အခု တို့ ရွှေပြည်ကြီး ရဲ့ အနေအထားတွေ က အရမ်း ကို ရှုပ်ထွေးနေတယ်။ တိုင်းရင်းသား အရေး နဲ့ ပြဿနာတွေ ရခိုင်-ရိုဟင်ဂျာ ပြဿနာ နယ်စပ်တိုက်ပွဲတွေ စီးပွားရေးကဏ္ဍမှာ ခရိုနီတွေ ကြီးစိုးနေတာတွေ အတိတ် က ကျူးလွန်ခဲ့ တဲ့ ရာဇ၀တ်မှုကြီးတွေ ရဲ့ အရိပ်တွေ အနောက် အုပ်စု နဲ့ တရုပ် အားပြိုင်လွှမ်းမိုးလိုမှုတွေ က စလို့ နိုင်ငံရဲ့ စီးပွား ပညာ လူမှု အဖက်ဖက် က နိမ့်ကျဆင်းရဲ နေ တာ တွေပဲ..။ သန်းရွှေအလွန် ကာလ မှာ အာဏာဗဟိုချက် ပျောက်သွားတဲ့ အခါ နိုင်ငံရေးအုပ်စု အသီးသီး က ကိုယ့် ဆိုင်းဘုတ် ကိုယ်ထောင်ပြီးတော့ ဆောဖ် ပါဝါတွေ ရယူဖို့ အပြိုင်ကြိုးစား လာတဲ့ အခါ မှာ သန့်ရှင်းစွာ ကြိုးစာတာ တွေ ရှိသလို ညစ်ပတ်စုတ်ပဲ့တဲ့ နည်းတွေ ကို သုံးလာ တာတွေ လဲ ရှိတယ်။ အခု အချိန်ထိ တပ်မတော် က ဒီမိုကရေစီစနစ် အပြင်ဖက်မှာ ပဲ ရှိနေသေးတယ်..DASSK က လဲ ဒီမို ပြုပြင်ပြောင်းလဲ ရေးမှာ တပ်မတော်ပါဝင်ဖို့ ဖိတ်ခေါ်နေတာ ကို ကြည့်ရင် ဒါတွေက ဘယ်လောက် အရေးကြီးနေသလဲ ဆို တာ မြင်သာပါတယ်။ တကယ်လွတ်လပ်ပွင့်လင်းတဲ့ ခေတ်ကြီး ကို မရောက်ချင်သူတွေ မြန်မာပြည်မှာ အများကြီးရှိနေပါတယ်။ တစ်ချို့က လူမျိုးရေး ဘာသာရေးကြောင့် တစ်ချို့က စီးပွားရေး နဲ့ နိုင်ငံရေးကြောင့် ..ကိုယ့် အကြောင်းတွေ နဲ့ ကိုယ် ပေါ့။
2012/9/20 SOE HTUT <soehtut1@gmail.com>
ဘာမှလည်း မဆိုင်ဘူး ပြောတုန်းက ပြောပြီး ခုမှ မုန်လာဥလာလုပ်နေတယ်...အဟက်အဟက်. တူကြောက်သွားပြီ လူအများနဲ့ တည်ပေးလိုက်တာနဲ့....... ပြောရဲဆိုရဲရှိစမ်းပါအကိုရာ...ယောက်ကျားဘဲဟာ.... အစောချည်းတည်းက ပြောထားတယ်လေ ကိုယ်ပြောတဲ့စကားကိုယ်တာဝန်ယူရမယ်ဆိုတာ....... ကိုယ်ပြောကိုယ့်စကားအတည်ပေါ့ ခုမှ လာရှင်းမနေနဲ့....... အကိုရေးတဲ့စာသား ဖတ်တဲ့သူတွေဘယ်လိုရှိမလဲဆိုတာမေးကြည့်.... ထောက်ပြတော့မှ ဝေ့လှည်ကြောင်ပတ် စကားတတ်တိုင်းလာမရှင်းနဲ့ အကို..... နောက်ကြောင်းလှည့်မှာ ကို အကြောင်းပြပြီး အကိုရဲ့ လိမ်ဖယ်လိမ်ဖယ် (လစ်ဖရယ်)အသုံးအနှုန်းတွေများနေပြီ....... ဘယ်သူက နောက်ကြောင်းပြန်လှည့်နေလို့လဲ.... အစိုးရတောင်မလှည့်တာ တခြားဘယ်သူက ဘယ်လိုလှည့်မှာလဲ..... ဘယ်သူက လှည့်ချင်မှာလဲ.....အကိုဘဲ ခဏခဏလှည့်ပြီး ဒါနဲ့ ချိန်းခြောက်နေတာ.... လူတွေကို ခပ်အအ မထင်ပါနဲ့အကို.... ဘယ်သူက ဘယ်သူလဲဆို တာ မြင်တတ်ပါတယ်.... ကျွန်တော့်လို အသိဥာဏ် နုံအတဲ့သူတောင်သိတာကို ...ခက်ရော
အဟက်မသိရင် မြန်မာပြည်ကြီးကိုဘဲ အကို ကကယ်တင်နေတယ်လို..ထင်နေရတယ်...ကျေးဇူးကြီးတယ် အကို ... မှတ်တမ်းတင်ထားပါတယ်......အဟွတ် အဟွတ် ဆေးလိပ်အရှိုက်များလို့ ချောင်းဆိုးသွားတာ... (မဆုံးမနဲ့ အကို ဆေးလိပ်သောက်လို့ သေချင်သေပလေ့စေ)...... အကို့ကို ဘယ်လိုလေးစားရမှန်းကို မသိအောင်.... လေးစားတယ် အကြွားအရေးအသားတွေကို....
ကဲကဲ ရယ်စရာတွေအသာထား.... ယခုတစ်ခါ အတည်ပြောမှာကတော့........
