Re: [mrsorcerer:31939] မိုးပြာ ဦးဥာဏ လွတ် မြောက် လာ ပြီလား။


ဗမာတိုင်းကိုမပြောဖူးဆိုပေမဲ့

" ညီလေး တို့ ဗမာ သတ္တိ ကို လဲ အကို က သိပြီးသား။ အုပ်စုတောင့် ရင် အနိုင်ကျင့်မယ်..။ အားကြီးသူ နဲ့ တွေ့ရင် ထွက်ပြေးမယ်။ မျိုးချစ်ဗမာတွေ မျိုးချစ်ဘုန်းကြီးတွေ ကြောက်တာ စစ်သား ပဲ ရှိတယ်.သူတို့ထက် ပို အားကြီး.ပိုမိုက်သကိုး။"

အဲဒီစာသားတွေက ဘယ်သူလာရေးထားတာလဲဗျ
ကျွန်တော့်တစ်သက်မှာ ကိုယ့်လူမျိုး ၊ ကိုယ့်ဘာသာကို ပြန်စော်ကားနေတာ ဒီလူတစ်ယောက်ပဲတွေ့ဖူးတယ် ..
ဘယ်ဝါဒ အယူစွဲမှ မရှိတဲ့လူတစ်ယောက်က ဘာသာတစ်ခု ၊ လူမျိုးတစ်ခုကို တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်ပြီးတော့သော်လည်းကောင်းစော်ကားနေတာ ခင်ဗျားပြောပြောနေတဲ့ လစ်ဘရယ် ၀ါဒလား ..?
ဒီအဖွဲ့ထဲမှာ တစ်ခြားဘာသာဝင်တွေ အများကြီးရှိတယ် ..
ဒါပေမဲ့ သူတို့ ဘာသာကိုကောင်းတာပဲ သေသေချာချာဆွေးနွေးကြတယ်
တစ်ခြားက ၀င်နှောက်ရင်တော့ သူတို့လဲ လူတွေပဲမို့ အထိုက်အလျောက် ပြန်ပြော ၊ ပြန်ရေးကြတယ် .. ဒါတွေကို လက်ခံပေးလို့ရတယ်

ဒီမှာ CIA မှာ လုပ်ပုံလေး ပုံသေနည်းလေးတစ်ခုရှိတယ် .. နိုင်ငံတစ်နိုင်ငံကို ဆူပူအောင် ၊ အုံကြွအောင်လုပ်ချင်ရင် အဲဒီတိုင်ဒပြည်ရဲ့ နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွါးရေး ၊ လူမျိုးရေး အခြေခံ အသေးစိတ်သဘောတရားတွေ ၊ ဖြစ်စဉ်တွေကို သေသေချာချာ ဂဂဏဏ လေ့လာထား ၊ ကျေညက်နေတဲ့ အေးဂျင့်မျိုးကိုရွေးချယ်ပြီးလွှတ်လိမ့်ရှိတယ်ဗျ ..

ခုလဲ ဒီလူရဲ့ လုပ်ပုံ ၊ ကိုင်ပုံတွေက ဒီအတိုင်းပါပဲ ခင်ဗျာ ..(သူကတော့ CIA အဆင့်လောက်တော့မဖြစ်နိုင်ပါဘူး ..  :P)

အကြံကောင်းတစ်ခုလောက်ပေးချင်ပါတယ် ..

"ဒီလို ဆွေးနွေးဖက်မျိုး ရိုးရာဗုဒ္ဓဘာသာ ပညာရှင်တွေ ထဲ မှာ အထေင်ကြီးလောက်စရာ မတွေ့ ရလို့ ပါပဲ။ များသောအားဖြင့် က  ရိုးရာဗုဒ္ဓဘာသာဝင်တွေ က ယုံကြည်နေတာ သင်ကြားခဲ့ဘူးတာ နဲ့ ကိုယ်တိုင်သိတာ တွေ ကို ရောထွေး နေကြသူတွေပဲ ဖြစ်တယ်။ ကျမ်းဂန် အကိုးအကား ဆရာ အကိုးအကား နဲ့ ပြောတတ်တာ က လွဲလို့ ပင်ကိုယ် အတွေးဥာဏ်တွေ ဆိတ်သုဉ်းနေကြလို့ ပါပဲ။ ဆွေးနွေးကြည့်သလောက်လဲ စိတ်ဝင်စားစရာ သိပ်မကောင်း လှဘူး..စကားတစ်ခွန်း ပြောပြီးရင် နောက် ၄-၅ ခွန်း ဘာတွေ ပြော မလဲ ဆို တာ တောင် ကြိုတင်ခန့်မှန်းလို့ ရလောက် အောင် ပျင်းစရာ ကောင်းလှတယ်။ တစ်ခုခု ကို အသစ်ပြောတဲ့ သူ ဖေါက်ထွက်တွေးတဲ့ သူ မျိုး ကို တွေ့ချင်ခဲ့တယ်။ အနီးအနား က  မဲပြာပုဆိုးတွေ ကို ငြီးငွေ့လှ ပြီပေါ့။"

