[mrsorcerer:31496] [Richard Aung] ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ တစ်သောင်းဝန်းကျင်ခန့် ထပ်မံရောက်ရှိလာ

Eleven Media Group:
ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ  တစ်သောင်းဝန်းကျင်ခန့် ထပ်မံရောက်ရှိလာ

ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည် စခန်းများသို့ လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ  တစ်သောင်းဝန်းကျင်ခန့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထပ်မံ ရောက်ရှိလာခဲ့ကြောင်း ဖားကန့်ဒေသသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။

"ဖားကန့်မြို့ပေါ်မှာ ဒုက္ခသည် စခန်း ၃၉ ခုရှိပါတယ်။ အဲဒီစခန်းတွေကို ဒီနေ့မှာပဲ  လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ တစ်သောင်းကျော်လောက် ထပ်မံ ရောက်ရှိလာတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ် တစ်ခုလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ လုံခြုံရေး အခြေအနေအရ ဒုက္ခသည် စခန်းတွေဆီကို ၀င်ရောက်ခိုလှုံသူ တစ်သိန်းကျော် ရှိလာပါပြီ"ဟု Eleven Media Group သတင်းထောက်က ပြောပါသည်။

လက်ရှိ အခြေအနေအရ ဖားကန့်ဒေသအတွင်း ညပိုင်းအချိန်တွင် အရပ်သားများ သွားလာလှုပ်ရှားမှုမှာ မရှိတော့ကြောင်း သိရပါသည်။

ထို့အပြင် ဖားကန့်ဒေသ၌ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံမှ သီးခြား အတည်ပြုချက် မရရှိခဲ့ပေ။

ဖားကန့်မြို့နယ်အတွင်း စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူ တစ်ဦး သေဆုံးခဲ့ပြီး ယနေ့ညနေပိုင်း တွင် လုံခြုံရေး အခြေအနေအရ အရပ်ဘက် သွားလာလှုပ်ရှားမှုများ မရှိတော့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက် (၁) ဆွတ်ငိုင်ယန်တွင် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့်က တပ်မတော်နှင့် ကေအိုင်အေတို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေခဲ့ပြီး ကိုးတန်းကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ရှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

"တိုက်ပွဲဖြစ်ပွားတဲ့ ဆွတ်ငိုင်ယန်ရွာ ရှေ့ဘက်ပိုင်းကို စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တပ်မတော် စစ်ကြောင်း ရောက်လာတယ်။ ညနေပိုင်း စစ်ကြောင်းပြန် အထွက်မှာ မိုင်းဗုံးတစ်လုံး ကွဲတယ်။ နောက် အပြန်အလှန် ပစ်ခတ်ကြတာပဲ။တပ်မတော်ဘက်က ကျဆုံးပြီး ဒဏ်ရာရတာတွေလည်း ရှိတယ်။ ရွာသူရွာသားနဲ့ ကျောင်းသူတွေက ၇ ဦး ၈ ဦးလောက်ထိခိုက်ဒဏ် ရာရလို့ ဖားကန့် ဆေးရုံမှာ ကုသမှု ခံယူနေပါတယ်။ သေဆုံးသွားတဲ့ မဂျာဆိုင်းအင်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ သဂြိုလ်သွားဖို့ စီစဉ်ထားပါတယ်" ဟု တိုက်ပွဲဖြစ်ပွားမှုကို မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရသော မော်ဝမ်းရပ်ကွက်တွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောပါသည်။

" ကနေ့မနက်ပိုင်း အမြောက်ကျည်ဆံ နှစ်လုံးကျလို့ အနီး ပတ်ဝန်းကျင်က သူတွေ ထွက်ပြေး တိမ်းရှောင်ကုန်ကြပြီ။ အခုဆိုရင် ဆွတ်ငိုင်ယန်ရွာမှာ နာရေးဖြစ်တဲ့ အိမ်လောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့သူတွေက လုံခြုံရေးကြောင့် မရှိကြတော့ဘူး။ သေဆုံးသွားတဲ့ မဂျာဆိုင်းအင်ရဲ့ နာရေးကို ကျောင်းသူ ကျောင်းသားတွေ လိုက်ပါ ပို့ဆောင်ဖို့ စီစဉ်ထားပေမယ့် အခု အခြေအနေအရ မြို့ပေါ် စခန်းတွေမှာ သွားပြီး ခိုလှုံနေရတာမျိုး ရှိနေပါတယ်" ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောပါသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)အဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့ အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှစတင်ခဲ့ကာ လက်ရှိအချိန်၌ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲဖြစ်သည်ဟု သိရှိရသည်။

(Sent via Seesmic http://www.seesmic.com)



--
Posted By အောင်မျိုးကျော် to Richard Aung at 9/15/2012 04:20:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