ခပ်ညံ့ညံ့အတွေးအခေါ်များဖြင့် ကျွန်ုပ်စဥ်းစားမိသည်မှာကား.... ကိုလင်းထက်ဆွေဆိုသောသူကား လွန်စွာ တတ်သိ... လူ့လောကအကြောင်း တရားအကြောင်း လွန်စွာနားလည်ပါသဖြင့်....... မှော်စရာ ဂရုနဲ့ မထိုက်တန်တော့ ပါ.... ဆရာကြီး လင်းထက်ဆွေပြောသလို ဒီဂရုမှာ လူလေး ၁ သောင်းကျော်သာရှိပါသဖြင့် ..(မဖြစ်ညစ်ကျယ် ကျွန်တော်လိုလူမျိုး ဝေဖန်တာခံနေရသေးတယ်).. ၄င်း ဖြန့်ဝေရန် ရှိသော အသိဥာဏ်များအား ...နောက်နောင်တွင် ...... မြန်မာပြည်ရှိ သန်း ၆၀ ကျော်မျသော လူအများ သိရှိရန်အတွက် ကိုယ်တိုင် စာအုပ်ဖြန့် ထုတ်ဝေပေးတော့မည် ဖြစ်ကြောင်း ကြေငြာ မောင်းခတ်အပ်ပါသည်.............
အင်း နောက်ဆို စာအုပ်ကို မနည်း ရှာဝယ်ဖတ်ရတော့မယ်...... ဟီးးးးးးး
တစ်နေ့ တစ်ခေါက် မပျော်နိုင် မရယ်နိုင်သော သူအတွက် လောက သည် ကြောင်တောင်တောင် နိုင်လှပေသည်........ ကြာလျင် အခန့်မသင့် ရှုးပါသွားနိုင်ပါသည်.... သင်လည်း ပုံမှန်လူသားတစ်ယောက်ဆိုလျင် ဒါကို လက်ခံလိုက်ပါ................
လူအချင်းချင်းလှည့်ပတ်ချင်း ကင်းရှင်းကြပါစေ.........
..2012/9/20 Lynn Htet Swe <myatchitshin@gmail.com>
ဆိုင်သမှ သိပ်ဆိုင် ပေါ့ ညီလေး ရယ်။ အကို တွေ့ နေရတာ တွေ က မြင်မကောင်းလို့ ပဲ။ ထပ်နေပါပြီ။ စက်ရုံ က ထုတ်ထား တဲ့ ဂေါက်သီးတွေ ပါပဲ။မင်း ကို ရိုက်နေတဲ့ ဂေါက်တံ က ဘယ်သူလဲ ဆိုတာ တော့ မင်းပဲ အသိဆုံး ဖြစ်မပေါ့။ ဒါကြောင့် တစ်ခါလာလဲ မဲပြာပုဆိုးတွေ ပဲ တွေ့ နေရသပေါ့။ ဒါဟာ မြင်တတ်ရင် တကယ် စိုးရိမ်စရာ အခြေအနေပါပဲ။ အကို ၀ါဒ ဖြန့် နေတာ လား တွေ့မြင်နေရ တဲ့ အမှန်တရား အချို့ ကို ပြော နေတာ လား ဆိုတာ မင်းလဲ အသိသားနဲ့။ ကြောင်ကြောင်ကြီး ငြင်းမနေပါနဲ့ လား။ ဒါတောင် အကိုတို့ သိ ရတာ ဒီ အွန်လိုင်း လောက ကျဉ်းကျဉ်းလေး..။ ခေတ်ပညာတတ် လူလတ်တန်းစား အလွှာ တွေ ထဲ မှာ တောင် ဒီလို ဖြစ် နေ ရင် နိုင်ငံ နဲ့ အ၀ှမ်း အောက်ခြေ အထိ ဘယ်လို ဖြစ်နေမလဲ အကို မတွေးရဲပါ။ တတ်သိနားလည်တဲ့ လူမှု ဗေဒ ပညာ ရှင်တွေ က သုတေသန အကျယ်အပြန့်လုပ် ရင် အမှန်သိရမှာ ပ။
အကို ပြောတာ ဗမာတိုင်း ကို မပြောဘူး ဘုန်းကြီးတိုင်း ကို လဲ မဆိုဘူး။ မျိုးချစ်စိတ်အစွန်းရောက်မီးတွေနဲ့ ဟုန်းဟုန်းတောက်နေတဲ့ သူ အချို့ ကို ရည်ညွှန်းတာ ပါ။ ညီလေး ပါသွားရင် တော့ အကို လဲ မတတ်နိုင်..တိုက်ဆိုင်မှု လို့ ပဲ ဆို ရ မှာ ပါပဲ။ နာမ၀ိသေသန ထည့်ထားတာ ကို ပြန်ကြည့်ပါ။ အခုကျမှ အလွန်တက်ကြွနေကြတာ တွေ ကို တွေ့ရတော့ ခေါင်းဆတ်မိတဲ့ သဘော ပေါ့။ သူရဲကောင်းကြီးတွေ လို့ ကမ္ဗည်းတင်ရပေမပေါ့။
မင်းပြောတဲ့ အထောက်အပံ့တွေ မလို ပါဘူးကွယ်။ ကိုယ့်လုပ်အားနဲ့ ဖြူစင်ရိုးသားစွာ ရပ်တည်နေတာ ပါ။ ဒါကြောင့် နိုင်ငံရေးသမားတွေ တောင် မပြော တာမျိုးတွေ ကို ပြော နေတာပါပဲ။ ဒါက ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ သူ တစ်ယောက် ပဲ ပြောနိုင်မဲ့ စကားတွေပဲကွဲ့။ မင်းပြောသလို အကို့ မှာ အကြံအစည် ရှိတာ အသေအချာ ပဲ။ ဘာ အကြံအစည် လဲ ဆိုတော့ တို့ မြန်မာပြည်ကြီး ကို ပွင့်လင်း လစ်ဘရယ် လူ့ အဖွဲ့အစည်း တစ်ရပ် ဖြစ်စေချင် တဲ့ အကြံအစည်ပဲ။
တို့ တွေ က တာထွက် နောက်ကျ နေတော့ တို့ မြန်မာပြည်ကြီး ကို ဘယ်နည်းနဲ့ မှ နောက်ကြောင်းပြန်မလှည့်စေချင်တဲ့ အကြံအစည်ပဲ။ ဒါကို ဒီလောက်မှ မရိပ်စား မိ ရင် မင်း တကယ် အ... တကယ်ညံ့ တယ်လို့ မပြောချင်လဲ ပြောရတော့ မှာ။ မင်းတို့ လုပ်ပေါက် တွေ နဲ့ တော့ ဒုက္ခ လှလှ ရောက်တော့ မှာ အသေ အချာပါပဲ စိုးထွဋ်ရေ။
