[mrsorcerer:31496] Fwd: ကိုပဲလေး ဆိုဒ်မှကြိုဆိုပါသည်။






ကိုပဲလေး ဆိုဒ်မှကြိုဆိုပါသည်။


သမ္မတ ဦးသိန်းစိန်နဲ့ မစ္စတာ နမ်ဘီယား ရခိုင်အရေး ဆွေးနွေး

Posted: 13 Sep 2012 11:38 AM PDT


  အိမ့်သံစဉ်  
ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ဦးဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က နေပြည်တော် သမ္မတ အိမ်တော်ခမ်းမမှာ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံကြရမှာ လာမယ့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို သမ္မတ ဦးသိန်းစိန် တက်ရောက် မည့် ကိစ္စ အပါအ၀င် ကုလသမဂ္ဂနဲ့ မြန်မာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ရခိုင်ပြည်နယ် ပဋိပက္ခကိစ္စနှင့် လက်ရှိ လုပ် ဆောင်နေမှုအစီအစဉ်တွေ၊ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေမှုတွေကို ဆွေးနွေးခဲ့ကြတယ် လို့ နိုင်ငံပိုင် သတင်းတွေက ဆိုပါတယ်။

ဒီအပြင် တူရကီ၊ အင်ဒိုနီးရှား၊ အမေရိကန်၊ နိုင်ငံတကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကရှေ့ ပြေးအဖွဲ့ တွေ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာနိုင်ရေး မြန်မာအစိုးရဘက်က စီစဉ်ဆောင်ရွက် မှုတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

"" ဒုံးလက်နက်ဝယ်ယူရန် ရုရှားသို့ စေလွှတ် ပြီ""

Posted: 13 Sep 2012 11:35 AM PDT


ရုရှားနိုင်ငံမှ ဒုံးလက်နက်ဝယ်ယူရန်အတွက်
ကကဝယ် မှဗိုလ်ချုပ်ဇာနည်ဝင်းအား
မြန်မာ့ကာကွယ်ရေးက စေလွှတ်

ထားကြောင်း သံတမန် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"ဗိုလ်ချုပ်ဇာနည်ဝင်းက ကကဝယ် ကလေ။ ကာကွယ်ရေး လက်နက်ဝယ်ယူရေး
ဌာနက အကြီးအကဲပေါ့။ ဩဂတ်စ် ၂၂ ရက်တုန်းက စေလွှတ်တယ်" -
ဟု အဆိုပါ သံတမန်တဦးက ပြောပါသည်။

အဆိုပါ ဝယ်ယူမည့် ဒုံးလက်နက်များအား မည်သည့်အမျိုးအစားဝယ်ယူမည်ကို
မသိသော်ငြားလည်း (၄) လတကြိမ်ရုရှားမှသယ်ယူရန် လေယာဉ်စေလွှတ်မည်
ဖြစ်ကြောင်းလည်း ပြောပါသည်။

"အဲဒီလက်နက်တွေ ဘယ်နိုင်ငံခြားတိုင်းပြည်နဲ့ စစ်ဖြစ်မှာလဲ။ တိုင်းရင်းသားတွေကိုဘဲ
 ပစ်မှာပေါ့။


                                          ၂၀ဝ၈ ခုနှဏ်အစောပိုင်းက ရန်ကုန်လေဆိပ်
                                           ၌တွေ့ရသော MiG-29 2711 ဒုံးလေယာဉ်

အရင်တုန်း က ဗမာပြည် ကွန်မြူနစ်ပါတီကိုဘဲတိုက်ရတာ။ မော်စီတုန်းမရှိတဲ့နောက်ပိုင်း နိုင်ငံခြားထောက်ပံ့တဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ဖို့လဲမရှိ တော့ဘူးဘဲ"
- ဟု   ပြောပါသည်။

မြန်မာအစိုးရသည် ရုရှားနိုင်ငံမှ MIG ဒုံးယာဉ် ၁၄ စီးကို ဝယ်ယူခဲ့ပြီးဖြစ်သည်။

သမ္မတကြီး ဦးသိန်းစိန်ကလည်း  ယခုနှစ်ဧပြီလ ကရင်အမျိုးသား အစည်းအရုံး
KNU နှင့်တွေ့ဆုံဆွေးနွေးစဉ် -" ကျနော်တို့အချင်းချင်းတွေ တိုက်ခိုက်
သတ်ဖြတ်နေကြတယ်။

ကရင်စစ်သား တစ်ယောက်သေတာ ကိုယ့်နိုင်ငံသားတစ်ယောက်ဆုံးရှုံးတာဘဲ၊
ဗမာစစ်သား တစ်ယောက်သေတာ ကိုယ်နိုင်ငံသားတစ်ယောက် ဆုံးရှုံး ရသ လိုဘဲ၊
အလားတူဘဲ သျှမ်းလည်းဒီအတိုင်းဘဲ၊ ကချင်လည်း ဒီအတိုင်းဘဲ၊မွန်လည်း
 ဒီအတိုင်းဘဲ။

 ပြောကြစတမ်းဆိုရင်တော့ ဒီဆုံးရှုံးတာတွေက အမှန်တော့ နိုင်ငံအတွက်ဆုံးရှုံးတာဘဲ။ ဒီဆုံးရှုံးမှုတွေကို ပြန်ပြီးတော့ ကျနော်တို့ နောင်တရဖို့ ကောင်းပြီ" ဟုပြောကြားခဲ့သည်။

သို့သော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည်  စစ်တပ်အပေါ်
 ညွှန်ကြားခွင့်မရှိ ၊ အရေးအကြောင်းရှိပါက စစ်တပ်နှင့် ကာလုံဟုအများက သိကြသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌သာတင်ပြညှိနှိုင်းပိုင်ခွင့်ရှိသည်ဟု ဥပဒေကျွမ်းကျင်သူများကဆိုပါသည်။

မြန်မာ့တပ်မတော်တွင် ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး (ကကဒုံး)လက်အောက်ခံ ဒုံးတပ်ရင်း
 ၁၀ ရင်း ရှိရာ သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ တွင် တရင်းနှင့် သျှမ်းပြည်အရှေ့ပိုင်း
ကျိုင်းတုံတွင် တပ်ရင်းတရင်းရှိ သည်ဟု NDD မှတ်တမ်းတင်ဌာနမှ ထုတ်ဝေသော စာအုပ်တွင်ဖော်ပြထားသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှကူယူးဖော်ပြသည်။

ရွှေမြန်မာ

သံအမတ် သေဆုံးမှုအတွက် တရားမျှတမှု ပြန်လည်ရယူမည်ဟု အိုဘားမားပြောကြား

Posted: 13 Sep 2012 11:31 AM PDT



လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် သံအမတ် သေဆုံးမှုအတွက် မိမိတို့အနေဖြင့် တရားမျှတမှုကို ပြန်လည် ရယူမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။

လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် သံအမတ် သေဆုံးမှုအတွက် မိမိတို့အနေဖြင့် တရားမျှတမှုကို ပြန်လည် ရယူမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။ အစ္စလာမ် အစွန်းရောက် တိုက်ခိုက်ရေး သမားများ၏ လုပ်ကြံပစ်ခတ်မှုကြောင့် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗန်စ်နှင့် အခြားသော အမေရိကန်နိုင်ငံသား သံရုံးဝန်ထမ်း(၃)ဦးတို့သည် ခုခံနိုင်စွမ်း လျော့နည်းသည့် ဘန်ဂါဇီမြို့ရှိ ကောင်စစ်ဝန်ရုံးတွင်ရှိနေစဉ် အင်္ဂါနေ့ည ပစ်ခတ်မှုများအတွင်း သေဆုံးသွားခဲ့သည်။ အဆိုပါ သေနတ်သမားများက အမေရိကန်တွင် ပရောဖက် မိုဟာမက်ကို စော်ကားသည့် ရုပ်ရှင်ဇာတ်ကားတစ်ခု ရိုက်ကူးမှုကြောင့် ယခုလို တုံ့ပြန်ခြင်းဟု ကြေညာထားခဲ့သည်။

ဘန်ဟာဇီတွင် ဖြစ်ပွားသော အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ယခုအခါ အိုဘားမားက "အမေရိကန် ပြည်ထောင်စုဟာ ခုလို တုန်လှုပ်စရာ တိုက်ခိုက်မှုမျိုးအတွက် အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ ဒါဟာ လစ်ဗျားအစိုးရသစ်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးကို အများကြီး ထိခိုက်စေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လစ်ဗျားအစိုးရသစ်နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့သူတွေဆီက တရားမျှတမှုကို ပြန်ယူပါမယ်"ဟု ပြောကြားလိုက်သည်။ လစ်ဗျားခေါင်းဆောင် မိုဟာမက် မာဂရစ်ဖ်သည် ယခုကိစ္စနှင့် ပတ်သက်၍ အမေရိကန် အစိုးရထံ တောင်းပန်မှု ပြုလုပ်ထားကြောင်းလည်း သိရသည်။

အသက်(၅၂)နှစ်ရှိ သံအမတ်သည် အာဖဂန်နစ္စတန်တွင် (၁၉၇၉)ခုနှစ်က တိုက်ခိုက်မှုအတွင်း အဒေါ့ဖ်ဒက်ဘ်စ် သေဆုံးမှုနောက်ပိုင်း ပထမဆုံး သတ်ဖြတ်ခံရသည့် အမေရိကန် သံအမတ်လည်း ဖြစ်လာသည်။ ယခုဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် အမေရိကန် စစ်တပ်သည် ရေတပ်မှ ဖျက်သင်္ဘော (၂)စင်းကို လစ်ဗျားကမ်းခြေသို့ ချက်ချင်း စေလွှတ်လိုက်သည်။ ထို့အပြင် လိုအပ်ပါက ရေတပ်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးကွန်မန်ဒိုများကို စေလွှတ်ရန် တပ်လှန့်မှုလည်း ပြုလုပ်ထားကြောင်း သိရှိရသည်။

Source: Reuters
Copy from - New MyanmarFoundation

KIA နှင့် လွယ်ဂျယ်အနီး တိုက်ပွဲတွင် အစိုးရတပ် ၂၆ ဦးကျ

Posted: 13 Sep 2012 11:28 AM PDT


Photo: KIA Masat (3) Dap Ba Ginra, Pang Shan  ========================= Kaw Myen Hte KIA Gasat Poi Byin. ===================== 2012 ning September (12) ya shani, KIA  Masat (3) Dap Ba ginra, Byeng Wai lawu  na Pang Shan mare kaw, Myen Hpyen  Dap, Dap Nu (88) na hpyen hpung ni hte  KIA Masat (3) Dap Ba kata na hpyen  hpung ni gasat poi byin ai lam chye lu ai.  Gasat poi byin ai shara hta hpyen lahkawng  maga si, hkala ai lam hpe hkrak n chye lu ai.  Man Maw kaw nna lung wa ai, Myen Hpyen  Dap, hpyen hpung ni hte hpyen Mawdaw (6),  Sang Gang de htu lung wa ai hpe KIA Masat  (15) Dap Dung na hpyen hpung ni (11-9-2012)  ya shani hkying (11:15)am aten daram hta  Wa Wang hte Kum Bang kaw hkap gasat ai  hta Myen Dap maga na marai (4) hkala ai  lam chye lu ai. (source-kachinnet)

ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) နယ်မြေတွင် မြန်မာ အစိုးရတပ်ဖွဲ့နှင့် ယမန်နေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ်ဘက် ၂၆ ဦး သေဆုံးခဲ့ကြောင်း KIA ကပြောသည်။
KIA တပ်မဟာ (၃) နယ်မြေ ဗန်းမော်-လွယ်ဂျယ် သွားလမ်းရှိ ပန်ရှန်ကျေးရွာအနီးတွင် စက်တင်ဘာလ ၁၂ ရက် ယမန်နေ့ မနက် ၆ နာရီမှ နာရီဝက်ကြာ အစိုးရစစ်တပ် ခလရ (၂၃၇) တပ်ဖွဲ့နှင့် KIA တပ်ရင်း (၁) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့စဉ် ကျဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း KIA အရာရှိများ ပြောသည်။
ထိုသို့ တိုက်ပွဲ ဖြစ်ပွားသည် လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ဖြစ်ပွားချိန် KIA ဘက်မှ RPG ဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ရာ အစိုးရဘက်မှ ၂၆ ဦးသေဆုံးပြီး တပ်ရင်းမှူး ဒဏ်ရာ ရခဲ့ကြောင်း KIA အရာရှိတစ်ဦး ပြောသည်။
ထို့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့တွင်လည်း ဖားကန့်ေ ကျာက်စိမ်းမှော် ဒေသရှိ မှော်ဝမ်းကလေးတွင် ညနေ ၆ နာရီမှ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း ဖားကန့် ဒေသခံများ ပြောသည်။
ထို့အတူ တချိန်ထဲတွင် ဖားကန့်ဒေသ ဆွတ်ငိုင်ကောင် (Sut Ngai Kawng) ကျောက်စိမ်းမှော်တွင် အစိုးရ စစ်တပ်ဖွဲ့နှင့် KIA ကြား ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ ပြောသည်။
 
ဆက်လက်၍ ကချင်ပြည်နယ်တွင်း ကချင်လွတ်မြောက်ရေး တပ်များ အခြေစိုက်ရာ နေရာများတွင် အစိုးရတပ်များ ထိုးစစ်ဆင် ၀င်ရောက်လာဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

လက်နက်ချ စိုင်းနော်ခမ်းတပည့် ပြည်တော်ပြန်မရောက် မိသားစုဝင်များစိတ်ပူ

Posted: 13 Sep 2012 11:24 AM PDT


သျှမ်းသံတော်ဆင့်

တရုတ်အစိုးရလက်သို့ ယာယီလွှဲအပ်ခြင်းခံရသည့် ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း၏ ဒု လက်ထောက် စိုင်းအောင်မြတ် သည် သတ်မှတ်ရက်ကျော်လွန်၍ ပြည်တော်ပြန်မရောက်သေးသည့်အပေါ် မိသားစုဝင်များက စိုးရိမ်နေကြောင်း နီးစပ်သည့်အသိုင်းအ ဝိုင်း ကပြောပါသည်။

"စိုင်းနော်ခမ်းကို တရုတ်လက်ထဲလွှဲပေးတုန်းကလိုမျိုး တရားဝင်မဟုတ်ဘူး။ လူသိရှင်ကြား မဟုတ် ဘူးလေ။ အောက်လမ်းကနေဘဲ သိုသို သိပ်သိပ် ပို့လိုက်တယ်ဆိုတော့ စိုင်းနော်ခမ်းနဲ့အတူတူ ပြစ်ဒဏ်ချခံ ရပြီလားဆိုတာ မိသားစုက စိတ်ပူနေတာ။ ပြောတုန်းက ၇ ရက် တပတ်ဘဲ ယူသွားမယ်ဆိုတော့လေ။ အခု လဝက်ကျော်နေပြီ ပြန်မရောက်သေးဘူး" မိသားစုနှင့်နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

စိုင်းအောင်မြတ်အား ဩဂတ်စ်လ ၂၈ မနက် ၄ နာရီက ကျိုင်းတုံထောင်မှ ထုတ်ကာ ကျိုင်းတုံ-မိုင်းလား လမ်းမှ တဆင့် တရုတ်နယ်စပ်သို့ပို့ဆောင်ကြောင်း၊ ၎င်းနှင့်အတူ ကျိုင်းတုံမှ အဆင့်မြင့်မူးယစ်အရာရှိ ၂ ဦးလည်း လိုက် ပါသွားရာ စိုင်းနော်ခမ်းအမှုစစ်ဆေးရာ၌ နိုင်ငံတော်သက်အဖြစ် ခေတ္တခေါ်ယူစစ်ဆေးခြင်းသာဖြစ်ကြောင်း မိသားစုများအား ကျိုင်းတုံ အာဏာပိုင်အချို့က ပြောကြားခဲ့ဖူးသော်လည်း ယခုထက်ထိ ပြန်လာမည့်သတင်းမရ သောကြောင့် စိတ်ပူနေမိကြောင်း အဆိုပါ နီးစပ်သူက ဆက်လက် ပြောပြသည်။

"အသွားတုန်းကလည်း တာ့ပင်းတံတားကူးပြီးတာနဲ့ ခြေချင်း၊ လက်ထိပ်ခတ်၊ ခေါင်းကိုအိတ်နဲ့စွပ်ပြီး ကားတင် သွားတယ်။ တခြားလူမပြောနဲ့ စိုင်းအောင်မြတ်ကိုတရုတ်အာဏာပိုင်တွေ လာကြိုတဲ့ အကြောင်း မိုင်းလား အာ ဏာပိုင်တွေတောင်မသိဘူး ဆိုဘဲ။ မြန်မာအာဏာပိုင်တွေဘက်က အသိ မပေးဘူးတဲ့။ အဲလိုမျိုး လျှို့လျှို့ဝှက်ဝှက်နဲ့ဆိုတော့ စိုင်းနော်ခမ်းနဲ့အတူတူ သေဒဏ်ချဖွယ် ခံရပြီလား - ဆိုပြီးတော့ပေါ့ မိသားစု ဝင် တွေ ဆွေမျိုးသားချင်းတွေက စိတ်ပူနေကြတယ်လေ။ ခုထိ ဘာသတင်းမှ မကြားရသေးဘူးလေ" - ဟု နယ်စပ် ရောက် အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

လောဝ် (လာအို)နိုင်ငံ၌ စိုင်းနော်ခမ်းအဖမ်းခံရပြီး ရက်ပိုင်းအတွင်း ၎င်း၏ လက်ထောက်တဦးဖြစ်သော စိုင်းအောင်မြတ်သည် နောက်လိုက်အင်အား ၂၀ ခန့်အားဦးဆောင်၌ တာချီလိတ်ရှိ မြန်မာ အာဏာပိုင်များထံ လက်နက်ချခဲ့သည်။ ၎င်း၏နောက်လိုက်များအား စစ်ဆေးပြီး ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သော်လည်း စိုင်းအောင်မြတ်ကိုမူ ဆက်လက်စစ်ဆေးရန်အတွက်ဟု စရဖ တို့ ထိန်းသိမ်းထားရာမှ တရုတ်အစိုးရလက်ထဲ လွဲပြောင်း ပေးခဲ့ရသည့်အခြေအနေအထိ ဖြစ်ခဲ့သည်။ တရုတ်ထံမလွဲအပ်ပေးမီ စိုင်းအောင်မြတ်အား လွှတ်ပေး ရန် နေပြည်တော်မှ အမိန့်ချလာပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကပြောသည်။ ယနေ့တိုင် စိုင်းအောင်မြတ်မှာ လွတ်မြောက်ခြင်းမရှိသေး ဘဲ မည်သို့ ပြစ်ဒဏ်ချခံရမည်ကိုလည်း မသိရသေးပေ။

