ကုလားလေး အဲမှားလို့ မြန်မာမွတ်စလင်လေး လောလောဆယ် သြကာသ အရင်ကျက်လိုက် ကျောင်းတက်တုန်းက စာသင်ခန်းထဲမှာ အမြဲကြားနေရတာဘဲဗျာလို့မပြောနဲ့ ဆိုလိုရင်းကို လေ့လာပေါ့ (ကိုပဲလေး) http://kopaelay.blogspot.com/
သြကာသ ကန်တော့ခန်း ရှင်းလင်းချက်

သြကာသ ကန်တော့ချိုး
သြကာသ သြကာသ သြကာသ ကာယကံ ၀စီက မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရား ရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
(သြကာသ ကန်တော့ခန်းရှင်းလင်းချက်)
သြကာသ ။ ။ အခွင့်၊ ခွင့်ပြုတော်မူပါ။ (ရှိခိုးခွင့် ပြုတော်မူပါ။ ကန်တော့ခွင့်ပြုတော်မူပါဟု ခွင့်တောင်းခြင်းဖြစ်သည်။ ရိုသေမှုကို အလေးအနက်ပြုလိုသောကြောင့် သြကာသ ကို သုံးကြိမ် ရွတ်ဆိုကြရသည်။)
ကာယကံ ။ ။ ကိုယ်ဖြင့် ပြုလုပ်သောအမှု
ဝစီကံ ။ ။ နှုတ်ဖြင့် ပြောဆိုသောအမှု
မနောကံ ။ ။ စိတ်ဖြင့် ကြံစည်သောအမှု
သဗ္ဗဒေါသ ။ ။ သဗ္ဗ+ဒေါသ=ခပ်သိမ်းသော+အပြစ်
ခပ်သိမ်းသော အပြစ်တို့ကို ။ ။ သဗ္ဗဒေါသဟူသော ပါဠိစကားကို မြန်မာဘာသာပြန်ဆို၍ လေးနက်စေရန် ထပ်မံဆိုခြင်းဖြစ်သည်။်
ပျောက်ပါစေခြင်း အကျိုးငှာ ။ ။ ရတနာသုံးပါးနှင့် မိဘဆရာသမားများအပေါ်၌ ကိုယ်အမူအရာဖြင့် ပြစ်မှားခြင်း၊ အပြောအဆို (နှုတ်) ဖြင့် ပြစ်မှားခြင်း၊ စိတ်ကူး အကြံအစည်ဖြင့် ပြစ်မှားခြင်းတို့တွင် တစုံတခုသော ပြစ်မှားခြင်း ရှိခဲ့သော် ထိုအပြစ်တို့ကို ပပျောက်လျော့ပါး သွားစေရန် တောင်းပန်ဝန်ချကန်တော့ခြင်းဖြစ်သည်။
ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ။ ။ ပါဠိနှင့်မြန်မာတွဲဖက်သုံးနှုန်းထားခြင်းဖြစ်သည်။ အနက်အဓိပ္ပာယ် အထူးရှင်းရန်မ လိုပါ။
ရတနာ ။ ။ အလေးအမြတ်ပြုထိုက်ခြင်း၊ တန်ဖိုးကြီးမားခြင်း၊ ရှားပါး၍ ရခဲခြင်း၊ ရရှိသူ တွေ့ရှိသူအား နှစ်သက်မှုကို ဖြစ်စေနိုင်သောကြောင့် ရတနာဟု ခေါ်ဆိုရသည်။
ဘုရား ။ ။ အလုံးစုံကို အကုန်အမင် သိမြင်တော်မူသောကြောင့် ဘုရားဟုခေါ်ပါသည်။
တရား ။ ။ သတ္တ၀ါများကို ဆင်းရဲတွင်းသို့မကျရအောင် ဆောင်ယူတတ်သောကြောင့် တရားဟုခေါ်ပါသည်။
သံဃာ ။ ။ အယူသီလ တူမျှသော အရိယာပုဂ္ဂိုလ်အပေါင်းနှင့် သမ္မုတိ သံဃာကို သံဃာဟုခေါ်ပါသည်။
ရတနာမြတ်သုံးပါးတို့ကို ။ ။ မြင့်မြတ်သော ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တို့ကို
အရိုအသေ ။ ။ ၀ပ်တွားကျိုးနွံခြင်း၊ မလေးမခန့်မပြုဘဲ ကြောက်ရွံ့ခန့်ညားမှုကို ဖော်ပြခြင်း၊
အလေးအမြတ် ။ ။ လေးစားခြင်း၊ မြတ်နိုးခြင်း။
လက်အုပ်မိုး၍ ။ ။ လက်ဝါးနှစ်ဘက်ကို စုံညီပြု၍ နဖူးအထိ ချီမြှောက်ထားခြင်း၊