2012/9/20 SOE HTUT <soehtut1@gmail.com>ကိုကြီးလင်းထက်ဆွေရေ ကျွန်တော်ရေးရင် ကျွန်တော်ကို တိုက်ရိုက်မကောင်းရင်မကောင်းဘူး.... မင်းညံ့သေးတယ်ဆိုတာမျိုး ဆဲလို့ပါရတယ် စိတ်မဆိုးပါ... မဆိုင်တဲ့ဟာတွေထည့်ပြီး ၀ါဒမဖြန့်ပါနဲ့...ယောက်ကျားပီသပါစေ..... မဆိုင်တာတွေထည့်မပြောနဲ့.. ဘုန်းကြီးနဲ့စစ်သားလဲ အကိုပြောစရာမလို ပြည်သူတွေသိတယ်..ဘုန်းကြီးတိုင်း မဆိုး သလို စစ်သားတိုင်း မဆိုးဘူး... လျောက်မရမ်းပါနဲ့...... ဆိုလိုတာက ကျွန်တော်ဟာအကိုထက်အသိပညာနည်းတယ်... ကျွန်တော်ပြောရင် အကို့ကို တိုက်ရိုက်ပြောပါတယ်.... ဘေးပတ်ဝန်းကျင်မထိခိုက်အောင်ပြောတယ်.... အသိပညာအများကြီးတတ်နေတဲ့အကို့အတွက် အကို့ဆီကို ရေးတဲ့ ကျွန်တော့်ကိုဘဲပြန်ပါ..ဒါပေမယ့် အခုအကိုပြန်တဲ့စာကြည့်လိုက်တည်းက အကိုဟာ မရိုးသားဘူးဗျ... အဲဒါကျိမ်ပြောရဲတယ်..... ကျန်တာတွေလိုက်မဖွပါနဲ့.... ဆိုလိုတာကို နားလည်မယ်ထင်ပါတယ်.... ကျွန်တော်အကိုဆီရေးတဲ့စာမှာဗမာဆိုတဲံ စကားလုံး တစ်လုံးမှ မပါဘူးနော်....ဒါက အကို့ဟာအကို ဖွတာ....... အကိုရေ စိတ်လျော့လိုက်ပါတော့ အကို့အကြံဘယ်တော့မှ အောင်မယ်မထင်ဘူး..... အကို အင်မတန် အထင်အမြင်သေးလှသောကျွန်တော်သည်ဂေါက်သီးမဟုတ်ပါ.....ဂေါက်တံဖြစ်လျင်ဖြစ်လိမ့်မည်.. ဟဲဟဲ မဟာယန အထောက်အပံ့သည်ကား အင်မတန်ရပါသည်... ဒီဂရုက လူတွေသိအောင်ပြောသည်........
အကိုဟာ ပညာရှိသလိုပြောပြီး မင်းတို့ ဗမာသတ်တိဆိုပြီး ခုလို အတိအလင်း အထင်အမြင်သေးတဲ့ အကို့အတွက်ကတော့ မကောင်းသော လက်ခဏြာဖစ်သည်..... စကားစကားပြောပါများစကားထဲက ဇာတိပြသည်.... ခုတော့ ဂရုက လူတွေလည်း အကိုဟာ ဘယ်လို စိတ်မျိုးဆိုတာ သိသွားတဲ့အတွက် ကျွန်တော်ကျေနပ်တယ်.....
မကျေနပ်တိုက်ရိုက်ပြန်ပါ မဆိုင်တာတွေမထည့်ပါနဲ့......... ဒီဂရုက လူတွေလည်း သတိထားကြပါ.. သေချာ လေ့လာကြပါ... ဒီလူဟာ ဘယ်လို စိတ်မျိုးလဲဆိုတာ........ ကျွန်တော့်ကို မကြိုက်လဲ ပွင့်ပွင့်လင်းလင်းပြော.... အမှန်အတိုင်း မြင်သမျပြောနေတာဖြစ်တဲ့အတွက် ကျွန်တော့်စိတ်ဟာရှင်းသန့်နေပါတယ်.....
အကို့အတွက် အိပ်မရတဲ့ည မဖြစ်ပါစေနဲ့..... စိတ်ရှင်းလင်းစွာဖြင့် ....
အကို အထင်အမြင်သေးလှသော
ချစ်ညီငယ်
စိုးထွဋ် (ပုဆိုးတော့ မကျွတ်သေးဘူး အကို ဘောင်းဘီရှည် ၀တ်ထားသည်).. အကိုတင်းနေတဲ့အချိန်... ကျွန်တော်ကတော့ အမြဲပျော်ရွှင်လျက်ဘဲ...
2012/9/20 Lynn Htet Swe <myatchitshin@gmail.com>ညီလေးစိုးထွဋ်...ငါ့ညီတို့ က ဇွဲမလျှော့ ပုံလေးတော့ ကြိုက်သကွ။ အကို က လဲ ပင်လယ်ပြာ နဲ့ တံငါအိုထဲ က ဆန်တီယာဂို ဆို တဲ့ အဖိုးကြီး လို ပါပဲ..။ ငါညီတို့ ဦးနှောက်ထဲ က ချေးညော်တွေ အမှိုက်သရိုက် တွေ ကို သန့်ရှင်းစင်ကြယ် အောင် လုပ် ပေးဖို့ မလျှော့သော ဇွဲ နဲ့ ပြောပြီးရင် ပြော နေရဦးမပေါ့။ ညီလေးတို့ ဘယ်လောက် တုံးအနုံန သည် ပဲ ဖြစ်စေ ကိုယ်လဲ ဇွဲတော့ မလျှော့ဘူး ကွဲ့။ စိတ်သာချ။ လက်ညောင်းတာလောက် က တော့ ပေးဆပ်ရမပေါ့။
ညီလေး သိဖို့ က အယူအဆတွေ ဆို တာ အတိုက်အခံ ရှိသမြဲ။ ဘုရား ရဟန္တာသော်မှ မလွန်ဆန်နိုင်တဲ့ ကိစ္စ ပါပဲ။ တကယ်တော့ လဲ လောက မှာ ဆန့်ကျင်ဖက်တွေ မရှိရင် ပျင်းစရာ။ အားလုံး ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ လက်ညိုးထောင်ခေါင်းငြိမ့် နေကြရင် အခက်သားနော်။ ဘယ်သူနဲ့ မှ မတူ တဲ့ အမြင် တစ်ခု ရှိရင် ၀ိုင်းစွာ ကြဖို့ မစဉ်းစား ပဲ ဒီလူ ဘာပြော နေသလဲ ဘာအကျိုး ရှိနိုင်သလဲ ဆို တာ တွေ စဉ်းစားသင့်တယ် မထင် ဘူးလား။