စိုင်းနော်ခမ်းနှင့် နောက်လိုက် ၃ ယောက် စုစုပေါင်း ၄ ယောက်အား စက်တင်ဘာလအတွင်းအမှုစစ်ဆေးမည်ဟု တရုတ်မီဒီယာများက သတင်းထုတ်ပြန်ခဲ့ သော်လည်း နောက်ဆက်တွဲရုံးတင်စစ်ဆေးခံရသည့်သတင်း ဆက် လက်ထုတ်ပြန်ခြင်း မရှိသေးပေ။

မြန်မာပြည်အတွက် ဂြိုလ်တု လွှတ်တင်နိုင်တော့မယ်

Posted: 13 Sep 2012 11:21 AM PDT



မြန်မာနိုင်ငံအတွက် သတင်းကဏ္ဍ၊
ဆက်သွယ်ရေး ဆိုင်ရာတွေနဲ့ တခြား
ကဏ္ဍတွေအတွက် ဂျပန်အကူအညီ
ယူပြီး ဂြိုလ်တု လွှတ်တင်ရေး အစီအစဉ်
ရှိနေပါပြီ။


ဂြိုလ်တုလွှတ်တင်ရေး ပြင်ဆင်တဲ့ အနေနဲ့ လာမယ့် အောက်တိုဘာလ ဒုတိယပတ်မှာ
အလုပ်ရုံ ဆွေးနွေးပွဲ တခု ဂျပန်နဲ့ မြန်မာ ပူးပေါင်းပြီး ကျင်းပဖို့ ရှိတယ်လို့ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

ဂျပန်အခြေစိုက် Marubeni Aerospace Corporation မန်နေဂျင်း ဒါရိုက်တာ
 Hiroshi Ikuno နဲ့ မြန်မာ အစိုးရ ပို့ဆောင် ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင်တို့ဟာ
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေး ဆွေးနွေးခဲ့ကြတာ ကို မြန်မာ့အလင်း သတင်းစာ
က ဆိုထားပါတယ်။

ဂျပန်အစိုးရက သစ်တောထိမ်းသိမ်းရေး၊ စိုက်ပျိုးရေး၊ အဏ္ဏ၀ါဗေဒ၊ ရာသီဥတု စတဲ့
ကဏ္ဍတွေအတွက် မြန်မာ ကို အကူ အညီပေးရေးဆိုင်ရာ အသေးစား မြေကမ္ဘာလေ့
လာရေး ဂြိုလ်တု လွှတ်တင်ရေးနဲ့ပတ်သက်ပြီး အမြင်တွေဖလှယ်ဖို့ အလုပ် ရုံ ဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပါတယ်တဲ့။

ဒီအပြင် ဂျပန်က အာကာသ သိပ္ပံဆိုင်ရာ နည်းပညာတွေ လေ့လာသင်ယူဖို့လည်းသူတို့
တက္ကသိုလ်တွေကနေ တဆင့် အကူအညီပေးအုံးမှာဖြစ်ပါတယ်။

အစောပိုင်း သတင်းတွေအရတော့ ဂြိုလ်တုလွှတ်တင်ရေးနဲ့ပတ်သက်ပြီး မြန်မာအနေနဲ့
အဖွဲ့ဝင် ၅ ဦးပါတဲ့ ဗဟိုကော်မတီ တခုဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၇ ဦးပါတဲ့
လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

ဂျပန်နိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလာတုန်းက မြန်မာ့ဒီမိုကရေစီအရေး အားပေးတဲ့အနေနဲ့
 မြန်မာနိုင်ငံက ပေးဖို့ ရှိတဲ့ အကြွေး ဂျပန် ယန်းငွေ ဘီလျံ ၃၀၀ (အမေရိကန်ဒေါ်လာ
 ၃.၆၈ ဘီလျံ) ကိုလည်း လျှော်ပေးဖို့ ဆုံးဖြတ်ခဲ့ ပါသေးတယ်။

(ဧရာဝတီ)

၎ ရက်ခိုးတာတန် ၃၀၀ Thieves run away

Posted: 13 Sep 2012 11:19 AM PDT


၎ ရက်ခိုးတာတန် ၃၀၀

 

မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီမှ မြန်မာဝမ်ပေါင်ကုမ္ပဏီသို့ လုပ်ငန်းလွှဲပြောင်းချိန် ကြေးနီမသမာမှု သက်ဆိုင်ရာက အရေးယူ

မုံရွာ၊ စက်တင်ဘာ-၂

ကြေးစင်တောင်နှင့် စံပယ်တောင်ကြေးနီစီမံကိန်းနယ်မြေအတွင်း ကြေးနီတန်ချိန် သုံးရာကျော် (၃၃၈ ဒသ မ ၉၃၂ တန်)အား မသမာသော နည်းဖြင့် ဆောင်ရွက်သူများအား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ကြေးနီမသမာမှုဥပဒေပုဒ်မ (၆-၁) အရ အမှုဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

"ကြေးနီမသမာမှုအနေနဲ့ ဥ ပဒေပုဒ်မ (၆-၁)နဲ့ အမှုဖွင့်ထားတယ်။ ဒီအမှုမှာ အာမခံပေးလို့ မရဘူး။ ကြေးနီမသမာမှုမှာ ပါဝင်သူနှစ်ဦးကိုတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ ကျန်နှစ်ဦးက ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ဒီအမှုမှာတရားလိုအဖြစ် သတ္တုတွင်းဝန်ကြီးဌာနက ဦးဖေသိန်းက တိုင်
ကြားခဲ့တာပါ"ဟု ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီသည် ၁၉၉၈ ခုနှစ်တွင် ME (1) အမှတ်(၁) ကြေးနီသတ္တုတွင်းလုပ်ငန်း၊ သတ္တုတွင်းဝန်ကြီးဌာနနှင့်ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့သည်။ မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီသည် ၂၀၁၀ ခုနှစ်ဒီဇင်ဘာလ ၃၁ ရက်တွင် လုပ်ငန်းရပ်ဆိုင်း ညွှန်ကြားခဲ့သော်လည်း အထွေထွေမန်နေဂျာ၊ အတွင်းရေးမှူး၊ စက်ရုံမှူး ဦးအောင်လောဟာ၊ ကြေးနီပို့ဆောင်ရေးတာဝန်ခံ ဦးကျော်ဆွေတို့သည် ၂၀၁၁ ခုနှစ်ဇန်န၀ါရီ ၁ ရက်မှ ၄ ရက်အထိစက်ရုံလည်ပတ်ခဲ့ရာ အရည်အသွေးမီ ကတ်သုတ်ကြေးနီ ၃၃၈ တန်ကျော်အား ထုတ်လုပ်ရရှိခဲ့
ကြောင်း သိရသည်။ ထို့ကြောင့်ကြေးနီမသမာမှုဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

"လွန်ခဲ့တဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အတွင်းက ဖြစ်ပေါ် ခဲ့တဲ့အမှုပါ။ မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီနဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီ အလွှဲအပြောင်း အချိန်မှာ ကြေးနီမသမာမှုဖြစ်ခဲ့တာပါ"ဟု မြန်မာဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီနှင့် မြန်မာ ၀မ်ပေါင်ကုမ္ပဏီ လွှဲပြောင်းချိန် ကာလများအတွင်းကြေးနီ မသမာမှုအား စစ်ဆေးအရေးယူပေးနိုင်ရန် ကြေးစင်တောင် ကြေးနီတူးဖော်ရေးလုပ် ငန်းမှ ၀န်ထမ်း ၄၆ ဦးက ပထမအကြိမ်အဖြစ် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်တွင် တစ်ကြိမ်၊ ဒုတိယအကြိမ်အဖြစ် ကြေးနီဝန်ထမ်း ၄၆ ဦးက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၉ ရက်တွင် တစ်ကြိမ်၊ တတိယအကြိမ်မြောက်အဖြစ် ကြေးနီဝန်ထမ်း ၄၃၈ ဦးက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်တွင် တစ်ကြိမ် စုပေါင်းလက်မှတ်ရေးထိုး၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

အရည်အသွေးမီ ကြေးနီအလွဲသုံးစား ပြုလုပ်သောသူများအား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ (၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ် ရေးအက်ဥပဒေ ၆(၁)အရ) စက်ရုံမှူး ဦးအောင်လောဟာနှင့် ကြေးနီပို့ဆောင်ရေးတာဝန်ခံဦးကျော်ဆွေတို့အား သြဂုတ်လ ၂၉ ရက်တွင် အမှုဖွင့်စစ် ဆေးအရေးယူခဲ့ပြီး ကျန်ရှိနေသေးသော ကြေးနီစက်ရုံအထွေထွေမန်နေဂျာနှင့် အတွင်းရေးမှူးအား ဆက်လက်စစ်ဆေးအရေးယူနိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူ၏ ပြောပြချက်အရ သိရှိရသည်။

အရပ်အမြင့်ဆုံး ထိုင်းအမျိုးသမီး

Posted: 13 Sep 2012 11:12 AM PDT


  zarny win  
~



ထိုင်းနိုင်ငံက အမျိုးသမီးငယ်တဦးက အရပ် ၆ ပေ ၁၀ လက်မ ရှိပါတယ်။

ဒီလို အရပ် အင်မတန်မြင့်ပြီး ကြီးထွားလာတာဟာ ဦးနှောက်မှာ နာ့ဗ်ကြောတခုကို ဖိမိနေတဲ့ အကြိတ်ကြောင့် ဟိုမုန်းမညီမျှမှုကနေ ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

ဆရာဝန်တွေက သူ ဆက်လက် ကြီးထွားမလာအောင် ထိုးဆေးနဲ့ ကုသမှုပေးတယ်၊ ကုန်ကျစရိတ်ကတော့ ကြောက်စရာပါပဲ တဲ့။
သုံးလတကြိမ် ဆေးထိုးတိုင်း ဒေါ်လာ သုံးထောင်ဝန်းကျင် ကုန်ကျတယ်လို့ ဆိုတယ်။

ကိုယ်ခန္ဓာကြီးထွားတဲ့အတွက် ထိုင်ရာက ထရင် တခါတလေ အကူအညီလိုတယ်လို့ ဆိုပါတယ်။


အင်္ဂါနေ့က အွန်လိုင်းရောက်လာတဲ့ ပုံတပုံမှာတော့ သူ့ကို မွန်တိုင်းရင်းသူဝတ်စုံနဲ့ တွေ့ရပါတယ်။
ပုံကို https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRxeYjDS8HVv8jBbe0YXeuj7Y0rbpRNTxirk0GMJeDSS6lIsh7lfXZBKPllkF9WO0YTCiTEUdd_4SeeCSQtynUu3bg1X1Wnj96CLGTjAY0Vs23YZq1i7Dzvg0atCFfzbqTvgP8OTctt7De/s1600/C000542.jpg
မှာ ကြည့်ပါ။ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်က မွန်တိုင်းရင်းသားဒေသမှာ ရိုက်ကူးထားတဲ့ပုံလို့ သိရပါတယ်။

တခြားနိုင်ငံတွေမှာလည်း ဒီလို အဆမတန် အရပ်မြင့်သူတွေ ရှိနေပါတယ်။

www.tallwomen.org
www.oddee.com
www.nairaland.com
http://toptenplus.com/top-10-tallest-women-in-the-world တို့မှာ တွေ့ရတဲ့ ဓာတ်ပုံတွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။
























ဒီလိုအိပ်ယာမွေ.နဲ.အိပ်မလားဟင်.(Creative bedtoppings )တွေပါ

Posted: 13 Sep 2012 11:08 AM PDT

ဒီလိုအိပ်ယာမွေ.နဲ.အိပ်မလားဟင်.



Hi, every body  i found  it from my QQ page ,so  Share with you  , hope you will like it.Bye Bye.

လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။

Posted: 13 Sep 2012 11:06 AM PDT



လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။

တားနေကြတဲ့သူတွေရော၊ ဖြန်ဖြေပါတယ်လို့  ပြောနေသူတွေရော၊ အရေးမယူပါဖူးလို့  ပြောနေကြသူတွေရော လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။ တောင်သူလယ်သမားတွေကို မတရားလုပ်တာ ရပ်တန့် ပါ။သိန်းစိန်တို့ နဲ့ တရုတ်အစိုးရ အတူလုပ်ထားတဲ့ စီမံကိန်းမို့ လို့ ဆိုပြီး တောင်သူလယ်သမားတွေရဲ့ တစ်နေ့ ဆို တစ်နေ့  တစ်နာရီဆို တစ်နာရီ ဘ၀တွေ ဒုက္ခရောက်နေတာမို့  အချိန်ဆွဲပြီး စောင့်ဆိုင်းနေရမယ့် ကိစ္စ မဟုတ်ပါဖူး။ ထို့ အတူ ဆုံးရှုံးနစ်နာမှုတွေအတွက် မတရားခံရမှုတွေအတွက် ဆန္ဒပြတောင်းဆိုတာဟာ ပြဿနာဖန်တီးတာလည်း မဟုတ်သလို၊ ၀ိုင်းဝန်းပံ့ပိုးကြတဲ့ ကိုယ်ချင်းစာတရားနဲ့  ဖေးမကူညီကြတဲ့ လက်တွဲပူးပေါင်းပေးကြတဲ့သူတွေဟာ ဘေးပယောဂ ဖန်တီးသူတွေ မဟုတ်ကြပါ။ ဆူပူသောင်းကျန်းသူတွေလည်း မဟုတ်ကြပါ။

အမှန်တရားအတွက် ဆောင်ရွက်တယ်ဆိုရင် မှန်တာလုပ်သူတွေဘက် ခိုင်ခိုင်မာမာ ရပ်တည်ပေးပါ၊ မမှန်တာလုပ်သူတွေကို ရဲရဲဝန့် ဝန့်  ဆန့် ကျင်ပြောဆိုရဲပါစေ။ အမှန်တရားအတွက် ပြောဆိုဆောင်ရွက်နေကြသူတွေဘက်ကိုလည်း အပြစ်မြင်၊ မမှန်ကန်စွာ မတရားဆောင်ရွက်နေကြသူတွေဘက်ကို ဖေးဖေးမမ ပြောဆိုနေတာတွေဆိုရင် ပုံစံမကျပါဖူး။

ဒီအတွက် လက်တွေ့ ပြကြပါ။ တားနေကြတဲ့သူတွေရော၊ ဖြန်ဖြေပါတယ်လို့  ပြောနေသူတွေရော၊ အရေးမယူပါဖူးလို့  ပြောနေကြသူတွေရော လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။ တောင်သူလယ်သမားတွေကို မတရားလုပ်တာ ရပ်တန့် ပါ။

သမ္မတဦးသိန်းစိန် တရုတ်နဲ့အမေရိကန် ခရီးစဉ်အတည်ပြု

Posted: 13 Sep 2012 11:05 AM PDT


မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို မကြာခင်သွားရောက်ဖို့ ရှိပါ တယ်။ တရုတ် နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ-တရုတ် နန်နင်းကုန်စည်ပြပွဲကို တက်ရောက်ဖို့ရှိသလို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း တက်ရောက် မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။သမ္မတဦးသိန်းစိန်ဟာ စက်တင်ဘာလအတွင်း ပြည်ပခရီးစဉ်နှစ်ခု သွားရောက်ဖို့ ရှိနေတာမှာ ပထမ ခရီးစဉ် ဖြစ်တဲ့ တရုတ်နိုင်ငံကို အခုလ ၁၈ ရက်နေ့မှာ ရောက်ဖို့ရှိတဲ့အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"အကြမ်းဖျင်းကတော့ နန်နင်းကုန်စည်ပြပွဲကိုသွားမယ်။ ASEAN-China ကိုသွားရင်းနဲ့ တချို့   နေရာတွေသွားမယ်။ ၁၈ ရက် နေ့လောက် ထွက်မယ်။"

သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပမယ့် ကိုးကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲ ကို တက်ရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံမှာ သုံးရက်လောက်ကြာမယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ သူသမ္မတဖြစ်လာပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ပြီးခဲ့တဲ့နှစ် မေလတုန်းက တကြိမ် သွားရောက် လည်ပတ်ပြီး ဖြစ်တာကြောင့် ဒါဟာ သမ္မတအနေနဲ့ တရုတ်နိုင်ငံကို ဒုတိယ အကြိမ်မြောက် သွားရောက်ခြင်းဖြစ်ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံကို ခဏပြန်လာပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

"အကြမ်းဖျင်းကတော့ ၂၇ ကျရင် UN မှာ မိန့်ခွန်းပြောမယ်ဆိုတာလောက်ပဲ သိသေးတယ်။ မနက်ဖြန်ကျမှ UN ကိုယ်စားလှယ် မစ္စတာ နမ်ဘီယားနဲ့ တွေ့မှာ။ အဲဒီကျမှ final schedule လုပ်မှာ။ မနက်ဖြန်မှာ တွေ့မယ်။"

သမ္မတအနေနဲ့ မြန်မာနိုင်ငံကနေ စက်တင်ဘာလ ၂၃ ရက်နေ့လောက်မှာ အမေရိကန်ခရီးစဉ်ကို စတင်မယ်လို့ သိရပြီး ဒီခရီးစဉ်ဟာလည်း ပျမ်းမျှအားဖြင့် သုံးရက်လောက်ကြာမယ်လို့ သိရပါတယ်။ သမ္မတရဲ့ခရီးစဉ် အသေးစိတ်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar နဲ့ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံပြီးတော့မှပဲ သိရမှာဖြစ်တဲ့အတွက် မစ္စတာနမ်ဘီယားနဲ့ တွေ့ဆုံပြီးမှပဲ သမ္မတရုံးက အသေးစိတ်ကို ထုတ်ပြန် မယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာအစိုးရက အမည်မည်းစာရင်းထဲပါနေသူ ခြောက်ထောင်ကျော်ထဲက နှစ်ထောင်ကျော်ရဲ့ အမည် စာရင်းကို သြဂုတ်လ ၂၈ ရက်နေ့က ပယ်ဖျက်ပေးပြီး မရှေးမနှောင်းမှာပဲ အမေရိကန် ပြည်ထောင်စု ကလည်း သမ္မတ ဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တချို့အပေါ် တဦး ချင်းစီအလိုက် ပိတ်ဆို့ အရေးယူထားတာနဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက် တချို့ကို လျှော့ချပေး လိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

