Re: [mrsorcerer:31496] [Richard Aung] အစိုးရတပ်ဖွဲ့မှ ဖားကန့် ဒေသခံတစ်ဦးအား ဆာလာအိတ်တွင် ထည့်၍ နှိပ်စက်သတ်ဖြတ်

ဒီအမျိုး ယုတ်တွေ က   နိုင်ငံ သားတွေ ကို မတရား အနိုင် ကျင့် ပြီးတော့ အနောက် ဘက်  ခြမ်း မှာ  ဘင်္ဂါလီများ သောင်းကျန်း နေတာ ကို  တော့   လက်ပိုက် ကြည့်နေကြတယ်။ ညမထွက် ရ အမိန့်  ထုတ်ထားပေမယ့်   ကုလားတွေ က   ငွေပေး ပြီး သွားနေကြတယ်။ ရခိုင်တိုင်းရင်းသား တွေ ကို တော့   မတရား ဖမ်းဆီး နှိပ်စက်နေတော့      အားကိုးရာမဲ့ ဖြစ်နေသူတွေ က  ရခိုင်တိုင်းရင်းသားတွေ ပါ။

2012/9/10 အောင်မျိုးကျော် <richardaung68@gmail.com>

မြန်မာအစိုးရတပ်ဖွဲ့
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မော်မှော်ဘွမ် (Maw Mau Bum) မှ မော်ဝမ်း (Maw Wan) နှစ်ခြင်း ဘုရားကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည် မောင်ဆဂ လအောင်

(Saga La Awng) အသက် ၂၀ နှစ်အား စက်တင်ဘာ ၇ ရက် သောကြာနေ့က မြန်မာအစိုးရတပ် ခလရ (၅၁) တပ်မှ နှိပ်စက်ညှင်းဆဲ သတ်ဖြတ်လိုက်ကြောင်း ဒေသခံတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

၎င်းသည် အိမ်သို့ပြန်မည်ဟုပြောဆိုကာ ခြေလျင်ဖြင့်နေအိမ်သို့သွားနေချိန် ယခုကဲ့သို့ မြန်မာအစိုးရတပ်များ ဖမ်းဆီးနှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးပြောသည်။

"လအောင်က မော်မှော်ဘွမ် (Maw Mau Bum) လမ်းကနေ မပြန်ဘဲ အရမ်းကြောက်ရတဲ့ လမ်းကနေ ပြန်သွား တော့ စိမ်းအောင်ကုမ္ပဏီမှာ ရှိနေတဲ့ အစိုးရတပ်တွေကတွေ့ပြီး

စစ်ဆေးမေးမြန်းတယ်။

ဖမ်းပြီး ဆာလာအိတ်ထဲ ထည့်ပြီး နှိမ်စက်ညှင်းဆဲတယ်။ ပြီးတော့ ချောက်ထဲပစ်လိုက်တယ်။

သူ့အမေက မပြန်ရဘူးလို့တော့ပြော တယ်တဲ့။ သူ့အမေက ကလေးပိုးထားတော့ သူ့ကို မမှီိလိုက်

တာတဲ့" ဟု မျက်မြင်သက်သေ တဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

မြန်မာအစိုးရတပ်မှ မောင်လအောင်ကိုဖမ်းဆီး၍ မေးခွန်းများမေးမြန်းရာတွင် ကောင်းမွန်စွာမဖြေနိုင်သော ကြောင့် ယခုလိုအသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။ ယခုအချိန်ထိ ၄င်း၏ရုပ်အလောင်းကို မတွေ့ရှိသေးသောကြောင့် ဆွေမျိုးများက နှစ်ဖက်တပ်များအား အကြောင်းကြားထားကြောင်း သိရသည်။

မောင်လအောင်သည် ၁၀ တန်း ၂ ကြိမ်ဖြေပြီး ယခုချိန် ကျောက်စိမ်း ရေမဆေးများကောက်ပြီး မိဘကိုကူညီ နေကြောင်း သိရသည်။

ယခုချိန် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ရှိနေသော မြန်မာအစိုးရတပ်သည် ပြည်သူလူထုများ သွားလာလှုပ်ရှားနေစဉ် ဖမ်းဆီးစစ်ဆေး သေနတ်ဖြင့်ပစ်ခတ်ခြင်းများရှိနေပြီး စက်တင်ဘာလ ၅ ရက်နေ့တွင်လည်း မော်ဝမ်းဒေသခံ ဦးကရဲန်နော်ကျန်း (Kareng Naw Chyan) အား သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သေးသည်။

မော်ဝမ်းနှစ်ခြင်းဘုရားကျောင်းအတွင်း ဒေသခံစစ်ပြေးဒုက္ခသည်များ ၈၆၅ ယောက် ခိုလုံလျက်ရှိပြီးယခုချိန် အစားအသောက်နှင့် ဆေးဝါးများ၊ နေရာထိုင်ခင်းများ အခက်ခဲကြုံ တွေ့နေရကြောင်းကူညီသူတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ကေအဲန်ဂျီ

--
Posted By အောင်မျိုးကျော် to Richard Aung at 9/10/2012 11:27:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
ဇ င် ထူး