မင်းပြောတဲ့ မိုးပြာဦးဥာဏ လွတ်ဖို့ အရေး လုပ်တဲ့ သူတွေ လုပ် နေကြပါတယ်။ အချိန်တန်တော့ နွားပိန် ကန်မပေါ့။ အကို က သူ့ ကို အဝေးကနေ လေးစားသူ အဆင့်ပါ။ သူ့တပည့်လဲ မဟုတ်ဘူး မိုးပြာဝါဒီလဲ မဟုတ်ဘူး လေ။ အနေသာကြီး ဆို ပြီးတော့ နုတ်ဆိတ် မနေတတ်တာ တစ်ခု ပါပဲ..။ လူသားလွတ်လပ်ခွင့် နဲ့ ဓမ္မ ကို လေးစား ပါတယ်။ ဒါကြောင့် ပြောနေရတာပ။
ကိုယ်က အက်တစ်ဗစ် တစ်ယောက် မဟုတ်လို့ လမ်းပေါ်ဆန္ဒပြတာတွေ ဘာတွေ တော့ မလုပ်ဘူးပေါ့ ကွာ။ ညီလေး တို့ ဗမာ သတ္တိ ကို လဲ အကို က သိပြီးသား။ အုပ်စုတောင့် ရင် အနိုင်ကျင့်မယ်..။ အားကြီးသူ နဲ့ တွေ့ရင် ထွက်ပြေးမယ်။ မျိုးချစ်ဗမာတွေ မျိုးချစ်ဘုန်းကြီးတွေ ကြောက်တာ စစ်သား ပဲ ရှိတယ်.သူတို့ထက် ပို အားကြီး.ပိုမိုက်သကိုး။ ဒါကြောင့် အပြောအဆို လဲ များစွာဆင်ခြင်ပါတယ်။ ဦးနှောက်နည်းသူတွေ က ရိုင်းတတ်တယ် လက်ပါတတ်တယ် ဆို တာ မသိ ဘယ်ရှိမလဲ။
ညီလေး စဉ်းစားကြည့် စမ်းပါ။ အကို ဒီမှာ ဒါတွေ ကို ရေးတော့ အကို့ အတွက် ဘာအကျိုးရှိမလဲ။ မင်းတို့ ရဲ့ တိမ်ဖုံးပါလို့ လမသာ ဖြစ်နေတဲ့ စိတ်တွေ ထဲ ကို အလင်းရောင်လေး တစ်ချို့ ပြက်ရုံ လောက်ပါပဲ။ ခဏလောက် ရပ်တန့်ပြီး ကိုယ် ယုံကြည်တာတွေ ကိုယ့် အထင်အမြင်တွေ ကိုယ်သင်ကြားလေ့လာခဲ့ တာ တွေ ကို ပြန်လည်ဆန်းစစ်ဖို့ အခွင့် အရေးလေး တစ်ခု လောက်ပါပဲ။ အကို ရေးတာ ကို ဖတ်တဲ့ လူငယ်တွေ ထဲ က ၁၀% လောက် က ဒီလို လေး ပြန်တွေးကြည့်ဖို့ စဉ်းစားမိမယ် ဆို ရင် ပဲ အကို ကျေနပ်တယ်။ ကျန် ၉၀% က တော့ ဖြေးဖြေးပေါ့ နော်။ ငါညီ က တော့ အဲဒီ လူအုပ်ထဲ ဒီနေ့ ထိ ပါနေတုန်း ပဲ ဆို တာ အတွက် တော့ အကို့ အားနည်းချက် ပဲ လို့ မြင်ပါတယ်။ အကို ဒီထက် ပိုကြိုးစားရမယ် လို့ ပဲ မြင်ပါတယ်။
ချမ်းမြေ့ပါစေ။2012/9/20 SOE HTUT <soehtut1@gmail.com>ကိုဖုန်းလှိုင်ကလည်းနော်........ အရမ်းပြောချင်နေတဲ့သူကို သွားပြီး ရာဇာဝင်းတင့်ကို မှ ဒုတ်နဲ့ သွားထိုးတာကိုး (ရာဇ၀င်အိုးတုတ်နဲ့ထိုး)....... ခုတော့ ကိုဖုန်းလှိုင်က ပြန်ပြီးသွားပြီ...... သူကလည်း အဲဒါတင်တည်းက ပြန်လာရင် ဘာပြောရမယ် ဆိုတာကို ပြင်ဆင်ပြီးသား..နှစ် ၃၀ လေ့လာထားတာနော်... ဟွင်းဟွင်း.....ငါ့ကို ဘာထင်လဲ နှစ်ကြီးသမားကွ အဲလို (လေ့လာအားကို ပြောပါတယ်).. နောက်ဆို နည်းနည်းလေး နပ်လိုက်ပါ...ခံစားချက်ကို သိပ်ရှေ့တန်းမတင်နဲ့..... မနေ့တည်းကတွေ့တယ်... မိုးပြာဂိုဏ်းဆိုလို့ ဘာများလဲဆိုပြီးဖတ်ကြည့်မိတယ်... အင်း ဂရုက တစ်ယောက်ယောက်က သွားပြန်ရင်တော့ ပွဲသိမ်းပြီလို့....... ထင်တဲ့အတိုင်း ခုတော့ အလုံးကြီးတွေလွှတ်ပြီ..... ၀ါဒဖြန့်တယ်ဆိုတာ အဲလိုဘဲဗျ.... အများလက်မခံနိုင်တဲ့ဟာကို တင်မယ်..(ပွဲဆူတာပေါ့ဗျာ).... မခံနိုင်တဲ့သူက ပြန်မယ် (ပြန်တဲ့သူကလည်း သေချာ လေ့လာထားမှာ မဟုတ်ဘူး ကိုယ့်ခံစားချက်နဲ့ ပြန်မိမယ်).... ဟဲဟဲ အဲဒီအချိန်မှာ ၀ါဒဖြန့်တဲ့သူက သွားကြီးဖြီးပြီး အလွန်ကျေနပ်အားရစွာဖြင့် သူစုထားဆောင်းထားတဲ့ဟာတွေနဲ့ ခေါင်းမထောင်နိုင်အောင် သမတော့တာဘဲ....... မိုးပြာဂိုဏ်းဆရာတော် မတရားခံရတာ ကိုယ်လည်း လက်ခံနိုင်တယ်ဆို ဆန်ဒသွားပြလေ..သူလွှတ်ရာလွှတ်ကြောင်းပေါ့...
