---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/20
Subject: [လူဗိုလ်ဟူသည် ...] ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းဆည်း
To: lubo601@gmail.com
Posted by khonumthung on August 19th, 2012
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် ငွေတိုးချေးစား သူများက ငွေတိုး မပေးနိုင်သူ များ၏ သမီးတွေကို မယားအဖြစ် ယခုလအတွင်း သိမ်းဆည်းနေ သည်ဟု သိရသည်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/21/2012 01:28:00 AM

ဒေသထုတ် ဟားခါးလူငယ် အော်သံ သတင်းတွင် ကန်ပက်လက်မြို့နယ် ပန်ကွင်းရွာမှ ငွေတိုးချေးစား သူ ဦးလိန်းထန်း၊ မူလတန်းကျောင်း အုပ် ဆရာကြီး ထာဟုန်းတို့က ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းပိုက် လိုက် ကြောင်း ဒေသခံဆလိုင်းပိုင်စိုးက ပြောသည်ဟု ပါရှိသည်။
လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ပန်ကွား ရွာသား ဦးလောကွီးသည် ငွေရှင်တွေရဲ့ သေနတ်ပြ ခြိမ်းခြောက်ဒါဏ်ကြောင့် အကြောက်လွန်ပြီး ရူးသွားပြီး သူ့မိ သားစု လည်း ပြိုကွဲသွားကြောင်း သိရသည်။
ထို့အပြင် အိမ်ထောင်မိသားစု ၈ ခုသည် ငွေတိုးမပေးနိုင်ကြသောကြောင့် အိမ်ယာ သိမ်းဆည်းခြင်း ခံရပြီး နေစရာ အိမ်မဲ့အိမ်မဲ့ဖြစ် သွားကြကာ တခြားဒေသ များသို့ ပြောင်းရွေ့ကြသည်။
အလားတူ အကြွေးမပေးနိုင်သည့် ကန်ပက်လက်မြို့နယ်အတွင်း အမှတ် ၆ နှင့် အမှတ် ၈ နယ်မြေရှိ အိမ်ထောင်မိသားစု ၂၀ သည် ရဲသို့ တိုင်ကြားခြင်း ခံရပြီး ငွေတိုး အနည်းအများအလိုက် ထောင်ဒါဏ် ကျခံခြင်းများလည်းရှိသည်ဟု ထပ်မံ သိသည်။
လေ့လာချက်များအရ ကန်ပက်လက်မြို့နယ်အတွင်း ငွေရှင်သူဌေးတွေက ဆင်းရဲသားမိသားစုတွေရဲ့ သားသမီးတွေ သိမ်း ဆည်း သည့် အိမ်ထောင်စု ၂၅ ခန့်ရှိပြီဖြစ်ပြီး ခြိမ်းခြောက်မှုဒါဏ်ကြောင့် အကြောက်လွန်ပြီး ရူးသွပ်သူ များလည်း ရှိသည် ဟု သိရ သည်။
လွန်ခဲ့သည့် နှစ် ၂၀ ကာလတွင် ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်အတွင်း ငွေတိုးချေးစားသူ ငွေရှင် သူဌေး အနည်းငယ် ခန့်သာ ရှိသော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ယနေ့တွင် ဦးရေ (၁၀)ဆခန့်  တိုးပွားလာခဲ့ကြောင်း ငွေရှင် တို့သည် ကျပ် ငွေ ၁၀၀လျှင် အတိုး ၂၅ ရာခိုင်နှုန်းဖြင့် ချေးငှားကြကြောင်း သိရသည်။
"အဓိက တော့ ဆင်းရဲနွမ်းပါးမှုကြောင့်ပါ၊ ပြီးတော့ ကန်ပက်လက်နယ်ဟာ ချင်းပြည်နယ်မှာ လမ်းပန်း ဆက်သွယ်ရေး၊ နေထိုင်စားသောက်ရေးက အစ အနိမ့်ကျဆုံးဒေသဖြစ်နေတော့ မဖြစ်သင့်တာတွေ ဖြစ်နေတာ" ဟု ဒေသခံ တဦးက ဆက်လက်ပြောပြသည်။

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