အခုလို ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ကာလမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံနဲ့ ပိုမိုရင်းနှီးစွာ ဆက်ဆံလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို ပြသလိုတဲ့အတွက်ကြောင့် သမ္မတဦးသိန်းစိန်အပေါ် ဗီဇာကန့်သတ်ချက်ကို လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်နည်းတူပဲ မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အမေရိကန် နိုင်ငံကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံကနေ စတင်ထွက်ခွာဖို့ ရှိနေတာ ပါ။ ဒေါ်အောင်ဆန်းစု ကြည်ဟာ အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က ချီးမြှင့်ထားတဲ့ Congressional Gold Medal Award ခေါ် ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို ကိုယ်တိုင် လက်ခံရယူမှာဖြစ်သလို လွှတ်တော်မှာလည်း စကားပြော မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန်နိုင်ငံမှာ ရှိနေစဉ်အတွင်း နယူးယောက်၊ ၀ါရှင်တန်၊ ကယ်လီဖိုးနီးယားနဲ့ အင်ဒီယားနားပြည်နယ်တွေမှာ ရှိနေကြတဲ့ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက ခေါင်းဆောင် နှစ်ယောက်ဖြစ်ကြတဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ အမေရိကန်နိုင်ငံကို တပြိုင်တည်း ရောက်နေတဲ့အချိန်မှာ အမေရိကန်သမ္မတ Barak Obama အနေနဲ့ ဒီ ခေါင်းဆောင် နှစ်ယောက်စလုံးနဲ့ တွေ့ဆုံသင့်တဲ့အကြောင်း CSIS လို့ခေါ်တဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာနက အကြံပြုချက် ထုတ်ပြန်ထားပါတယ်။

ဒီ CSIS အဖွဲ့ဟာ မြန်မာအစိုးရက လက်ရှိပြုလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း သွားရောက်လေ့လာခဲ့ကြပြီး အမေရိကန်အစိုးရကို မူဝါဒဆိုင်ရာ အကြံပြုချက်တွေ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းဖို့ ၂၆ ရွာ ဆန္ဒပြတောင်းဆို

Posted: 13 Sep 2012 11:02 AM PDT


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေး တောင်းဆို ဆန္ဒပြနေကြသူများ ( ၀၉/၁၂/၁၂။)
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆို ဆန္ဒပြမှုတွေကို ဆက်တိုက်ဆောင်ရွက်နေတဲ့ ရွာပေါင်း ၂၆ ရွာက ရာနဲ့ ချီတဲ့ ဒေသခံတွေဟာ ဆယ်တဲရွာမှာ လူထုအစည်းအဝေးပွဲလုပ်ပြီးတော့ ရွာသားတွေအနေနဲ့ နစ် နာကြေးကို မလိုချင်တဲ့အကြောင်း၊ စီမံကိန်းရပ်တန့်ဖို့ကိုပဲ လိုလားကြောင်းကို သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီကြေးနီတောင် စီမံကိန်းကြောင့်မို့လို့ လယ်မြေဆုံးရှုံးမှုတွေ၊ ရွာတွေ ပြောင်းရွှေ့ခံရတာတွေ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးရတာတွေနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ဖြစ်ရတာကို မကျေနပ်ကြတဲ့ ဒေသခံတွေက ဆန္ဒပြ တောင်းဆိုနေကြတာပါ။အာဏာပိုင်တွေဘက်က ဆန္ဒပြသူတချို့ကို ဖမ်းဆီးခဲ့ပြီးတဲ့နောက်ပိုင်းမှာ အခြေအနေတွေက ပိုပြီး တင်းမာလာသလိုပဲ ဆန္ဒပြမှုတွေကလည်း တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာနေတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ၆ ကြိမ်မြောက် လူထု အစည်းဝေးပွဲ ကို ဆည်တဲရွာမှာ ပြုလုပ်ခဲ့ရာမှာ ရွာပေါင်း ၂၆ ရွာကို ကိုယ်စားပြုတဲ့ ရွာသား ၃၀၀ ကျော်တက်ခဲ့ပြီး ကြားဝင် ဆောင်ရွက်ပေးသူတွေအနေနဲ့ လက်ပန်းတောင်းတောင် စီမံကိန်းတခုလုံး ရပ်တန့်အောင် လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင် ပြောပြ တာက

"လက်ပန်းတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်ရေး ကော်မီတီ ဆိုတာကို ဖွဲ့စည်းထား ပါတယ်။ ကော်မီတီက ခြောက်ကြိမ်မြောက် အစည်းအဝေးကို ဒီနေ့ နေ့လည်မှာ ကျင်းပ ခဲ့ပြီးတော့ ပြည်သူတွေက သဘောတူညီချက် တစ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းရေးသာ အလိုရှိကြောင်းနဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စတင်တဲ့ အချိန်က စပြီးတော့ နစ်နာမှုအမျိုးမျိုး၊ ဖမ်းဆီးမှု အမျိုးမျိုးကို ကုမ္ပဏီက တာဝန်ယူ ဖြေရှင်းပေးရမယ်ဆိုတဲ့ တောင်းဆိုချက် နှစ်ချက်ကိုပဲ သူတို့လက်ခံတယ်ဆိုတဲ့အကြောင်း သူတို့ ပြောပါတယ်။

မြေယာလျှော်ကြေးတွေ ဘယ်လောက်ရရ၊ ရွာတွေကို ဘယ်လိုပဲလုပ်လုပ် သူတို့ ဒါတွေကို မလိုချင် ဘူး။ သူတို့မြေ၊ သူတို့ရွာမှာ ထာဝရနေပြီး ထာဝရလုပ်ကိုင်ချင်တယ်။ အဓိကအကျဆုံးကတော့ လက်ပန်း တောင်း ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးကိုသာ သူတို့အလိုရှိကြောင်းကို ကျေးရွာပေါင်း ၂၆ ရွာက ရွာသားပေါင်း ၃၀၀ ကျော်နဲ့ ထောက်ခံပြီးတော့ အတည်ပြုထားပါတယ်။"

ဆည်တဲရွာက ဒေသခံရွာသားတဦးကတော့ မိရိုးဖလာ လုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေ ဆုံးရှုံးမှာ၊ ချင်းတွင်းမြစ်ရေ ညစ်ညမ်းမှာ ဒေသခံအားလုံးက သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီး တာ၊ သားစဉ် မြေးဆက် လုပ်ကိုင်စားသောက်ဖို့ ခက်ခဲမှာကို မလိုလားကြောင်း၊ ဒီအတွက် နစ် နာကြေး ယူတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

"ကျနော်ကတော့ ဆည်တဲရွာက မိုးဇော်ထွန်းဖြစ်ပါတယ်။ အခု ကျနော်တို့ မြေသိမ်းတိုက်ပွဲဆိုပြီး ဆန္ဒပြနေတဲ့ ရွာဖျက်ခံရတဲ့ တောင်သူတွေက အခုဆိုရင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက်ကိုပဲ လိုလားပါတယ်။ ဒီဥစ္စကို ဝန်ကြီးတွေနဲ့ သွားညှိနှိုင်းမယ်ဆိုတဲ့ အဖွဲ့ အစည်းအသီးသီးကလည်းပဲ တွေ့ဆုံညှိနှိုင်းဖို့ကို သူတို့က စိတ်ဆန္ဒပြင်းပျနေတယ်ဆိုပေမဲ့လည်း ကျနော်တို့ကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းရေးအတွက်ပဲ ညှိနှိုင်းပါလို့ပဲ ကျနော်တို့က ပြောချင်ပါတယ်။ ကျနော်တို့က မြေယာလျော်ကြးတွေ မလိုချင်ဘူး၊ သူတို့ပေးမယ့် လျော်ကြးတွေက တနပ်စားပဲဖြစ်တယ်၊

ကျနော်တို့မှာ သားသမီးတွေရှိတယ်။ သားသမီးတွေရဲ့ ဘဝရှေ့ရေးက ဒီ မြေတွေ၊ ယာတွေ ရှိမှဖြစ်မှာပါ။ အဲဒါကြောင့် ကျနော်တို့က ဒီ လတ်တလောပေးတဲ့ လျော်ကြေးကို မလိုချင်ဘူး။ ပြီးတော့လည်း ဒီစီမံကိန်းကြီးကြောင့် ဖြစ်ပေါ် လာမယ့် ဆိုးကျိုးတွေက မုံရွာမြို့ကြီးမှာ ထိခိုက်လာမှာ ဖြစ်ပါတယ်။ လျော်ကြေးကို ညှိနှိုင်းပေး မယ်၊ တောင်းဆိုပေးမယ်ဆိုတာကို လုံးဝ လက်မခံပါဘူး။

တောင်းဆိုချင်တာကတော့ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက်ပါပဲ။ ဒါမှလည်း နောင်လာနောက်သားတွေက ဒီရွာမှာ သူတို့ လုပ်ကိုင်စားသောက်နိုင်မှာ ဖြစ်ပါတယ်။ အခု ကျနော်တို့က လျော်ကြေးယူလိုက်မယ်ဆိုလို့ရှိရင် ချင်းတွင်းမြစ် တဘက်ကမ်းမှာရှိတဲ့ လူတွေရဲ့ ဒုက္ခက ပိုပြီး ကြီးသွားမှာစိုးတဲ့အတွက် လျော်ကြေးကဏ္ဍကို ကျနော်တို့ မလိုချင်ပါဘူး။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းရေးအတွက်ကိုပဲ ကျနော်တို့ လိုလားပါတယ်။"

မုံရွာဘက်မှာတော့ သပိတ်စခန်း ဖွင့်ထားတဲ့ဘုန်းကြီးကျောင်းကို လုံထိန်းတွေက ဖိအာေးပးနေ တာကြောင့် ဘုန်းကြီးက ကျောင်းသားတွေကို ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံနေတယ်လို့ ဆိုပါတယ်။ ဒီနေ့ နေလည်ပိုင်း မှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် လာရောက်ပြီး  အချက် အလက် ကောက်ခံမှုတွေ လုပ်သလို ဆန္ဒပြသူတွေကို ဖိနှိပ်မှုတွေ မလုပ်ဖို့ ကြားဝင် ဆောင်ရွက်ပေးခဲ့ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသာေးတွလည်း  မုံရွာဘက်ကို ကြားဝင် ဆောင်ရွက်ပေးဖို့ လာနေ ကြပြီလို့ သိရပါတယ်။  ဒီအချိန်မှာပဲ အာဏာပိုင်တွေနဲ့ လူထုကြား တင်းမာမှုတွေ ဆက်ဖြစ်နေတယ် လို့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

"စစ်ကိုင်းတိုင်းဝန်ကြီး ဦးသာအေးက ဆားလင်းကြီးမြို့နယ် အထက်တန်းကျောင်း တကျောင်းကို လာပြီးတော့ ဆရာ-ဆရာမတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်တဲ့အတွက် ဒေသခံ ပြည်သူလူထုက သွားပြီး ဆန္ဒပြတယ်။ သူနဲ့တော့ မတွေ့သေးဘူး။ မိုးကြိုးပြင် မြောက်ရွာကနေပြီးတော့ ပြည်သူ အင်အား ၈၀၀ လောက်ကနေ ဆန္ဒပြဖို့ စောင့်နေကြတယ်။

နောက်တခုက ကျနော်တို့ရွာ ပတ်ဝန်းကျင်တွေမှာလည်း လာပြီးတော့ ကုမ္ပဏီက သုံးနေရာ လေးနေ ရာ လောက်ကို ဘူဒိုဇာကြီးနဲ့ထိုးပြီးတော့ မြေတွေလာပုံလို့ ရွာသားတွေက မြေသားတွေရှေ့မှာ ရပ်တန့် ကာကွယ်ပြီးတော့ လူတံတိုင်းကာတာ၊ သူတို့ ဆက်ပြီးတော့ လည်ပတ်မှုကို ခဏ ရပ်ဆိုင်း ထားတယ်။ ဒါပေမဲ့ လူမရှိတာနဲ့ သူတို့က လယ်မြေတွေထဲကို ဘူဒိုဇာတွေနဲ့ ထိုးပြီးတော့ လမ်းဖောက် တာတို့၊ မြေကြီးတွေ လာပုံတာတို့ တောက်လျှောက်လုပ်နေတဲ့ အတွက် ကျေးရွာသားတွေနဲ့က သုံးလေးနေရာမှာ ဒီနေ့မှာ ပဋိပက္ခတွေ တော်တော်ဖြစ်တယ်။"

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့အတွက် ဒေသခံတွေ လိုလားနေကြပြီး မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ တရုတ်ကုမ္ပဏီ မြန်မာ-၀မ်ပေါင်ကုမ္ပဏီတို့ကတော့ စီမံကိန်း လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်.။

လူနေရပ်ကွက်ထဲသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် အပြစ်မဲကလေးငယ်များ သေဆုံးရ

Posted: 13 Sep 2012 10:59 AM PDT


Photo: MAW WAN MAW MAKAU KAW GASAT ======================== ကချင် ပြည်နယ်၊ ဖားကန့် ဥရုဆိုင်းမော် ၊ မော်ဝမ်းမောက် ကောင်တွင် တပ်ထိုင်ထား သောမြန်မာ အစိုးရစစ်တပ်သည် (သြဂုတ်လ  ၊၁၃)ရက်နေ့ညနေ (၃း၄၅)နာရီ ကျောင်းဆင်း ချိန် မှစတင်၍ ညနေ (၅း၃၀)အချိန် ထိ မော်ဝမ်း လူနေ ရပ်ကွက်ထဲ သို့ လက်နက်ကြီးများဖြင့်  ဆက်တိုက်ပစ်ခတ် သဖြင့် ကျောင်းသား (၇)ဦး အားထိမှန်ကြောင်းသိရှိရပါသည်။ ယခုအခါ ၄င်း ဒဏ်ရာရရှိသော ကျောင်းသား(၇)ဦးအနက် (၃) ဦးအား ဆေးရုံတွင်တင်ထားပြီး မှူလတန်း ကျောင်း သားလေး(၁)ဦးမှာသေဆုံးသွားပြီ ဖြစ်ကြောင်းသတင်းရရှိပါသည်။   September (13) bat Mali Wunpawng Mungdan Shanglawt Asuya  Sinna Ginwang Dap Ba (2) Ginra Uru  Seng Maw Hpakant Maw Wan Maw na  maza sumpum, mawdaw lam hpunggaw  kaw lai lung wa ai myen asuya hpyen  hpung ni hpe  dai na maga hkying (3:45pm)  ten hta KIA myu tsaw share ninghkring  ni kawn remove bawm hte hkap gap  gasat lai wa sai lam shiga na chye lu ai.  N dai zawn bawm hte hkap gasat ai hta  myen hpyen la (10) dai kaw nan si galau taw mat sai lam mung na chye lu ai.  Myen asuya hpyen ni hkrat sum ai law  wa ai majaw Maw Wan Mawk Kawng  kaw dung nga ai myen asuya hpyen dap  ni kawn Maw Wan Mare kaba de myawk  kaba ni hte (5:30pm) ten ram du hkra  gap sharu bun lai wa sai lam shiga na  chye lu ai. Myen hpyen dap ni gap dat ai myawk  kaba pala ni gaw jawng yu ten kaw ang  nna jawng ma marai (7) hpe mung hkra  mat ai lam na chye lu ai. N dai zawn hkala  hkrum ai ni gaw Myitung Pan hpe lagaw  kaw hkra ai lam, Yaku ngu ai hpe gaw kan  kaw hkra nna, ya yang hkala hkrum ai  jawng ma masun hpe gaw mung shawa  tsirung de du taw sai lam, jawng kaji  lung nga ai la kasha langai mi gaw si  hkrum lai wa sai lam shiga na chye lu ai.  N dai Mawk kawng kaw dung nga ai  myen asuya hpyen hpung ni hta Maru  ga, Rawang ga shaga ai hpyen la ni grai  lawm ai lam hpe mung bunga masha ni  kawn na chye lu ai. (source-jinghpawkasablog)
 
ကချင် ပြည်နယ်၊ ဖားကန့် ဥရုဆိုင်းမော် ၊ မော်ဝမ်းမောက် ကောင်တွင် တပ်ထိုင်ထားသော မြန်မာ အစိုးရ စစ်တပ်သည် (သြဂုတ်လ ၊၁၃)ရက်နေ့ ညနေ (၃း၄၅)နာရီ ကျောင်းဆင်းချိန် မှစတင်၍ ညနေ (၅း၃၀)အချိန် ထိ မော်ဝမ်းလူနေ ရပ်ကွက်ထဲ သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် သဖြင့် ကျောင်းသား (၇)ဦးအား ထိမှန်ကြောင်းသိရှိရပါသည်။
 
ယခုအခါ ၄င်းဒဏ်ရာ ရရှိသော ကျောင်းသား(၇)ဦး အနက် (၃)ဦးအား ဆေးရုံတွင် တင်ထားပြီး မှူလတန်း ကျောင်း သားလေး(၁)ဦးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
 
Copy from - Lachid Kachin

Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်း မြောက်များစွာကို အမြင်သစ်ပေးခဲ့...