.တူများတွေလည်း အဲလိုပြနေတာဘဲဟာဘဲဟာကို. တရားဥပဒေက တရားသဖြင့်ဆို ခွင့်ပြုထားတာဘဲ.... ဟီးးး ဒါမျိုးတော့လုပ်မယ်မထင်ဘူး..(တူကြောက်တတ်တယ်)... ဘာမှ မဖြစ်နိုင်တဲ့ ဂရုမှာ ဖွတယ်ကွာ..ဘာဖြစ်လဲ...... နည်းနည်းယုံသွားရင် အမြတ်.... မမြတ်တော့လည်း အရင်းပေါ့ (လက်တော့ နည်းနည်းညောင်းမယ်)....
ဒီစာဖတ်ပြီး သွေးတက်သွားရင် ခွင့်လွတ်ကြပါ ..........အသိပညာဗဟုသုတအလွန်နည်းလှသော နလပိန်းတုံး ကျွန်ုပ် မိုက်မဲမိပြန်ပြီ......(အင်း ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော်များဖြစ်ပြီလား မသိ.........ဟားဟား.... မဆုံးမကြပါနဲ့လို့ ကြိုတင်ပြောထားပါတယ်.... ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ဖြစ်သမျခံပါမယ်)
အလွန် နုံအလှသော ကျွန်ုပ်အား စေတနာကြီးလှစွာဖြင့် ၀တ်ထုတစ်ပုဒ်စာမက ရှင်းပြသော်လည်း နားလည်နိုင်မည်မထင်ပါ...... အသိဥာဏ်နည်းသဖြင့် ကိုယ်ထင်ရာ ကိုယ်ပြောမိပါသည် မှန်ရင်လည်း သည်းခံ မှားရင် လည်း ခွင့်လွှတ်လိုက်ပေါ့..... ဟီးးးးးးးးး.........
ငယ်ငယ်က ဆိုက်ကားဂိတ်မှာ ကျားထိုးဘူးတော့ အကွက်တွေကြိုမြင်နေတတ်တယ်... ဦးနှောက်မကောင်းသော်လည်း ကျားထိုးတဲ့အတွေ့အကြုံအရပေါ့လေ..........
...............2012/9/20 phone hlaing <phlaingm@yahoo.com>
မိတ်ဆွေဟာ ထေရဝါဒဗုဒ္ဓဘာသာဝင်တယောက်ဆိုရင်မိုးပြာဂိုဏ်းရဲ့အယူအဆဟာ ထေရဝါဒဗုဒ္ဓဘာသာရဲ့အယူအဆနဲ့ တခြားစီဘဲဆိုတာအောက်ကYOUTUBE VIDEO ကိုကြည့်ပြီးရင် သဘောပေါက်လာမှာမပါ။တကယ်လို့ မိတ်ဆွေဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဆိုရင်တော့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဝေဖန်ချင်ရင် ထေရဝါဒဗုဒ္ဓဘာသာ ဘာလဲဆိုတာအရင်နားလည်အောင်လေ့ လာပြီးမှ ဝေဖန်ဖို့ အကြံပြုလိုက်ပါတယ်။ASHIN NYARNESARA .MOE PYAR WARDA
Wishing you have peace of mind,
Phone Hlaing
PEACEFUL BURMA/
FWUBC-Federation of Workers' Union of the Burmese Citizens (in Japan)
Phone: 0(81)3-6904-2414
Mobile: 0(81)90-5318-5054
peacefulburma.blogspot.com
DHAMMA PUSAR
SITAGU ASSOCIATION (SLOGAN)
With no thought of pride or glory,with utmost humility,we resolve to make
better the world we live in to promote our Sasana(Teaching of the Buddha),
to the best of our ability.
We resolve to make and effort to beautify our lives in this world we live in,
to promote Sasana ardently, and to make our country prosperous with the best
of our ability but without arrogance.
--- On Wed, 9/19/12, Lynn Htet Swe <myatchitshin@gmail.com> wrote:
From: Lynn Htet Swe <myatchitshin@gmail.com>
Subject: [mrsorcerer:31742] မိုးပြာ ဦးဥာဏ လွတ် မြောက် လာ ပြီလား။
To: "Lynn Htet Swe" <myatchitshin@googlemail.com>
Date: Wednesday, September 19, 2012, 1:58 AM