(ဘုရားရှိခိုးရာ၌ လက်အုပ်ကို မေးစေ့ (သို့) ရင်ညွှန့်မျှသာ မြှောက်ချီထားခြင်းသည် အမြင့်ဆုံးအရိုအသေပြုနည်းမဟုတ်၊
နဖူးအထိ မြှောက်ချီထားမှသာလျှင် အမြင့်ဆုံး အရိုအသေပြုခြင်း ဖြစ်သည်။)
ရှိခိုးပူဇော် ။ ။ ရှိခိုးခြင်းကိုပင် ပူဇော်ခြင်း ဟုဆိုလိုသည်။
ဖူးမြော် ။ ။ မြင်တွေ့ခြင်း၊ ကြည့်ရှုခြင်း၊ ညာဏ်မျက်စိ၌ ထင်ရှားပေါ်လွင် လာအောင် အာရုံပြုခြင်း
မာန်လျှော့ ။ ။ ရှိခိုးခြင်း၊ ကန်တော့ခြင်းကို ပြုရာ၌ မာန်မာနကို လျှော့ချပြီးမှသာ ရှိခိုးကန်တော့နိုင်သည်။ (မိမိကိုယ်ကို ရတနာသုံးပါးအောက် နိမ့်ကျသည်၊ ညံ့သည်ဟု ယူဆပါမှ ရှိခိုးကန်တော့နိုင်သည်။)
ကန်တော့ပါ၏ ။ ။ ၀န်ချတောင်းပန်ပါ၏၊ မြန်မာစကား၌ လူကြီးသူမများကို မတော်တဆ ထိခိုက်မိ တိုက်မိပါက " ကန်တော့ ကန်တော့ " ဟု တောင်းပန်စကား ဆိုလေ့ရှိကြသည်။
ရှိခိုးပါ၏ ဟုအဓိပ္ပာယ်ရသည်။
ကန်တော့ရသော အကျိုးအားကြောင့် ။ ။ ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့် ဟု ဆိုလိုသည်။
အပါယ်လေးပါး ။ ။ အပါယ=(အပ+အယ။ အယ=ချမ်းသာ+အပ=ကင်းခြင်း) ချမ်းသာကင်းသောအရပ်၊ ကုသိုလ်ကောင်းမှုပြုခွင့်မရသော ဖော်ပြပါ အရပ်ဌာန ၄ခုကို အပါယ်ဟုခေါ်သည်။
- ငရဲ=ငရဲထိန်း၊ ငရဲမီး စသည်တို့ဖြင့် အမြဲ နှိပ်စက်ခံရသော ဘုံဌာန၊
- တိရစ္ဆာန်=မဂ်ဖိုလ် နိဗ္ဗာန်တရားတော်နှင့် ဖီလာကန့်လန့် ဖြစ်နေသော သတ္တ၀ါတို့၏ ဘုံဌာန
- ပြိတ္တာ=စားရမဲ့ ၀တ်ရမဲ့ ခိုကိုးရာမဲ့ ဖြစ်နေသူတို့၏ ဘုံဌာန
- အသူရကာယ်=ပြိတ္တာများထက် အခြေအနေဆိုး၍ အမြဲပူလောင် ဆင်းရဲ ခံနေရသူများ၏ ဘုံဌာန
ကပ်သုံးပါး ။ ။ ကပ္ပ=ကပ်=တစ်ခုသော အချိန်ကာလခေတ်၊ ဆိုးရွားသော ဘေးအန္တရာယ်များကျရောက်ချိန်ကာလကို ကပ်ဟုခေါ်သည်။ ကပ်သုံးပါးမှာ-
- ဒု ဗ္ဘိ က္ခ န္တရကပ်=ငတ်မွတ်ခြင်းဘေးဆိုက်ရောက်နေသည့်ခေတ်ကာလ (ကြီးကျယ်သော ငတ်မွတ်ခြင်းဘေးကို - မဟာသရောကြီး - ဟုခေါ်သည်။) လူသားအများလောဘထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။
- သတ္တ န္တရကပ်=လက်နက်ဘေး (သို့) စစ်ဘေး အန္တရာယ် ဆိုက်ရောက်သည့်ခေတ်ကာလ လူသားအများဒေါသထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။
- ရောဂန္တရကပ်= ကူးစက်ရောဂါ ဘေးအန္တရာယ် ဆိုက်ရောက်သည့်ခေတ်ကာလ လူသားအများ မောဟထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။
ရပ်ပြစ်ရှစ်ပါး ။ ။ ယင်းအရပ်ဌာနများ၌ ဖြစ်လာသူများသည် မြတ်စွာဘုရားရှင်၏ ဒေသနာတောင်ကို နာကြားခွင့် မ၇ခြင်း၊ နာကြားရသော်လည်း အနက်အဓိပ္ပာယ်ကို သိနိုင်စွမ်း မ၇ှိခြင်းကြောင့် ရပ်ပြစ်ရှစ်ပါး ဟုခေါ်သည်။