Posted: 13 Sep 2012 10:56 AM PDT





Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်း မြောက်များစွာကို အမြင်သစ်ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေး ဆေးတစ်ခွက်လဲ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့သော မေလ ၂၀၊ ၂၀၁၂ နေ့၊ ဂျေရူဆလင်နေ့မှာ ဖြစ်ခဲ့တာပါ။

အဲဒီနေ့ ပါလက်စတိုင်း လူမျိုးတွေက အစ္စရေး တိုးချဲ့အိမ်ရာ စီမံကိန်းများကို သပိတ်မှောက်နေခဲ့ တာဖြစ်ပါတယ်။

အဲဒီထဲမှာ ၁၀ နှစ်သားအရွယ် ပါလက်စတိုင်း ကောင်လေး တစ်ယောက်ဟာ ပါလက်စတိုင်း အလံကိုင်လျှက် ပါဝင်နေတုန်း၊ အစ္စရေး နယ်ခြားစောင့်ရဲ တစ်ယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ လက်ဖမ်းတာ
ခံရပါတယ်။

ကောင်လေးကို ခြေထောက်နဲ့ ကန်တယ်၊ မညှာမသာ လုပ်လာတဲ့အခါမှာ အနားမှာ ရှိနေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အစ္စရေး တက္ကသိုလ် ကျောင်းသူ တစ်ယောက်က အဆိုပါ ရဲကို ၀င်လုံးပြီး ကောင်လေးကို ထွက်ပြေး စေခဲ့ပါတယ်။

အစ္စရေး လူမျိုးနဲ့ ပါလက်စတိုင်း လူမျိုးဆိုတာ ရာဇ၀င် လိုက်ပြီး ရန်ဖြစ်နေခဲ့တဲ့ လူမျိုးတွေပါ။ အခုလို အဖြစ်ကို မြင်ရတော့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ လူမျိုးနှစ်မျိုးကြား ငြိမ်းချမ်းရေး ရလာတော့မလား ဆိုပြီးလဲ ပြောဆိုလာကြပါတယ်။

သို့သော်လည်း၊ သူ့လူမျိုး (အစ္စရေး) အချင်းချင်း တွေရဲ့ ဝေဖန် ကဲ့ရဲ့ခြင်းများကိုလဲ ခံရပါတယ်။

လူတစ်ဦး တစ်ယောက်ရဲ့ စိတ်ထား မှန်ကန်စွာ ပြုမူလိုက်ခြင်းသည် လူအများအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာ ဒီအဖြစ်က သက်သေပြနေပါတယ်။ မကောင်းမှုကို သိရက်နဲ့ ကိုယ့်အမျိုးမို့ အားပေး၊ အားမြောက်ပြုခြင်းကို ကိုယ့်ဘာသာကိုယ် တော့ အမှားအမှန် မသိနိုင်ပေမယ့် အပြင်လူ တစ်ယောက် အနေနဲ့ ကြည့်လိုက်မှ မသင့်တော်မှန်း သိရတဲ့ အဖြစ်မျိုးတွေ ရှိကောင်းရှိမှာပါ။

ဘယ်နေရာ မဆို အမှန်တရား ဘက်က ရပ်တည်နိုင်တဲ့ စိတ်ထားဟာ လူတစ်ယောက်ရဲ့ တန်ဖိုးပါပဲ။

မူရင်း သတင်းလင့်
http://972mag.com/armed-border-officer-chases-10-year-old-palestinian-boy-for-holding-flag/46412/
အင်တာနက်စာမျက်နှာသတင်း

"ဗိုလ်မှူးချုပ် ကျော်ဇောအတွက် ပြည်တော်ပြန် ကန့်သတ်ချက် များသည် အစိုးရ၏ လက်တွေ့မကျသော အပြုအမူဟု သားဖြစ်သူ ဝေဖန်"

Posted: 13 Sep 2012 10:52 AM PDT



ဗိုလ်မှူးချုပ် ကျော်ဇော အား ရဲဘော် သုံးကျိပ်ဝင် တစ်ဦး အဖြစ် သာ ကန့် သတ် ဖိတ်ခေါ် ပြည်ဝင် ခွင့်ပြုခြင်းနှင့် မိသားစုဝင် အားလုံး
အား ဖိတ်ခေါ်မှု မပြုခြင်း သည် အစိုးရ ၏ လက်တွေ့မကျသော အပြု
အမူဖြစ်ကြောင်း မြန် မာပြည် ပြန်လာ ခွင့် အတွက် ချန်လှပ်ခြင်းခံ ထားခဲ့ ရသည့် သားဖြစ်သူ ဦးအောင်ကျော်ဇော က ဝေဖန် လိုက်သည်။ ထိုသို့ ပြည်တော်ဝင်ရေး အ တွက် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ဗိုလ်မှူးချုပ် ကျော်ဇော၏ သမီး တစ်ဦးဖြစ်သူ ဒေါက်တာ လှကျော်ဇော ထံသို့ ဆက်သွယ် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ရဲဘော် သုံးကျိပ်ဝင်တစ်ဦး အဖြစ်သာ လက်ခံ အသိ မှတ်ပြုခြင်း ၊ အတူ လိုက်ပါ နိုင် သည့် မိသားစု များအဖြစ် သမီး ကြီး ဒေါက် တာ လှကျော်ဇောနှင့် သြစတြေးလျရှိ သမီး လတ် ဒေါ် စန်းကျော်ဇော တို့ နှစ်ဦး ကို သာ ခွင့်ပြု ခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။ "အစိုးရ ဘက်က ရဲဘော် သုံးကျိပ်ဝင် ဆိုတဲ့ သမိုင်း အကန့်လေး တစ်ခု တည်း နဲ့ လက်ခံတယ် ဆိုတာ လက်တွေ့မကျပါဘူး။ ရိုးသားမှု တကယ် ရှိတယ်ဆိုရင်၊ ပြန်လည် ပေါင်းစည်း ချင်တယ် ဆိုရင် ဒီလို မသတ်မှတ် သင့် ပါဘူး"ဟု ၄င်းက ပြောသည်။
ဗိုလ်မှူးချုပ် ကျော်ဇော အနေ ဖြင့် မြန်မာ့ လွတ်လပ်ရေး သမိုင်းတွင် ရဲဘော် သုံးကျိပ်ဝင် အဖြစ် သာမက ဗမာ့ တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူး အထိ စွမ်းစွမ်း တမံ ထမ်းဆောင်ခဲ့ပြီး ၁၉၅၄၊ ၅၅ ခုနှစ် များ တွင် ရန်ကြီးအောင်၊ ဘုရင့်နောင် စစ်ကြောင်း များဖြင့် ကူမင် တန် တရုတ် ဖြူ တပ် များ ကျူးေ ကျာ် မှု ကို ဦးဆောင် တိုက်ခိုက်ခဲ့ သူဖြစ်သည်။ ၁၉၅၇ ခုနှစ် ဧပြီလ တွင် ဗမာ့ တပ်မတော်မှ အနားပေးခြင်း ခံရကာ ၁၉၇၆ တွင် ဗမာပြည် ကွန်မြူနစ် ပါတီ အခြေစိုက် တရုတ် နယ်စပ် သို့ မိသားစုနှင့် အတူ ထွက်ခွာ သွား ခဲ့ ခြင်း ဖြစ်သည်။
"ဒါလူတိုင်း သိနေတာပဲ။ ငြင်းပယ်လို့ မရပါဘူး။ ကွန်မြူနစ် ပါတီ ဗဟို ကော် မတီ ဆိုတာ ကြာလှပြီ မရှိတော့တာ။ တိုင်းပြည်ရဲ့ ခေါင်းဆောင် တစ်ေ ယာက် ၊ ပြည်သူတွေ ရဲ့ ခေါင်းဆောင် တစ်ယောက် ကို ပြည်သူတွေ ပဲ ပိုင် တာ။ အစိုးရ အနေ နဲ့ ဒီအရွယ် ဒီအဘိုးကြီး ဘယ်လို ပုံစံနဲ့ လာလာ လက်ခံ တယ် ပြောရမှာပါ။ တကယ်လို့ ရဲဘော်သုံးကျိပ် သာ မဟုတ်ဘူး ဆိုရင် လက် မ ခံ ဘူး လား"ဟု ဦးအောင်ကျော်ဇောက မေးခွန်းထုတ်သည်။
ယင်း သို့ ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်၍ ဒေါက်တာ လှကျော်ဇောအား ဧရာ ဝတီ သတင်း ဌာန မှ ဆက်သွယ်၍ မေးမြန်း ခဲ့သည့် အင်တာဗျူး တစ်ခု တွင် သူမက"အစိုးရ အနေနဲ့ တိုင်းပြည်ကြီးကို တကယ် ပဲချစ်တယ်။ တ ကယ် တည်ဆောက် ချင်တယ် ဆိုရင်တော့ အယူဝါဒ မရွေး၊ လူမျိုး မရွေး၊ ဘာသာ မရွေး ပေါ့။ ပြန်လာ ချင်တဲ့ သူပြန်လာခွင့် ပြုရမယ်။ အခု ဖေဖေ့ ကို ပြန်ခေါ် တာတောင် ကျွန်မတို့ မိသားစု ဝင် တွေ အကုန် မခေါ် ဘူး ။ ဖေဖေ့ မှာ သား သမီး သုံးယောက် ရှိတယ်။ မြေး ခုနစ်ယောက် ရှိတယ်။ အကုန်ပြန် မခေါ် ဘူး။ ဦးအောင်မင်း ပြောတာက အဘ ဦးကျော်ဇော ကို အနီးကပ် ပြုစု ဖို့ သမီးနှစ်ယောက် ကို လိုက်ပါ ခွင့်ပြုတယ် လို့ပဲ ပြော တာေ လ။ ကျွန် မမောင် ကိုအောင်ကျော်ဇော လည်းမပါဘူး။ အဲဒီလို အကန့် အ သတ်တွေ နဲ့ တော့ တိုင်းပြည် ကြီးကို အမျိုးသား စည်းလုံး ညီညွတ်ရေး၊ အမျိုး သား ပြန် လည် သင့်မြတ်ရေးတွေ အတွက်တော့ သိပ် မသင့်တော် ဘူး ထင်တယ်" ဟု ဖြေခဲ့ သည်။
ဗိုလ်မှူးချုပ် ကျော်ဇော အား ဒေါက်တာ လှကျော်ဇော နှင့်အတူ အနီး ကပ် ပြု စု စောင့်ရှောက် မှုပြုနေ ခဲ့သော သားဖြစ်သူ ဦးအောင်ကျော်ဇော အနေဖြင့်မူ သူ ၏ ဖခင်ကို အမှီပြု၍ နိုင်ငံရေး အရ အသုံးမချ သင့် ကြကြောင်း၊ ၄င်း အပြင် အဆိုပါ ကိစ္စ များနှင့် ပတ်သက်၍ ကွန်မြူနစ် ပါတီ အနေဖြင့် ပြောရန် အခွင့် မရှိကြောင်း ဆိုသည်။ ၄င်းအနေဖြင့် မူ ပြည်တွင်း စစ် မီးမလောင် တော့ဘဲ ပြည်သူများ ၏ ဘဝ အမှန် တကယ် လွတ်မြောက် ချိန်မှ သာ တိုင်းပြည်သို့ ပြန်လာ မည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။ "ဒါ ကျွန်တော် မသွားရလို့ ပြောတာ မဟုတ်ပါဘူး။ အဖေ့ ကို လိုက်ပို့ ချင် ပို့ မယ်။ ဒါပေမဲ့ ကျွန်တော် တစ်ဦးချင်း အနေနဲ့တော့ အခုလို ရှုပ်ယှက် ခတ်နေ တဲ့ အချိန် မှာ ပြန်စရာ အကြောင်း မရှိပါဘူး။ လက်ရှိ ဗမာပြည် ရဲ့ အပြောင်း အလဲ ကို မယုံကြည်သေး လို့ပါ။ ပြည်သူ့ ဘဝ တကယ်ရော လွတ်မြောက်ပြီ လား။ တကယ်ရော ထမင်းငတ် တာတွေ လုံလောက်ပြီလား။ ပြည် တွင်းစစ် မီးမလောင်တော့ ဘူး။ တိုင်းပြည် လည်း တိုးတက်ပြီ ဆိုရင် ဘယ်သူမှ အသိ အမှတ်ပြု စရာမလို ပါဘူး။ ကိုယ့် အထုပ် ကိုယ်ကိုင်ပြီး မူဆယ် အပေါက်ဝ ကနေ ပြန်လာ လိုက်မယ်"ဟု ၄င်းက ပြောသည်။
၎င်းအနေဖြင့် အသက် ၁၈ နှစ်မှစ၍ နိုင်ငံရေး လုပ်ကိုင်ခဲ့ပြီး ယခု ၆၄ နှစ် အရွယ် အထိ မြန်မာနိုင်ငံသား အယုတ် အလတ် အမြတ် မရွေး မည်သူ့ ကို မဆို ၄င်းတို့၏ အခက် အခဲနှင့် ပြဿနာ များကို ကူညီပေးနေ ဆဲ ဖြစ်ကြော င်းနှင့် ယုံ ကြည်ရာ ကို သာ လုပ်ခဲ့ခြင်းဖြစ် ကြောင်း ထပ်လော င်း ဆို ပါ သည်။ "တိုင်းပြည် ကို ဖျက်ဖို့ လုပ် ခဲ့တာ မဟုတ်ဘူး။ တိုင်းပြည် ကောင်း မယ် ထင်လို့ ပျော်စရာ ကောင်းတဲ့ လူငယ် ဘဝကို စွန့်ပြီး မိသားစု အလိုက် ကွန်မြူနစ် အလံတော် အောက်ကို ဝင်ခဲ့တာ။ မဖြစ်ခဲ့တာ ကတော့ မ တတ်နိုင် ဘူး။ ကောင်း အောင် လုပ်ချင် လို့ လာခဲ့တာပဲ။ တိုင်းပြည်ေ ကာင်းပြီ ဆို ပြန်ခဲ့မှာပါ။ ဘယ်သူမှ ခေါ်စရာတောင် မလိုပါ ဘူး" ဟု ဦးအောင်ကျော်ဇောက ပြောသည်။ လက်ရှိ အခြေ အနေ များသည် ဗိုလ်မှူး ချုပ်ကျော်ေ ဇာ ကူမင်း ဆေးရုံတွင် တက်ရောက် ကုသစဉ် ရွှေတိဂုံ ဘုရားဖူး ချင် သည်ဟု ပြောခဲ့ ရာမှ အစပြုခဲ့ပြီး အဆိုပါ အချက် မှာလည်း ဗိုလ်မှူး ချုပ် ကျော်ဇော ကွယ်လွန် ချိန် မှသာ ဖော်ပြစေ လို ခဲ့ကြောင်း ၄င်းက ရှင်းပြ သည်။
"မီဒီယာကို ဘာလို့ ကျွန်တော် ပြောခဲ့လဲ ဆိုတော့ ဖေဖေ ကွယ်လွန်ချိန် မှာ ကွန်မြူနစ် တစ်ယောက် အနေ နဲ့ သေခဲ့တယ် ဆိုတာမျိုး မဖြစ်စေ ချင် ဘူး။ ဖေဖေ က တိုင်းပြည် ရယ်၊ တပ်မတော် ရယ်၊ သူ့ပြည်သူရယ် ကို တကယ် ချစ်တယ်။ ပြီးတော့ ဖေဖေ က ဗုဒ္ဓဘာသာကို နက်နက် ရှိုင်းရှိုင်း သက်ဝင် ယုံကြည်သူ တစ်ယောက် ပါ။ သူ့ရဲ့ တကယ့်နောက်ဆုံး ဆန္ဒက ဗုဒ္ဓဘာသာဝင် ကောင်း တစ်ယောက် ရဲ့ စွန့်ခွာခြင်း မျိုးနဲ့ ဘဝ ကို အဆုံး သတ်သွားချင်တာပါ။ ရွှေတိဂုံ ဘုရားဖူး ချင်တဲ့ အကြောင်း ကို လည်း ဖေဖေ ကွန်လွန်မှသာ ဖော်ပြဖို့ ပြောခဲ့တာပါ"ဟု ၄င်းက ဆိုသည်။ ဗိုလ်မှူး ချုပ်ကျော်ဇော သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ တည်ထောင် ခဲ့သော တပ်မတော် တွင် တိုင်းပြည်နှင့် လူမျိုးအား ထိပါးသော ကျူးကျော် ရန်သူ များအား နှိမ်နင်းခဲ့ ပြီး တိုင်းရင်းသား များနှင့် ဖြစ်ပွား သည့် ပြည်တွင်းစစ် ကာလ အင်းစိန် တိုက်ပွဲမှ လွဲ၍ ပြည်တွင်း ငြိမ်းချမ်းရေး ကို လိုလားသော ပုဂ္ဂိုလ် တစ်ဦးဖြစ် ကြောင်း ၄င်း၏ ဖခင် နှင့်ပတ်သက်၍ ဦးအောင်ကျော်ဇော က ပြောသည်။ ၄င်း အနေဖြင့်မူ ဖခင်၏ နောက်ဆုံး ဆန္ဒ အရ မြန် မာပြည် ကို ဘုရားဖူး ရန် အတွက် ခွင့်ပြုပါက လိုက်ပို့ခြင်းမှ လွဲ၍ လတ်တလော တွင် ပြန်လိုသည့် စိတ်ကူးမရှိ သေးကြောင်းကို " ပြန်မယ့် စိတ်ကူး မရှိသေး ပါဘူး။ အဓိက က သွေးချင်းတွေ၊ KIA တို့ လက်နက် ကိုင် တော်လှန်ရေး လုပ် ခဲ့တဲ့ ကချင် တွေ၊ ကရင်တွေ သူတို့ အားလုံး သူတို့ ဒေသတွေ မှာ ပျော်ပျော် ရွှင်ရွှင် နဲ့ ပြန်နေရ တဲ့ အချိန်မှာ ပြန်လာမယ်" ဟု သူ၏ ဆန္ဒ ကို ဆိုခဲ့သည်။
ဦးအောင်ကျော်ဇော သည် မိသားစုနှင့် အတူ လက်ရှိတွင် တရုတ် -မြန်မာ နယ်စပ် တွင် နေထိုင် ကာ မြန်မာ့နိုင်ငံရေး စောင့်ကြည့်ဝေဖန် သူ တစ်ဦး အဖြစ် ရပ်တည်နေပြီး တိုင်းရင်းသား များ တန်းတူ ညီတူ နေထိုင်ရေး၊ ငြိမ်း ချမ်းရေး နှင့် လွတ်လပ် တရားမျှတရေး တို့အတွက် ကူညီဆောင် ရွက်ပေးနေ သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

Ref:အောင်ခွန်းဆက်(Popular Myanmar News)
Posted By Admin-HWH

ပြန်မလာတဲ့ စစ်တွေတက္ကသိုလ် ဆရာတွေ လစာဖြတ်

Posted: 13 Sep 2012 10:50 AM PDT


ခင်ဦးသာ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၈၀ ကျော်သည် မိမိတို့ နေရပ် ဒေသ အသီးသီးသို့ ပြန်သွားကြပြီး အချိန်မီ ပြန်ရောက်မလာသောကြောင့် လစာ ဖြတ်တောက်ခံရသည်။

ဇွန်လဆန်းက စတင်သော ပဋိပက္ခများကြောင့် စစ်တွေ တက္ကသိုလ်အပါအ၀င် တက္ကသိုလ်များအား ခေတ္တ ပိတ် ထားရသဖြင့် ပြန်သွားကြ သော ဆရာ၊ ဆရာမ များကို ဇူလိုင် ၂၀ ရက်တွင် ပြန်လာကြရန် စစ်တွေ တက္ကသိုလ် ပါမောက္ခချုပ် က စာထုတ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်မရောက်သူများ၏ လစာဖြတ်ခံရ ကြောင်း စစ်တွေ တက္ကသိုလ်မှ ကျောင်း ဆရာတဦး က ဧရာဝတီ ကို ပြောသည်။

"အရေးပေါ်ကာလ ဖြစ်တဲ့အတွက် ၂၀ ရက်မှာ အားလုံးအရောက်ပြန်လာဖို့၊ မရောက်ဘူးဆိုရင် ရက်အလိုက် လစာဖြတ်မယ် ဆိုတဲ့ အကြောင်းကို ပါမောက္ခချုပ်က ကြိုတင်ပြောထားတာ တော့ရှိတယ်၊ ဖြတ်ခံရတဲ့ ငွေက ကျပ်သိန်း ၅၀ ၀န်းကျင် လို့ သိ ရတယ်"ဟု ၎င်း က ဆိုသည်။