နိုင်ငံရေး အကျဉ်းသား (၈၇) ဦး ကို နိုင်ငံတော်အစိုးရက လွှတ်ပေးလိုက် ချိန်မှာ မိုးပြာ ဦးဥာဏ လွတ်သွား ပြီလား ဆိုတဲ့ သံသယမေးခွန်းတွေ က ရိုးရာဗုဒ္ဓဘာသာစွဲကြီးသူတွေ အကြားမှာ တော်တော် လေး ရိုက်ခတ်လို့ သွားပါတယ်။ သိရသလောက်တော့ မြစ်ကြီးနားထောင် မှ လွှတ်ပေးတဲ့ သတင်းမကြား မိသေး လို့ မလွတ်သေးဘူး လို့ ပဲ ယူဆပါတယ်။ သိပ်လည်း စိတ်မပူကြပါနဲ့ ဒေါမနဿတွေ မပွားကြပါနဲ့ လို့ ရိုးရာဗုဒ္ဓဘာသာစွဲကြီးသူတွေကို နှစ်သိမ့်ချင်ပါတယ်။ မိတ်ဆွေ တို့ ထိန့်လန့်တုန်လှုပ်နေတဲ့ နဂါးကြီး က လှောင်ချိုင့် ထဲ မှာ ပဲ အကျဉ်း ကြနေတုန်းပါပဲ။ မတရားတဲ့ ခေတ်ဟောင်း တစ်ခု ရဲ့ ဒဏ်ကို ဆက်လက် ခံစား နေဆဲ ပါ။ ရိုးရာဗုဒ္ဓဘာသာစွဲကြီးသူတွေဖြစ်ချင်တဲ့ အတိုင်း ပဲ ပိုနေမြဲကျားနေမြဲ ရှိနေဆဲပါပဲ။
ဦးဥာဏ ကို ထောင်ချခဲ့ တာ က သာသနာတော်ညိုးနွမ်းစေမှု နဲ့ ဆိုင်ဘာဥပဒေ တွေ နဲ့ ပါ။ ဆိုင်ဘာဥပဒေ ကိုယ်တိုင် က မကြာခင် ပြင်ဆင် ရတော့ မှာ ဖြစ်တယ်။ ပွင့်လင်းတဲ့ လူ့ အဖွဲ့ အစည်း မှာ မရှိသင့်တော့ လိုပါပဲ။ သာသနာတော်ညိုးနွမ်းစေမှု ဆို တာ က တော့ Blasphemy Law ပါ။ ကမ္ဘာနိုင်ငံ တွေ ထဲ မှာ အထူး သဖြင့် အစ္စလာမ်ဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ်ပြဋ္ဌာန်း တဲ့ နိုင်ငံတွေ မှာ သေဒဏ် တောင် ပေးတဲ့ ဥပဒေပါပဲ။ ဒါပေမဲ့ အမေရိကန် အင်္ဂလန် နဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေ နဲ့ စကန်ဒီနေဗီယန်း တိုင်းပြည် တွေ မှာ ဒီ ဥပဒေ မရှိပါ..ရှိခဲ့ ရင် တောင်.အသက်မ၀င်ပါ။ ဒီ တော့ ဒီ ဥပဒေ က လွတ်လပ်စွာ ပြောဆို နိုင်ခွင့် နဲ့ လူ့ အခွင့် အရေးတွေ ရဲ့ ရေချိန် လို တောင် ဖြစ်တာ ကို တွေ့ ရတယ်။ ဒီဥပဒေ က အသာစီးရနေတဲ့ လူများစုရဲ့ ဘာသာရေး အုပ်စု တွေ ကို အကာကွယ်ပေးဖို့ ဖန်တီး ထားတာ ပဲ ဖြစ်ပြီး လူနည်းစု တွေ ရဲ့ ဘာသာရေး တွေ စော်ကားခံနေရ တာ တွေအတွက် တော့ အသုံးမ၀င်လှ ပါ။ ဒီဥပဒေ ကို သွယ်ဝိုက် ဂယက် အနက်တွေ ဖွင့်ပြီးတော့ စာပေအနုပညာ ရှင်တွေ ဒဿနပညာရှင်တွေ ရဲ့ လွတ်လပ်စွာ ရေးသားဖေါ်ထုတ်ခွင့် တွေ ကို ထိပါးလာစေတာ တွေ ပဲ ရှိပါတယ်။
အဆင့်မြင့် ယဉ်ကျေးတဲ့ လစ်ဘရယ် နိုင်ငံတွေ မှာ ဒါတွေ က မရှိ သင့်တော့ ပါဘူး။ လူတွေ အသိဥာဏ်မြင့်မားလာ တဲ့ အခါ ဘာသာရေး တစ်ယူသန်ပြီး ဆတ်ဆတ်ထိမခံနိုင် ဖြစ်ရတာ ဟာ ကလေးကလား အလုပ် လို့ လူတွေ မြင်လာ ချိန် အထိ ပေါ့။ နောက်တစ်ချက် က ဒီ ဥပဒေ ကို ကိုင်လို့ လူ့ အခွင့်အရေးချိုးဖေါက်မှု တွေ နဲ့ လူနည်းစု လွတ်လပ်ခွင့် မီဒီယာလွတ်လပ်ခွင့် တွေ နဲ့ ဆန့်ကျင်လာ လို့ ပါပဲ။ ဒီ တော့ ဒီမိုကရေစီ လေးဘက်တွားခါစ ရွှေပြည်ကြီး မှာ ဒီဥပဒေ သက်ဝင်တည်ရှိနေတာ မဆန်းကြယ်လှပါဘူး။ မြန်မာ တွေ ရင့်ကျက်ပြည့်ဝလာတဲ့ တစ်နေ့ကျ ရင် င်္ဒီ လို ဥပဒေဆိုးတွေ က ပျောက်ကွယ်သွားမှာ ပါပဲ။ အင်္ဂလန် မှာ တောင် ၂၀၀၈ က မှ ဒါတွေ ရုပ်သိမ်း ခဲ့ တာ ဆို တော့ အင်္ဂလိပ် တပည့် ဖြစ်ခဲ့ တဲ့ ဗမာ မှာ တော့ နည်းနည်း စောင့် ရပေလိမ့်ဦးမယ်။
