုသွယ်ဝိုက်၍အတည်ပြုပေးနေသလိုဖြစ်နေလိမ့်မည်။

သမတကြီးကသူတို့ ကိုဘင်္ဂလီများ (ဘင်္ဂလားဒေ့ရှ်မှလာသောနိုင်ငံခြားသားများ)ဟုခေါ်နေပြီး

သူတို့ဖန်တီးသောပြဿနာကိုတော့ "ပြည်တွင်းရေး"ဟုသတ်မှတ်နေလျှင်

ရှေ့နောက်ညီညွတ်မှုရှိမည်မဟုတ်ပါ။ (inconsistent)


အခြားတဘက်တွင်လည်းပြည်တွင်းရေးဖြစ်သည်ဟုသတ်မှတ်ထားသည့်ကိစ္စတစ်ခုကို

အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဟုထပ်၍ခေါင်းစဉ်တပ်ရခက်ပေလိမ့်မည်။

အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခြင်းမဟုတ်သော(ဟုတ်/မဟုတ်မသေချာသော) ကိစ္စတစ်ခုအားဖြင့်နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်သောေ

ထာက်ခံမှုရနိုင်ရန်ခက်ခဲနေလိမ့်မည်။ 

အထူးသဖြင့်မြန်မာမူဆလင်များ၏သစ္စာရှိ၍လှိုက်လှဲသောထောက်ခံမှု

(sincere and resolute support) ကိုရယူရန်ခက်ပေလိမ့်မည်။

ထို့ ကြောင့်ဤပြဿနာတွင်ပြည်တွင်းရေးဖြစ်သည်ဟူသောရပ်တည်ချက်သည်

မိမိကိုယ်ကိုမိမိပြန်ချေမှုန်းသောရပ်တည်ချက် (a self-defeating attitude) ဖြစ်နေသည်။

ပြောရလျှင်ကမ္ဘာရွာကြီးခေတ်မှာပြည်တွင်းရေးဆင်ခြေသည်နေရာအတော်များများတွင်

အကျိုးထက်အပြစ်ကပိုများကာသုံးမ၀င်တော့သလောက်နီးနီး (almost irrelevant) ဖြစ်နေပြီ။

ထို့ ကြောင့်၎င်းအစားကိုယ့်စီရင်ပိုင်ခွင့် (our jurisdiction)ဆိုတာလောက်ပဲပြောလာကြသည်။ 

မြန်မာနိုင်ငံအဖို့ လည်း၁၉၈၉ ခုနှစ်ကစတင်၍ပြောင်းလဲချမှတ်ခဲ့သော open doorပေါ်လစီကို

စီးပွားရေးမျက်နှာစာတစ်ခုတည်းအတွက်ကန့်သတ်ထား၍မရနိုင်ပါ။


မြန်မာနိုင်ငံသည်လွန်ခဲ့သောနှစ်ပေါင်း ၅၀ (၁၉၆၂- ၂၀၁၂) အတွင်းပထမ ၂၆ နှစ်သည် မိမိဖာသာအထီးကျန်လမ်းကြောင်း (self-isolation) လျှောက် လှမ်းခဲ့၍နောက် ၂၄ နှ
စ်မှာ အနောက်တိုင်းဆန်ရှင်ပိတ်ဆို့ ရေးအောက်မှာနေခဲ့ရကာအားကိုးရလောက်သည့်အင်အားကြီးနိုင်ငံ

တစ်ခုခုနှင့်မဟာမိတ်ပြုထားသောလုံခြုံရေးစာချုပ်(Security Pact) တစ်ခုခုမရှိခဲ့

လွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးဝါဒကိုကျင့်သုံးနေသည်ဟူသောအမျိုးသားရေးမာန

(national pride) ကလည်းဤ အထီးကျန်ဖြစ်မှုကို ဖုံးကွယ်ပေးထားခဲ့သည်။

သို့ သော်ထိုကာလများအတွင်းနိုင်ငံတကာမီဒီယာကမြန်မာနိုင်ငံကို

(Pariah state) ဟုသာအမှန်အတိုင်းသာခေါ်ဝေါ်ခဲ့သည်။

၁၉၈၉ ခုနှစ်နောက်ပိုင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံက အရေးပေါ်မိတ်ဆွေ

(A friend in need) အဖြစ်ရပ်တည်ပေးခဲ့သော်လည်းအခမဲ့မဟုတ်ဘဲ တန်ဘိုးပေးရသည်များရှိသည်မှာအားလုံးအသိဖြစ်သည်။ 

တရုပ်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုများကိုလက်ခံထားသောကြောင့်

အထူးသဖြင့်ကျောက်ဖြူဆိပ်ကမ်းနှင့်ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် - တရုတ်ကမြန်မာနိုင်ငံကိုအထိုက်အလျှောက်(ကုလလုံခြုံရေးကောင်စီတွင်)