ဆရာ၊ ဆရာမ များ၏ လစာဖြတ်တောက်ခြင်းကို ပြည်ထောင်စုအဆင့် ပညာရေးဝန်ကြီးဌာနက တိုက်ရိုက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တဦးလျှင် ၁၀ ရက်မှ ၁၅ ရက်စာ ဖြတ်ခံရ၍ လစာ တ၀က်ခန့်သာ ရကြကြောင်း၊ တက္ကသိုလ် ဆရာ၊ဆရာမ တဦး၏ လစာသည် ကျပ် တသိန်း ၃ သောင်းရှိကြောင်း၊ စစ်တွေ တက္ကသိုလ်တွင် ဆရာ၊ ဆရာမ ဦးရေ ၂၀၀ ၀န်းကျင်ရှိ ကြောင်း သိရသည်။

စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ လစာဖြတ်တောက်ခံရမှု ကိစ္စကို ပြန်လည် စဉ်းစားပေးရန်အတွက် တက္ကသိုလ် ဆရာ၊ဆရာမများအသင်း ( ရန်ကုန် တက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်) စသည့် တို့မှ ဆရာ၊ ဆရာများသည် စက်တင်ဘာလ ၁၁ နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံစာ တစောင်ထုတ်ပြန်၍ သက်ဆိုင်ရာ ဌာန များသို့ ပေးပို့ထားကြောင်း ပေါ်ပြူလာဂျာနယ်၌ ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် တက္ကသိုလ် ဆရာ၊ ဆရာမ အသင်း ၏ ထုတ်ပြန်ချက်အား နိုင်ငံတော် သမ္မတရုံး၊ ပညာရေး ၀န်ကြီးဌာန၊ လွှတ်တော်ရေးရာ ဌာနများသို့ ပေးပို့ ထားကြောင်းလည်း သိရသည်။

အဝေးရောက်နေသည့် ဆရာ၊ ဆရာမ များသည် ခရီးလမ်းကြောင်း၊ လမ်းစရိတ်၊ မိသားစု အရေး စသည့် အခက်အခဲများ အပြင် ရခိုင်ဒေသတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အမိန့် စသည့် အခြေအနေတို့ကြောင့် လုံခြုံရေး စိုးရိမ်မှုများ ရှိနေသေး ခြင်း စသည့် အခြေအနေများ ရှိနေခြင်းအပေါ် မိသားစု သဘောထားဖြင့် ပြန်လည်သုံးသပ်ပေးရန် ကြေညာချက်၌ ဖော်ပြထားကြောင်း ပေါ်ပြူလာဂျာနယ်က ရေးထားသည်။

ဇွန်လဆန်းမှ စတင်ပြီး စစ်တွေမြို့နယ် အပါအ၀င် ရခိုင်ပြည်၏ မြို့အများစု၌ ပဋိပက္ခများဖြစ်ပွားသည့်အတွက် တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာ ကျောင်းများ ပိတ်ထားခဲ့ရသည်။ တက္ကသိုလ်တချို့နှင့် အခြေခံ ပညာကျောင်း တချို့အား ဇူလိုင် လ အတွင်း ပြန်လည် ဖွင့်ခဲ့ပြီး စစ်တွေ တက္ကသိုလ် (ပင်မ )အား သြဂုတ်လ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ထိုပဋိပက္ခ များကြောင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ စသည့်မြို့နယ်များ မှ ဒေသခံ မဟုတ်သည့် ဆရာ၊ ဆရာမ များ သည် မိမိဒေသ အသီးသီးသို့ ပြန်သွားကြသည်။ စစ်တွေ တက္ကသိုလ် ဆရာ၊ ဆရာမ အများစု သည် ရခိုင်ပြည် နယ်နှင့် ရန်ကုန်တိုင်း တို့မှ ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့မှ ပါဝင်ကြောင်း သိရသည်။

ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ အား သမ္မတ ဦးသိန်းစိန် က ဇွန်လ ၁၀ ရက်နေ့တွင် ကြေ ညာခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်ကို ထိုနေ့မှ စ၍ အရေးပေါ် အခြေအနေလည်း ကြေညာခဲ့သည်။ အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တောမြို့၌ ဇွန်လ ၈ ရက်နေ့က စတင်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။

ရခိုင်ဒေသတွင်း ပဋိပက္ခဖြစ်ပွားပြီး ၃ လ ကျော်လာသည့်တိုင် တည်ငြိမ်မှု အပြည့်အ၀ မရှိသေးပေ။ လုံခြုံရေး အားနည်း သည့် မြို့နယ် တချို့တွင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု တချို့ဖြစ်ပွားနေကြောင်း သိရပြီး ကျောက်တော်မြို့နယ် အတွင်းမှ ဦးကျော်မောင်ချေ ဆိုသူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း လူ ၇၇ ဦးသေဆုံး၍ ဒုက္ခသည်ပေါင်း ခြောက်သောင်း ကျော်ရှိနေပြီး အရေးပေါ်အကူ အ ညီနှင့် ပြန်လည် ထူထောင်ရေး အကူအညီများ လိုအပ်နေသည်ဟု နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ဇူလိုင် ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ၌ ကျင်းပသော အစိုးရ သတင်းရှင်းလင်းပွဲတွင် ပြောသည်။

ပဋိပက္ခများကြောင့် အဆောက်အအုံ ၄၈၂၂ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခု ပျက် စီး သွားခဲ့သည် ဟု လည်း သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ သိရှိရသည်။

အပန်းဖြေခရီးထွက်ခြင်းက ကျန်းမာရေးကိုဘယ်လိုအကျိုးပြုနိုင်လဲ

Posted: 13 Sep 2012 10:38 AM PDT


၁။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ပေးတယ်။

အလုပ်ကိစ္စတွေ၊ အိမ်ကိစ္စတွေ အားလုံးကို ချန်ထားပြီး စိတ်ပူစရာ၊ ခေါင်းရှုပ်စရာကိစ္စတွေကနေ ဦးနှောက်ကို အနားပေးလိုက်ခြင်းရဲ့ ပထမဆုံးအကျိုးကျေးဇူးကတော့ စိတ်ဖိစီးမှုတွေ လျော့နည်းလာခြင်းပါပဲ။ လေ့လာမှုများစွာအရ ရောဂါဝေဒနာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါများ၊ ကင်ဆာနဲ့ ရောဂါ ခုခံအားနည်း...
မှုကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါများစတဲ့ ရောဂါများစွာဟာ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိ ရပါတယ်။ စိတ်ဖိစီးမှုမှ ဖြေလျှော့ခြင်းဟာ ဘ၀မှာ ပိုနေပျော်လာပြီး အားအင်တွေရရှိစေကာ အရင်က ဖြေရှင်းရခက်ခဲတယ်လို့ ထင်ခဲ့တဲ့ ပြဿနာတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။


၂။ ဦးနှောက်စွမ်းရည် တိုးတက်စေမယ်။

စိတ်ဖိစီးမှုများတဲ့ ဘ၀နေထိုင်မှုပုံစံနဲ့ ဦးနှောက် ဉာဏ်စွမ်းရည် လျော့နည်းမှု ဆက်စပ်မှုရှိကြောင်း လေ့လာချက်တချို့အရ သိရှိခဲ့ရသလို အပန်းဖြေခရီးထွက်ခြင်းဟာ ဦးနှောက်မှတ်ဉာဏ် စွမ်းရည်ကို တိုးတက်မြင့်မားစေနိုင်ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။


၃။ ခန္ဓာကိုယ်ကိုလည်း ကျန်းမာသန်စွမ်းစေတယ်။

နေ့စဉ်နေ့တိုင်း စိတ်ဖိစီးမှုဒဏ် ခံနေရာကနေ အပန်းဖြေခရီး ထွက်လိုက်တဲ့အခါမှာတော့ သင်ဟာ အိပ်ရေး၀၀အိပ်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်တဲ့အကျင့်ကို ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်ပါတယ်။ ဒါဆိုရင် နာကျင်ကိုက်ခဲမှုတွေလည်း လျော့နည်းလာနိုင်ပါတယ်။ လေကောင်းလေသန့်လည်း ရရှိစေတဲ့အတွက် ပိုပြီး လန်းဆန်းတက်ကြွလာစေနိုင်ပါတယ်။


၎။ မိသားစု သံယောဇဉ်ကြိုး ခိုင်မာစေတယ်။

နေ့စဉ်နေ့တိုင်း ကျောင်းသွားလိုက်၊ ရုံးသွားလိုက်နဲ့ မိသားစုဝင်အချင်းချင်း တယောက်နဲ့တယောက် တွေ့ဆုံကြတဲ့အချိန်က ရှားပါးလွန်းပါတယ်။ မိသားစုနဲ့ အပန်းဖြေခရီးထွက်တဲ့အခါ မိသားစုဝင်အချင်းချင်း အပြန်အလှန် ရင်းနှီးချစ်ခင်မှုတွေရကာ အမှတ်တရ ဖြစ်ရပ်လေးတွေနဲ့ သံယောဇဉ်ကြိုး မြဲမြံလာစေ နိုင်ပါတယ်။ ဒီလိုပဲ မိတ်ဆွေအချင်းချင်းလည်း ပိုပြီး ရင်းနှီးမှုပိုကာ ပိုခင်မင်လာနိုင်ပါတယ်။


၅။ ဘ၀မှာ ပိုနေပျော်လာတယ်။

အပန်းဖြေခရီး ထွက်တဲ့အခါ ပတ်ဝန်းကျင်အသစ်၊ ဒေသအသစ်မှာ မိတ်သစ်ဆွေသစ်တွေ တိုးပွားပြီး အတွေ့အကြုံအသစ်တွေ ခံစားရနိုင်ပါတယ်။ အပန်းဖြေခရီးထွက်တယ်ဆိုကတည်းက ဘာအလုပ်ကိစ္စမှ ခေါင်းထဲမှာ မရှိတော့တဲ့အတွက် စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ရယ်မောလာနိုင်ကာ ကိုယ်နှစ်သက်ရာ လုပ်နိုင်ကြပါတယ်။

ရခိုင်တွင် ရင်းနှီး မြှုပ်နှံမူ ပြုလုပ်ရန် နိုင်ငံတကာကို ဘင်္ဂလာဒေခ်ျ့ အစိုးရ တိုက်တွန်း *

Posted: 13 Sep 2012 10:32 AM PDT

Inbox
x









Narinjara News



ထွန်းထွန်း

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ် တွင် ရင်းနှီးမြုပ်နှံမူ ပိုမို ပြုလုပ်ကြရန် အမေရိ ကန်နှင့် နိုင်ငံ တကာကို ဘင်္ဂလာဒေခ်ျ့ အစိုးရမှ တိုက်တွန်းလိုက်သည်။

ထိုသို့ ရင်းနှီးမြုပ်နှံခြင်းဖြင့် ရခိုင်ဒေသသည် စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပြီး ဘင်္ဂ လာဒေခ်ျ့သို့ ထွက်ပြေးလာနေသော မွတ်ဆလင် ဒုက္ခသည်များ အရေးကို ရပ်တန့်စေလိမ့်မည်ဟု ဆိုသည်။







မြန်မာနိုင်ငံ ရခိုင်ဒေသသို့ လည်ပတ် အပြီး ယမန်နေ့က ဒက္ကားမြို့သို့ ရောက်ရှိလာသော အမေရိ ကန် အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်းနှင့် အဖွဲ့နှင့် ဘင်္ဂ လာဒေခ်ျ့ အစိုးရတို့ ရခိုင်ဒေသ အရေးနှင့် ဒုက္ခသည် ကိစ္စကို တွေ့ဆုံနွေးစဉ် ဘင်္ဂလာဒေခ်ျ့ ဘက်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရခိုင်ဒေသတွင် ရင်းနှီးမြပ်နှံခြင်းဖြင့် ဘင်္ဂလာဒေခ်ျ့ကိုလည်း ကူညီရာ ရောက်မည် ဖြစ်ကြောင်း၊ အ ဘယ်ကြောင်းဆိုသော် ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေးလာနေသော ဒုက္ခသည်များ လျော့ကျ သွား စေမည် ဖြစ်၍ ဟုဆိုသည်။

ရခိုင်ပြည်နယ်သည် သဘာဝ သယံဇာတ အထူး ပေါကြွယ်ဝသော ပြည်နယ်တစ်ခု ဖြစ်သော်လည်း အုပ်ချုပ်သူ အစိုးရအဆက်ဆက်၏ ဖိနှိပ် သွေးခွဲ အုပ်ချုပ်မူကြောင့် စီးပွားရေး အရ အထူးချွတ်ခြုံ ကျနေသော ပြည်နယ်တစ်ခုဖြစ်ပြီး ဆင်းရဲ မွဲတည်မူနှင့် အလုပ်လက်မဲ့နုန်းမှာ ကြောက်ခမန်းလိလိ တိုးပွားနေကြောင်း သိရသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်းနှင့် အဖွဲ့သည် ယမန်နေ့က ရန်ကုန်မှ တဆင့် ဒက္ကားမြို့တော်သို့ ရောက်ရှိလာသည်။ ယနေ့တွင် မြန်မာနယ်စပ် အနီးရှိ ဒုက္ခသည် စခန်း များရှိရာ ကော့စ်ဘဇားသို့ သွားရောက် လည်ပတ်ကြည့်ရှု့နေသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနှင့် အဖွဲ့သည် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့ သို့ ရောက်ရှိနေသော မွတ်ဆလင် ဒုက္ခသည်များ၏ ရေတို၊ ရေရှည် အကျိုးကိစ္စများကို ဘင်္ဂ လာဒေခ်ျ့ အစိုးရနှင့်သာမက ဘင်္ဂလာဒေခ်ျ့တွင် ရှိနေကြသော နိုင်ငံခြား အန်ဂျီအိုများနှင့် လည်း ဆွေးနွေးကြမည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့မှ ပိတ်ပင်ထားသော နိုင်ငံတကာ အန်င်္ဂျီအို (၃) ခုဖြစ်သည့် Muslim Aid ( UK) ၊ MSF ( Holland) နှင့် Action Against Hunger (ACF) ကို ပြန်လည် ခွင့်ပြုရန် အမေရိကန် က ပြောသော်လည်း ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အဆိုပါ အဖွဲ့ (၃) ဖွဲ့သည် ရရှိထား သဘောတူညီ ချက်ကို ချိုးဖေါက်ပြီး အလွန်အကျွံ လုပ်ဆောင်သဖြင့် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ဖန်သားပြင် လေးလက်မအကျယ်ရှိ 4G LTE စနစ်သုံး အပါးလွှာဆုံး iPhone 5 စတင်မိတ်ဆက်

Posted: 13 Sep 2012 10:29 AM PDT



မြင်ကွင်းကျယ်ဗီဒီယို
အမြန်နှုန်းပိုကောင်းလာမှုကို ပြသသည့် ဇယား
မြင်ကွင်းကျယ်ဓာတ်ပုံရိုက်ကူးပါက ၂၈ megapixels အထိ ရိုက်ကူးနိုင်
မိုက်ကရိုဖုန်းသုံးခုပါဝင်လာမှု

Apple ကုမ္ပဏီသည် စမတ်ဖုန်း တစ်ခေတ်ပြောင်းလဲစေခဲ့သော iPhone များ၏ နောက်ဆုံးမျိုးဆက်သစ် iPhone 5 ကို စက်တင်ဘာလ ၁၂ ရက်နေ့ (မြန်မာ့စံတော်ချိန် ည ၁၁ နာရီခွဲ)တွင် စတင်ပြသခဲ့သည်။
ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်ခဲ့သော ယင်းအခမ်းအနားတွင် Apple ၏ ဈေးကွက်ရှာဖွေရေးဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဖိလစ်ရှီးလားက iPhone 5 ကို ပြသသွားခဲ့သည်။ ကြိုတင်ထွက်ပေါ်နေခဲ့သည့် သတင်းများအတိုင်း iPhone 5  ၏ ဖန်သားပြင်မှာ လေးလက်မအထိရှိလာခဲ့ပြီး 4G LTE စနစ် ပါဝင်လာခဲ့သည်။ ချိတ်ဆက်သည့် ကြိုးခေါင်းမှာလည်း သတင်းများထွက်ပေါ်ထားခဲ့သည့်အတိုင်း ပိုမိုသေးငယ်သွားခဲ့သည်။ အထူမှာ ၇ ဒသမ ၆ မီလီမီတာသာရှိပြီး စမတ်ဖုန်းများတွင် အပါးလွှာဆုံးဖြစ်သည်။ Apple ၏ နောက်ဆုံးမျိုးဆက် A6 processor ကို အသုံးပြုထားသည်။
- မှန်နှင့်အလူမီနီယမ်ဖြင့်သာ ပြုလုပ်ထား၊ အဖြူနှင့်အနက် နှစ်မျိုးသာရနိုင်။


- ၇ ဒသမ ၆ မီလီမီတာ အထူရှိပြီး ဆမ်ဆောင်း၏ Galaxy S3 ထက် ပိုမိုပါးလွှာ။


- အလေးချိန် ၁၁၂ ဂရမ်။

- ဖန်သားပြင်အကျယ် ၄ လက်မ။

iPhone 4 VS iPhone 5
- 1136 x 640 Pixels။
- ထိတွေ့မျက်နှာပြင်ကို ဖန်သားအတွင်း ပေါင်းထည့်နိုင်ခဲ့ခြင်းကြောင့် အလွှာပို နည်းသွားပြီး ပိုမိုပါးလွှာအောင် ထုတ်လုပ်နိုင်ခဲ့။
- ၀ါယာလက်နည်းပညာ ပိုမိုမြန်ဆန်လာပြီး Ultrafast Wireless  နည်းပညာဖြစ်လာဟုဆို။

- စက်လည်ပတ်မှု မြန်နှုန်းအားလုံးကို မြှင့်တင်နိုင်ခဲ့ဟုဆို။
- ဘက်ထရီမှာ 3G ဖြင့် ဖုန်းပြောလျှင် အင်တာနက်သုံးလျှင် ၈နာရီ။ LTE စနစ်ဖြင့် သုံးပါက ၁၀နာရီ၊ သီချင်း သီးသန့် နာရီ ၄၀။
- iSight ကင်မရာကို 8 Megapixel Sensor၊ 3264x2448 resolution နှင့် အခြားအဆင့်မြှင့်မှုများ၊ ဗီဒီယိုရိုက်နေစဉ် ဓာတ်ပုံရိုက်နိုင်၊ အလင်းနည်းသော နေရာတွင်ရိုက်ကူးမှု အဆင့်မြှင့်ထား၊ မြင်ကွင်းကျယ်ရိုက်ပါက 28 megapixels အထိရိုက်နိုင်။ ဗီဒီယိုမှာ 1080p HD ရလာ။