ဆိုရင် ဒီမြန်မာပြည်မှာ အတတ်ပညာ ၊ အသိပညာ ၊ ဒသနဗေဒပါ သိနားလည်တဲ့ ဆရာတော်ကြီးတွေရှိပါတယ် .. ဥပမာ သီတဂူဆရာတော်ကြီးရှိနေပါသေးတယ် .. မင်းကွန်းဆရာတော်ကြီး ၊ မဟာစည်ဆရာတော်ကြီးတို့ကတော့ မရှိတော့ဆွေးနွေးလို့ မဖြစ်နိုင်ဖူးပေါ့ဗျာ ..
သီတဂူဆရာတော်ကြီးနဲ့ဆွေးနွေးကြည့်ပါလား
အဲဒီလိုဆွေးနွေးဖို့ မတတ်နိုင်တာလား ၊ အဆင့်မတူတာလား ၊ ဥာဉ်မမှီတာလား ၊ ကိုယ့်ကိုယ်ကို သဘောပေါက်နေတာလား မသိပါ ၊ ဒီအဖွဲ့ထဲမှာ မြန်မာ လူငယ်တွေကို ကယ်တင်မယ် ..တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံ ဖြစ်စေချင်လှတယ် လို့ပြောပြီး အငြင်းပွါးစရာတွေ ၊ ဒေါသထွက်စရာတွေတင်
စင်ပေါ်က လက်ေ)ှ့ရေးပြနေသလိုမျိုး ပြိုင်ဘက်ရှာနေတာရော ပညာတတ် ၊ ပညာရှိ အတွေးအခေါ်သမားကောင်းတစ်ယောက်ရဲ့ လုပ်ရပ်လားဗျာ(ပြန်တွေးကြည့်ပါ)

ဒီမြန်မာနိုင်ငံကို တကယ်ကောင်းစေချင်ရင် ၊ ခင်ဗျားပြောနေတဲ့ လစ်ဘရယ်ဆန်စေချင်ရင် အဲဒီ လစ်ဘရယ် ၀ါဒအကြောင်းရေးပါ .. ကောင်းတာရော ၊ ဆိုးတာရော ၊ ရေးပေးပါ .. ဒါဆို ဖတ်ပြီး လက်ခံနိုင်မဲ့ သူတွေက အလိုလို လက်ခံလာမှာပါ ..ဒါပေမဲ့ မြန်မာနိုင်ငံမှာ လိုအပ်နေတာ လစ်ဘရယ်မဟုတ်ဖူးဗျ ..
ခင်ဗျား မြန်မာပြည်ကိုကယ်ချင်ရင် ကိုယ်တိုင် လောကနီတိကိုအရင်သင် .. ပြီးရင် ပြန်ပို့ချပေါ့ဗျာ
(လစ်ဘရယ်နဲ့လောကနီတိနဲ့ အတူတူပဲလို့ရောမချနဲ့)

ဝါဒရေး သဘောတရာရေးတွေ ဒီလောက်ကျေညက်နေတာ နိုင်ငံတော်သမ္မတ အကြံပေးလျှောက်သင့်တယ်.. တကယ်အရည်အချင်းရှိရင်ပေါ့

လေးစားပါတယ်ဗျာ
ကျွန်တော်လဲ အလုပ်ချိန်မှာ အလကားအပိုတွေလုပ်မိတယ်
နောက်လဲ ပြန်ရေးဖို့မရှိတော့ပါဘူး
ဆက်လက် မှိုင်းတိုက်နိုင်ပါစေဗျာ

လေးစားစွာဖြင့်
သူရအေး



--
Wish you get successful life ..

Thura Aye


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