ဖေးမမည်ဟုမျှော်လင့်နိုင်သော်လည်းတိတိကျကျပြောကြပြီဆိုလျှင် တရုတ်သည်မြန်မာ၏လုံခြုံရေးကိုအမေရိကန်ကထိုင်း၊ တောင်ကိုးရီးယားနှင့်

ဂျပန်တို့ကိုအာမခံသလိုအာမခံသူ (security guarantor) မဟုတ်ပေ။ 

ထို့ပြင်မြစ်ဆုံဆည်ကိစ္စသည်မြန်မာကတရုတ်ကိုနားရွက်တံတွေးဆွတ်လိုက်သလိုဖြစ်ခဲ့သည်။ 

(ဤကိစ္စကြောင့်အာဏာရပါတီအတွင်းတင်းမာသူအုပ်စုလှုပ်လှုပ်ရွရွဖြစ်သွားသေးသည်။)

ထိုကာလများအတွင်းမြန်မာ-တရုတ်ဆက်ဆံရေးသည်စီးပွားရေးဆက်ဆံမှုက အဓိကဖြစ်သော်လည်းမြန်မာနှင့် ASEAN နိုင်ငံများဆက်ဆံရေးသည်

ဘက်ပေါင်းစုံဖြစ်သည်သာမက ရွယ်တူနိုင်ငံတွေချင်းဖြစ်သဖြင့်ပို၍ရင်းနှီးကြသည်။ 

အထီးကျန် ၂၄ နှစ်တာကာလတလျှောက် ASEAN ကအနောက်ဒီမိုကရေစီမီဒီယာများ ၏လှောင်ပြောင်မှုကိုခံလျှက်မြန်မာနှင့် Constructive engagement policy 

ကျင့်သုံးပေးခဲ့သဖြင့်မြန်မာအဖို့ အသက်ရှုပေါက်ရခဲ့ခြင်းဖြစ်ရာကျေးဇူးရှိသည်

ဟုပင်ပြောနိုင်သည်။ ASEAN ခေါင်းဆောင်များအနက်ဆူရင်ပစ်ဆူဝမ်(Surin Pitsuwan) သည်မြန်မာနိုင်ငံအပေါ်အထူးစေတနာထားသူတစ်ဦးဖြစ်သည်။

ASEAN အုပ်စုတွင်လူဦးရေသန်း ၅၀၀ ရှိသည့်အနက်မူဆလင်ကတ၀က်ကျော်သဖြင့်

မြန်မာပြည်တွင် "ရိုဟင်ဂျာ" ဆိုတာကိုအကြောင်းပြု၍ဘာသာရေးပဋိက္ခဖြစ်မှာ

မလိုလားချေ။ မြန်မာနိုင်ငံတွင်ဤကဲ့သို့သောပေါက်ကွဲမှုတစ်ခုဖြစ်လာ၍သက်တမ်းကြာ

သွားလျှင်အလားတူပဋိပက္ခမျိုးရှိပြီးသား ထိုင်းနိုင်ငံအပြင်မလေးရှား၊ အင်ဒိုနီးရှားတို့အထိ

ကူးစက်ကျယ်ပြန့်လာကာအဖွဲ့ ၏စည်းလုံးညီညွတ်ရေးကိုထိခိုက်မှာကိုစိုးရိမ်ဟန်ရှိသည်။

ထို့ ကြောင့်"ရိုဟင်ဂျာ"ဟူသောခေါင်းစဉ်ဖြင့်ဆွေးနွေးမည်ကိုကန့် ကွက်လိုကကန့် 

ကွက်နိုင်သော်လည်းပြည်တွင်းရေးဖြစ်သည် (ASEAN ပဋိဥာဉ်ကိုချိုးဖေါက်ရာကျသည်) ဟူသောငြင်းပယ်မှုသည်တွေးခေါ်ပုံလွဲနေသည်(wrong-headed) ဟုထင်ပါသည်။

သေချာသည်မှာဘင်္ဂလီများစိမ့်ဝင်လာခြင်းလူဝင်မှုပြဿနာ (immigration issue) သည်အချိန်မှီမဖြေရှင်းနိုင်၍သက်တမ်းရင့်သွားလျှင်မူလရင်းမြစ်ပျောက်ကာ

လူ့အခွင့်အရေး၊လူသားချင်စာနာရေးပြဿနာ (humanitarian issue) များအဖြစ်တဖြည်းဖြည်းပြောင်းလဲသွားလိမ့်မည်။ ဤသို့ ဆိုလျှင်လူသား

အရေးဝင်ရောက်စွက်ဖက်မှု (humanitarian intervention) လုပ်ရန်တောင်းဆိုမှုတွေအသံကျယ်လောင်ဖွယ်ရာရှိသည်။

ထိုအခါ မိမိဘက်က တပန်းရှုံးပြီးကြာလေဖြေရှင်းရခက်လေ ဖြစ်လာနိုင်သည်။

မြန်မာသံတော်ဆင့်(မြတ်သိန်းထွန်း)

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။