- မိုက်ကရိုဖုန်းသုံးခုထိပါလာ( ယခင်နှစ်ခု)ပြီးအသံစနစ်အဆင့်မြှင့်ထား။
- ချိတ်ဆက်ကြိုးသစ် Thunderbolt မှာ ယခင်ကြိုးထက်ကြိုးခေါင်း သိသိသာသာ သေးငယ်သွား။
- မောင်းနှင်စနစ်သစ် iOS 6 နှင့် iTunes အသစ်ကို စက်တင်ဘာလ ၁၉ ရက်နေ့မှစပြီး ဒေါင်းလုပ်ရယူသုံးစွဲနိုင်မည်၊ စွမ်းဆောင်ရည်သစ် ၂၀၀ ကျော် ပါဝင်လာဟုဆို၊ iOS 6 ကို iPhone 4S,4, New iPad,iPad 2,4th Generation iPod တို့တွင် သုံးနိုင်မည်။
- ကိုယ်ပိုင်သုံးဖက်မြင်ပါ မြေပုံသစ်၊ ဖေ့စ်ဘွတ်ခ်နှင့်တွစ်တာကို မည်သည့် Application မှမဆို ချိတ်ဆက်သုံးနိုင်မှုတို့ ပါရှိလာ။

- Passport အက်ပလီကေးရှင်းသစ် ပါဝင်လာ၊ စတားဘတ်ခ်ကော်ဖီဆိုင်များ၊ ရုပ်ရှင်ရုံများ၊ အားကစားပွဲများ၏ ပွဲလက်မှတ်အဖြစ် သုံးနိုင်၊ Boarding Pass အဖြစ် လေယာဉ်ခရီးတွင်သုံးနိုင်။
- ပုံရိပ်ယောင် ကိုယ်ရေးလက်ထောက် Siri ကို အဆင့်မြှင့်ပြီး
 နှုတ်ဖြင့် ဘောလုံးပွဲရလဒ်မှ အစမေးနိုင်လာ၊ Siri ကို နှုတ်ဖြင့်ပြောပြီး ဖေ့စ်ဘွတ်ခ်တွင် Post တင်နိုင်။


- Sim Card အရွယ်အစား ပိုမိုသေးငယ်လာ။
- iPhone 5 မှာ နှစ်နှစ်ဖုန်းလိုင်းစာချုပ်ဖြင့်ဆိုပါက ၁၆ ဂီဂါဘိုက်လျှင် ၁၉၉ ဒေါ်လာကျသင့်၊ ဖုန်းအလွတ်ဈေးနှုန်း မထုတ်ပြန်၊  စက်တင်ဘာ ၁၄ မှ စပြီး ကြိုမှာနိုင်။
- iPod Touch နှင့် iPod Nano သစ်များ ပါပြသ၊ အက်ပဲလ်၏ နားကျပ်ပုံစံများ လုံးဝပြောင်းလဲ။




Credit: Eleven Media

ကျောင်းမီးရှို့ခံရတဲ့ မောရ၀တီ ဆရာတော် စုံစမ်းရေး ကော်မရှင်ကို ဘာတွေ ပြောလိုက်သလဲ *

Posted: 13 Sep 2012 10:21 AM PDT

Inbox
x






၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၁၀ ရက်နေ့မှာ  ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်
အဖွဲ့ဝင်တွေ ဟာ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်အပိုင်မှာ
တည်ရှိပြီး တရွာလုံးမီးရှို့ခံ လိုက် ရတဲ့  မောရ၀တီ ကျေးရွာကို
ရောက်ရှိခဲ့ပါတယ်။ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေ ဟာ မောရ၀တီ
ဗဟိုသာသနာပြု ဆရာ တော် အသျှင်ဝိဇယကို တွေ့ဆုံခဲ့ပြီး မေးမြန်း စုံစမ်း
တာတွေ ပြုလုပ် ခဲ့ပါတယ်။ ဆရာတော်ကို ဆက်သွယ်ပြီး ဘာတွေကို ဖြေကြား
ပြောဆိုခဲ့ပါ သလဲလို့ မောင်ရမ္မာက ဆက်သွယ် မေးမြန်းတဲ့ အခါ နိရဉ္စရာ
သတင်းဌာနကို အောက်ပါ အတိုင်း ပြန်လည် ဖြေကြားပေး ခဲ့ပါတယ်။

—————————————————————————————

မေး။  ။ ဦးဇင်းနဲ့ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့နဲ့ ဘယ်နေ့
ဘယ်အချိန်မှာ တွေ့ပါလဲဘုရား။

ဖြေ။  ။ စက်တင်္ဘာလ ၁၀ ရက်နေ့ ၈ နာရီ မထိုးခင်က သူတို့ ကျောင်းကို
ရောက်ပါတယ်။ ပထမ ကျောင်းကို လာလို့ ဦးဇင်းနဲ့ လာတွေ့ပါတယ်။ ဦးဇင်းနဲ့
အင်တာဗျူးလုပ်ပါတယ်။ ပြီးမှ ဦးဇင်းနဲ့ အတူ  ဒုက္ခသည်စခန်းကို သွားပါတယ်။
ဒုက္ခသည်စခန်းမှာလဲ ကျေးရွာသူ ကျေးရွာသားတွေကို မေးမြန်းပြီးတော့
အင်တာဗျူး လုပ်သွားပါတယ်။

မေး။ ဦးဇင်းနဲ့ လာတွေ့တဲ့ ရခိုင်ပဋိပက္ခ
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှာ ဘယ်သူတွေ ပါပါသလဲဘုရား။

ဖြေ။ ဒေါက်တာမျိုးညွန့်တို့ တခြား ပုဂ္ဂိုလ်တွေ အကုန်လုံး ပါဝင်ပါတယ်။
ဦးဇင်းက  ဦးအေးသာအောင်၊ ဒေါက်တာ အေးမောင် တို့လောက်ဘဲ သိတာပါ။
ဘာသာပေါင်းစုံ၊ အဖွဲ့စည်းပေါင်းစုံက ကော်မရှင် အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

မေး။ ။ အရှင်ဘုရားနဲ့ ရွာသားတွေကို သူတို့က ဘာတွေကို
မေးမြန်းသွားခဲ့ပါသလဲ အရှင်ဘုရား။

ဖြေ။ ။ မေးမြန်း သွားတာကတော့ ရွာသားတွေကိုပါ။  အခြေအနေ စုံစမ်းပြီးတော့
ဒီမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကို ဘယ် လိုပုံစံ ဖြစ်သွားသလဲဆိုတာကို
မေးမြန်းသွားပါတယ်။ ဒီမှာ ၆လပိုင်း ၈ ရက်နေ့ က မီးတိုက်တဲ့ ကိစ္စတွေနဲ့
ပတ်သက်ပြီး ဘယ်သူ့ဘက်ကလွန်တယ်၊ ဘယ်သူ့ဘက်က များတယ်ဆိုတာကို
ချိန်ဆပြီးတော့ မေးမြန်းသွား ပါတယ်။ ဒီက လူတွေကတော့ ဘယ်လိုဖြစ်တယ်ဆိုတဲ့
အကြောင်းစုံကို အသေးစိတ် ရှင်းပြ လိုက်ကြပါတယ်။

မေး။ ။ အသေးစိတ် ရှင်းပြလိုက်ပုံနဲ့ ပတ်သက်ပြီး နည်းနည်း မိန်းကြားပေးပါလားဘုရား။

ဖြေ။ ။ ဒီမှာ ဇွန်လ ၈ ရက်နေ့က ဘယ်က စတင်ပြီးတော့ ဘယ်လို သတင်းတွေ ရရှိလဲ၊
သတင်းမရဘဲ ဘယ်လို စဖြစ်တာလဲလို့ မေးပါတယ်။ မေးတဲ့အခါမှာ ရွာသားတွေက
တနာရီလောက်က ဘင်္ဂလီလူအုပ်စုက မောင်တောမြို့မှာ ဆန္ဒပြ တယ်ဆိုတဲ့ သတင်းကို
ကြားသိရတယ်။  နောက်ပိုင်းမှာ ကျွန်တော်တို့ ရွာသူ ရွာသားတွေ
ဒီသတင်းလောက်ဘဲ ကြားသိရပြီးတော့ နေကြတယ်။ ရွာမှာအစည်းအဝေးတခု
လုပ်ပြီးတော့ ကျွန်တော်တို့ သတိထားပြီး နေကြရ မယ် ဆိုပြီး နေကြတဲ့အခါမှာ
ညနေ ၃ နာရီခန့်မှာ သရီကုန်ဘောင်ရွာကို မီးတိုက်တာကို ရွာသူရွာသားတွေ
မြင်ပါတယ်။ မြင်သော်လည်းဘဲ ရွာသူရွာသားတွေက  မီးတိုက်တာ
ဟုတ်မှဟုတ်ရဲ့လား၊ ကောက်ရိုးပုံကို မီးလောင်တာလားဆိုပြီး တွေဝေနေကြတဲ့
အချိန် ည ၆ နာရီလောက်မှာ ကိုင်းကြီးရွာကို ဆက်တိုက်ပါတယ်။ ရွာက
လူတွေကတော့ ကိုင်းကြီးရွာကို မီးတိုက်တာလား၊ ကောက်ရိုးပုံကို
မီးတိုက်တာလား အဲဒီလိုဘဲ နေကြတဲ့အချိန် ညနေ ၇ နာရီလောက်မှာ ကုလားရွာအနီးက
ရခိုင်အိမ် တစ်အိမ်ကို မီးစ တိုက်ပါတယ်။ နောက်ပြီး ချိန်ခါလီ
အုန်းတောကျေးရွာက ရခိုင် အိမ်တအိမ်ကို ၇နာရီခွဲလောက်မှာ မီးတိုက်ပါတယ်။
အဲဒီအခါမှာ ငါတို့ ရွာကို မီးတိုက် လာပြီဆိုပြီး သိကြတယ်။ ညနေ ၉
နာရီလောက်မှာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတလျှောက် မီးတိုက်ခံရတာကို
အသေးစိတ် ရှင်းပြကြပါတယ်။ ဒီလို ရှင်းပြတဲ့အခါ ဘင်္ဂလီ မူဆလင်ကုလားတွေ ဘယ်
လောက် ရှိလဲလို့ ထပ်မေးပါတယ်။ ရွာသူရွာသားတွေက လူဦးရေ ၅၀၀၀
ခန့်ရှိတယ်လို့ ဖြေကြပါတယ်။ ဒီလို ညဥ့်ကာလမှ လူဦးရေ ၅၀၀၀ လောက်လို့
ဘယ်လို သိနိုင်သလဲလို့ ထပ်မေးပါတယ်။ ရွာသားတွေက ဒီ ၅၀၀၀ ခန့်မှာ ဓါတ်မီး
(လက်နှိပ်ဓါတ်မီး) ကိုယ်စီ ပါလာကြတဲ့ အတွက်ကြောင့် အဲဒီ ဓါတ်မီးကို
ကြည့်ခြင်းအားဖြင့် သိနိုင်သလို ဓါတ်မီးမပါဘဲ နောက်ကွယ်မှာ ဘယ်လောက်
ရှိနိုင်မလဲဆိုတာကို မသိနိုင်ပါ။ အဲဒီ ဘင်္ဂလီ လူအုပ်စုကြီးဟာ လိုအပ်တဲ့
ပစ္စည်းတွေကို အကုန် ယူပြီးတော့ အိမ်တွေကို လောင်စာဆီ ပက်ဖျန်းပြီး
တတန်းပြီး တတန်း မီးတိုက်သွားတယ်ဆိုတာကို ရှင်းပြ ကြပါတယ်။

မေး။ နောက်ထပ် ဘာများ မေးမြန်းသွားပါသေးလဲ ဘုရား။

ဖြေ။ နောက်ပြီး ဒီဒေသမှာ ရေရှည်နေထိုင်ဖို့ ဆန္ဒရှိသလား။ ရှေ့ကိုဆက်ပြီး
နေနိုင် လိုသေး သလားလို့ မေးပါတယ်။ ရွာသူရွာသားတွေက နိုင်ငံတော်
အစိုးရအပေါ်မှာ မူတည်တယ်။ နိုင်ငံတော်အစိုးရက ဘယ်လောက်ထိ လုံခြုံရေး
ပေးနိုင်မလဲ။ ဘယ်အတိုင်းအတာထိ ချထားနိုင်မလဲ။ ဘာဖြစ်လို့လဲဆိုတော့
အယင်တုန်းကလဲ ၁၉၉၄ ခု နှစ် မေလ ၁ ရက်နေ့မှာလဲ အိမ်ခြေ ၁၄ ဆောင်၊
ဘုန်းကြီးကျောင်း တစ်ကျောင်း မီးရှို့တာကို ခံခဲ့ရတယ်။ လူတယောက်
သေဆုံးပြီးတော့ တယောက် ဒဏ်ရာ ရရှိခဲ့တယ်။ ဒါတွေကိုတော့ မြန်မာနိုင်ငံက
လူတွေ မသိရှိကြပါဘူး။ အဲဒီအချိန်ကလည်း လုံခြုံရေးပေးမယ် ဆိုပြီး အစိုးရ
တာဝန်ရှိသူတွေက အာမခံ ပြောခဲ့ပါတယ်။ အခုအချိန်မှာလည်းဘဲ
လုံခြုံရေးပေးမယ်။ စိတ်ချပါဆိုပြီး နိုင်ငံတော် အစိုးရက ကတိပေးထားပါတယ်။
သို့သော်လည်း နိုင်ငံတော် အစိုးရက ဘယ်အတိုင်းအတာထိ လုံခြုံရေး ပေးနိုင်
မလဲ။ တကယ်လက်တွေ့မှာ မြန်မာ တိုင်းရင်းသားတွေကို ကာကွယ်ပေးသလား ဆိုတာကို
ကျေးရွာသူ ကျေးရွာသားတွေက စောင့်ကြည့်နေကြပါတယ်။  လုံခြုံရေး ရှိရင်
နေထိုင်သွားဖို့ကတော့  ဖြစ်နိုင်ပါတယ်လို့ ပြောကြပါတယ်။

မေး။  ။အရှင်ဘုရားကိုကော တစ်ဦးချင်း တွေ့ဆုံတဲ့ခါ  ဘာတွေများ
မေးမြန်းလျှောက်ထားတာ ရှိပါလဲ ဘုရား။

ဖြေ။  ။ ဒီနေရာမှာ ခုလို ဖြစ်မယ်ဆိုတဲ့ ကိစ္စကို ကြိုတင်ပြီး သိလား၊
ဖြစ်ပြီးမှ သိသလားလို့ ဦးဇင်းကို ကိုယ်တိုင် သူတို့ မေးပါတယ်။ ဦးဇင်းက
ကြိုတင်ဖြစ်ဖို့ဆိုတာကို ဦးဇင်းတို့ သိထားပါတယ်။ သို့သော် ဘယ်နေ့ ဘယ်ရက်
ဖြစ်လာမလဲ ဆိုတာကိုတော့ နှစ်အကန့်အသတ်နှင့် ရက်အကန့်အသတ်နဲ့ မသိပါဘူး။
ဘာဖြစ် လို့လဲ ဆိုတော့ ဦးဇင်းတို့ ၁၉၄၂ ခုနှစ် မေလ ၁၃ ရက်နေ့မှာ
ဖြစ်သွားခဲ့တဲ့ တကြိမ်၊ နောက် ၁၉၈၈ မှာ တကြိမ်၊ ၁၉၉၄ ခုနှစ်ကတကြိမ်
စသည်အားဖြင့် အဲဒါတွေကို အခြေခံပြီး ကြည့်လိုက်တဲ့အခါမှာ အခုလဲ ဒီအတိုင်း
ဖြစ်လာမယ် ဆိုတာကို ဦးဇင်းတို့ သိထားတယ်လို့ ဖြေကြားလိုက်ပါတယ်။
နောက်ထပ်မံပြီးတော့ ဖြစ်နိုင်တဲ့ အလားအလာ ရှိသလား စသဖြင့်တော့ မေးပါတယ်။
နိုင်ငံတော် အစိုးရက လုံခြုံရေးချပေးမယ်လို့ တော့ ပြောပါတယ်။ ဦးဇင်းက
ပြည်သူ့စစ်တွေကိုလည်း အခါအားလျော်စွာ ချပေးတာရှိတယ်။ သို့သော် ဤနေရာ
ဤဒေသမှာ  ပြည်သူ့စစ်တွေ ဘယ်လောက် ဘဲ ချထားစေကာမူ လက်နက် အပ်နှံမှု
မရှိခဲ့ရင် ဘာမှ လုံခြုံရေးကို ယူလို့ မရဘူး။  ပြည်သူတွေမှာလည်း
လုံခြုံမူ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မောရ၀တီ ကျေးရွာသည် အနီးကပ်ဆုံး
ဘင်္ဂလီကျေးရွာတွေက ၀ိုင်းရံပြီးနေရသော ကျေးရွာ ဖြစ်တဲ့အတွက်ကြောင့် ၅
မိနစ် ၁၀ မိနစ် အတွင်းမှာ ဘင်္ဂလီ မွတ်ဆလင်တွေက  ပြာကျအောင် လုပ်နိုင်တဲ့
အတွက်  ဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် ပြည်သူ့စစ် ဖွဲ့ထားရုံမျှနဲ့
မဖြစ်နိုင်ပါဘူး။ ဒီမှာ ပြဿနာ ဖြစ်တာနဲ့ အထက်လူကြီးတွေက အစည်းအဝေး
ထိုင်ဖို့တမျိုး၊ အောက်က ငယ်သားတွေက အထက်က လူကြီးတွေရဲ့ အမိန့်အာဏာ
စောင့်ဆိုင်း ရတာက တမျိုးနဲ့၊ အဲဒီ စောင့်ဆိုင်း နေချိန် အတွင်းမှာဘဲ
ဒီကျေးရွာတွေဟာ  ၅ မိနစ် ၁၀ မိနစ်နဲ့ ပြာကျသွားရပြီ။  ဒါကြောင့်
သူတို့မှာ (ဘင်္ဂလီ) ခုလို ပြုလုပ်မယ့် စီမံကိန်းတွေကို ရေးဆွဲပြီးသား
ဖြစ်နေတဲ့ အတွက်ကြောင့် နောင် လာလတ္တံ့သော ကာလမျိုးမှာလည်း ခုလို
မီးရှို့မူတွေ၊ လူသတ်တာတွေ ဆက်လက်ပြီး ဖြစ်နိုင်တယ် ဆိုတာကို ဦးဇင်း
ပြောပြလိုက်ပါတယ်။

မေး။  ။ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ တစ်ခြား
ဘယ်နေရာတွေကို သွားရောက် မေးမြန်းခဲ့တယ်လို့ ကြားရပါလဲ ဘုရား။

ဖြေ။ ။ နှစ်နေရာကိုဘဲ ရောက်ခဲ့တယ်လို့ ဦးဇင်းတို့ ကြားပါတယ်။ ပထမဆုံး
စစ်တွေက လာတာနဲ့ ဦးဇင်းတို့ မောရ၀တီကို ၀င်ပါတယ်။ အဲဒီကနေ ခရေမြိုင်ကို
ဝင်ခဲ့တယ်လို့ သိရပါတယ်။