- ငရဲ
- တိရ စ္ဆာန်
- ပြိတ္တာ
- လွန်စွာ အသက်တမ်း၇ှည်သော အရူပဗြဟ္မာနှင့် အသညာသတ်ဗြဟ္မာ၊ ( အရူပဗြဟ္မာ=ရုပ်မရှိ၊နာမ်တရားသက်သက်သာရှိသည်။ အသညာသတ်ဗြဟ္မာ=နာမ်တရားမရှိ၊ ရုပ်သက်သက်သာ၇ှိသည်။)
- ပစ္စ န္တရစ်အရပ်သား=တိုင်းစွန်ပြည်ဖျား လမ်းပန်းအဆက်အသွယ်ခက်ခဲ၍ ဝေါဟာရ မပြည့်စုံ မကြွယ်ဝသည့် လူရိုင်းအမျိုးအနွယ်။
- မိစ္ဆာဒိဌိ=မှားယွင်းသော အယူဝါဒရှိသော အမျိုးအနွယ်
- ဒုပ္ပည=အသိညာဏ်လူစဉ်မမီသူ
- သာသနာပ ကာလ
ရန်သူမျိုးငါးပါး၊ ။ ။ရန်သူ ဝေရ။ ရန်၊ ရန်သူ။ ဗုဒ္ဓ ဘာသာဝင်တို့သည် ဘုရားရှိခိုးဆုတောင်းတိုင်း ရန်သူမျိုးငါးပါးမှ ကင်းဝေးအောင် ဆုတောင်းလေ့ရှိကြသည်။ ယင်းရန်သူမျိုးငါးပါးမှာ-
- ရေ၊
- မီး၊
- မင်းဆိုး၊
- ခိုးသူ၊
- အမွေခံသားဆိုး၊ သမီးဆိုး တို့ဖြစ်သည်။
ဝိပတ္တိတရားလေးပါး။ ။ ၀ိပတ္တိ။ မပြည့်စုံခြင်း၊ ချို့တဲ့ခြင်း၊ ပျက်စီးခြင်း။ ဗုဒ္ဓဘာသာဝင်တို့ ဘုရားရှိခိုး ဆုတောင်းသည့်အခါ ၀ိပတ္တိတရားလေးပါးမှ ကင်းလွတ်ငြိမ်းအောင် ထည့်၍ဆုတောင်းလေ့ရှိကြသည်။
1. မင်းဆိုး မင်းယုတ်အုပ်စိုးသော ကာလ၌ဖြစ်ခြင်း၊
2. အပါယ်လေးပါး၌ ဖြစ်ရခြင်း၊
3. ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း၊
4. အသိအလိမ္မာ ညာဏ်ပညာနှင့် သတိဝီရိယ မ၇ှိခြင်း။
ဗျသနတရားငါးပါး။ ။ ဗျသန။ ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း။ ဗျသနတရား ငါးပါးရှိသည်။
1. ဉာတိဗျသန - ဆွေမျိုးများ ပျက်စီးခြင်း၊
2. ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊
3. ရောဂဗျသန - အနာရောဂါဖြစ်၍ ပျက်စီးခြင်း၊
4. ဒိဋ္ဌိဗျသန - အယူမှား၍ ပျက်စီးခြင်း၊
5. သီလဗျသန - သီလ ပျက်စီးခြင်း။
မဂ်တရား ။ ။ မဂ်တရားလေးပါး- လောဘစသော ကိလေသာတို့ကို ပယ်သတ်၍ နိဗ္ဗာန်သို့သွားရောက်ကြောင်းဖြစ်သော တ၇ားလမ်းကို မဂ်ဟုခေါ်သည်။
1. သောတပတ္တိမဂ်
2. သကဒါဂါမိမဂ်
3. အနာဂါမိမဂ်
4. အရဟတ္တမဂ်
ဖိုလ်တရား ။ ။ မဂ်၏ တိုက်ရိုက် အကျိုးတရားကို ဖိုလ် ဟုခေါ်ပါသည်။ ဖိုလ်တရားလေးပါး-
- သောတပတ္တိဖိုလ်
- သကဒါကါမိဖိုလ်
- အနာဂါမိဖိုလ်
- အရဟတ္တဖိုလ်
နိဗ္ဗာန်တရားတော်မြတ် ။ ။ ဒုက္ခခပ်သိမ်းတို့၏ ကုန်ဆုံးရာ အေးငြိမ်းချမ်းသာသော ဓါတ်သဘောကို နိဗ္ဗာန် ဟုခေါ်ပါသည်။ ရာဂ၏ ကုန်၇ာ၊ ဒေါသ၏ ကုန်ရာ၊ မောဟ၏ ကုန်ရာ သည် နိဗ္ဗာန်မည်၏။
ကန်တော့ခန်းရှင်းလင်းချက် ပြီးပါပြီ။
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