မဆလ ခေတ် နဲ့ န၀တ ခေတ် တွေ မှာ မတရားပြဋ္ဌာန်းတဲ့ ဥပဒေ တွေ ကြောင့် လူ အမြောက်အများ ထောင်ကျခဲ့ ကြပါတယ်။ ဒီ အထဲ မှာ ဦးဥာဏ လဲ အပါအ၀င် တစ်ယောက်ပေါ့။ ထောင်ကျထိုက်တဲ့ ခေတ် မို့ ကျခဲ့ တာ မဆန်း ပါ။ လွတ်ထိုက်တဲ့ အချိန် ကျရင် လွတ်ရမှာ မဆန်းပါ။ ဒါပေမဲ့ ဦးဥာဏ လွတ်လာ မှာ ကို ရိုးရာဗုဒ္ဓဘာသာစွဲကြီးသူတွေ က အရူးမီးဝိုင်း ကြောက်လန့် နေကြပါတယ် ဆို တာ စဉ်းစားလို့ မရနိုင်ပါဘူး။ ထောင်ထဲ မှာ ပဲ ဦးဥာဏ ကို အနိစ္စရောက်စေချင် ပုံပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သော်လဲ လူသား တစ်ယောက် အပေါ် အညိုးအတေး ကြီးကြီး ထားနိုင်ရက်တာ အံ့သြစရာ ပါပဲ။ ထောင်ဆို တာ လူကောင်းတစ်ယောက် မနေသင့်တဲ့ အရပ်ပါ။ အနေဆင်းရဲ အအိပ်ဆင်းရဲ အစားဆင်းရဲ နဲ့ သုခ ကင်းမဲ့ တဲ့ မှောင်မိုက် သော အဋ္ဌာန တစ်ခု ပါပဲ။ ဒီနေရာ မှာ အသက် ၈၀ နီးပါး ဦးဥာဏ ဟာ အကျဉ်းသား ဖြစ်နေဆဲပါ။ လောက ရဲ့ မေတ္တာ ခန္တီခေါင်းပါးမှု တွေ ကို ခံစား နေရဆဲ ပါပဲ။
ရိုးရာဗုဒ္ဓဘာသာစွဲကြီးသူတွေ က ဦးဥာဏ ကို ရာသက်ပန် တောင် ဖမ်းဆီးချုပ်နှောင် ထားစေချင်ပါတယ်..ဒါ က သူတို့ အမြတ်နိုးဆုံး နိဗ္ဗာန်ထက် တောင် ပို လိုချင် တဲ့ အရာ တစ်ခု လေလား။ပိန်ညောင်ညောင်ချိနဲ့နဲ့ ကာယအစွမ်းမဲ့သူ လူအို တစ်ယောက် ကို ဒီလောက် ကြောက်လန့်နေပုံ က တော့ စာဖွဲ့လောက်ပါပေတယ်။ ဦးဥာဏ ကို လွှတ်ပေး လိုက်ရင်ပဲ ဗုဒ္ဓဘာသာလောက ကြီး ချက်ချင်း ပျက်သုဉ်းသွားတော့ မယောင် ပြောပြီး အခုလို ဖမ်းဆီးချုပ်နှောင်ထားတာ ကို အတည်ပြု နေကြပါတယ်။ တကယ်တော့ ဦးဥာဏ က ဓမ္မစရိယ တောင် မအောင်ရှာ တဲ့ ပိစိကွေးလေး ပါ။ ရိုးရာဗုဒ္ဓဘာသာ ဘက်မှာ တိပိဋကဓရ သုတဗုဒ္ဓတွေ အဂ္ဂမဟာပဏ္ဍိတတွေ ကျမ်းတတ်ပုဂ္ဂိုလ်တွေ ပဋိပတ်ဝန်ဆောင် တွေ အများကြီး ပဲ။ တစ်ယောက် နဲ့ တစ်ထောင် ဘာကြောက်စရာ လို ပါသလဲ..။ ဦးဥာဏ နောက်လိုက်ဆို တာ လဲ တစ်ထောင် လောက်ပဲ ရှိမှာ လေ..သန်း ၅၀ သော ရိုးရာဗုဒ္ဓဘာသာဝင် တွေ က ဘာမှုစရာ ရှိမလဲ..။ တကယ်တော့ ရိုးရာဗုဒ္ဓဘာသာ ကို ဖျက်နိုင်တာ ဦးဥာဏ မဟုတ်ပါဘူး.. ရိုးရာဗုဒ္ဓဘာသာဝင် တွေ ကိုယ်တိုင် ပါပဲ..ဒါက သဒ္ဓမ္မရူပကသုတ် မှာ ဘုရားရှင်ကိုယ်တိုင် ဟောခဲ့ တာ ရှိတယ်။ ပြင်ပ အကြောင်းတရားတွေ က မဖျက်စီးနိုင်ပါဘူး။
တကယ်တော့ ဦးဥာဏ အသက်ထင်ရှား ရှိနေချိန်မှာ ဒီဘိတ်လုပ်ပြီး အနိုင်ယူပြသင့် တယ်။ ရိုးရာဗုဒ္ဓဘာသာ ရဲ့ အမှန်တရား ကို ပြသသင့်တယ်။ ဦးဥာဏ နဲ့ ရိုးရာဗုဒ္ဓဘာသာ အကြား ကွဲပြားချက် က တစ်ခုတည်းပါပဲ..ကျန်တာ တွေ က အသေးအမွှား။ ရိုးရာဗုဒ္ဓဘာသာ က လက်ခံ တဲ့ သစ္စာလေးပါး မဂ္ဂင် ၈ ပါး ပဋိစ္စသမုပ္ပါဒ် ကိလေသာ ကံ ၀ိပါက် အတ္တ အနတ္တ နိဗ္ဗာန် ဆို တာ တွေ အားလုံး ကို ဦးဥာဏ က လက်ခံ တယ်..တစ်ခုပဲ..ဒါတွေ ကို ရိုးရာဗုဒ္ဓဘာသာ လို ကမ္ဘာအသင်္ချေကြာဘ၀ ဘ၀ များစွာ သံသရာ ဆွဲ ဆန့် လို့ လက်ခံ တာ မျိုး မဟုတ်ပဲ ပစ္စုပ္ပန်ဘ၀ ဘောင်ထဲ မှာ ပဲ လက်ခံ ထားတာ ဖြစ်တယ်..ဒီ တစ်ခု က အကြီးမားဆုံး ကွဲလွဲချက်ပါပဲ။ ရိုးရာဗုဒ္ဓဘာသာ အနေနဲ့ မိမိတို့ လက်ခံ ထားတဲ့ ကမ္ဘာအသင်္ချေကြာဘ၀ ဘ၀ များစွာ သံသရာ ဆိုတာကို ဦးဥာဏ မြင်အောင် လက်ခံ လာနိုင်အောင် သဘာဝ အာဂမ ယုတ္တိယုတ္တာ တွေ နဲ့ ရှင်းပြနိုင်ရင် ကိစ္စ က ပြီးပါပြီ။ ဒါလေး ပြော နိုင်ဖို့ အရေး ကို ရိုးရာဗုဒ္ဓဘာသာပညာရှင်တွေ မစွမ်းဆောင်နိုင် ကြတာ တော့ ရှက်စရာ ကောင်း ပါရဲ့။