မေး။  ။ ကော်မရှင်အဖွဲ့ဟာ ဘင်္ဂလီမူဆလင် ဒုက္ခသည်စခန်းတွေကို သွားရောက်
မေးမြန်းခဲ့ပါသေးလား ဘုရား။

ဖြေ။  ။ ဒီမှာက မူဆလင်ဒုက္ခသည်စခန်းဆိုတာ မရှိဘူး ။ ဘာဖြစ်လို့လဲဆိုတော့
မောင်တော မြို့နယ်မှာက သူတို့ ဘင်္ဂလီတွေကို ဘယ်တိုင်းရင်းသားတွေက
လုပ်ကြံခဲ့တာ၊ တိုက်ခိုက်ခဲတာ မရှိခဲ့ပါဘူး။ သူတို့ကဘဲ
တိုင်းရင်းသားရွာတွေကို မီးရှို့ပြီး လူတွေကို သတ်သွားတာပါ။ ဒါကြောင်
မောင်တောမြို့နယ်မှာ ဘင်္ဂလီ ဒုက္ခသည် စခန်းဆိုပြီး မရှိပါ။

( မှတ်ချက်။ ဦးဝိဇယ အရှင်ဘုရားသည်  မောရ၀တီ ကျေးရွာသို့
သာသနာပြုရန်အတွက် ၁၉၉၃ ခုနှစ်တွင် ရောက်ရှိလာပြီး ၁၉၉၄ ခုနှစ် မေလ ၁
ရက်နေ့တွင် ပထမအကြိမ် ကျောင်းကို ဘင်္ဂလီများက မီးရှို့ခဲ့သည်။ ယခု တစ်
ကြိမ် ၂၀၁၂ ခု ဇွန်လ ၈ ရက်နေ့တွင် တကြိမ် ကျောင်းကို မီးရှို့ခံခဲ့ရသည်။ )

ငွေလဲလှယ်နှုန်းကို online ကနေ နေ့စဉ် ဘယ်လို သိနိုင်မလဲ

Posted: 13 Sep 2012 10:16 AM PDT



ငွေလဲလှယ်နှုန်းကို online ကနေ နေ့စဉ် ဘယ်လို သိနိုင်မလဲ

နေ့စဉ်ပြောင်းလဲလျက်ရှိသည့် ငွေကြေးလဲလှယ်မှုနှုန်းထားများကို Gtalk အပါအ၀င် Instant Messaging System များမှ တဆင့်အခမဲ့မေးမြန်းနိုင်မည့် အစီအစဉ် တစ်ရပ်ကို Soft-Gate Technology Group မှစတင် မိတ်ဆက်လိုက်ကြောင်း ထိုကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါအစီအစဉ်အရ ကုမ္ပဏီကသတ်မှတ်ပေးသည့် Instant Messenger Account များကို မိမိ Account တွင် Invite ပြုလုပ်ရမည်ဖြစ်ပြီး Gtalk, Yahoo, AIM, Windows Live Messenger များမှ တစ်ဆင့် မေးမြန်းနိုင် မည်ဖြစ်သည်။ "ကျွန်တော်တို့အဓိက ရည်ရွယ်တာ ကတော့ မြန်မာနိုင်ငံရဲ့ ငွေကြေး လဲလှယ်မှုကို မြန်မြန်ဆန်ဆန်နဲ့ အချက်အလက် အတိအကျကို အွန်လိုင်းကနေတစ်ဆင့် အလွယ်တကူ ရယူစေလိုတဲ့ ရည်ရွယ်ချက်ပါ" ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။ ထိုစနစ်အရ Gtalk အသုံးပြုသူများ အနေဖြင့်

G-talk သုံးသူများအနေဖြင့် myanmar.exchange@gmail.com
Yahoo messenger အသုံးပြုသူများအနေဖြင့် myanmar.exchange@yahoo.com
AIM Messenger အသုံးပြုသူများအနေဖြင့် myanmarexchange နှင့်
Windows Live Messenger အသုံးပြုသူများအနေဖြင့် myanmar.exchange@live.com
Account များသို့ Invite ပြုလုပ်ပြီး Chatting မှတဆင့် အချိန်မရွေး မေးမြန်းနိုင်မည်ဖြစ်သည်။
"ငွေကြေး လဲလှယ်မှုဈေးနှုန်းတွေက အမြဲပြောင်းနေမှာပါ။

ကျွန်တော်တို့အနေနဲ့အတတ်နိုင်ဆုံး Offer Price, Open Price, Close Price တွေကို တင်ပေးသွားမှာပါ။ အခုလောလောဆယ်တော့ FEC, USD, SGD, Gold Exchange တွေကို မေးမြန်း လို့ရသွားမှာပါ။ နောက်ပိုင်းထပ်တိုးသွားဖို့လည်း အစီအစဉ်ရှိပါတယ်"ဟု ရှင်းပြသည်။ အဆိုပါ စနစ်သည် အသုံးပြုရလွယ်ကူပြီး မေးမြန်းသည့်ငွေကြေး လဲလှယ်မှုနှုန်းထားများကို Server မှ တဆင့် အလိုအလျောက် ဖြေကြားပေးမည်ဖြစ်သည်။ ထိုစနစ်နှင့်ပတ်သက်၍ အခြားသိရှိလိုသည်များကို
realtime.information@gmail.com သို့အီးမေးလ်ပို့၍ မေး မြန်းနိုင်ကြောင်း သိရသည်။
အဆင်ပြေကြပါစေ..ဆန္ဒများစွာဖြင့် 
from - http://sun-itgarden.blogspot.com

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန် သို့ သမိုင်းဝင်ခရီး သွားရောက်မည် *

Posted: 13 Sep 2012 10:12 AM PDT

Inbox
x









နိုင်ငံတော် သမ္မတ ဦးသိန်စိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ အမေရိကန် ပြည်ထောင်စုသို့ သမိုင်းဝင်ခရီး သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထံမှ စုံစမ်း သိရသည်။




စက်တင်ဘာလ ၂၀ ရက်နေ့ မှာ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ ညီလာခံအမီ သွား ရောက်ပါမယ်။ သုံးရက်လောက် ကြာပါမယ်။ အသေးစိတ်ထုတ်ပြန် ပေးဖို့လည်း ရှိပါတယ်"ဟု နိုင်ငံ တော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။




အမေရိကန် ပြည်ထောင်စု ဘက်မှ ဒုလက်ထောက်နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ် တို့က သမ္မတကြီး၏ အမေရိကန် ခရီးစဉ်အတွက် လိုအပ်သောကိစ္စ ရပ်များကို မြန်မာနိုင်ငံခြားရေးဝန် ကြီးဌာနနှင့် တိုင်ပင်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ စုံစမ်းသိ ရသည်။




"သမ္မတကိုလည်း သံတမန် တွေ သွားလို့မရတာကို သွားလို့ ရအောင် အမေရိကန်ပြည်ထောင်စု က ဖွင့်ပေးခဲ့တယ်။ သမ္မတကြီးအနေနဲ့ လည်းမြန်မာပြည်အကြောင်း ကို နိုင်ငံတကာကိုရှင်းပြခွင့်ရမယ်။ သူ့အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက် ကိုလည်း ရှင်းပြခွင့်ရမယ်။ သူ့ဂုဏ် သိက္ခာတွေလည်း မြင့်လာမယ်။ ကောင်းတဲ့ရလဒ်တွေ ဖြစ်လာလိမ့် မယ်လို့မျှော်လင့်ပါတယ်"ဟုမြန်မာ့ နိုင်ငံရေးလေ့လာသူ ဦးလှမောင်ရွှေ က ဆိုသည်။




အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်သည်လည်း အမေရိကန် ပြည်ထောင်စု၊


ကွန်က ရက်လွှတ်တော်၏အမြင့်မားဆုံးဆု ဖြစ်သော Congressional Golden Award ကို


သွားရောက်လက်ခံယူ မည်ဖြစ်ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရသည်။




"စက်တင်ဘာလ ၁၆ ရက်နေ့ မြန်မာပြည်က ထွက်မယ်။ အောက် တိုဘာလ ၅ ရက်နေ့ မြန်မာနိုင်ငံ ကို ပြန်ရောက်မယ်။ ဒီထက်ပိုပြီးတော့ အသေးစိတ်ကတော့ မပြော နိုင်သေးဘူး"ဟုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။




သမ္မတဦးသိန်းစိန်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့မှာ အမေရိ ကန်ပြည်ထောင်စုသို့ သွားရောက် ချိန် တိုက်ဆိုင်နေသောကြောင့် အမေရိကန်ပြည်ထောင်စု၌ ဆုံတွေ့ နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး အကဲ ခတ်များက ပြောသည်။




ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် များကြောင့် အမေရိကန်ပြည်ထောင် စု၌ကျင်းပမည့် ကုလသမဂ္ဂအထွေ ထွေညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသော သမ္မတ


ဦးသိန်းစိန်အတွက် အမေရိကန် အစိုးရကပြည်ဝင်ခွင့်ဗီဇာကန့်သတ် ချက်အချို့ လျှော့ချပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးမှ သိရသည်။




"သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းအား ဖြင့် ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ထပ်မံဖိအားပေး နိုင်ဖို့ ယုံကြည်မှုတည်ဆောက်နိုင် တယ်။ ပြီးတော့ ဒီမိုကရေစီနဲ့ အမေ ရိကန်မူဝါဒတွေအပေါ် ကောင်း ကောင်းနားလည်နိုင်မယ့် အရေးပါ တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖိတ် ခေါ်ပါတယ်"ဟု အိမ်ဖြူတော် ပြော ရေးဆိုခွင့်ရှိသူ Caitlin Hayden က ထုတ်ဖော်ပြောဆိုခဲ့သည်။




နိုင်ငံတကာမှ ဒီမိုကရေစီခေါင်း ဆောင်ဟု သတ်မှတ်သော ဒေါ် အောင်ဆန်းစုကြည်သည် သူမ၏ အမေရိကန်ခရီးစဉ်အတွင်း ဝါရှင် တန်အခြေစိုက် NED ဖောင်ဒေးရှင်း က ဒီမိုကရေစီဆုရရှိသည့် ကိုမင်းကို နိုင်၊ ဦးခွန်ထွန်းဦး၊ ဦးကျော်သူ(ရုပ်ရှင်သရုပ်ဆောင်)၊ ဒေါက်တာ စင်သီယာမောင်၊


ဦးအောင်ခန့် စသည့် နိုင်ငံရေး၊ လူမှုရေးခေါင်း ဆောင် မြန်မာနိုင်ငံသား ငါးဦးကို ပေးအပ်မည့်


ဆုပေးပွဲကို တက် ရောက် မိန့်ခွန်းပြောကြားမည်ဟု အင်တာနက်သတင်းများအရ သိရ သည်။




"ဒေါ်အောင်ဆန်းစုကြည် ဒီမို ကရေစီနိုင်ငံ အမေရိကန်ပြည် ထောင်စုကိုသွားတာဟာပြည်တွင်း က အတိုက်အခံခေါင်းဆောင်ဟာ လွတ်လွတ်လပ်လပ်သွားလို့ ရတာ ကို ပြတာ။




တိုင်းပြည်ရဲ့ ပေါ်လစီ ဘယ်လောက်ပြောင်းသွားတယ်ဆို တာ ပေါ်လွင်တယ်။ သူမကိုယ်တိုင်လည်း လွှတ်တော်ထဲမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေတယ်။ အမေရိကန်မှာရှိနေတဲ့ မြန်မာတွေနဲ့ အမေရိကန် ဆီနိတ်တာတွေကို လည်းSanction ကိစ္စနဲ့ပတ်သက် ပြီး ရှင်းပြနိုင်လိမ့်မယ်လို့မြင်တယ်" ဟု ဦးလှမောင်ရွှေက သုံးသပ်ပြော ကြားသည်။




ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အခြေစိုက်မြန်မာ့အရေး လှုပ်ရှားသူ မြန်မာမိသားစုဝင်များ က တွေ့ဆုံနိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်းလည်းအင်တာနက်သတင်း များအရသိရသည်။




Venus News

မူဂျာဟစ်သူပုန်များနှင့် RSO အပါအ၀င် ကုလားဆိုးအဖွဲ့များ၏ မြန်မာနိုင်ငံအတွင်း လူအခွင့်အရေးချိုးဖောက်ကာ အကြမ်းဖက်နှိပ်စက်မှုများ *

Posted: 13 Sep 2012 10:09 AM PDT

Inbox
x






မှုခင်းဖြစ်ချိန်ကာလ ၁၉၇၀ - ခုနှစ်၊

ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာ

ဦးကြွင်းကျန်အောင်တို့ မိသားစု စေတီတောင်ကျေးရွာတွင်
အေးချမ်းစွာဖြင့်နေထိုင် စားသောက်လျက် နေကြသည်ကို ရွာသူ/သားတိုင်း
သိကြပါသည်။ ဦးကြွင်းကျန်အောင်မှာ သားတစ်ယောက်ရှိပါသည်။ ၎င်းမှာ
မောင်မြထွန်းဖြစ်ပါသည်။ မောင်မြထွန်းဆိုသော လူငယ် တစ်ဦးသည် မိမိတို့
မိဘဘိုးဘွားလက်ထက်က လုပ်ကိုင်ခဲ့ကြသည့် လယ်ယာကိုင်းကျွန်းတို့ကို
လုပ်ကိုင်လျက် သမ္မာအာဇီဝအသက်မွေးမှုဖြင့် ရိုးရိုးသားသားနေလာသည်ကို
စေတီတောင် ကျေးရွာ လူကြီးလူငယ်အားလုံးသိကြပါသည်။
လူရိုးလူဖြောင့်တစ်ဦးမို့ လူတိုင်းကချစ်ကြခင်ကြ ပါသည်။

နောက်ယောင်ခံ ဓား

အမည်မသိ လူတစ်သိုက်က မောင်မြထွန်းသွားသည့်နောက်သို့ ထပ်ကြပ်မကွာ
နောက်ယောင်ခံလိုက်နေသည်ကို မောင်မြထွန်း သတိမထားမိ၊ တစ်နေ့ထက်တစ်နေ့
ပိုလို့ပင် သိသာနေသည်။ မောင်မြထွန်း ရွာထဲကနေ လယ်ယာတောသို့
ပုံမှန်သွားနေကြအတိုင်း တစ်ယောက်တည်း အဖော်မပါဘဲ သွားပါသည်။
သိန်တောင်ဘက်ကို ဦးတည်လျှောက်လာနေ သော မောင်မြထွန်းကို ကုလားဆိုးများက
ဓားကိုယ်စီ ကိုင်ဆောင်လျက် ဓားကိုဝှက်၍ နောက်ယောင်ခံ လိုက်လာပါသည်။
တဖြေးဖြေးနဲ့ သိန်တောင်ဘက်သို့နီးကပ်လာပါသည်။ မောင်မြထွန်းဆိုသူသည်
ရခိုင်တိုင်းရင်းသီချင်းလေးကို ဆိုငြီးရင်း သူ့လက်ထဲမှာ အသင့်ပါလာတဲ့
လေးခွနဲ့လောက်စာကို ဟိုချိန်သည်ချိန်လုပ်ရင်းဖြင့် ခရီးနှင်လာခဲ့ပါသည်။

မသိလို့ မသာဖြစ်

မောင်မြထွန်း စေတီတောင်ရွာနှင့်အတော်ဝေးလာသည်ကို သူမသိ၊ဟိုကြည့်သည်ကြည့်
ကြည့်ရင်းနဲ့ သိန်တောင်ဘက်ကို ရောက်မှန်းမသိ ရောက်လာခဲ့ပါသည်။
သိန်တောင်နှင့်စေတီတောင်အကြားမှာ လူသွားလူလာပြတ်လတ်သည်။ ကုလားယုတ်
ကုလားဆိုးများက ရခိုင်လူမျိုးကို တွေ့လျှင် ဘယ်နေရာတွေ့တွေ့
လည်ပင်းဓားနဲ့လှီးဖြတ်သတ်ဖို့ သူတို့ဆရာများကမှာကြားထားပါသည်။ ယင်းသို့
မှာကြားထားသည့်အတိုင်း ကုလားဆိုးများက ကျင့်သုံးနေထိုင်ကြပါသည်။

"ဟေ့ ကောင် ခုချက်ချင်းရပ် … မင်းကို ငါတို့ ဝိုင်းထားပြီ … ပြေးဖို့
မကြိုးစားနဲ့ … မင်း ငါတို့ကို ဘာမှတ်နေသလဲ …? .
နောက်ယောင်ခံလိုက်ပါလာသော ကုလားဆိုးများက မောင်မြထွန်း ကို
ပြေးပေါက်မရှိအောင် ပိတ်ဆို့ထားကြပါသည်။ မောင်မြထွန်းကတော့ မကြောက်တတ်ပါ။
ကုလားဆိုးများကို ပြန်၍ မေးခွန်းထုတ်လိုက်သေးသည်။ " မင်းတို့ ကုလားတွေက
အုပ်စုများလာရင်… အနိုင်ကျင့်ဖို့… ရန်ရှာဖို့ပဲ
ကြိုးစားနေကြတာ…ငါ့ကိုများ ကြောက်မယ်ထင်လို့လား..? ဟု မောင်မြထွန်းက
ပြန်ပြောလိုက်တဲ့အချိန်မှာ ကုလားဆိုးတစ်ယောက်က နောက်ကနေ
အလစ်ဝင်ပြီးဓားဖြင့်ထိုး လိုက်ပါသည်။ ၉-လက္မခန့်ရှိ
ဓားမြောင်ဓားတစ်ချောင်း မောင်မြထွန်း၏ နောက်ကျော နံဘေးကို
ထိုးမိသွားပါသည်။ နောက်ကုလားတစ်ယောက်က ဓားနဲ့ဦးခေါင်းကို
ဝင်ခုတ်လိုက်ပြန်ပါသည်။ မောင်မြထွန်း မြေကြီးပေါ်မှာ
မှောက်လျက်သားဖြစ်သွားတော့မှ ခြေထောက်နှင့်နင်းလျက် ဆံပင်ကိုင်စွဲ
လည်ပင်းကို ဓားဖြင့်လှီးဖြတ်ပါသည်။ မောင်မြထွန်းခမျာ အသေဆိုးနဲ့
ဒီနေရာမှာပင် ပွဲချင်းပြီး သေရပါတော့သည်။

အမှန်တကယ်တော့ မောင်မြထွန်းဟာ သူနေတဲ့ လယ်တဲကိုပြန်သွားရင်းနဲ့
လယ်တဲစပ်အနီးမှာ ကုလားဆိုးတို့၏ ချောင်းမြောင်းသတ်ဖြတ်ခြင်းကို ခံရတာပါ။
ကုလားများက မောင်မြထွန်း၏ ရုပ်အလောင်းကောင်ကို ကောက်ရိုးများဖြင့်
ဖုံးအုပ်ထားလိုက်ပါသေးသည်။ မောင်မြထွန်း အသက် (၃၅)နှစ်
မြေပုံပေါ်မှာတိုင်စိုက်ထားသည့် ဆိုင်းဘုဒ်လေးကို ဖတ်မိရင်း ရင်စို့စွာ
မျက်ရည်လည်မိပါတော့သည်။

လယ်သမားမို့လို့ ချမ်းသာမပေးပါ

မှုခင်းဖြစ်ချိန်ကာလ (၁၉၇၀-ခုနှစ်) စေတီတောင်ကျေးရွာမှာ
ဦးကျော်သောင်းဆိုသော လူတစ်ယောက် ရှိပါသည်။ လယ်ယာလုပ်ငန်းဖြင့်
အသက်မွေးပြီး အေးဆေးတည်ငြိမ်စွာ ရိုးသားပွင့်လင်းစွာ နေတတ်လေ့ရှိသည်ကို
စေတီတောင်ကျေးရွာသူ/သား အားလုံးကလည်း သိကြပါသည်။ လယ်သမားဘ၀ဆိုတော့
ကိုယ့်ရှိတာလေးနဲ့လုံလောက်အောင် မနည်း ရုန်းကန်
လှုပ်ရှားနေထိုင်ရပါသည်။ဒေသခံသီးနှံလေးများရောင်းချပြီးမှသာ ဝင်ငွေကို
သုံးစွဲရသည့် လယ်သမားတို့ဘ၀ဆိုတော့ ဘူးသီးတောင်မြို့သို့ မကြာခဏ
သွားရောက်နိုင်ခြင်းမရှိပါ။ တစ်လ နှစ်လခန့်လောက် နေမှသာ တစ်ခေါက်
သို့မဟုတ် နှစ်ခေါက် သွားနိုင်ပါသည်။

လယ်သမား ဦးကျော်သောင်း ဒီတစ်ပတ်တော့ မြို့သို့တက်ဖို့ လယ်ယာအတွက်
လိုအပ်သည့် ဓာတ်မြေသြဇာများဝယ်ဖို့ စုထားတဲ့ငွေလေးတွေကို
လက်ကိုင်ပုဝါဖြင့်ထုပ်၍ အဝတ်အစားသစ်သစ်လွင် ၀တ်စား ပြီး ၊ စိတ်ကူးလေးရင်
ခြေသုတ်တင်ကာ နေမ၀င်ခင် ပြန်ရောက် ဘူးသီးတောင်မြို့သို့
လယ်ယာသုံးပစ္စည်းများဝယ်ယူဖို့ ခရီးထွက်ရန် ပြင်ဆင်နေပါသည်။

ကုလားတစ်ယောက်က ချက်ချင်းသတင်းပို့သဖြင့် ကုလားဆိုးအုပ်စုလိုက်
သိန်တောင်ဘက် ကနေ ဦးကျော်သောင်း၏ လယ်တဲကိုရောက်လာပြီးတော့
ဓားကိုယ်စီဖြင့် ဝိုင်းထားကြပါသည်။ ဒုတ်၊ဓား၊လက်နက်များကိုင် ဆောင်လျက်
ကုလားဆိုးများဟာ ယုတ်မာရိုင်းစိုင်း ရက်စက်ဖို့ကို ဝန်မလေးတဲ့သူတွေပါ။
ရခိုင်မျိုးတုံးပျောက်ကွယ်အောင်လုပ်ဖို့ သူတို့အမြဲတမ်းကြံစည်
နေကြသူတွေပါ။ လယ်သမားဦးကျော်သောင်းကို သတ်ဖို့ကြံစည်နေကြတဲ့ ကုလားတွေဟာ
ဦးကျော်သောင်းလယ်တဲထဲကို အတင်းဝင်ရောက်လာကြပြီး ဓားတွေနဲ့ ၀ိုင်းခုတ်သတ်
လိုက်ကြလို့ ဦးကျော်သောင်းတစ်ယောက် ဘူးသီးတောင်မြို့ပေါ်သို့
အလည်တစ်ခေါက်လောက်တောင် သွားခွင့်မရနိုင်တော့ပါ။ လယ်သမားလည်း
ညှာလိမ့်မယ်မထင်ပါနဲ့ ရက်ရက်စက်စက်ကို သတ်ဖြတ်ပစ်လိုက်ကြတာပါ။
သာမန်ကြက်ကလေး ငှက်ကလေးတစ်ကောင်လို သဘောထားပြီး လွယ်လင့်တကူ
ပေါ့ပေါ့ပါးပါးသတ်ပစ်လိုက်ကြခြင်းဖြစ်ပါသည်။

ပျော်လို့သတ်တာလား …?

" ရခိုင်လူမျိုးတွေ ကုလားနှင့်ရောချင်ရော မရောနိုင်လျှင်တော့
လည်လှီးပြီးသတ်မယ်'' …ဟူ၍ ကုလားတစ်ယောက် အော်ဟစ်ထွက်လာသည်ကို
မြင်တွေ့ရသော ရခိုင်တိုင်းရင်းသား တစ်ဦးက ပြောပြပါသည်။ ကုလားဆိုးများသည်
သူတို့ကုလားချင်းလည်း အယူအဆမတူခဲ့လျှင် လည်လှီးပြီးတော့ သတ်ဖြတ်တတ်သည့်
အစွန်းရောက်လူမျိုးတစ်မျိုးပင်ဖြစ်ပါသည်။ အင်တာနက် မှထွက်ပေါ်လာသည့်
ဗီဒီယို ပြကွက်တစ်ခုမှာ ကြည့်လိုက်ရပါသည်။ လူသားအချင်းချင်းပင်
ကိုယ်ချင်းစာနာမှုမရှိ အမြဲတမ်းလိုလို သွေးဆာနေကြသော
လူမျိုးတစ်မျိုးပင်ဖြစ်ပေသည်။ သူတို့ ကုလားဆိုးကုလားယုတ်တွေ
သတ်ဖြတ်နေကြတာဟာ ပျော်လို့သတ်တာလား…? ဒါမှမဟုတ် ဘာကိုလိုချင်လို့
သတ်နေကြတာလဲ …? မေးခွန်းထုတ်စရာ အခြေအနေသို့ ရောက်နေပါသည်။



လူ အသိလေး သိပါ

ကမ္ဘာကြီးကို ငြိမ်းချမ်းစွာ တည်ဆောက်လိုသောလူတွေ လောကမှာ အများကြီးပါ။
ဘာဖြစ်လို့ အပြစ်မဲ့လူတွေကို လိုက်လံသတ်ဖြတ်နေသလဲ ကုလားတွေကို
မေးချင်ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်ကို လုယူဖို့ကြိုးစားနေကြတာလား …?
သနားစရာဗျာ။နေစရာမရှိ စားစရာမရှိဖြစ်နေလို့လား ..? အယူအဆ
မတူမျှတဲ့နိုင်ငံ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာ
နိုင်ငံကိုငြိမ်းငြိမ်းချမ်းချမ်းတည်ဆောက်ဖို့
ကြိုးစားရုန်းကန်နေချိန်မှာ လာမရှုပ်ကြပါနဲ့ လွတ်ရာကျွတ်ရာသွားကြပါ။
တကယ်တော့ ခင်ဗျားတို့ ကုလားတွေဟာ လူတွေပါ၊ လူတွေဆိုတာ
ခင်ဗျားတို့ကိုယ်တိုင်အပါအဝင် လူသားအရင်းအမြစ်တွေဖြစ်နေပါလျက်နဲ့
လူ့အသိကို သိကြဖို့ အချိန်တန်ပါပြီ။ ကမ္ဘာမှာလည်း စစ်ပွဲတွေ
ပလူပျံနေအောင်ဖြစ်နေကြတာ ခင်ဗျားတို့ ကုလားဆိုးတွေကြောင့်ဖြစ်နေကြတာက
များပါတယ်။ ဒါ့ကြောင့် ကုလားမြင်တိုင်း ကျွန်တော်တို့ မမုန်းချင်ပါဘူး။
လူလို သိကြပါလို့ ပြောပါရစေ ….
တာဝန်သိ ရခိုင်ပြည်သူတစ်ဦး

ဒုတိယ ပင်လုံညီလာခံ ကျင်းပဖို့ KIO ဒု-စစ်ဦးစီးချုပ် ပြော *

Posted: 13 Sep 2012 10:06 AM PDT

Inbox
x







ဖနိဒါ




အစိုးရမှ တိုင်းရင်းသားများအပေါ် မတရားဖိနှိပ်မှုများ မပြုလုပ်နိုင်ရန်နှင့် တိုင်းရင်းသားများ ဘက်မှလည်း မဖြစ်နိုင်သည့် မတရားတောင်း ဆို ချက်များ ပြုလုပ်နိုင်ရန် ပင်လုံညီလာခံကဲ့သို့သော ဒုတိယပင်လုံ ညီလာခံတခု ကျင်းပ၍ ဘုံသဘောတူညီချက်ချမှတ်နိုင်ရေး ဆွေးနွေး သင့်နေ ပြီဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။




"အားလုံးပါဝင်နိုင်တဲ့ ညီလာခံကြီးတခုကို ခေါ်ပေးရမယ်။ ကျနော်တို့ပြောတာကတော့ အရင်ပင်လုံ တွေကျင်းခဲ့ကြ သကဲ့သို့ ညီလာခံကြီးတခု ကို ကျင်းပရမယ်။ အဲဒီမှာတော့ အကုန်လုံးပါဝင်ရမယ်။ ပါဝင်သင့်တဲ့လူတွေ အကုန်လုံး ပါ ဝင်ရမယ်။ အဲဒီမှာ ဘုံသဘောတူညီချက် တခုကို ရအောင် ကျနော်တို့က ဝိုင်းပြီးမှ ဆွေးနွေးရမယ်။ လူထုရဲ့ရှေ့မှာ အစည်းအဝေးလုပ် ရမယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် အစိုးရကလည်း မတရားလုပ်လို့ မရတော့ဘူး။ ကျနော်တို့ ဘက်ကလည်း မတရားတောင်းဆိုလို့ မရတော့ဘူး။ အဲတော့ အားလုံးက ဝိုင်းပြီးကြည့်နေရမယ်" ဟု ဗိုလ်ချုပ်ဂွမ်မော် က ဆိုသည်။




သြဂုတ်လ ၁၂ ရက်မှ ၂၂ ရက်နေ့ထိ ကချင်ငြိမ်းချမ်းရေးကွန်ယက် အဖွဲ့ဝင်များက တရုတ်နယ်စပ် KIO ၏ ဌာနချုပ် လိုင်ဇာမြို့သို့သွား ရောက် ၍ KIO ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် သီးသန့်တွေ့ဆုံ မေးမြန်းမှုကို ဘားမား ဗီဂျေမီဒီယာက ပြန်လည်ဖေါ်ပြထား ခြင်း ဖြစ်သည်။




ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန်မှာ ဒုတိယ ပင်လုံညီလာခံ၏ ဘုံသဘောတူညီချက်များဖြင့်သာပြင်ဆင်နိုင်မည်ဟုဗိုလ် ချုပ် ဂွမ်မော်က ယူဆသည်။ သူက လွှတ်တော်အတွင်းမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သည် လွှတ်တော်အတွင်း တပ်မတော်အ ရာရှိများ ပါဝင်နေခြင်းကြောင့် ပြင်ဆင်၍ မရနိုင်ဟုလည်း ယူဆနေသည်။




"လွှတ်တော်ထဲမှာ ပြင်လို့ မရသလို၊ ပြည်သူ့ဆန္ဒခံ ဖြစ်လာဖို့လည်း ဘယ်လိုမှ မဖြစ်လာနိုင်ဘူး။ အဲတော့ ကျနော်တို့ကတော့အပြင်မှာ ညီလာ ခံ ကြီးတခုမှာ ဘုံသဘောတူညီချက်တခုကို မရဘူးဆိုရင် ဒီဥပဒေကို ဘယ်လိုမှ ပြင်လို့မရ ဘူး။ ဒါကြောင့် လွတ်တော်ပြင်ပမှာ ဒါကိုလုပ်ချင် တယ်လို့ ဦးအောင်မင်းကိုပြောတယ်။ ပထမပိုင်းတော့ ဟုတ်တယ်တဲ့ ဒါပေမဲ့ ဒီက ဆွေးနွေးချက်ကို လွှတ်တော်ပြန်ယူသွားဖို့ လိုအပ် တယ်လို့ ဒါကြောင့်မလို့ ဒီဟာကို ဦးသိန်းဇော်ကို တာဝန်ပေးရမယ်။ ဒါပေမဲ့ ခုကျတော့ ဒီလေသံကတော့ ပျောက်သွားပြန်ရော"ဟု ပြောသည်။




KIO နှင့် အစိုးရအကြား တနှစ်ကျော်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့မှုအပေါ် လွှတ်တော်အနေဖြင့် မည်သို့ သဘောထားရှိမှု၊ တိုက်ပွဲနှင့် ပတ် သက်၍ ဆွေးနွေးခြင်း ရှိ၊ မရှိကို KIO အနေဖြင့် အမှန်တကယ် သိရှိလိုကြောင်းနှင့် လွှတ်တော်က တိုက်ပွဲရပ်ရန် ဆုံးဖြတ်ချက်ကိုတပ်မ တော်ကနာ ခံမှုမရှိခြင်းလား ဟူသည့် မေးခွန်းကိုလည်း မေးမြန်းထားသည်။




တိုက်ပွဲများ မဖြစ်ပွားစေရန် KIO နယ်မြေအတွင်း နီးကပ်နေသော အစိုးရ၏ စစ်တပ်များအား ဆုတ်ခွာရေးဆွေးနွေး ရန် ပြင်ဆင်လိုက် တိုင်း အစိုးရဘက်မှ ဆွေးနွေးမှုကို ရပ်ဆိုင်းထားမှု ဖြစ်နေသည်ဟု သူက ပြောဆိုထားသည်။




ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က တရုတ်နယ်စပ် မိုင်ဂျာယန်မြို့တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့်အလွှတ်သဘောတွေ့စဉ်အစိုးရ ဘက် မှပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒု-ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုး ဝင်းနှင့် KIO ဘက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွပ်မော်တို့ စစ်တပ်ပိုင်းဆိုင်ရာများ ဆွေးနွေးရန် သဘောတူခဲ့ပြီးနောက် ယနေ့ထိ နှစ်လ ကျော်ကြာ ပြန် လည် တွေ့ဆုံခြင်း မရှိခဲ့ပေ။




KIO က ယခင်ဆွေးနွေးပွဲများကို တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလပ်ခဲ့ပြီး ယခုတကြိမ်တွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့မည်သည့် ဘယ် နေရာ ၌၊ မည်သူက တာဝန်ယူမည်ဟူ၍ ဆက်လက် ဆွေး နွေးကြမည်ကို စာတင်ထားသော်လည်း အစိုးရဘက်မှ တုံ့ပြန်ခြင်းမ ရှိခဲ့ ကြောင်း သူက ဆိုသည်။




ထို့နောက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က လာအိုနိုင်ငံတွင် သွားရောက်တွေ့ဆုံရန်ထပ်မံကမ်းလှမ်းလာမှုကို KIO ဘက်မှ ငြင်းဆို ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ထပ်မံတွေ့ဆုံ၍ နေပြည်တော်သို့ သွားရောက်ရန် ထပ်မံ ကမ်းလှမ်းခဲ့မှု ကိုလည်း KIO ဘက်မှ ပယ်ချ ခဲ့သည်။




KIO ၏ တောင်းဆိုချက်များအား ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖွဲ့စည်းခဲ့သောကချင် ပြည် နယ်စပ်ရေးရာ ဝန်ကြီး ဦးသန်းအောင်နှင့် သုံးကြိမ်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသောင်သာအမတ် ဦးအောင်သောင်း ဦးဆောင် သော အဖွဲ့နှင့် သုံးကြိမ်နှင့် လက်ရှိ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ သုံးကြိမ် စုစုပေါင်း အနည်းဆုံး ၉ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီး ဖြစ် သည်။




လာမည့် ၂ဝ၁၅ ခုနှ ရွေးကောက်သည် အရေးကြီးသည့်ရွေးကောက်ပွဲဖြစ်ပြီး ၂ဝ၁၆ ခုနှစ်နောက်ပိုင်းမှမြန်မာ့ဒီမိုကရေစီအရေးအမှန် တကယ် ပြောင်းလဲနိုင်မည်ဟုလည်း ဗိုလ်မှူးချုပ် ဂွမ်မော်က ထည့်သွင်း ပြောဆိုထားသည်။




ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကလည်း "တမျိုးသားလုံးဆိုင်ရာညီလာ ခံကြီး" ကျင်းပ၍ ထိုမှ တမျိုးသားလုံး ဆိုင်ရာ သဘောတူညီချက် ရရှိရန် အင်အားစုများ အားလုံး ပါဝင် လက်မှတ် ရေးထိုးကြရန်နှင့် တမျိုး သား လုံးဆိုင်ရာ သဘောညီချက်ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက် ဆောင်ရွက်ရန် ထုတ် ပြန်ထားသည်။




UNFC တွင် ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်တစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်းတပ်မတော်၊ ရှမ်းပြည်တောင် ပိုင်း တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ အပါအဝင် ၁၂ ဖွဲ့ ပါဝင်ပြီး ယင်းအဖွဲ့များသည် ပြည်ထောင်စုအဆင့် အစိုးရနှင့် အပစ်အ ခတ်ရပ် စဲရေး သဘောတူ လက်မှတ်ရေးထူးပြီးဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ရိုဟင်ဂျာအရေး တွေ့ဆုံမေးမြန်းချက် *

Posted: 13 Sep 2012 10:03 AM PDT

]
Inbox
x








2012-09-12 RFA

နိုင်ငံတကာမှာ ရိုဟင်ဂျာလို့ ပြောဆိုနေကြတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက ဘင်္ဂါလီ လူမျိုးစုတွေအနေနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြနိုင်ရင် မြန်မာနိုင်ငံသား ဖြစ်ခွင့်ရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။



RFA

၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနတွင် ပြုလုပ်သော ရခိုင်ပြည်နယ် အခြေအနေ သတင်းစာရှင်းလင်းပွဲ၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ရှင်းလင်း ပြောကြားနေစဉ်။


ဝန်ကြီး ဦးခင်ရီကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က နေပြည်တော်မှာရှိတဲ့ ၀န်ကြီးရဲ့ ရုံးခန်းမှာ သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။









တွေ့ဆုံမေးမြန်းချက်။









အသံဖိုင်ယူရန်။



You are subscribed to email updates from ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။်
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