ဦးဥာဏ က ဘာသာရေးသမားမဟုတ်ပဲ ဒဿနပညာရှင် သာ ဖြစ်တယ်။ သူ ပြော နေတာတွေ က ဘာသာရေးမဟုတ်ကြောင်း လဲ သူပြောထား တာ ရှိတယ်။ သူပြောနေတာတွေ က ဓမ္မတစ်ခု ဘ၀နေနည်း အတတ်ပညာ တစ်ခု လို့တော့ ပြောနိုင်ပါရဲ့။ ရှင်တော်ဗုဒ္ဓ ရဲ့ မူလ ဒေသနာ ကိုလဲ ဓမ္မတစ်ခု ဘ၀နေနည်း အတတ်ပညာ တစ်ခု လို့ သူ က ယူဆထားပုံပါပဲ။ ဒီတော့ သူ့ ကို ရင်ဆိုင်အနိုင်ယူတဲ့ အခါ ဘာသာရေးစိတ္တဇ တွေ သွားပြောလို့ တော့ မရဘူး။ ဒဿနဗေဒနည်း ကျကျ ဆွေးနွေးမှပဲ ဖြစ်နိုင်လိမ့်မယ်ထင်တယ်။ ဒီ အရည်အချင်းမျိုးတွေ ရိုးရာဗုဒ္ဓဘာသာ ပညာရှင်တွေ ဆီမှာ ရှိ ရင် သူ့ ကို ဘာမှုစရာ လိုမလဲ။ ဗုဒ္ဓ ကိုယ်တော်တိုင် သစ္စက တို့ လို ဗက ဗြဟ္မာ တို့ လို ပုဂ္ဂိုလ် တွေ ကို ကျမ်းဂန်ကိုးကားမှု မပါပဲ ဒီဘိတ်နည်း သက်သက် နဲ့ အနိုင်ယူပြခဲ့တာ ပါပဲ။ ဗုဒ္ဓ က ငါပြောတာ မယုံသူ ဆန့်ကျင်သူ ငါ့ကိုဝေဖန်သူ ကို ဖမ်းဆီးထောင်ချရမယ်လို့ မပြောပါ..အနုသာသနီ နည်းနဲ့ သာ ချေချွတ်ဆုံးမ ပါတယ်။ ဒဿနပညာ ကို နှစ်သက်သူတစ်ယောက် အနေနဲ့ တော့ ဦးဥာဏ လို ဥာဏ်ပဋိဘာန်ရှိသူ ကို ထောင်ထဲ မှာ မသေစေချင်ပါဘူး..။ ဒီလို ရှားပါးပုဂ္ဂိုလ် တွေ က သမိုင်း မှာ ရခဲ လို့ ပါပဲ။ မြင်တတ်သူ မှ မြင်နိုင်မဲ့ အရာပဲ ဖြစ်တယ်..။
၂၀၁၀ နှစ်ဆန်းပိုင်း က သူ့ ကို တွေ့ ဖို့ ကြိုးစားခဲ့ သေးတယ်။ ဒဿနပညာရှုထောင့် က နေ ဆွေးနွေးစရာ တွေ ရှိလို့ပဲဖြစ်တယ်။ ဒီလို ဆွေးနွေးဖက်မျိုး ရိုးရာဗုဒ္ဓဘာသာ ပညာရှင်တွေ ထဲ မှာ အထေင်ကြီးလောက်စရာ မတွေ့ ရလို့ ပါပဲ။ များသောအားဖြင့် က ရိုးရာဗုဒ္ဓဘာသာဝင်တွေ က ယုံကြည်နေတာ သင်ကြားခဲ့ဘူးတာ နဲ့ ကိုယ်တိုင်သိတာ တွေ ကို ရောထွေး နေကြသူတွေပဲ ဖြစ်တယ်။ ကျမ်းဂန် အကိုးအကား ဆရာ အကိုးအကား နဲ့ ပြောတတ်တာ က လွဲလို့ ပင်ကိုယ် အတွေးဥာဏ်တွေ ဆိတ်သုဉ်းနေကြလို့ ပါပဲ။ ဆွေးနွေးကြည့်သလောက်လဲ စိတ်ဝင်စားစရာ သိပ်မကောင်း လှဘူး..စကားတစ်ခွန်း ပြောပြီးရင် နောက် ၄-၅ ခွန်း ဘာတွေ ပြော မလဲ ဆို တာ တောင် ကြိုတင်ခန့်မှန်းလို့ ရလောက် အောင် ပျင်းစရာ ကောင်းလှတယ်။ တစ်ခုခု ကို အသစ်ပြောတဲ့ သူ ဖေါက်ထွက်တွေးတဲ့ သူ မျိုး ကို တွေ့ချင်ခဲ့တယ်။ အနီးအနား က မဲပြာပုဆိုးတွေ ကို ငြီးငွေ့လှ ပြီပေါ့။ ဒါကြောင့် ၀ါဒကဝေကြီးလို့ နာမည်ကြီးတဲ့ သူ့ ကို တွေ့ချင်ခဲ့ တာ ပါပဲ။ ထိပ်ထိပ်ကြဲ အဘိဓမ္မ ပဂေး တွေ သူ့ ရှေ့မျောက် မှာ ကျဆုံး ကုန်ကြ တယ်ဆိုတော့ ပို လို တောင် စိတ်ဝင်စားခဲ့ ပါတယ်။
ဒါပေမဲ့ ဧပြီလ မှာ ပဲ သူ က ထောင်နန်းစံသွားရပါတယ်။ အခုနေ သူပြန်လွတ်လာမယ်ဆိုရင် တော့ ၀မ်းသာရမှာပါ..။ ဒါက တစ်ယူသန်ဘာသာရေးသမားတွေ ဘယ်လိုမှ နားမလည်နိုင်တဲ့ ကိစ္စ ဖြစ်တယ်။ သူခံယူထားတဲ့ ဓမ္မ အမြင် အတွက် သူ က အရာရာ ကို ပေးဆပ်ခဲ့ သူ ဖြစ်တော့ ဒီ အချက်တစ်ခု နဲ့ လေးစားတယ်..အားပြိုင်ကြည့်ချင်တယ်ပေါ့။ ကိုယ်က ဂိုဏ်ဂဏ အစွဲ မထားတဲ့ ဗုဒ္ဓ၀ါဒီ တစ်ယောက်မို့ ဗုဒ္ဓဒဿနပညာ ရဲ့ ဘောင်ထဲ က ပြောဆို ဆွေးနွေးစရာ တွေ အများသား ကလား။ သူ့ ဆီက သစ္စာ မရ လဲ ပညာ အတွေ့ အကြုံတော့ ရမှာ အမှန်။ အခုတော့ မိုးပြာဓမ္မတရား ဝေဖန်သုံးသပ်ချက် တစ်ခု ရေး နေပါတယ်။ သူနဲ့ ဆွေးနွေးငြင်းခုံချင်တဲ့ အချက်တွေ ပေါ့..။ လေပြေ အေးအေး လေး နဲ့ သူ ဘယ်လို ပြန်ငြင်းမလဲ ခုခံချေပ မလဲ ဆို တာ ကြားချင်ပါတယ်။ ဒါကြောင့်မို့ ဦးဥာဏ ကျန်းမာချမ်းသာစွာ ဖြင့် အမြန်ဆုံး ပြန်လည် လွတ်မြောက် ပါစေ လို့ ဆုတောင်း လိုက်ပါတယ်။ --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